Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကိုယ့် ကို ကိုယ် ဖျက် .....သံချေးတက်.....

$
0
0


မြောက်လေအေးက ……..တချက်အဝှေ့ မှာ ……….ရင်ထဲ စိမ့်ခနဲ……မို. ….အနွေးထည်ကို……လက်နှစ်ဘက်နဲ့ စွဲစေ့ လိုက်မိသည် ……..
အပေါ်ယံအရေပြားသာ……အေးစိမ့်သွားတာ …….ရင်ထဲကအပူမီးကိုတော့ ….အေးမြနိုင်စွမ်းမရှိပါ ……
နှင်းမှုံ ..ဖွဲဖွဲလေးကြနေတာက …….ကဗျာဆန်လွန်းလှသည် ……
သာမာန်လူသားများအဖို့ ဆိုလျှင်…….စိတ်ကို လန်းဆန်းစေနိုင်သော……သာယာစေနိုင်သော…..ရာသီဥတုလေးပါ ……
ပရိဒေ၀မီးတွေ …လောင်ကျွမ်း ဆဲ ……ကျမ အတွက်ကတော့ ……သာယာမူကို …မခံစားနိုင်ပါ ……


အမေက နှလုံးရောဂါသယ်…….ဆေးနဲ့ပါးစပ်ပြတ်လို့မရ …….
မောင်လေးက…..…….ကျောင်းတတ်တုန်း…..ကျောင်းသားလူမမယ်လေး …..
ဒီအိမ်မှာ ……အလုပ်လုပ်ဖို့အဖြစ်နိုင်ဆုံးကတော့…….ကျမပဲရှိတော့တယ် …….
ကဲ …..ဘာတတ်နိုင်မှာ လဲ ……ကံကစီမံလာတော့မှ ……..ဖြစ်သမျှအကြောင်းအကောင်းချည်းပေါ့လေ ……
အလုပ်လုပ်တယ်ဆိုတာပြောတော့သာလွယ်တာပါ …….အလုပ်ရဖိုက တော်တော်လေးပဲ ခက်ခဲပါတယ် …..
ကျမတိုလို့…………ပညာလေးကမတောက်တခေါက်…….ကွန်ပျူတာကလဲမတတ်…..စပီကင်လဲ ..မကျွမ်းကျင်…..အဲ့ဒီလို အညတရ ….မိန်းခလေးတယောက်အတွက်……သင့်တင့်တဲ့လစာလေးနဲ. အိနြေ္ဒရ တဲ့..အလုပ်လေးတခုရဖို့အလွန်ပဲရှားပါးပါတယ်……


ကိုယ့်ဝမ်းနာ…ကိုယ်သာသိ……..အလုပ်ချေးများနေလို. ……မရတော့တာမို. …..အရက်..အရောင်းမြင့်တင်ရေးမှာ ……..အလုပ်ရခဲ့ပါတယ် ………လခက ….တစ်လကို …တစ်သိန်းခွဲလောက်ရ မှာမို့ ……..အဆင်ပြေလောက်တဲ့ အနေအထားလေးပေါ့ ……..
ဆိုးတာတစ်ခုကတော့ ……..ညဘက်ကို .……..နာမည်ကြီးဆိုင်တစ်ခုမှာ …….အရောင်းမြှင့်တင်ရေး……သွားပေးရ မှာပါ ………ပိုက်ဆံက ပိုရ ပြီး ……..နာမည်ဆိုးတဲ့ …အလုပ်တစ်ခုပေါ့ ……..ကိုယ့်ကောင်းရင်ခေါင်းဘယ်မှ မရွေ. ဘူးဟု …အား တင်း …မျက်စိစုံ မှိတ်ပြီး …..လက်ခံခဲ့ပါတယ် ……
အပြန်တလမ်းလုံး …အတွေးရင်ကြောမှာ မျောပါနေပြီ …….ကိုယ်ဘ၀အတွက် ……နာမည်ဆိုးတော့မှာမို ……နင့်နင့်သီးသီး ၀မ်းနည်းမိပါတယ် ………နှုတ်ခမ်းကို ……ပြတ်လုမတတ်ကိုက်ရင်း……ကျလုဆဲဆဲ …မျက်ရည်တွေ ကို ……..မျက်တောင်တဖျက်ဖျက်ခတ်ရင်း ……ပြန်သွင်းနေမိပါတယ် …....ကိုယ့်ကို …ဖြေ သိမ့် ဖို့ …စဉ်းစားကြည့်မိပါတယ် ……..ဘ၀ ကြီး …ပျက်စီးသွားတာမှ မဟုတ်တာ ….အဓိက …ကိုယ့် ကျင့်တရားပါပဲ …….ကိုယ့်ကို ကိုယ် ……စိတ်သန့်နေဖို့အရေးကြီးပါတယ် …….ငါ့မိသားစု ရပ်တည်ဖို . ..လောက်ငှတဲ့ငွေကြေးကို ….ရှာပေးနိုင်တော့မှာမို ……..ဂုဏ်ယူလိုက်စမ်းပါ……ငါဟာ …ငါ့မိသားစုရဲ့ အားကိုးရာဟု…ကိုယ့်ကို ကိုယ့် ….ယုံကြည်လိုက်စမ်းပါဟု…မျက်ရည်တွေ……ဝေ့နေတဲ့ကြားက …….အားတင်းပြီး …..ပြုံးကြည့် လိုက်မိပါတော့သည်……..တောက်ပတဲ့ ….အပြုံးတခုကို …..၀င့်ကြွားစွာတွေ့ မြင်ရမှာပါ ……



