Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တော်ပါပြီ သင်္ကြန်ရယ်.....။ ရဲရင့်ခေါင် ။

$
0
0

ကျွန်တော် သင်္ကြန်ကို.. အကျက စပြီး အတက်နေ့ထိကို ကားနဲ့လည်ခဲ့တာပါ... မျက်နှာနဲ့အသားရေတွေဆိုရင် ရစရာကိုမရှိတော့တာပါ.. ကိုယ်တွေ လက်တွေကလည်း ကိုက်ခဲနေတာပါပဲ ကဲ ချင်လေတော့ ဇွဲမလျှော့ ကျွန်တော်ကိုလည်း ရန်ကုန်မှာ ရဲရင့်ခေါင် လို့ သိတာမှမဟုတ်တာ.. ဟိဟိ ဒီတော့ အမုန်းကဲတာပေါ့...။ ဒါပေမယ့် လည်း ... ဒီနှစ်သင်္ကြန် ငါးရက်ကျသလို နောက်နှစ်မှာလည်း.. ကျွန်တော် ဘယ်တော့မှ ကားမလည်တော့ပါလို့ ဆုံးဖြတ်လိုက်ပါတယ်....။ ငိုရမလိုလို ရယ်ရမလိုလို.. နေကပူပူနဲ့ သင်္ကြန်ရေပက်ခံကားတွေက. ရေပက်ခံတာမှမဟုတ်ပဲ.. နေပူဆာလူံနေတာလေ.. air bagan မဏ္ဍပ်ဟာ အင်းယား တံတားဖြူ  ကန်ဘောင် ရှေ့တည့်တည့်မှာရှိပါတယ်.. ကားတွေကတစ်ဘီးချင်းစီးလှိမ့်နေရပါတယ်.. အဲ့ထဲရောက်လို့ကတော့ ပြန်ထွက်ဖို့လည်း စိတ်မကူးပါနဲ့ ရှေ့ကိုတိုးဖို့လည်း... တစ်ဘီးချင်းစီ လှိမ့်နေရတယ်... နေကပူ ရေကခြောက် အသားကမဲ..စိတ်ကမရှည်... ဗိုက်ကဆာ ဒီလိုနဲ့ ကျွန်တော်တို့ ကာလေးဟာ နီလာ ဒံပေါက်လေးကို ၀ယ်စားရင်း နေ့လည်စားလေးကို ကားပေါ်မှာပဲ ပြီးဆုံးသွားပါတယ်..ဟိဟိ.။ မသိရင် ပျော်ပွဲစားကြနေတာပဲ... ကျွန်တော်တို့ ကားမှ မဟုတ်ပါဘူး ဘေးပတ်ပတ်လည်ရှိကားတွေအကုန်လုံး အလိုလို ဒီတိုင်းပါပဲ..။

ထူးခြားချက်တွေက လည်းတွေ့ပါတယ်... ဘာလဲဆိုတော့... ဘယ်ကားကြည့်ကြည့် NLDခွတ်ဒေါင်းတံဆိပ် နဲ့ အလံ တွေပါပဲခင်ဗျာ.. ခေါင်းတွေကော လက်ပတ်တွေကော စတေကာတွေကော အလံတွေကော.. အင်္ကျီးတွေကော စုံနေတာပါပဲ... ကျွန်တော်တို့ဘေးကားဆိုရင် အမေစုသီချင်းတွေကိုဆိုလို့ဆို ... ခွတ်ဒေါင်းအလံ တော်တော်ကို နာမည်ကြီးနေသလိုပါပဲ နီနီရဲရဲ ရဲရဲကိုတောက်နေတာပါ.... ကလေးကအစ ခွတ်ဒေါင်း ခေါင်းစည်းကိုပတ်ပြီး ရိုးရာ သင်္ကြန်ကို ဆင်နွဲနေပါတယ်...။ တက္ကသိုလ်ရိပ်သာ လမ်းထဲရောက်တော့ အမေစုနဲ ဗိုလ်ချုပ်အောင်ဆန်း အလှပြကားကြီးကိုတွေ့ရပါတယ်သေးတယ်.....။

