Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အခက်ခဲဆိုတာ ဘ၀တိုးတက်ခြင်း အတွက် ကုန်ကြမ်းပါဘဲ

$
0
0
အခက်ခဲဆိုတာ ဘ၀တိုးတက်ခြင်း အတွက် ကုန်ကြမ်းပါဘဲ

XXXXXXXXXXX

ခိုင်လေး စာဖတ်ပရိတ်သတ်အားလုံး ကောင်းမြတ်သော နှစ်သစ်မင်္ဂလာမှာ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။

ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ။ ဘေးရန်ကင်းကြပါစေ ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာဝန်

ကို ရွက်နိုင်ကြပါစေလို့ မေတ္တာပို့သအပ်ပါတယ်ရှင်။

********************

ခိုင်လေး စာရေးခြင်းကို အလွန်တစ်ရာ မြတ်နိုးတန်ဖိုး

ထားပါသည်။ စာတစ်ပုဒ်ကို ဖန်တီးလိုက်တိုင်းမှာလဲ အကောင်းဆုံးဖြစ်အောင်တော့ အမြဲ ကြိုးစားရေးသား

ခဲ့တာချည်းပါဘဲ။တချို့သော ဆောင်းပါး ၀ထ္ထုတိုတွေမှာ လိုအပ်ချက်တွေ အများအပြားရှိနေပါတယ်။ ခိုင်လေး

ပေးချင်တဲ့ massage က တစ်ခု ။ စာဖတ်သူက ယူဆတာက တစ်မျိုးတွေ ဖြစ်သွားခဲ့တဲ့ အကြိမ်တွေလဲ များစွာ ကြုံဘူး

ပါတယ်။ ဒီလိုကြုံတိုင်း ကော်မန့်မှာ အငြင်းပွားမှုတွေ နဲ့ ခဏခဏ ရင်ဆိုင်ခဲ့ရပါတယ် ။ အရင်ကဆို စိတ်ဆက်တတ်တဲ့

ခိုင်လေးက အခြေတင်လေးတွေ ပြန်ပြောတတ်တယ်။ မတ်လ နဲ့ ဧပြီလတွေမှာ ခိုင်လေး ကြုံခဲ့၊ ဆုံခဲ့ရတာ

တွေ တော်တော်များများ အထူးဆန်းတွေ နဲ့ အတော်လေးဆိုးတဲ့ အတိုက်ခိုက်တွေကို အများကြီးရင်ဆိုင်ခဲ့ရပါတယ်။

ဒီနေ့မှာ ခိုင်လေး ဆုံးဖြတ်လိုက်တယ်။ ခိုင်လေးချစ်တဲ့ မန်ဘာမိသားစုဝင်တွေနဲ့ ခိုင်လေးစာဖတ်ပရိတ်ကို ရိုးသားစွာဘဲ ဆက်ဆံခဲ့တယ်။လိမ်တာ ၊ ညာတာမာယာတွေ မပါဘဲ အွန်လိုင်းပေါ်မှာ လူတိုင်းကို ဆက်ဆံခဲ့ပါတယ်။တချို့သောသူတွေ ခိုင်လေးကို အထင်လွဲမှားပူလောင်နေကြသူတွေအတွက် ဒီနေ့ ပြောချင်တာပါ။

ခိုင်လေး စာတွေရေးတယ်။

ခိုင်လေးရေးတဲ့ စာတိုင်းကိုယ်ပိုင်စာမူတွေကိုဘဲ ဘလော့တင်ဖြစ်တာ များပါတယ်။

ခိုင်လေးရေး တဲ့စာတိုင်းဟာ ခိုင်လေးရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့

အတွေ့ကြုံတွေကို အခြေခံပြီး ရေးသားတာတွေဘဲ များခဲ့ပါတယ်။ ရေးတဲ့စာတိုင်း ကောင်းနေတယ်လို့တော့

မရှိနိုင်ဘူးပေါ့နော်။ ဘယ်စာကိုဘဲ ရေးရေး အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသားခဲ့ပေမယ့် လိုအပ်ချက်

တွေဆိုတာ ရှိနေမှာပါ ။နာမည်ကြီး နိုင်ငံကျော် စာရေးဆရာတွေတောင် သူတို့ရေးတဲ့ စာအုပ်

တိုင်း အောင်မြင်တတ်တာမျိုးမှ မဟုတ်တာဘဲနော်။ ခိုင်လေးတို့လို ၀ါသနာရှင် ဘလော့ကာတွေ အနေနဲ့

