Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အချစ်နဲ့ တွေ့ဆုံခြင်း ....

$
0
0

တီးတိုးငိုရှိုက်နေတဲ့ လူတစ်ယောက်ရဲ့ ကြောပြင်ကို နူးညံ့စွာ နှစ်သိမ့်ပွေ့ဖက်ခြင်း ခံလိုက်ရသကဲ့သို့  ထိတွေ့မှုကြောင့် ငိုရှိုက်နေရာမှ ရပ်တန့်ကာ ထိုတစုံတရာထံ မော့ကာကြည့်မိပြီး တိုးတိတ်စွာမေးလိုက်၏ ။

“နင်ဘယ်သူလဲ”

“ငါလား . . . ငါက အချစ်လေ”

ဘာ. . . . အချစ်၊ ဟုတ်လား၊ တော်ပြီ ငါမင်းနဲ့ မတွေ့ချင်တော့ဘူး ငါခုပဲ မင်းကြောင့်ကြေကွဲလာတာ မင်းကြောင့် ငါ့ရင်တခုလုံးကြေမွလာခဲ့ရတာကွ ။

နင်ငါ့ကြောင့် ကြေကွဲခံစားနေရတာ မဟုတ်ပါဘူး ။

နင်ခံစားနေရတာ နင့်ချစ်သူကြောင့်ပါ ။

ငါ့ချစ်သူကြောင့်ဆိုတာလည်း နင့်ကြောင့်ပဲလေ၊ နင် နဲ့ ပက်သတ်မိလို့ ငါ ခုလိုခံစားနေရတာပေါ့ ။

အစကတည်းက နင်နဲ့ မပတ်သက်ဖဲ ကင်းကင်းနေခဲ့ ရင် ငါ ခုလို ကြေကွဲခံစားနေရမှာ မဟုတ်ဖူး ။

မင်းတို့လူတွေက အဲ့ဒါကြောင့်ခက်တာပေါ့ကွ ။

မင်းတို့ဟာမင်းတို့ ဆန့်ကျင်ဖက် လူသားအချင်းချင်း လိမ်လည်လှည့်ဖြားချင်လည်း အချစ်ဆိုတဲ့ ငါ့ ကိုပဲ လက်ညှိုးထိုးအပြစ်ရှာတတ်ကြတယ် ။

မင်းတို့ချင်း သစ္စာမဲ့ကြလည်း အချစ်ဆိုတဲ့ ငါ့ ကိုပဲ အပြစ်တင်ကြတယ် ။

မင်းတို့ချင်း ရက်စက်ကြရင်လည်း အချစ်ဆိုတဲ့ ငါ့ ကိုပဲ စွဲချက်တင်ကြတယ် ။

လွမ်းဆွေးကြရင်လည်း အချစ်ဆိုတဲ့ ငါ့ကြောင့်အလွမ်း ဒါဏ်ရာ ရတာ ဆိုပြီး ငါ့ ကိုပဲ ထိုးနှက်ချင်ကြတယ် ။

အမှန်တကယ်က မင်းတို့ ကို ငါ ပေးခဲ့တာ အချစ်သန့်သန့်ပါကွာ ။

ဒါကို မင်းတို့ က သန့်သန့်ရှင်းရှင်း အသုံးမပြုဖဲ ငါ့ကို အရောင်တွေ အမျိုးမျိုး ဆိုးကြတယ် ။

မင်းတို့ဆိုးလိုက်တဲ့ အရောင်တွေကိုပဲ မင်းတို့က ပြန်ပြီးအပြစ်တင်နေတယ် ။

တကယ်တော့ ငါ့ အပြစ်မဟုတ်ပါဘူးကွာ ။

ငါ့မှာ အငိုလည်းမရှိဘူး ၊ အလွမ်းလည်းမရှိဘူး ၊ သစ္စာဖောက်တာတွေ၊လှည့်စားတာတွေလည်းမရှိဘူး ၊ ဂုဏ်ဓနတွေလည်းမရှိဘူး ၊ အာဃတတွေလည်းမရှိဘူး ။

ငါပေးတဲ့ အချစ်က အချစ်ပါပဲ ။ အချစ်သန့်သန့်နဲ့ နွေးထွေးတဲ့ ရင်ခုန်မှုတွေပါ ။ ငါပေးတဲ့ အချစ်ကို သန့်သန့်လေးပဲစားသုံးကြည့်ပါကွာ ။ ချိုမြိန်တဲ့ အရသာကို ခံစားရမှာပါ ။

မင်းတို့တွေပြောနေတဲ့ စကား . . .

အချစ်က ဝေဒနာတွေပေးတယ် . . .

အချစ်က ဘက်လိုက်တယ် . . .

အချစ်က လှည့်စားတတ်တယ် . . .

အချစ်က နာကျင်စေတယ် . . .

အချစ်က . . . . .

အချစ်က . . . . .

အချစ်က . . . . . ဆိုတဲ့ အတွေးတွေ ကို ဖယ်လိုက်ပါကွာ ။

အချစ်ကို အပြစ်လို့ မမြင်ဖဲ အချစ်ကို အချစ်လို့ ပဲ သီးသန့်မြင်ပြီး အချစ်ရဲ့ အရသာကို ခံစားကြည့်ပါ ။

ခုမင်းတွေ့နေရတာ အချစ် မဟုတ်သေးဘူး ။ အဲ့ဒါကြောင့် မင်းခုခံစားနေရတာ ၊ မင်း ငိုကြွေးနေရတာ ။

မင်းခုတွေ့နေတာ အချစ်စစ်မဟုတ်ဖူးကွ ။

မင်း အချစ်စစ်ကို ရှာဖွေလိုက်ပါ ။ တစ်နေ့ မှာ အဲ့အချစ်စစ်ဆိုတာက မင်းဆီကိုရောက်လာပါလိမ့်မယ် ။

မင်း ခု ခံစားနေရတာတွေ ကို ရပ်လိုက်တော့ကွာ ။

ဒီနေ့ကစပြီး မင်းနဲ့ ထိုက်တန်မဲ့ အချစ်စစ်တခုရောက်လာမယ့် အချိန်ကို သာ စောင့်နေလိုက်တော့ ။

သူ့ အတွက်မင်းဘက်ကလည်း အချစ်စစ်နဲ့ ချစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားလိုက်စမ်းပါ ။

ဒီ့ထက်ပိုပြီး ခံစားမနေနဲ့တော့နော် . . . ။

မင်းကံကောင်းပါစေလို့ ဟောဒီက အချစ်က ဆုတောင်းပေးခဲ့ပါတယ် . . . . ။


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>