ရန်ကုန်သင်္ကြန်ကတော့ တော်တော့ကိုစည်ပါတယ်.... အင်ယား ရှေ့မှာ ကျွန်တော်တို့ အတက်နေ့ရောက်တော့ ကားတော်တော်စောင့်လိုက်ရတယ်.. snare အဖွဲ့နဲ့...ကိုညီထွတ်(ဇော်ဝင်းထွတ်) ကိုအဲလက်စ် တို့ကို ကောင်းကောင်း ကြည့်လိုက်ရပါတယ်..။ သားကြီး...ကောင်းခန့် ပိုင်ဇေရဲထွတ် လူပျက်အဖွဲ့နဲ့ အရန်မင်းသားမင်းသမီးအချို့ကိုလည်း ရန်ကုန် မဏ္ဍပ်တွေမှာတွေ့ခဲ့ရလို့ ပျော်ရွင် ၀မ်းမြှောက်မိပါတယ်...။ ဒါပေမယ့်လည်း... ကားတန်းစီးရတာတွေ နေပူဒဏ်တွေ မဏ္ဍပ်တစ်ခုကိုရောက်ဖို့ လေးနာရီ ငါးနာရီတိတိ စောင့်ရတာတွေကြောင့်... ကျွန်တော်ဘယ်တော့မှ ကားနဲ့မလည်တော့ပါဘူး..။

သူငယ်ချင်းအချို့နဲ့ ရယ်စရာတောင်ပြောမိပါသေးတယ်.... အင်ယားကန်ဘောင်ရှေ့က မဏ္ဍပ်တွေဟာ...ကန်ထဲက ရေတွေကိုစုတ်ပြီး ပက်ကြတာဆိုတော့..ဟိဟိ တစ်ချိန်က ကျွန်တော်ကန်ဘောင်မှာထိုင်တိုင်း ကန်ဘောင်းဘေးမှာ... ရှိတဲ့စာသောက်ဆိုင်တွေကို ပြန်သတိရမိတယ်..။ ထိုစာသောက်ဆိုင်တွေက အစာသောက်မကုန်တာတွေ အကျန်တွေ တစ်ရူးတွေ တံတွေးတွေ ဆေးလိပ်တို ဆေးလိပ်စတွေ အဆီတ၀င်ဝင်နဲ့ ပြန်တက်နေတဲ့ ရေတွေနဲ့ ကျွန်တော်တို့ အပက်ခံရတာလို့ပြောတော့..

ကျွန်တော်တို့ အကုန် ထအန်ပါလေရော.... ဒါပေမယ့် ကျွန်တော်တို့ပဲမှ မဟုတ်ပဲ အဆိုတော်တွေ အနုပညာရှင်တွေလည်း အဲ့ရေတွေနဲ့ ပက်ခံရတာပဲလေ..ဟိဟိ....(ဒါကတော့ ဟာသလေးပါ..××)

ဒီလို နေပူ လေပူ ဗိုက်ဆာပြီး မနက်ကတည်းက တန်းစီးတာဟာ ညနေ လေးနာရီမှရောက်တဲ့ မဏ္ဍပ်တွေ... ကားတွေကပိတ်...နဲ့ ချွေးတွေက ထွက် နောက်ဆို ကျွန်တော် ဘယ်တော့မှ ကားနဲ့မလည်တော့ပါဘူး...ပျော်လဲပျော်တယ် ငိုလဲငိုချင်တယ်

ကျောတွေကနာ ဗိုက်တွေကအောင့် မီးသတ်ပိုက်နဲ့ထိုးလို့ မျက်နှာတွေလဲနီ နေလောင်ေ၇လောင်နဲ့ တော်ပါပြီ သင်္ကြန်ရယ်........။ ရဲရင့်ခေါင် ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>