ချစ်သူပြောနေတဲ့ နာရေးကိစ္စ
တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမတူညီကျတဲ့အခါ ဘယ်လိုများဖြေရှင်းရပါမလဲ
စဉ်းစားရင်းတောင် ချွေပြန် မိပါတယ်........ကျမ အခုဖြစ်နေတာလေး တစ်ခုပြောပြ
ချင်ပါတယ် ..ကျမ အမုန်းဆုံးအရာ တစ်ခုရှိခဲ့ပါတယ် အဲဒါတစ်ခုကတော့ ဖြစ်သွား
ပြီးတဲ့ကိစ္စ တစ်ခုကို အက်ကြောင်းတွေထပ်ပြီး ပြောနေတာလောက်မုန်းတာမရှိပါဘူး
ဘာမှ ထပ်ပြီးလုပ်ပေးလို့ မရတဲ့ တစ်ခုကို ပြောနေတာ စိတ်ကုန်ဖို့ တော်တော်ကို
ကောင်းပါတယ် .....
သူ နဲ့ ကျမ ကချစ်သူအဆင့်ပဲ ရှိသေးတာနော် ဒီထက်များတစ်ဆင့်ကျော်လိုက်မိပြီဆို
ရင်တော့ ဒီနေ့ လိုမျိုးဖြစ်မဲ့ ကိစ္စတွေက တော်တော်ကိုများမယ်ထင်ပါတယ်
အဖြစ်အပျက်ကတော့ ကျမတို့ ရုံးက မမတစ်ယောက်ရဲ့ ဖေဖေ ဆုံးသွားလို့ 
တစ်လ ပြည့် ဆွမ်းကျွေးလုပ်တာ မနေ့ ကတည်းက အဲဒီမမ ကိုယ်တိုင် လာ
ပြောသွားခဲ့ပါတယ် ညီမလေး ကိုလာစေချင်တယ်ပေါ့ ကျမလည်း လာခဲ့ပါ
မယ်လို့ ပြောခဲ့ပါတယ် ဒါပေမဲ့ မနက်ကျတော့ သောကြာနေ့ ဆိုတော့ အလုပ်
လက်စသတ်ရမှာတွေများ သင်္ကြန်ရက် ပိတ်ရက်ကလည်းရှိသေးတော့ အလုပ်
တွေက မိုးလင်းကတည်းက မအားဘူး ဖြစ်နေတယ် ဘဏ်ကိုသွားရမဲ့ကိစ္စတွေက
ရှိပြန်တော့ အဲဒီ အမ ဆီကိုမရောက်ခဲ့ဘူးပေါ့ အဲမှာတင် ဇာတ်လမ်းကစပါပြီ
ဖုန်းတစ်လုံး ၀င်လိုက်လို့ ကောက်ကိုင်လိုက်တော့ မင်းက နာရေးကိစ္စကိုပြစ်ပြီး
မင်းအလုပ်တွေတော်တော်ကောင်းကောင်းနေလားတဲ့ ကဲဘယ်လိုလုပ်ရတော့မလဲ
ဘာလို့ မသွားတာလည်းလို့ မေးတော့ မသွားချင်လို့ မသွားတာလို့ ပဲ ဘုတွန်းပြီး
ကျမလည်းပြောလိုက်တယ် စိတ်တိုနေတာကို မရှင်းပြချင်တော့ဘူးး ဒါနဲ့  ပြီးမယ်ထင်နေတာ
မပြီးပါဘူး ညနေ ရုံးဆင်းတော့ အိမ်ကိုလာပြီး မင်းကို သာရေးဆိုမပြောဘူး နာရေးမို့ ပြောတာတဲ့
ပြန်စပြန်ပြီ ကျမတော်တော်ကို စိတ်ကုန်မိပါတယ် အဲဒီမမ ဖေဖေ ဆုံးတဲ့နေ့က ကျမသွားပြီးသွားပြီလေ
ဒါက တစ်လပြည့် ဆိုတော့ မသွားလိုက်တာ ကျမ မှာမဟာအမှား ကြီး တစ်ခု ကျူးလွန်နေမိပြီးလားဆိုတာကို
ကိုယ်တစ်ယောက်တည်း စိတ်ညစ်ညစ်နဲ့  ဒီစာကိုကောက်ရေးနေမိတာပါ.........စာဖတ်တဲ့သူတွေလည်း
စိတ်မညစ်သွားစေချင်ပါဘူးးးးးးးး လူဆိုတာ တစ်နေ့တော့ သေကြရမယ်ဆိုတာ ကျမ သိပါတယ်..
ဒါပေမဲ့  လူမှု့ ရေး လူမှု့ ရေးနဲ့ ကျ မ ချစ်သူတစ်ယောက်ကို တကယ်ပဲစိတ်ကုန်မိနေပါပြီ..........သူပြောနေတဲ့
နာရေးဆိုတာ ကျမတော့ သိပ်မသိချင်တော့ပါဘူးးးးးး.......................