ဒီနေ့ တစ်ယောက်သောသူကို သတိရနေမိတယ် တစ်ယောက်သောသူဆိုတာက ကျွန်တော် ဟိုတုန်းက အရမ်းချစ်ခဲ့ရတဲ့ချစ်သူပေါ့
လွန်ခဲ့တဲ့ ၈လလောက်က ကျွန်တော် အွန်လိုင်းပေါ်စထိုင်တယ် စထိုင်ထိုင်ချင်းမှာပဲ ဆိုဒ်လေးတွေထဲဝင်ခဲ့တယ် မိတ်ဆွေတွေရှာတယ် ဗဟုသုတတွေရှိတဲ့စာပေတွေ ဖတ်တယ် နည်းပညာတွေလဲရှောက်ကြည့်တယ် ဆိုဒ် တိုင်းလိုလို အဖွဲ့အစည်းတွေ ရှိကြတယ် စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေထဲမှာဆိုရင် (ဥပမာ gtalk ချစ်သူ) ................@gmail.com ဆိုပြီး ကျွန်တော်အကောက့်ကိုကျွန်တော်ရေးထားပေးခဲ့တယ်
တစ်နေ့ကောင်မလေးတစ်ယောက်ကျွန်တော်ကို လာအပ်တယ် ကျွန်တော်ကလဲ ပေါတောတော ကြောင်တောင်တောင် တစ်ယောက်ဆိုတော့ အစအနောက်သန်တယ်လေ သူကျွန်တော်ဆီလာအပ်တယ် သူကျွန်တော်ကိုနှုတ်ဆတ်တယ် ဟိုင်း တဲ့ ကျွန်တော်က ပြန်မေးလိုက်တယ် '' ဂဲ လား ဂွေးသီးလား '' ဆိုတဲ့မေးခွန်းလေးပေါ့ စနောက်ပြီးမေးလိုက်တာပါ သူက ကြောင်သွားတယ်
နောက်တော့ ခင်မင်ရင်းနှီးပြီး သူငယ်ချင်းတွေဖြစ်သွားတယ် သူငယ်ချင်းတွေဖြစ်သွားတော့ တစ်ယောက်အကြောင်းတစ်ယောက်မေး သူလဲ ကျွန်တော်ကိုသူသိချင်တာတွေမေး ကျွန်တော်ကတော့မမေးပါဘူး အဲ့လိုနဲ့ ရက်တွေကြာလာကြာတယ် နောက်တော့ သူငယ်ချင်းအဆင့်ကနေ ချစ်သူအဆင့်ကို ကူးပြောင်းဖို့ ကျွန်တော်ကိုတိုင်ပဲ သူ့ကိုချစ်တယ်လို့ဖွင့်ပြောခဲ့တယ် ချစ်တယ်ဆိုတဲ့စကားကို ဖွင့်ပြောလိုက်ပေမဲ့ သူစိတ်ဆိုးသွားမှာ ကိုလဲ အရမ်းကြောက့်မိတယ် တကယ်တော့ သူကစိတ်မဆိုးခဲ့ဘူး နောက်တော့သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်သွားတယ် ညတိုင်း လိုင်းပေါ်မှာတွေ့တယ် ဖုန်းပြောတယ် vzo ချက်တယ် နေ့တိုင်းလိုလိုပါပဲ ချစ်သူတို့ဘဝ ချစ်စကားကြိုက်စကားတွေကို နေ့တိုင်းပြောလို့မကုန်ဘူးပေါ့ဗျာ သူကတော့ ကျွန်တော်ထက် ၅နှစ်လောက် အသက်ကြီးတယ် အသက်ကြီးတော့ ကျွန်တော်ရဲ့ မပေါ့ ကျွန်တော်ဘဝအတွက် သတို့သမီး တစ်ယောက်အနေနဲ့ချစ်ခဲ့တဲ့ ချစ်သူ တစ်ယောက်ပါ အရမ်းလဲချစ်ခဲ့မိပါတယ် ဘဝအတွက်လက်တွဲမယ်လို့လဲ ရည်ရွယ်ထားပါတယ် လိုင်းပေါ်မှာ ချစ်သူတွေဖြစ်သွားပေမဲ့ အပြင်မှာ ချစ်တဲ့ ချစ်သူတွေထက် ကျွန်တော်တို့အချစ်က ပိုပါတယ် သူကိုတစ်နေ့မတွေ့ရရင် အိပ်လို့မပြောဘူး တကယ်ပါ ဟိုတုန်းက သယ်ရင်းတွေက ပြောကြတယ် ချစ်သူနဲ့မတွေ့ရရင် အိပ်မပျော်ဘူး စားမဝင်ဘူးတဲ့ ကျွန်တော်က ဒီကောင်တွေရူးလို့ ပြောတယ်လိုထင်ထားတာ ကျွန်တော်လဲ လက်တွေ့ ကြိုတော့ နားလည်လာခဲ့တယ် တကယ်လဲအိပ်မပျော်ပါဘူးဗျာ ညတိုင်းလိုလို သူ့အလာကိုပဲ စောက်နေတယ် သူလဲနေ့တိုင်းလိုလိုလာတယ် သမလာတဲ့နေ့တွေမှာ ဆိုရင် ကျွန်တော် လွမ်းလွန်းလို့ မျက်ရည်တောင်ကျမိပါတယ် ဘယ်သူ့ကိုမှ အဲ့လောက်ထိချစ်တဲ့အချစ်မျိုးနဲ့ မချစ်ခဲ့ပါဘူး