လိုအပ်ချက်ဆိုတာတွေ ရှိနေမှာပါ ။ ခိုင်လေးက ဝေဖန်ရေးကို ခံနိုင်ရည်အားနည်းပါတယ်။ အကောင်းတွေ

ချည်းလိုချင်နေတာ တော့ မဟုတ်ရပါဘူး ။ ဆိုးရွားလွန်းတဲ့ ဝေဖန်ချက်တွေ ၊ စာရေးချင်တဲ့ စိတ်တွေ

ပျောက်တဲ့အထိ ဆိုးလွန်းတဲ့ ဝေဖန်မှုမျိုးတွေကြတော့ ခံစားရလွန်းပါတယ်။ ခုချိန်မှာတော့ ခိုင်လေး ခံနိုင်

ရည်ရှိလာပါပြီ။ ကော်မန့်မှာ ဘယ်လိုတွေဘဲ ရေးရေး လိုတာကိုယူပြီး မလိုတာကို ပယ်တတ်တဲ့ အလေ့ကျင့်

လေးကို လေ့ကျင့်နေပါတယ်။ ကော်မန့်ဆိုတာ အကြံပြုချက်တွေ ရေးတဲ့နေရာလေးပါ။ ရန်ဖြစ်ဖို့အတွက် ရေးဖို့နေရာမျိုးမှ မဟုတ်တာလေ။ လူတိုင်းမှာ သူအမြင် ၊ ကိုယ်အမြင်ဆိုတာရှိတတ်ကြပါတယ်။

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြပါတယ်။

မေတ္တာရှေ့သွားတရား ၁၆ ပါး မှာ နံပတ် (၁) မှာပြဌာန်းထားပါတယ်။

ကိစ္စအမှုတစ်ခုခုကို၊ ပြုလိုသောအခါ ၊ ၀ါမှု ၊ ကြွားမှု ၊မာန့်မှု ၊ ဂုဏ်တုဂုဏ်ပြိုင် ၊အနိုင်ရမှု၊နှိမ်နင်းမှုမျိုး ၊

ကိုယ်ကျိုးအတွက်၊ ငဲ့ကွက်မှုကို ၊ မပြုရှောင်ခွာ ၊ နန်းခေမာသို့ ရောက်ဖို့အမှန် စိတ်ရည်သန်ခါ ပြုလုပ်ပါမှ

ကြီးပွားရ မုချအမှန်သာတဲ့ ။

အကြောင်းအရာ ကိစ္စတစ်ခုကို ပြုလုပ်သော သူသည် မိမိအတွက် မိမိအနိုင်ရလို

မှုအတွက် ပြုလုပ်နေခြင်းလား ၊ အမှန်တစ်ကယ်စေတနာအရင်းခံနဲ့လားဆိုတာကို သေသေချာချာ ဝေဖန်ပိုင်း

ခြားသိမြင်ဖို့ လိုအပ်ပါတယ်။ ခိုင်လေး ရေးခဲ့တဲ့ ဆယ်ကျော်သက်နဲ့ ဖောက်ပြန်ခြင်းဆိုလဲ ခိုင်လေး သူငယ်

ချင်းရဲ့ အမှန်တစ်ကယ် ခံစားရခြင်းကို ရေးသားထားခြင်းပါ။ ဆောင်းပါး တစ်ခုကိုရေးတိုင်း စိတ်ကူးဆိုတာထက်

ဖြစ်ရပ်မှန်တစ်ခုအပေါ်မှာ ပညာပေးဆန်ဆန်လေးဘဲ ရေးခဲ့သာများပါတယ်။ စိတ်ဓာတ်အကျဉ်းထောင်သား

ဆိုတဲ့ ဆောင်းပါလေး ဆိုရင်လဲ ခိုင်လေး ရင်နှစ်သည်းချာ သားလေးနဲ့ သမီးလေးကို အမှန်တစ်ကယ်ရေးသား

ထားခြင်းပါ ။ လူတစ်ဦးဆီမှာ ကိုယ်ပိုင်အတွေးခေါ်တွေနဲ့ လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ်။ နမူနာလေးတစ်ခု

