.....ခင်ပွန်းကြီးဆယ်ပါးလို့ ပြောလိုက်ရင် သိသလိုလို နဲ့  အကုန်လုံးကို မမှတ်မိတဲ့ ကျနော့လို သုငယ်ချင်းများအတွက် ကို ရည်ရွယ်ပါတယ်.. ပြီးတော့ ဒီစာရွက်လေးကိုလည်း သုငယ်ချင်းတစ်ယောက်ဆီက သင်္ကြန်တွင်း အလည်းသွားရင်းရခဲ့တာပါ... ကျနော်တို့  ဗုဒ္ဓဘာသာဝင်တိုင်း သိရှိထားမှ ရှောင်ကျင်နိုင်မှာမို့ လို့  လက်ဆင့်ကမ်းရခြင်း ဖြစ်ပါတယ်...
သိပြီးသား ကော်ပီဖြစ်နေရင်လည်း စိတ်မရှိကြပါနဲ့ လို့  ကြိုပြီးတောင်းပန်ချင်ပါတယ်.. ကော်ပီဘလော့ကိုလည်း ဘယ်နားတင်ရမှန်း မသိလို့ ပါ.. ခင်ဗျာ...
ခင်ပွန်းကြီး ၁၀ ပါး ကန်တော့နည်း
ဘုရားတပြည့်တော်သည် သံသရာအစမှ စ၍ ယနေ့ တိုင်အောင်...
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော အဂ္ဂသာဝက မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော မိခင်တို့  အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော ဖခင်တို့  အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ ကို ဆည်းပုးဖြည့်ကျင့်လျှက်ရှိကြကုန်သော လုပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ် မိမိထက် သိက္ခာ အရွယ်ကြီးမားသုတို့  အပေါ်၌
- ဂုဏ်ကျေးဇုး ကြီးမားကြကုန်သော တရားဓမ္မတို့ ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
- ထမင်း တစ်လုပ် ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖုးသော ကျေးဇုးရှင် ပုဂ္ဂိုလ်တို့ ၏ အပေါ်၌....
ကာယကံ ၀စီကံ မနောကံ သုံးပါးသော ကံတို့ ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထို အပြစ်တို့ ကို ပျောက်ပါစေခြင်း အကျိုးငှါ ရိုသေမြတ်နှိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား...ဤသို့ ရှိခိုးပုဇော်ဖုးမြော် မာန်လျှော့ ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မုသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင် နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား...
... လောကီမင်္ဂလာ အဖြာဖြာတို့ သည်းလည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကုလျှင်မြန်စွား ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား....
ခင်ပွန်းကြီး ၁၀ ပါးအား ပြစ်မှားမိသုတိုင်း ကြုံရမည့် ( ဒဏ် ၁၀ ပါး )
- ပြင်းထန်သော ဦးခေါင်းဝေဒနာ စသည့်ဝေဒနာများဖြစ်ခြင်း
- ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ် ပျက်စီးခြင်း
- လက်ခြေ ပြတ်ခြင်း ကိုယ်အင်္ဂါ ကြီးငယ်ချွတ်ယွင်းခြင်း
- ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများ ဖြစ်ခြင်း
- ရုးသွပ်ခြင်း စိတ်မတည်မငြိမ် ဖြစ်ခြင်း
- မင်းပြစ် မင်းဒဏ် ခံရခြင်း
- မတရားသဖြင့် စွပ်စွဲခံရခြင်း
- ဆွေမျိုးကောင်း မိတ်ဆွေကောင်း မရရှိခြင်း
- စည်းစိမ် ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
- နေရာ တိုက်အိမ် မီးလောင် ပျက်စီးခြင်း .... ပစ္စုပ္ပန်ဘ၀၌ ထိုဒဏ် ၁၀ ပါးသင့်မည့် အပြင် သေလွန်သော အခါ၌လည်း အပါယ်ငရဲ သို့ ကျရောက်နိုင်ပါသည်။
ခင်ပွန်ကြီး ၁၀ ပါး ပုဇော်ရခြင်း အကျိုး
- အစား အစာ မရှားပါးခြင်း
- ရောက်ရာ အရပ်၌ လေးစားပုဇော်ခံရခြင်း
- ရန်သုမျိုး ငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
- လုချစ် လုခင်ပေါများခြင်း
- ပရိတ်သတ်အလယ်၌ တင့်တယ်စွားနေနိုင်ခြင်း
- ကောင်းသတင်းဂုဏ် ကျော်စောခြင်း
- အခြွေအရံ များခြင်း
- စီးပွား ဥစ္စာဖွံ့ ဖြိုးတိုးတက်ခြင်း
- ဘေးဒုက္ခကြုံသော် အကုအညီရရှိခြင်း
- သားကောင်း သမီးကောင်း ရရှိခြင်း တို့ ဖြစ်ပါတယ်....
အနေတတ်ဖို့ 
- သုကမုန်းလည်း....
အမုန်းမဖက် မေတ္တာလက်နှင့်
ပွေ့ ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။
- သုက ငြိုငြင်......
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။
- သုက ရန်ရှာ.....
ပြုမုပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ
အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။
- မေတ္တာ သစ္စာ.....
အနှစ်နာနှင့် ဘယ်ခါမဟု
စိတ်ထားဖြုစွာ နေတတ်ပါမှ
သင်၏ဘ၀ ချမ်းသာရလိမ့်။။
သုငယ်ချင်းများ အားလုံး ကိုယ်စိတ်နှစ်ပါး အေးငြိမ်း ချမ်းသာကြပါစေ..