သူက ကျွန်တော်ဘဝရဲ့ ပထမဆုံး ချစ်ရတဲ့ချစ်သူတစ်ယောက်လဲ ဖြစ်ပါတယ် ပြောရရင်တော့ သူက ကျွန်တော်ကို အရင်ချစ်နေမိတာ တဲ့ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ပွင့်လင်းတယ် တဲ့ ပြီးတော့ လိုင်းပေါ်က ဖုန်းပြောရင်လဲ ကျွန်တော်အသံက နားထောင်လို့ ကောင်းတယ်တဲ့ သူပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ် ကျွန်တော်ဘာကြီးပဲဖြစ်နေနေ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူခွင့်လွတ် ပေးတယ်တဲ့ ဒါပေမဲ့ သူဖြစ်ခဲ့တဲ့ အရာတွေကို လဲ ကျွန်တော်က ခွင့်လွတ်ပေးရမယ်တဲ့ ဘာတွေဖြစ်ခဲ့လဲ လို့ ကျွန်တော်မေးလိုက်တော့ သူက...................ပြန်ပြောတယ် သူပြောခဲ့တဲ့ စကားလေးတစ်ခွန်းနဲ့တင် ကျွန်တော်ရင်တွေ အစိတ်စိတ်အမွမွ ပဲ့ကျေ ကုန်တော့တာပါပဲ ကျွန်တော် အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်က အဲ့လိုတွေဖြစ်ခဲ့တာလား အရမ်းခံစားလွန်းလို့ မျက်ရည်တွေကျမိပါတယ် နောက်တော့ ဝမ်းနည်းခြင်းတွေနဲ့ ကြေကွဲခြင်းတွေနဲ့ လမ်းခွဲလိုက်ကြတယ် လမ်းမခွဲခင် သူပြောခဲ့တဲ့ စကား နားထဲအမြဲကြားယောင်နေတယ် မောင့်ကို အရမ်းချစ်တယ် မောင်ချစ်တာထက်ပိုချစ်တယ် တဲ့ ကျွန်တော်လဲ မျက်ရည်တွေသူ့ကို နှုတ်ဆတ်ပြီး လိုင်းပေါ်တွေ့ပြီး လိုင်းပေါ်မှာချစ်ပြီး လိုင်းပေါ်မှာပဲ လမ်းခွဲလိုက်တယ် အခုဆိုရင်တော့ ၄လလောက်တော့ ရှိတော့မယ် ဒါပေမဲ့ သူ့ကို မုန်းလို့ လမ်းခွဲခဲ့တာမှ မဟုတ်တာ သူ့ဘက်ကချို့ယွင်းချက် တစ်ခုကြောက့်လမ်းခွဲ လိုက်ကြတာပါ
ဒါပေမဲ့ သူ့ကို ဒီနေ့ဒီအချိန်ထိ သတိရနေတယ် အချိန်တိုင်းလဲ လွမ်းနေတယ် ဒါပေမဲ့ အခု ဒီနေ့ ကောင်မလေး တစ်ယောက်က ကျွန်တော်ကို..................@gmail.com ဆိုတဲ့ အကောက့်နဲ့ လာအပ်တယ် စကားပြောတဲ့ပုံစံတွေကလဲသူ့အတိုင်းပဲ ချက်ချင်းပဲ သူ့ကို သိရသွားတယ် သူနဲ့ စကားတွေဆတ်ပြောနေတယ် စာရိုက်ပြီးတော့ နောက်တော့ သူများလာအပ်တာလား မယုံလို့ ဖုန်းခေါ်ကြည့်လိုက်တယ် သူမဟုတ်ဘူး တခြားတစ်ယောက်ဖြစ်နေတယ် ဒါပေမဲ့ စကားတွေက ဆပ်ဆပ်ပြီး အခုအကောက့်လာအပ်တဲ့ ကောင်မလေးကို သူ့အကြောင်းတွေ ပြောပြမိခဲ့တယ် အခုကောင်မလေးကကော ဘာအတွက်ကြောင့် သူလို ပြောပုံဆိုပုံတွေတူနေရတာလဲ ကျွန်တော် မေးလိုက်တယ် ကောင်မလေးရယ် ငါ့ရဲ့ ဒဏ်ရာဟောင်းကိုများ နှိုးစွနေတာလားလို့လေ သူကပြန်ပြောတယ် မဟုတ်ရပါဘူးတဲ့ ပထမတစ်ယောက်တုန်းကလဲ အိပ်ပျော်နေတဲ့ ကျွန်တော်နှလုံးသားကို နှိုးစွပြီး ချစ်တက်အောင်သင်ပေးခဲ့တယ် နောက်ဆုံးဒဏ်ရာတွေနဲ့ နေခဲ့ရတယ် အခုကော ဒီကောင်မလေးက ကျွန်တော် ဒဏ်ရာတွေကို ဆေးလာထည့်ပေးတာလား ဒါမှမဟုတ် ဒဏ်ရာပိုကြီးထွားအောင် လာလုပ်တာလား စဉ်းစားရင်း ကျွန်တော်???????
းးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရဲရင့်ရထာ