ပြောရမယ်ဆိုရင် မနက်က ဆုတွေ ရွေးဖို့ အတွက် စာတွေဖတ်ရင်း ညီမငယ်လေး အေးအေးရေးတဲ့ စာလေးမှာ

ရေးထားတယ်။ သူအယူဆက ချစ်သူနဲ့ ရည်းစားမခွဲခြားဘူးလို့ သူအယူဆလေးကို ရေးသားထားတယ်။

အောက်က ကော်မန့်မှာ ညီမငယ်လေး မနော်ဟရီက ချစ်သူနဲ့ရည်းစားမတူဘူးလို့ ပြောထားတယ်။ ဘယ်သူ

မှန်တယ်လို့ ဆုံးဖြတ်မလဲ။ ဆုံးဖြတ်လို့ မရနိုင်ပါဘူး ။ သူအယူဆနဲ့ သူပါဘဲ။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။

သချာင်္ပုံသေနည်းတွေလို သတ်မှတ်လို့ရတဲ့ အကြောင်းအရာတွေမှာ မဟုတ်တာဘဲရှင်။ ခိုင်လေး နောက်ဆုံး

တင်လိုက်တဲ့ ပွဲတက်မယားတော့ မဖြစ်ချင်ဘူး အကြင်နာဇနီးမယားဘဲ ဖြစ်ချင်တယ်ဆိုတဲ့ ဘလော့လေး

ဆိုလဲ ဒီလိုပါဘဲ။ ခိုင်လေး အိမ်ထောင်သက် ၁၀နှစ်တိတိ ကြာခဲ့ပါတယ်။ ခိုင်လေး အသက် ၁၈နှစ်မှာ

အိမ်ထောင်ကျခဲ့ပါတယ်။ ၂၀၀၈မှာ တရားဝင်ကွာရှင်းခဲ့ပါတယ်။အိမ်ထောင်သက် ၁၀နှစ်အတွင်း ရင်ဆိုင်

ခဲ့ရတဲ့ အတွေ့ကြုံ ၊ ခါးသီးခြင်းတွေက ထုတ်နုတ်ပြီး တင်ပြရေးသားခဲ့တာပါ။ ခိုင်လေး ကကောင်းပြီး

အမျိုးသားကချည်းဆိုးခဲ့တာမျိုး တော့ မဟုတ်ပါဘူး။ အဓိက နားလည်မှု မရှိခဲ့ကြတာပါ။ တစ်ယောက်နဲ့

တစ်ယောက် အပေးယူမမျှတာဆို ပိုမှန်ပါလိမ့်မည်။ ခိုင်လေးဆောင်းပါးလေးထဲမှာ ရေးခဲ့တယ်နော်။ ယောကျာင်္း

အလုပ်ကိစ္စပြောနေချိန် ဘေးကနေ အတင်းဝင်ပြောတာတွေ ကို ရှောင်စေချင်တယ်လို့ ။ဒါတွေက ခိုင်လေး

ကိုယ်တိုင် မရှောင်မိလို့ ပြသနာတွေ များစွာတက်ခဲ့ရတယ်။ မိမိခင်ပွန်း ဂုဏ်သိက္ခာကျဆင်းစေခဲ့တဲ့ ကိုယ်တွေ့

တွေမို့ ရေးသားဖော်ပြခဲ့တာပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ က ပျော်လို့နေနေကြတာ မဟုတ်ဘူးဆို

တာကို ခိုင်လေးသိပါတယ်။ ဆိုလိုချင်တာ အလုပ်လုပ်တာကို သေချာဆုစေချင်တာပါ။ လုံလောက်တဲ့ အရင်းနှီး

တစ်ခုရရင် မိသားစုနဲ့ မရှိတူရှိအတူလေး နေစေချင်တာမျိုးပါ။ တချို့တချို့သော ဇနီးမယားတွေက ဇွတ်အတင်း

ဆက်နှစ်တိုးခိုင်းတာတွေ နေခိုင်းနေတာတွေကို ကြားနေမြင်နေရတာမို့ သတိပေးသဘောရေးခဲ့ခြင်းပါ။

ခိုင်လေးက အင်တာနက်ဆိုင် ကို တစ်နေ့လုံး ထိုင်ပေးနေရသူမို့ ဒါတွေကို မကြားချင်အဆုံး မမြင်ချင်အဆုံး

