Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘာမှန်းမသိလိုက်ရတဲ့..သင်္ကြန်

$
0
0

သင်္ကြန်အတက်နေ့…

ဒီနှစ်သင်္ကြန်ကတော့ ကိုယ်နဲ့မဆိုင်သလို ခပ်တည်တည်ပင်..

သူကလည်းဖာသိဖာသာ..ကိုယ်ကလည်းဖာသိဖာသာ..

လူသူကင်းဝေးရာကျွန်းလေးတစ်ကျွန်းပေါ်.. ပျင်းရိငြီးငွေ့စွာ သင်္ကြန်ရက်များကိုဖြတ်ကျော်ခဲ့ရပါတယ် ။

 

ကမ်းရိုးတန်း ဂေဟစနစ် ပြန်လည်ထိမ်းသိမ်းရေး စိုက်ခင်းများ မြေပုံဆွဲရင်း..

မြေပြင်အကွက်ရိုက်ရင်း..သင်္ကြန်ရေလည်းမအေးနိုင်..ပိတောက်လည်းမမွှေးနိုင်..။

 

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတော့..သင်္ကြန်နားနီး တစ်ပတ်လောက်ကပင်

ရေပြွတ်တပြင်ပြင် ခင်မင်ရာတွေ အဖေါ်စုလို့..ရင်တဖိုဖို..။

ငါးတန်းကျောင်းသားဘ၀ သင်္ကြန်ရက်မှာ ရှင်ပြုပေးတော့ ရေမကစားရလို့ ငိုရသေးတယ်..

ဘာနဲ့တူလည်းဆိုတော့..ရွာမှာ ပွဲရှိတဲ့ည..ကရောင်းနှက်သံတွေကြားတော့.ပွဲကကြည့်ချင်

အိမ်ကမလွှတ်..အိပ်ယာထဲမှာ..ကြီတ်ငိုရတာမျိုးပေါ့..။

 

သင်္ကြန်ဆိုတာကလည်း ခက်သားလား..ပျော်စရာဆိုပေမဲ့အသက်ရွယ်နဲ့ကလည်းဆိုင်တာပါ..။

လူပျိုပေါက်လေးဖြစ် ပိုးတတ်ပန်းတတ်လာတော့..ကိုယ်ကြိုက်တဲ့ကောင်မလေးဘယ်ချိန်အပြင်ထွက်ပါ့..

လမ်းထိပ်က ရစ်သီရစ်သီလုပ်ရတာကိုက..အရသာ..ရင်ခုန်တမ်းမက်စရာ..။

 

ညိုပြာညက်လေးကို..အကျနေ့..ဒါမှမဟုတ် အတက်နေ့ ..

ဘယ်နေ့ပဲဖြစ်ဖြစ်..ဒါကအကြောင်းမဟုတ်..

ဦးဦးဖျားဖျား..သူများထက်အရင် ရေလောင်းဖြစ်ဖို့သာ အဓိက..။

မှတ်မိသေးတယ်..မေတ္တာရေကြည်လေးတစ်ဖလားကို..နုတ်ခမ်းဆူ..ခြေဆောင့်သွားခဲ့တာ..

နောက်တော့လည်း သူများနောက်ပါသွားခဲ့တာပါပဲလေ..။

ခုဆိုသူ့သားအကြီးကောင်လေးတောင် ကျောင်းတက်နေပီတဲ့လေ..။

ဟိုတစ်နှစ်ကသင်္ကြန် ရွာပြန်တော့..ညိုပြာညက်လေးကို တွေ့ပါသေးတယ်..

 ညိုပြာညက်ဘ၀ကနေ..ပုတ်ကြီးတစ်လုံးလိမ့်လာသလို..အဆီတုံးကြီးဖြစ်လို့ပါဗျာ

ဒါတောင်လုပ်ချသွားသေး. “ ဟဲ့..အောင်ထက် ငါ့ကိုရေပက်မလို့ ချောင်းနေတာလား..”  တဲ့..

ကိုယ်ကတော့..မချိသွားဖြဲလေးပဲလုပ်နေလိုက်ရပါတယ်..။

 

ကျွန်တော်ဆိုတဲ့ကောင်က..ခြေထောက်ဗွေပါလေလားမသိ..

ကျောင်းပြီးထဲကိုက..တစ်နယ်ပြီးတစ်နယ်သာပြောင်းနေရ..

တစ်ခါတလေတော့..သင်္ကြန်တွင်းမှာတောင်..ရေကစားရမှန်းမသိတဲ့နေရာမျိုး..

ပိုးကရှိနေတာ့..အချောအလှလေးတွေမြင်..ရေပက်ချင်လို့လည်းမပက်ရ..

အတော်ခွကျတဲ့နေရာလဲကြုံဘူးရဲ့။

 

ရန်ကုန်သင်္ကြန်တော့..မှတ်မှတ်ရရ..တစ်နှစ်ပါပဲ..

နေကပူပူ..သွေးကဆူဆူ..ယမကာလေးကကူ.. အဲဒီနှစ် ကလို့ကောင်းလိုက်တာ....

စင်ပေါ်နဲ့..စင်အောက် သူနိုင်ကိုယ်နိုင်..အပြိုင်ကြဲလိုက်ကြတာ..

သင်္ကြန်လည်းပြီးရော..မျက်စိ နား နခေါင်း..လည်ချောင်းဆေးရုံပြေးရပါလေရော..

နာရီတစ်လုံးကျပျောက်တာလည်းအဖတ်တင်သေး..။

ခုချိန်ထိ..အသက်လေးရတာတောင်..သင်္ကြန်ကျပြီဟေ့ဆိုရင်..ရန်ကုန်သင်္ကြန်ကိုတမ်းတတုန်း..

တစ်ပွဲတစ်လမ်း အကဲစမ်းချင်ပါသေးရဲ့..။

 

ဒီနှစ်ကတော့ အခြေနေအရ..ယားလို့တောင်မကုတ်အားတဲ့ဘ၀..

ပင်လယ်ပြင်က ကျွန်းလေးတစ်ကျွန်းပေါ်ရောက်နေမှတော့..

အင်တာနက်ထဲလဲ ရေမပက်နိုင်..

Face Book ထဲမှာလဲ..သူလေးကို ပိတောက်ခက်လေး မပေးနိုင်..

မသကာ gtalk မှာ “ ဟိုင်း..နှစ်သစ်မှာ..ပျော်ရွှင်နိုင်ပါစေ..နော်..”  တော့လုပ်ချင်ပါသေးရဲ့..။

 

တွေးရင်းတောရင်းနဲ့..အနောက်အရပ်ဆီမှာ..

ဆည်းဆာက ပင်လယ်ကြီးကို ပွေ့ဖက်နေခြေပြီ..မကြာမီမိုးချုပ်တော့မည်..

ပင်လယ်ပြင်ရဲ့လှိုင်းအိလေးများက..ငြင်သာစွာ ပြေးတက် ပြေးဆင်း..

မင်းတို့ခြေရာတွေ မထားခဲ့ကြပါနဲ့..

ဘာရယ်ညာရယ်တော့မဟုတ်..

သင်္ကြန်နဲ့အတူ ကျွန်တော့်ကောင်မလေးကို လွမ်းလို့ပါ..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>