ဒီလိုနဲ့ …….အလုပ်မှာနေသားကျခဲ့ပါပြီ ……၀မ်းနည်းအားငယ်ရတာတွေ လဲ ……တော်လေးသက်သာလာခဲ့ပါပြီ …..…..ယောက်ျားတွေကြားထဲ…သွားလာရ တဲ့ …အလုပ်မို့ …….အမျိုးမျိုးစမ်းသပ်ခံ ခဲ့ရပါတယ် ……..နာမည်ဆိုးတဲ့ …အလုပ်ကို …မဖြစ်မနေ ..လုပ်ပြီး ……..၀မ်းစာရှာရ တဲ့ ….မိန်းခလေးတွေရဲ့…ဘ၀ဟာ …..တော်တော်ပဲဆိုးပါတယ် …….မြူစွယ်ဖျားရောင်းမူ …မျိုးစုံနဲ့ ကြုံတွေ့ ကြရပါတယ် ……..ကျမမှာ …အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရ ခဲ့ပါတယ် ……စိုးနဲ့ မိုးဆိုတဲ့ ….မိန်မလှလေးနှစ်ယောက်ပါ ……
သူတို့ ကလဲ …….ကျမနဲ့ ဘ၀တူတွေ ပဲပေါ့ …….မိသားစု ၀မ်းစာအတွက် …..အလုပ်လုပ်နေရ တဲ့ သူတွေ ပေါ့ ……ကိုယ်ရဲ့ …သိက္ခာအတွက် ……အညိအစွန်းမခံ တဲ့ …….စိတ်ဓါတ်တူသူတွေ မို့ …..တတွဲတွဲပေါ့ ……ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်တွေ အတွက်……အားလပ်ချိန်ကို …ပညာရှာရင်း …….ကုန်ဆုံးစေခဲ့ကြပါတယ် ……ဒီအလုပ်ကနေ တချိန်ကို …လွတ်မြောက်တော့မှာမို …….မဝေးတော့တဲ့ ……နေ့ သစ်တွေ အတွက် ……အားမာန်အပြည့် နဲ့ …..ချီတက်နေကြပါတယ် …..


ကံကြမ္မာ …အလှည့်အပြောင်းက …..ဆိုက်ဆိုက်မြိုက်မြိုက်…..ရောက်ရှိလာပါတယ် ……..ခံနိုင်ရည်အားကို များ …….ဘ၀နတ်ဆိုးကြီးက …..စမ်းသပ်လိုက်တာများလား …..
မိုးကို ……သူဌေးတယောက်က ……လက်ထပ်ယူခဲ့ပါတယ် ……..မိသားဖသားပီပီ …တောင်ရန်းယူခဲ့တာမို ……အားလုံးက ……အထင်ကြီးကြပါတယ် …….မိုးအလွန်တရာ မှ …ကံကောင်းခဲ့သည်ပေါ့ …….
မိုးက သူဌေးကတော်ဖြစ်သွားတော့ ……..ဘ၀င်မြင့်သွားတယ်လိုပဲ…လွယ်လွယ်ပြောရမှာပေါ့ …….
သူမျှော်မှန်းထားတဲ့…ဘ၀ထက် …အဆတရာသာတာမို. ……….မိုးတယောက် …..စည်းစိမ်ရဲ့ ……သာယာမူဒဏ်ကို ……. ……တော်တော်လေး ယစ်မူးသွားမှာပေါ့ ………ရှေးလူကြီးတွေ ပြောသလို …မမြင်ဘူးတော့ ..မူးမြစ်ထင်..စကားပုံလိုပေါ့ …… ………
ကိုယ်သူငယ်ချင်းကံကောင်းသွားတာ …….ကိုယ်ကမုဒိတာ ပွားနိုင်ရမှာပေါ့ ……..သူရဲ့ …ရှေးရှေးက …ကုသိုလ်ကံကောင်းခဲ့လိုသာ ….သူကံကောင်းသွားတာပါပဲ ….


