ms - “ မှန်သောသစ္စာစကားကြောင့် ”
*********************************
နွယ် ၊ မြက် ၊ သစ်ပင်ဆေးဖတ်ဝင်သတဲ့ ။ ကဲ ကျွန်တော့်ရဲ့ “ နွယ် ” ကရော သူ့အပေါ်တပ်မက်
ခဲ့မိ့တဲ့ကျွန်တော့်ဝေဒနာတွေအတွက် ဘယ်လောက်ထိ့များဆေးဖတ်ဝင်ခဲ့သလဲဆိုရင် . . . ။
အေးမြတဲ့စိတ်ခံစားမှု့လေးတခု ကျွန်တော့်ရင်ထဲကိုညင်သာစွာနဲ့တိုးဝင်လာတဲ့အခါ ခဏတာသာယာမှု့
တခုအတွက် ပျော်ရွှင်ခဲ့မိ့တာမဟုတ်ပါဘူး ။ ဘယ်အရာတွေနဲ့မှနောက်ထပ်အစားထိုးလို့မရနိင်တော့တဲ့
“ နွယ် ” ဆိုတဲ့ချစ်စရာကောင်းတဲ့ကောင်မလေးကြောင့် တဘ၀စာလုံးနဲ့ရည်ရွယ်ပြီ ထူးဆန်းစွာပျော်ရွှင်ခဲ့မိ့ဖူး
တာပေါ့ ။
တချိန်က ကျွန်တော့်ရင်ရဲ့ထောင့်တနေရာမှာ ငြိမ်ချမ်းစွာနဲ့အိပ်ပျော်နေခဲ့တဲ့အသဲတစုံကတော့
အချစ်ဆိုတာကို တသက်မှတခါပဲဖူးပွင့်ခွင့်ရတဲ့ ပန်းတပွင့်လို့ထင်ခဲ့မိ့တယ် ။ ပန်ပေးသူနဲ့ဆင်မြန်းခံရသူနှစ်
ဦးကြားက ပန်းတပွင့်ဆီတိုင်းရဲ့ရနံ့ကို ဘေးအနားကနေရူရိုက်ခွင့်ရတိုင်း အချစ်ဆိုတာကိုအားကျခဲ့မိ့ဖူးတာ
ပေါ့ ။ အဲဒီတုန်းက မာယာတွေ ၊ အတ္တတွေ ၊ ခန္ဓာရပ်ရွာအေးချမ်းမှဝဖြိုးစိုပြည်နိင်တဲ့အသဲနှလုံးတွေ ပြီးတော့
မျက်ရည်ဆိုတာတွေကို ဘာမှမသိ့သေးခဲ့ပါဘူး ။ သူနဲ့ကျွန်တော်ကအမှတ်မထင်တွေ့ခဲ့ကြတာလေ ။
အဲဒီအမှတ်မထင်ထဲကနေ အချိန်တွေကြာလာတာနဲ့အမျှ အမှတ်တရတွေဖြစ်လာခဲ့တာပေါ့ ။ သံ
ယောဇဉ်ကြိုးမျှင်ကလေးတွေ တစတစနဲ့ရစ်ပတ်လာမိ့တဲ့အချိန်မှာတော့ ငယ်ငယ်တုန်းကလိုတူပုန်းတမ်းက
စားခဲ့ကြသလို အချိန်တန်လို့တွေ့ခွင့်လေးများမရခဲ့ရင် တယောက်နဲ့တယောက်ရှာနေခဲ့ကြတယ် ။ ပြန်တွေ့
တော့လဲ ခဏလေးဝေးသွားတဲ့အခိုက်အတန့်လေးကိုပဲလက်စားချေဖို့ နိင်လိုမင်းထက်လွမ်းပြကြတာပေါ့ ။
သံသယအခွံအလွာပါးပါးလေးကိုပဲ မယုံသင်္ခါမျက်နာထားတွေနဲ့ အလုအယက်ဆွဲစုတ်ပစ်တတ်ကြသေးတယ်
ဒုတ်ဆွဲဓားဆွဲမဟုတ်ပေမဲ့ မျက်နှာလွဲပြီစစ်ခင်တတ်ကြတဲ့ ကျွန်တော်ဆို့တွေရဲ့စိတ်ကောက်တတ်ခြင်းတွေ
ကိုလဲ ချစ်ခြင်းရဲ့အရသာ ၊ တပ်မက်ခြင်းရဲ့ပုံသွင်းမှု့လို့ပဲအမည်ခံပြီ အချစ်ရုပ်လုံးကြွအောင်နေထိုင်ရှင်သန်
ခဲ့ကြတာပေါ့ ။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်က ( နေလာရာအရပ်ကိုဆန့်ကျင်ပြီ ) အလှည့်ကျ
အရိပ်ပေးနေတဲ့ တပင်ထဲသောသစ်ပင်လေးပါပဲ ။
