ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတဲ့ လမင်းကြီးကိုငေးကြည့်ရင်း မျက်ရည်တွေကျနေမိတယ်....ဘာလို့ အ၇မ်းချစ်တဲ့ချစ်သူ
နှစ်ယောက်ကိုမှ ကံကြမ္မာက ခွဲခွာစေရတာလဲ....မဖြစ်နိုင်ဘူးဆိုတာသိပါတယ်...ဒါပေမဲ့ အချစ်တစ်ခုကို ဘ၀တစ်ခုလို့သတ်မှတ်ခဲ့တဲ့လူတစ်
ယောက်အတွက်တော့ မကောင်းခဲ့ပါဘူး...ဝေးကွာခြင်းတွေနဲ့ပဲဆုံဆည်းနေရတဲ့ငါ့ကို ဘယ်သူကမှ သနားကြမှာမဟုတ်ဘူး....လမ်းခွဲခဲ့တာက
ချစ်သူအတွက်ပါ...ပန်းလေးတစ်ပွင့် ပွင့်တယ်ဆိုတာ သဘာဝပါ....ဒါပေမဲ့ ပန်းပွင့်တိုင်းမှာတော့ရနံ့မရှိဘူး...ပန်းတစ်ပွင့်ကို ခူးယူနမ်းရှိုက်ချင်
သူရှိမယ်....ချူလိုသူလည်း၇ှိမယ်....ဒါပေမဲ့အဲ့ဒီလိုလူစားမျိုးတွေထဲမှာ ငါမပါဘူး......မင်းကိုမမြင်ရလို့ ၇င်ထဲတင်းကြပ်ပြီးတော့ ပေါက်ကွဲနေ
ပြီ...မင်းကိုတစ်နေ့မတွေ့ရရင် ငါငိုနေမိတယ်လိုပပြောတုန်းက မင်းဟားတိုက်ရယ်ခဲ့တာ ငါအခုတိမှတ်မိနေတယ်...ငါငိုနေရင် မင်းကျေနပ်
တယ်မှတ်လား...ပျော်ရွှင်ပါစေလို့ အသည်းထဲကနေဆုတောင်းနေခဲ့တာပါ...ချူလိုသူချူသွားလည်း အပြုံးတစ်ခုနဲ့မင်းကိုကြိုဆိုနေပါတယ်..
ဟော့ဒီ၇င်ဘက်ကြီးဖွင့်ပြီးတော့ပေါ့...ဘုရားမှာဆုတောင်းခဲ့ပေမဲ့ လတွေနှစ်တွေသာကုန်းဆုံးသွားခဲ့တာ...ပြန်မတွေ့၇ဘူးနော်...ဘာလို့ငါ့စေ
တနာကိုနားမလည်ရတာလဲ...ကံစီမံရာကို လက်ချိုးရေပြီးစောင့်နေတဲ့ငါ့ကိုမသနားတော့ဘူးလား.....ရင်ခုန်သံမရပ်သရွှေ့ငါချစ်နေတယ်လို့ပြော၇င်ကော မင်းဟားတိုက်ရယ်အုံးမလား....လှပမှုတွေနဲ့ပေါင်းစုဖွဲ့စည်းထားတဲ့ ငါ့ပတ်ဝန်းကျင်ကို ငါဂရုမစိုက်ခဲ့ပါဘူး..ရင်ထဲမှာမင်းတစ်ယောက်ပဲရှိ
တာပါ.....မင်းဘဲပြောခဲ့တယ်လေ....ပန်းဆိုရင်တစ်ပွင့်ပဲပန်တာဆို....အခုတော့နှစ်ပွင့်တောင် မင်းပန်နေပြီနော်....ဒီလိုလုပ်လို့ငါမပြောဘူး
ဒီလိုလုပ်လို့ငါမပြောပါဘူး...မင်းပျော်ရွှင်နေရင် ငါလိုကောင်က မကျေနပ်စရာဘာရှိလဲ...ဒါပေမဲ့ကွာ ငါပြောတဲ့စကားတွေကိုတော့ဟားတိုက်မရယ်ပါနဲ့ကွာ...ဖွင့်ဟပြောမှ ကြားတာမဟုတ်ပါဘူး...မင်းရဲ့အကြောင်းတွေက ငါ့နားထဲကိုမခံနိုင်
အောင် ၀င်လာခဲ့တယ်...ဒီဆိုဒ်ထဲမှာ မင်းရှိတယ်ဆိုတာငါသိတယ်...ပြန်တွေ့ရင် သူစိမ်းတွေလို နောက်ပြန်မလှည့်ပါနဲ့...သဏ္ဍန်ရုပ်ဟာ
ပုံရိပ်ထင်တယ်ဆိုတာတကယ်မှန်တယ်နော်...ငါကိုက ကံအကျိုးမပေးခဲ့တာပါ....ငိုချင်းကိုသီဖွဲ့ပြီးဆိုနေသူတစ်ယောက်ကို ပျော်နေတယ်
လိုပထင်လို့လား.....ငါ့ရင်ထဲမှာ အခုချိန်ထိ ဒွိဟစိတ်တွေနဲ့ဒွန်တွဲနေတုန်းပဲ....ကြုံလာတဲ့ကံကိုပဲ လက်ပိုက်စောင့်တော့မယ်နော်.....