Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တစ်ချိန်ကမောင်ရဲ့ဘုရင်မ

$
0
0

တစ်ချိန်ကမောင့်ရဲ့ဘုရင်မ

    


ချစ်တတ်အောင် သင်ပေးခဲ့တဲ့ မင်းက ငိုတတ်အောင်လည်း သင်ပေးခဲ့တယ်နော်.....နေ့ စွဲ ပြက္ခဒိန် တွေကို

အသစ် တွေအဖြစ်မြင်ချင်လိုက်တာ........ အသစ်သစ်သောအရာတွေထဲမှာ ငါနှလုံးသားကတော့ အသစ်ပြန်ဖြစ်နိုင်

ဖို့ကိုတော်တော်ကိုကြိုးစား၇အုံးမယ်ထင်ပါတယ်........

သူနဲ့ ကျမ ဆုံတွေ့ ခဲ့တဲ့ နေရာလေးက သိပ်ပြီး ကဗျာဆန်ဆန်လေးတွေ့ဆုံခဲ့တာတော့မဟုတ်ပါဘူးးး သူကကျမကို

ချစ်တတ်ကြောင်းလေး လိုင်းပေါ်မှာပဲပြောဆိုခဲ့ကြပါတယ် .......အဲဒီအချိန်တုန်းက ကျမကကွန်ပြူတာကိုကျွမ်းကျွမ်း

ကျင်ကျင် အသုံးမပြုတတ်သေးပါဘူးး ကျမက ထိုင်းနိုင်ငံရဲ့ အင်တာနေရှင်နယ်ကျောင်းမှာ ကျောင်းစတက်ဖို့ ရောက်

လာပြီး ၂လအကြာမှာ စတင်ဆုံတွေခဲ့ကြတယ်..........သူကတော့ လူတကာပြောနေတဲ့ စင်္ကာပူ မှာပေါ့ သူကကျမကို

စပြီးခင်ခင်ချင်း အရမ်းဂရုစိုက်ပါတယ်.... ကျမကတကယ်တော့အချစ်ဆိုတာကို ဘာကိုဘာရယ်မှမသိခဲ့ပါဘူးးးး

သူရဲ့ကြင်နာမှု့ အောက်မှာ နစ်မျောနေခဲ့ပါတော့တယ်........ ဒီလိုနဲ့ စပြီးချစ်စကားဆိုလာတော့လည်း ကျမက သူကို

ဟန်ဆောင်မှု့ မရှိ အဖြေပြန်ပေးလိုက်မိပါတော့တယ်......သူကလေ ကျမကို..မောင့်ရဲ့ ဘုရင်မတဲ့....

ကျမလေး အချစ်ဆိုတာကို ပျော်ရွင်ရမယ်ဆိုတဲ့ အသိတစ်ခုပဲရှိခဲ့တယ် ဘာမှကိုမမြင်နိုင်ဘူးးး ဖုန်းမက်ဆေ့လေး

ဝင်၇င်သိပ်ပျော်နေသလို သူနဲ့ တွေ့ရမည်အချိန်ရောက်လာပြီဆို ဘာကိုမသတိမရတော့ပဲ အချစ်ဆုးတွေနစ်မျော

နေခဲ့ဘူးတယ်.....သူကိုကျမက သိပ်ကိုစွဲလန်းရှုးသွပ်နေမိပြီလေ...ချည်ထားတဲကြိုးကတော်တော်ကိုခိုင်နေခဲ့ပြီ

အချစ်ကိုအချစ်လိုပဲချစ်သင့်ပါတယ်

အချစ်ဆူးကိုတော့ရှောင်တတ်ရမယ်

မရှောင်နိုင်ရင်တော့အချစ်တောထဲ

တစ်ဝဲလည်လည်ဖြစ်နေမှာကို ကိုယ်ကိုကိုယ်တောင် မမြင်နိုင်တော့ဘူးးး

သူကအမြဲတမ်း ဖုန်းတွေဆက်ခဲ့တယ်... ကျမစိတ်ထဲထင်ခဲ့တာ ကျမကို အ၇မ်းချစ်လို့ ဂရုတစိုက်ရှိတယ်လို့ ထင်မိခဲ့တာလေ

