Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပိတောက်

$
0
0

ပိတောက်ဆိုတာနွေရဲ့အရှင်သခင်ပါ။ဒါပေမယ့်..နွေဟာပူလောင်မှု့နဲ့လောကကိုဖမ်းစားပါတယ်၊ပိတောက်ကတော့

နွေရဲ့ပူလောင်မှု့ထဲမှသူ့ရဲ့အ၀ါရောင်ပြုံးရယ်သံများနဲ့လောကကိုအလှဆင်ပါတယ်။မြန်မာတွေဟာပိတောက်နဲ့နှစ်သစ်ကို

ဖွင့်လစ်ကြပါတယ်၊နောက်ပြီးတော့ပိတောက်ဟာသင်္ကြန်ရဲ့အရှင်သခင်ဆိုလည်းမမှားပါဘူး။ပိတောက်ဟာအနုပညာရဲ့လျှို့ဝှက်

ချက်တွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။ပိတောက်ကတော့သူနေခဲ့ရတဲ့တစ်နှစ်ပတ်လုံးကိုအကျဉ်းခြုံးပြီးပြုံးပြရှာပါတယ်..

လူတွေအတွက်...ဒါမှမဟုတ်...နှစ်သစ်အတွက်..သူ့မှာရှိတဲ့အားအင်နဲ့ပွင့်ပြရရှာတယ်။သူပွင့်ပြတယ်ဆိုတာလူတွေဆေးရုံရောက်

ဖို့မဟုတ်သလို..သုဿာန်ရောက်ဖို့လည်းမဟုတ်ပါဘူး..သူကတော့အေးချမ်းပြီးငြိမ်းအေးစေဖို့အတွက်ပါ..နှစ်သစ်ကိုလူသစ်..

စိတ်သစ်တွေနဲ့ခြေချဖို့အတွက်ပါ။ပိတောက်တွေကိုဥသြတွေကသူတို့ရဲ့တွန်သံနဲ့ကြိုဆိုခဲ့ကြတယ်..မြန်မာပြည်ကြီးအေးချမ်းပါစေတဲ့။

မိုးတွေကလည်းပိတောက်ကိုကြိုဆိုခဲ့ကြတယ်။သင်္ကြန်ဆိုတာနှစ်ဟောင်းကအညစ်အကြေးတွေကိုနှစ်သစ်မှာမပါအောင်ဆေးကြောပစ်

ကြတာပါ။ဒီဓလေ့ဟာထုံးစံလိုဖြစ်နေပါပြီ။ကျွန်တော်ကြားမိတာကတော့ရေလောင်းတဲ့အထိန်းအမှတ်ဟာအိန္ဒိယနိုင်ငံကစခဲ့တာလို့

သိရပါတယ်။ဘာပဲပြောပြောပိတောက်ကတော့သူ့ရဲ့ရှိသမျှအားအင်နဲ့မြန်မာပြည်ကြီးကိုအလှဆင်နိုင်အောင်ပွင့်ပြခဲ့ပါပြီ။နွေရာသီရဲ့အလှ

သခင်..လောကကိုပန်းနဲ့ဆင်ပြီး..ပွင့်ပြခဲ့သူ..ပိတောက်..သူဟာခြောက်သွေ့တာတောင်ရနံ့နဲ့အလှဆင်တုန်း.....။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>