---ကိုယ်တွေ့ဖြစ်ရပ် သတိချပ်ဘို့
သိမှတ်စရာတွေပြောချင်တယ်........
---ဟော့ရှော့မြို့ထဲ ဇွဲနဘဲနဲ့
ကဲရအောင်လို့ ထွက်ခဲ့တယ်.......
---ဖြူဖြူညိုညို ဟိုအပျိုဖြန်း
လန်းသွားအောင်လို့ညုကြတယ်.....
---ဒီကငနဲ ခပ်ရဲရဲမို့
တဟဲဟဲနဲ့ပူးလိုက်တယ်........
---"ဆ''တွက်ချင့်မှန်း ကိုယ့်ပုံပန်းက
လျှမ်းတဲ့သူလို့ထင်ကြမယ်......
---ဟန်ဆောင်သလိုငြင်း ကိုယ်ခေါ်သွင်းတော့
Inn ထဲခနရောက်သွားတယ်
---နေညိုချိန်ရောက် လူကမှောက်
သူလေးကတော့ပျောက်သွားတယ်......
---အိတ်ကပ်ကိုစမ်း ကမန်းကတန်း
ဖြန်းခနဲကြက်သီးထမိတယ်......
---အိမ်ကခလေး သင်တန်းကြေး
ပြေးမြင်ပြီးတော့သတိရတယ်.....
---နက်ဖြန်မနက် မိန်းမအတွက်
ဗိုက်အပ်ဖို့လဲကျန်သေးတယ်.....
---ရပ်ရေးရွာရေး ဘာညာအရေး
ကောက်ခံကြေးလဲရှိသေးတယ်.....
---ခေါင်းငိုက်စိုက်ချ မတ်တတ်ထ
''စ''လိမ်သွားမှန်းသိပေါ့ကွယ်.......