စံလင်း။ ။ကိုယ့်နိုင်ငံရဲ့ နှစ်ကူးမှာ။
သယ်ချင်း။ ။ပျော်မြူးကြတာ ဓမ္မတာပဲ။
စံလင်း။ ။ပျော်မြူးကြတာ ဓမ္မတာပဲ။
သယ်ချင်း။ ။ကိုယ့်နိုင်ငံရဲ့ နှစ်ကူးမှာ။
စံလင်း။ ။ယဉ်ယဉ်ကျေးကျေး ပျော်ကြပါ။
သယ်ချင်း။ ။အစဉ်အလာ မပျက်စေပဲ။
စံလင်း။ ။အစဉ်အလာ မပျက်စေပဲ။
သယ်ချင်း။ ။ယဉ်ယဉ်ကျေးကျေး ပျော်ကြပါ။
စံလင်း။ ။ယဉ်ကျေးမြန်မာ ဂုဏ်ဝေဆာ။
သယ်ချင်း။ ။ကမ္ဘာ့အလယ်မှာ မော်ဝင့်ကြွားခဲ့။
စံလင်း။ ။ကမ္ဘာ့အလယ်မှာ မော်ဝင့်ကြွားခဲ့။
သယ်ချင်း။ ။ယဉ်ကျေးမြန်မာ ဂုဏ်ဝေဆာ။
စံလင်း။ ။ကျောင်းကန်ဘုရား သွားကြပါ။
သယ်ချင်း။ ။မိဘဆရာ ကန်တော့ကြကွဲ့။
စံလင်း။ ။မိဘဆရာ ကန်တော့ကြကွဲ့။
သယ်ချင်း။ ။ကျောင်းကန်ဘုရား သွားကြပါ။
စံလင်း။ ။သက်ကြီးသူများ ပြုစုပါ။
သယ်ချင်း။ ။ခေါင်းလျှော်ညှပ်ပါ ခြေသည်းလက်သည်း။
စံလင်း။ ။ခေါင်းလျှော်ညှပ်ပါ ခြေသည်းလက်သည်း။
သယ်ချင်း။ ။သက်ကြီးသူများ ပြုစုပါ။
စံလင်း။ ။ခုခေတ်အခါ မြင်ရတာ။
သယ်ချင်း။ ။အရက်သောက်ကာ မူးနေကြရဲ့။
စံလင်း။ ။အရက်သောက်က မူးနေကြရဲ့။
သယ်ချင်း။ ။ခုခေတ်အခါ မြင်ရတာ။
စံလင်း။ ။မိန်းကလေးများလည်း မူးရမ်းတာ။
သယ်ချင်း။ ။မြန်မာ့အလှ ပျက်နေကြရဲ့။
စံလင်း။ ။မြန်မာ့အလှ ပျက်နေကြရဲ့။
သယ်ချင်း။ ။မိန်းကလေးများလည်း မူးရမ်းတာ။
စံလင်း။ ။လူရှေ့ လမ်းမှာ မရှောင်ပါ။
သယ်ချင်း။ ။ဖက်ကာ ကစ်စ်ကာ ကြမ်းနေကြရဲ့။
စံလင်း။ ။ဖက်ကာ ကစ်စ်ကာ ကြမ်းနေကြရဲ့။
သယ်ချင်း။ ။လူရှေ့ လမ်းမှာ မရှောင်ပါ။
စံလင်း။ ။မိန်းကလေးများ အရှက်ကွာ။
သယ်ချင်း။ ။ (--)ချင်တာသာ စိတ်ဝင်စားခဲ့။
စံလင်း။ ။(--) ချင်တာသာ စိတ်ဝင်စားခဲ့။
သယ်ချင်း။ ။မိန်းကလေးများ အရှက်ကွာ။
စံလင်း။ ။အများသူငါ ပြောကြတာ။
သယ်ချင်း။ ။မြန်မာတွေဟာ ကကတွေတဲ့။
စံလင်း။ ။မြန်မာတွေဟာ ကကတွေတဲ့။
သယ်ချင်း။ ။အများသူငါ ပြောကြတာ။
စံလင်း။ ။အမျိုးထိလို့ ဒေါသဖြာ။
သယ်ချင်း။ ။မြင်ရတာလည်း ပြောချင်စရာပဲ။
စံလင်း။ ။မြင်ရတာလည်း ပြောချင်စရာပဲ။
သယ်ချင်း။ ။အမျိုးထိလို့ ဒေါသဖြာ။
စံလင်း။ ။ကျက်သရေရှိတဲ့ သင်္ကြန်ဟာ။
သယ်ချင်း။ ။အရှက်ခွါဘို့ မဟုတ်ဘူးကွဲ့။
စံလင်း။ ။အရှက်ခွါဘို့ မဟုတ်ဘူးကွဲ့။
သယ်ချင်း။ ။ကျက်သရေရှိတဲ့ သင်္ကြန်ဟာ။
စံလင်း။ ။ညစ်ပေဘူးတဲ့ ပြစ်နာဆာ။
