ကချင်ပြည်နယ် အတွင်ရှိ တာလောကြီးတိုက်နယ်အတွင်း ကျားဖြူပါတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများသည် ကေအင်ယူ အဖွဲ့ အစည်းနဲ့ပူးပေါင်းသွားပြီး စစ်တပ် နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ယခုလိုစစ်ပွဲဖြစ်ပွားရသည့်အတွက်ကြောင့် တာလောကြီးတိုက်နယ်အတွင်းရှိ နယ်ခံပြည်သူလူထုများနဲ့ ဘုန်းကြီးများ ကလေးသူငယ်များ သေဆုံးထိခိုက်ဒဏ်ရာရရှိကြပြီး အစိုးရမှ ယခင်အေးချမ်းသာယာနေသော တာလောကြီးတိုက်နယ်အာား သူပုန် နယ်မြေဟုသတ်မှတ်ခြင်းခံလိုက်ရပြီးနောက်ပိုင်း နယ်သူနယ်သားများမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင်စစ်ဘေးဒုက္ခသည်များအဖြစ် ခိုလုံခဲ့ကြရပြီး အထက်တန်းကျောင်းကြီးလည်း ပိတ်ခဲ့ရသည့်အတွက် အပြစ်မဲ့ ကလေးသူငယ်များမှာ ပညာရေးလည်း ဆုံးရှံးခဲ့ကြရသည်ကို ၀မ်းနည်းကြေကွဲဖွယ်ရာ...ကြုံတွေ့သိမြင်ခဲ့ရကြောင်း ချစ်သူ့မြို့တော်သူ မြို့တော်သားများသိစေရန် သတင်းပေးပို့တင်ပြလိုက်ရပါသည်။
↧