ကြားနေ ၊ မြင်နေရတာမို့ ရေးသားလိုက်ရခြင်းပါ။ ခိုင်လေး အမြင်နဲ့ ထင်ရာတွေ ရေးသားခဲ့ခြင်း မဟုတ်ပါဘူး။

သေချာတွေးကြည့်ကြပါ။ မိသားစု အတွက် အလုပ်လုပ်နေတာ ဟုတ်ပါပြီ။ တစ်သက်လုံး တကွဲတပြားဆီနဲ့

ငွေဆိုတာအတွက် မိသားစု ဘ၀တွေကို ဥပက္ခာပြုထားတော့မှာလား။ ခိုင်လေးကတော့ မိသားစုဆိုတာကို

အရမ်းတန်ဖိုးထားတယ်။ ခုလို ကွဲပြားနေတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်နေရလို့ မိသားစုဆိုတာလေးကို ပိုလို့

တန်ဖိုးထားမိပါတယ်။ ဖောက်ပြန်တဲ့ စကားတွေ ၊ သတင်းတွေ ကြားရင် မုန်းတယ်။မိသားစု တစ်စု ပြိုကွဲစေ

မယ့် နက်လက်တွေလို့ မြင်မိတယ်။ အဲဒီစိတ်ကြောင့်ဘဲ အမုန်းခံရတာတွေ တော်တော်များခဲ့ပါပြီ။ အကောင့်

ထဲမှာဆိုလဲ ဒါမျိုးတွေ ကြားပြီဆိုတာနဲ့ တားတယ်။ တားမရရင် အမုန်းခံပြီး ဆောင်းပါးလေးတွေ ရေးတင်တယ်။

ရည်ရွယ်ချက်က တစ်ခုတည်းပါဘဲ မိသားစုဘ၀လေးတွေကို တန်ဖိုးထားတတ်စေချင်တာပါ။ ဆရာမကြီးလဲ

မဟုတ်ပါဘူး။ ခိုင်လေး ရရှိခဲ့တဲ့ ဘ၀အတွေ့ကြုံလေးတွေကို သိသလောက် ပြန်လည်ဝေမျှ ပေးခြင်းမျိုးပါဘဲ။

ခိုင်လေး အကျင့်တစ်ခုရှိပါသေးတယ်။ တစ်စုံတစ်ခုကို အရမ်းခံစားရပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့် ပြောပြ

လေ့ရှိပါတယ်။ ဒီအကျင့်လေးကိုလဲ ဒီနေ့ကစ ဖျောက်ပါတော့မည်။ ဒီနေ့ ဒေါက်တာမတင်ဝင်း ရေးသားတဲ့

ဆောင်းပါးလေး တစ်ပုဒ်မှာ ဒီလိုလေးရေးထားတယ်။

ချောက်ထဲက လွတ်မြောက်အောင် ဘာလုပ်ရ

မလဲဆိုတာကို မစဉ်းစားဘဲ ကိုယ့်ကိုမှ ကံကြမ္မာက ရွေးပြီးချောက်ကျအောင် လုပ်လေခြင်းလို့ ငိုညဉ်းနေမလား။ အဲဒီလိုနေသူများဟာ ထွက်ပေါက်က အနားကပ်နေတာတောင် မျက်ရည်ဖုံးနေတဲ့ သူတို့

မျက်လုံးက မြင်မှာ မဟုတ်ဘူးတဲ့။အမှန်တစ်ကယ် စိတ်ဓာတ်ရင့်ကျက်သူတွေက မိမိစိတ်ဆင်းရဲစရာကို မိမိ

ချစ်ခင်ရသူတွေကို ပေးမသိကြဘူး။ မိမိကို မုန်းနေသူတွေ အားရ၀မ်းသာခြင်း မဖြစ်စေချင်တဲ့ အတွက် ၀မ်းနည်း

အားငယ်မှုနဲ့လဲ မနေပြကြဘူးတဲ့။

ဒီစာသားလေးကို အရမ်းသဘောကျမိလို့ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခိုင်လေးတွေးတယ်လေ။ နေရာလေးတစ်ခုကို ရောက်ဖို့ ကြိုးစားလာခဲ့တယ်။ အဓိက အရေးကြီးတာက ကိုယ်

ရောက်နေတဲ့ နေရာလေးကို သေချာသိဖို့ပါဘဲ။ ရှေ့ဆက်ရမယ့် လမ်းမှာ ချောက်တွေလဲ ရှိနေနိုင်သလို