တရွေ့ရွေ့အချိန်တွေနုပျိုလာတာနဲ့အမျှ ရွှေလင်ဗန်းနဲ့ထမင်းဆီဆမ်းမကျွေးနိင်မှန်းသိ့ရက်နဲ့ လေ၇ာင်
ကိုမျှော်နေမိ့သလိုမျိုး နှလုံးသားရဲ့တောင်းတမှု့မှန်သမျှကိုဖြေသိမ်းရင်း ချစ်ခြင်းတခုကိုဦးတည်လို့ အဝေး
တနေရာကနေပဲနီးနိင်အောင်ကျိုးစားနေခဲ့ရတာပေါ့ ။ မျှော်လင့်ချက်တွေသာ တကယ်တမ်းခိုင်မာလာခဲ့မယ်
ဆိုရင် ကျွန်တော်ကသူ့အတွက်အမြဲအသင့်ရှိနေမဲ့သူပါပဲ ။ ဒီခံယူုချက်က နှလုံးသားနဲ့ဘ၀ရည်ရွယ်မှု့ပေါင်း
စုံကိုဆတူရောပြီ အနာဂတ်ကိုပဲလှပအောင်ချယ်မှုန်းနေတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပန်းချီကားတချက်ပါ
ပဲ ။
ဒီနေ့သူနေကောင်းရဲ့လား ။ ဘာတွေများလုပ်နေမလဲ ။ “ နွယ်ရယ် အရမ်းချစ်တယ် ” . . .
အနုပညာခုံမင်လွန်းတဲ့ကျွန်တော့်ရဲ့ ရင်တွင်းခံစားချက်တွေကိုဆန့်ကျင်ပြီ သူ့အတွက်စကားရိုးရိုးကလေးတွေ
သာချွေစေချင်တဲ့ဆန္ဓကြောင့် သဘာဝထက်ပိုပြီလက်မခံနိင်တဲ့ဇတပုဒ်ဆန်ဆန်မိန်းမတယောက်အဖြစ်လဲ
ကျွန်တော်မသက်မှတ်ခဲ့ပါဘူး ။ တကယ်တော့ချစ်ခြင်းစကားဆိုတာ ဓူဝံကြယ်ကိုဆွတ်ခူးပြီပန်ပေးမှာထက်
စံပယ်ဖြူကိုပဲအတိ့အလင်းပန်ပေးလိုက်တာကမှ ပိုပြီသဘာဝကျနိင်တယ်ဆိုတာကို သူကလက်တွေ့ပြသခဲ့
တာပါပဲ ။
ရှေးရှေးတုန်းကတော့ ကိုယ်စောင့်ထိန်းထားတဲ့သစ္စာတရားတွေသာ စစ်မှန်ပြီလေးနက်ခိုင်မာနေ
မယ်ဆိုရင် အဲဒီသစ္စာတရားကြောင့် နွယ်ကလေးတပင် မြက်ကလေးတမျှင်တောင်ဆေးဖတ်ဝင်သတဲ့ ။ ကဲ
အခုလဲ ကျွန်တော့်ရဲ့ကိုယ်ပိုင်ယုံကြည်မှု့တခွဲသားနဲ့အစပျိုးထားတဲ့ သူ့အပေါ်ချစ်တတ်ခဲ့ခြင်းတွေကိုအားကိုး
လို့ သစ္စာစကားတခွန်းလောက်ဆိုကြည့်ချင်တယ် ။
“ နွယ်ရယ် မင်းကိုတကယ်ချစ်ပါတယ် ”
ကျွန်တော်ယုံကြည်ထားတယ်လေ ။ တကယ်တမ်းသာ ကျွန်တော်တို့နှစ်ယောက်လုံးမှာ နားလည်
ဖေးမပေးမှု့တွေ ၊ စာနာသနားငဲ့ညာမှု့တွေ ပြီတော့ ဘယ်တော့မှမဖောက်ဖျက်မဲ့သစ္စာတရားတွေရှိနေခဲ့မယ်
ဆိုရင် သူကိုရည်ညွှန်းတဲ့ချစ်ခွန်းစကားတိုင်းဟာ ကျွန်တော့်ရဲ့သစ္စာတရားတွေပါပဲ ။ ဟုတ်တယ်
အဲဒီသစ္စာတရားတွေကြောင့် နွယ် ကကျွန်တော့်အတွက် အမြဲပဲဆေးဖတ်ဝင်နေအုံးမယ်ဆိုတာ အသေချာ
ဆုံးပဲပေါ့ . . . ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ
( ၆.၄.၁၂ )