မိုးရဲ့ ….အဖက်မတန်တဲ့ ….ဆက်ဆံရေးကို ……..မခံစားနိုင်သူက…….. စိုး ……
မိန်းခလေးတယောက်ရဲ့ ….ပျက်စီးခြင်းအစက …….ပြိုင်ဆိုင်မူပါပဲ ……..မဖြစ်နိုင်တာကို ……လိုက်ပြိုင်တော့ ……ပြိုင်သူပဲမောရတာ ထုံးစံပါ ……….မိုးဝတ်ချင်သလို ..၀တ်ချင်တဲ့ စိုး ……
မိုးလုပ်သလို ….လိုက် လုပ်ချင်တဲ့ ……စိုး ….ပိုက်ဆံက လိုလာပြီပေါ့ ………စိုးရဲ့ …….ရည်မှန်းချက်ဖြူဖြူလေးတွေ ဟာ ………မနာလို မူရဲ့ .အောက်မှာ …..ကြေမွ …ခဲ့ရပါတယ် …….
မိုးလို … …သူဌေးကို ….ရှာတော့ ………လောကဓမ္မတာ….အတိုင်း…စိုးဘ၀လေး …….ပျက်စီးကြေနွမ်းခဲ့ရပါတယ် ………
စိုးရဲ့ ဘ၀ကို ……..…အဓိက ….ဖျက်စီးသူဟာ ……..စိုးကိုယ်တိုင်ပါပဲ………..
မိန်းခလေးတွေဟာ ……အဓိက …….စိတ်ရဲ့ စေစားရာကို ….မလိုက်မိဖို့ပါပဲ……..
စိတ်ဟာ …လက်ဖျစ်တချက်မှာတောင်……..မိုင်ပေါင်းကုဋေတသန်းမက သွားတယ် လို. ……တို. ရဲ့ …ဘုရားရှင်ဟောကြားခဲ့ပါတယ် ……..အဲ့ဒီစိတ်ကို……..အောင်မြင်နိုင်တဲ့သူဟာ ……..အောင်မြင်နိုင်သူစစ်ပါပဲ ……..
မိုးတယောက်လဲ …….စိတ်ရဲ့သာယာမူကြောင့်…….မလုပ်သင့်တာတွေ လုပ်မိ…….ငါချမ်းသာတာပဲဆိုတဲ့ …မာန်လေးကြောင့် …….သူငယ်ချင်းကောင်းများစွာ ဆုံးရှုံးခဲရပါတယ် ……..
မိုးလဲ ….စိတ်ကိုသာ ထိန်းနိုင်ခဲ့ ………အောင်မြင်မူရဲ့ ……အထွဋ်အထိပ်ကို ……..အေးချမ်းစွာရောက်ရမှာပါ ……
လူတကာလေးစားရ တဲ့ ……သူဌေးကတော်ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ ……ခုတော့ ……..မာနထောင်လွားသူတို့ ထုံးစံအတိုင်း…ရှေ့တော့ ……ပြုံးပြပြီး …….နောက်ကွယ်ကျ ……မဲ့ကြမှာ ……..သေချာနေတာပါပဲ ……
မိုးဟာ လဲ …….သူ.ရဲ့ ပင်ကို စိတ်ဖြူဖြူလေးကို ……..သူ ကို တိုင်ပဲ …ဖျက်စီးခဲ့တာပါ …..
ကျမလဲ ……..ပညာလေးက …..လူရာဝန်လာသည်မို့ ……..အလုပ်သစ်ပြောင်းခဲ့ပါတယ် ……..သင့်တင့်တဲ့လစာလေးနဲ့ ……..သိက္ခာရှိတဲ့ အလုပ်လေး…ပြောင်းခဲ့ရပြီမို. ……..ကျမအလွန်ပဲ ….၀မ်းသာပျော်ရွှင်ခဲ့ပါတယ်……….စိတ်ဓါတ်ခိုင်မာမူကြောင့် …ကျမဘ၀လေး …….အခြေကျ……ရပ်တည်နိုင်ခဲ့ပါပြီ……..
မိုးလို …မချမ်းသာလာနိုင်သော်လဲ ……..သာယာတဲ့ ……ဘ၀လေးကို ပိုင်ဆိုင်နိုင်မှာ …မလွဲဧကန်ပါပဲ…..
ကိုယ့် ကို ကိုယ် …ဖျက် ……..သံချေးတက်ခဲ့တဲ့ ……..သူငယ်ချင်းနှစ်ယောက်ကို …သတိရဆဲပါ …..


သူတို့ လဲ ……စိတ်ဓါတ်ခိုင်မာခဲ့ပါလျှင် …….တည်ငြိမ်အေးချမ်းတဲ့ ဘ၀ကို …ပိုင်ဆိုင်နိုင်နေပြီပေါ့…..
ခုတော့ …….လေကဓံ ကြားမှာမျှောပါဆဲ …စိုးကို …လည်ကောင်း ….
စည်းစိမ်ရဲ့ …..ဖျားရောင်းမူကြားမှာ ……..အတွေးမှားနေတဲ့ ……မိုးကို လည်းကောင်း…….သင်ခန်းစာယူလိုက်ကြပါစို့ နော် ……..

ဆန္ဒမွန်ဖြင့် .....

မှုံနံ.သာဖြူ .....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>