အဲလို နုံအတဲ့ မိန်းမတစ်ယောက်ဖြစ်မှန်း နောက်များမှသိခွင့်ရလိုက်မိတာ နောင်တလို့ တော့မပြောပါဘူး အဲဒါကကျမရဲ့မိုက်မဲ

လို့ ပဲ ခေါင်းစဉ်တပ်လိုက်ချင်ပါတော့တယ်..   .......နောက်ဆုံးသိလိုက်ရတာက သူနေတဲ့ နိုင်ငံမှာ ကောင်မလေးတစ်ယောက်

ရှိနေခဲ့တယ်တဲ့ သူတို့ က သိပ်ချစ်ကျတယ်တဲ့.........သူများနိုင်ငံရောက်နေတဲ့ မြန်မာမလေးတစ်ယောက် လို့ ကျမစသိလိုက်တဲ့

အချိန်မှာ ကျမရဲ့ ရင်တွေတစ်ဆက်ဆက်ပေါက်ကွဲသလို ခံစားလိုက်ရတယ်..........သူဖုန်းဆက်လာပါပြီ ကျမ ဘာပြောရတော့မှာ

လည်း ပြောနိုင်ဖို့ အင်အားတွေ ကုန်ခမ်းနေပါပြီ ........သူကိုမေးမိလိုက်တာက သိပ်ချစ်ကြတာပဲလားတဲ့ အဲဒီမေးခွန်းကို ဘာလို့ 

များမေးမိလဲ မသိတော့ဘူးလေ ကျမစိတ်တွေ ရောက်ယှက်ခတ်နေပြီ .......သူဘာပြောလည်းဆိုတော့ သိနေတဲ့ ပုံစံအတိုင်း

သူနဲ့ က အရင်ကတည်းကချစ်ခဲ့ ကြတာတဲ့ ကဲ ဘာဆက်လုပ်ရတော့မှာလည်းးးးး

ကျမအတွက် စကားလုံးများစွာထဲကမှ ဒီနေ့ အထိမမေ့နိုင်ဆုံးက သူကောင်မလေးနဲ့  အဆင်မပြေဖြစ်တိုင်း ကျမကိုဖုန်းဆက်

ခဲ့တာတဲ့ အဲလိုဆက်နေတဲ့အချိန်ဆို ကျမရဲ့ ဂရုစိုက်မှု့ တွေကြောင့် သူဒဏ်ရာ သက်သာခဲ့တာပါတဲ့........အော် ကျမလေ

ကိုယ်ကိုတောင် အသက်မရှင်ချင်လောက်အောင်ကိုရှက်မိပါတော့တယ်..........သူက ကျမကို အသုံချခံတစ်ခုအဖြစ်သတ်မှတ်

လိုက်တာ ကျမက ဘယ်လောက်များကံဆိုးလိုက်သလဲ.....ကျမကြောက်နေခဲ့ပါပြီ အဲဒီအချစ်ဆိုတဲ့အရာကို အချစ်ဆိုတာက

အဲလိုမျိုးလား  မောင့်ဘုရင်မ ကအခုတော့ ဘယ်လိုနံမည်တွေ တပ်နေပြီလည်းဆိုတာ ကျမတော့ မသိချင်တော့ပါဘူးးးးးး

ကျမကပဲအညှာလွယ်ခဲ့မိတာပဲထင်ပါတယ်......တော်တော်ကိုရှက်ဖို့ ကောင်းတဲ့ ကျမရဲ့ ရည်စားထားချင်ပါ

သူကကောဘာလို့ များနှမသားချင်မစာနာ ခုတုံးလုပ်ရက်တာလဲဆိုတာကို တွေးတော့းရင်နဲ့  ရေးးနေမိခဲ့ပါတယ်........

အချစ်ကိုခုတုံးမလုပ်မိကြပါနဲ့ နော် ကျမတော့ သင်ခန်းစာတွေ တစ်ပွေတစ်ပိုက်နဲ့ ဖြတ်ကျော်ရအုံးမှာပါ........

တစ်ခါပဲမှားခဲ့ဘူးတာပါ အချစ်အတွက်နဲ့  ဒါပေမဲ့ ဒဏ်ရာက တော်တော်ကိုပြင်းထန်ခဲ့ပါတယ်နော်.........



ကျေးဇူးတင်လျှက်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>