အန္တာရယ် အခက်ခဲမျိုးစုံလဲရှိနေနိုင်ပါတယ်။ အရေးကြီးတာ အဲဒီအတားဆီးတွေကို ခိုင်လေးတို့ အသိပညာရယ်

တွေးခေါ်ဆင်ခြင်မှုတွေ ပူးပေါင်းပြီး ဘယ်လိုကျော်မလဲ ကွေ့ပတ်သွားမှ ရောက်မှာလား ကျော်ဖြတ်သွားမှ

ရောက်မှာလားဆိုတာကို ဆုံးဖြတ်ချက်မှန်မှန်နဲ့ တွေးနိုင်ဖို့က အဓိကပါဘဲ။ ဒီနေရာတစ်ခုကို ရောက်လာခဲ့ပြီးမှ

လှည့်ပြန်မယ့်အလုပ်ကို ခိုင်လေးကတော့ ဘယ်တော့မှ လုပ်မိမှာ မဟုတ်ပါဘူး။ ခိုင်လေးလိုဘဲ ကြောက်လို့

လှည့်ပြန်ခြင်းလမ်းကို ဘယ်တော့ မရွေးချယ်ကြပါနဲ့ရှင်။ ရည်မှန်းချက် ပန်းတိုင်ဆိုတာကို မရောက်ရောက်

ရောက်အောင် သွားကြပါ။ မောပမ်းမှုတွေ ၊ စိတ်ဖိစီးမှုတွေ ရှိလာတိုင်း ငါသွားနေတဲ့ ပန်းတိုင်နဲ့ နီးနေပြီ

ဒီနေရာကို ရောက်နေမှ ဘယ်တော့မှ ပြန်မလှည့်ဘူးဆိုတဲ့ ခိုင်မာတဲ့ စိတ်ရည်မှန်းချက်တွေ ထားကြပါ။

စိတ်ဓာတ်အင်အားတွေ ကျဆင်းလာချိန်မှာ မိမိလို ပန်းတိုင်ရောက်အောင် လှမ်းနေသူတွေနဲ့ ပူပေါင်းပါ။

ခိုင်လေး ပြောခဲ့သလို စိတ်ညစ်စရာတွေကို ချစ်ခင်သူတွေကို အပူပေးတာမျိုးမဟုတ်ဘူးနော်။ သူတို့ရှေ့

ဆက်နေတဲ့ အားမာန်တွေကို အတုယူဖို့ ပူပေါင်းပါ။ ဒေါက်တာ မတင်ဝင်းက ပြောထားပါသေးတယ်။

တကယ်တော့ အခက်ခဲဆိုတာ ဘ၀ခရီးလမ်းတိုးတက်ခြင်းအတွက် ကုန်ကြမ်းဖြစ်ပါတယ်။

ခိုင်လေး စိတ်ထဲ စာရေးဖို့ ဘောပင်ကို ကိုင်လိုက်တာနဲ့ နာကျင်ခံစားခဲ့ရတာတွေ ၊ အတိုက်ခိုက်တွေ

အားလုံး ခိုင်လေးစိတ်ထဲမှာ ဘာတစ်ခုမှ မရှိတော့ပါ။ ခိုင်လေးသိစိတ်အလျဉ်ကို ခိုင်လေးစာရေးချင်တဲ့ ဆန္ဒတွေက

သိမ်းပိုက်စီးနင်းသွားခဲ့ပါတော့သည်။

ရင်ဆိုင်ရတဲ့အခက်ခဲ ၊ အတိုက်ခိုက်တွေ အားလုံးကို ခိုင်လေး ဘ၀တိုးတက်ခြင်းအတွက် ကုန်ကြမ်းတွေ အဖြစ်အသုံးချရင်း

ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ဆက်လက်ချီတက်ပါအုံးမည်ရှင်။ ခိုင်လေး သူငယ်ချင်းတွေလည်း

စစ်မှန်သော ကိုယ်ပိုင်အရည်းအချင်းတွေနဲ့ အောင်မြင်တင့်တယ်တဲ့ ဘ၀လေးတွေကို လက်ဝယ်ပိုင်ပိုင်

ရရှိကြပါစေ။


အချစ်ကို ကိုးကွယ်သူလေး

ခိုင်လေး (ရွှေတောင်)

၃.၄၈ မိနစ်

၁၈.၄.၂၀၁၂

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>