သယ်ချင်း။ ။ဆေးကြောဘို့ရာ သတ်မှတ်ထားခဲ့။
စံလင်း။ ။ဆေးကြောဘို့ရာ သတ်မှတ်ထားခဲ့။
သယ်ချင်း။ ။ညစ်ပေဘူးတဲ့ ပြစ်နာဆာ။
စံလင်း။ ။ကျားတွေအပြစ်ပဲ မဆိုသာ။
သယ်ချင်း။ ။မိန်းကလေးတွေ ပိုကဲနေခဲ့။
စံလင်း။ ။မိန်းကလေးတွေ ပိုကဲနေခဲ့။
သယ်ချင်း။ ။ကျားတွေအပြစ်ပဲ မဆိုသာ။
စံလင်း။ ။မူးကာရမ်းကား ကဲနေတာ။
သယ်ချင်း။ ။ကွဲပြဲနစ်နာ သူတို့မှာပဲ။
စံလင်း။ ။ကွဲပြဲနစ်နာ သူတို့မှာပဲ။
သယ်ချင်း။ ။မူးကာရမ်းကား ကဲနေတာ။
စံလင်း။ ။စေတနာစကား ပြောချင်တာ။
သယ်ချင်း။ ။အသိယှဉ်ကာ ထိန်းသိမ်းပါကွဲ့။
စံလင်း။ ။အသိယှဉ်ကာ ထိန်းသိမ်းပါကွဲ့။
သယ်ချင်း။ ။စေတနာစကား ပြောချင်တာ။
စံလင်း။ ။အရှက်နဲ့အသက် ရှင်ကြပါ။
သယ်ချင်း။ ။မြန်မာဆိုတာ ဂုဏ်ဝင့်ကြွားခဲ့။
စံလင်း။ ။မြန်မာဆိုတာ ဂုဏ်ဝင့်ကြွားခဲ့။
သယ်ချင်း။ ။အရှက်နဲ့အသက် ရှင်ကြပါ။
စံလင်း။ ။သံကိုဖျက်တာ သံချေးပါ။
သယ်ချင်း။ ။အရှက်မဲ့တာ မြန် - ဂုဏ်ဖျက်ကွဲ့။
စံလင်း။ ။အရှက်မဲ့တာ မြန် - ဂုဏ်ဖျက်ကွဲ့။
သယ်ချင်း။ ။သံကိုဖျက်တာ သံချေးပါ။
စံလင်း။ ။သိစေချင်လို့ ပြောတာပါ။
သယ်ချင်း။ ။ဒေါသထွက်ကာ မျက်မပွားနဲ့။
စံလင်း။ ။ဒေါသထွက်ကာ မျက်မပွားနဲ့။
သယ်ချင်း။ ။သိစေချင်လို့ ပြောတာပါ။
စံလင်း။ ။ဟေ့ မောင်တို့ရာ။
သယ်ချင်း။ ။ဟဲ့ မယ်တို့ရာ။
စံလင်း။ ။ဒို့ချစ်ခဲ့တဲ့ အတာဟာ။
သယ်ချင်း။ ။ဒို့ဂုဏ်ဖျက်တာ မဖြစ်စေနဲ့။
စံလင်း။ ။ဒို့ဂုဏ်ဖျက်တာ မဖြစ်စေနဲ့။
သယ်ချင်း။ ။ဒို့ချစ်ခဲ့တဲ့ အတာဟာ။
စံလင်း။ ။ဟေ့ မောင်တို့ရာ။
သယ်ချင်း။ ။ဟဲ့ မယ်တို့ရာ။
ဟေလာ အကုန်ကြား ပြင်နိုင်သားဟေ့ ------------------- (အားလုံး အသံကျယ်ကျယ်နဲ့ အော်မယ်နော်)။
(နော့်ကို ခင်ကြသော ဒီသံချပ်ကို ကြိုက်ကြသော သယ်ချင်းများအားလုံး အတူတူပျော်ပျော်ပါးပါး ဆိုကြမယ်နော်၊ ဖြစ်တယ် ဟုတ်၊ နော်က အသံပျင်းရင် သယ်ချင်းတို့ကလည်း အသံပျင်းရမယ်နော်။ နော်က အသံပြတ်ရင် သယ်ချင်းတို့ကလည်း အသံပြတ်ရမယ်နော်၊ သံချပ် သဘောအတိုင်း ရှေ့ကလူရဲ့ အသံနေအသံထားကို မီအောင် ပီအောင် လိုက်ဆိုရမယ်နော်၊ ဟိ၊ ဆရာလုပ်တာ ဟုတ်ဘူးနော်၊ သံချပ်သံလေး ပီပီပြင်ပြင် ကြားရအောင်လို့ပါ)။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း