အရူးတစ်ယောက် ဒူးထောက်ပြီးတော့ဟစ်ကြွေးတယ်
ဟယ်......လောက
သင်သည်ရမ်းကား သူမိုက်အလားသို့
ငါမှတပါး ကျန်သူအများကို
သောကတွေနဲ့ထား ထားတယ်....
အရူးတစ်ယောက် သစ်ပင်ပေါ်ရောက် ရယ်မောတယ်
ဟယ်....လောက
သင်သည်ရမ်းကား သူမိုက်အလားသို့
ငါမှတပါး ကျန်သူအများကို
လောဘတွေနဲ နေစေ့တယ်....
အရူးတစ်ယောက် ဟိုဒီငေးလျှောက် အံ့သြတယ်
ဟယ်....လောက
သင်သည်ရမ်းကား သူမိုက်အလားသို့
ငါမှတပါး ကျန်သူအများကို
ဒုက္ခဆင်းရဲကြုံစေ့တယ်......
အရူးတယောက် နေရောင်အောက်မှာ သူဝင့်ထည်
ဟယ်.....လောက
သင်သည်ရမ်းကား သူမိုက်အလားသို့
ငါမှတပါး ကျန်သူအများကို
အေးချမ်းခြင်းမှကင်းစေတယ်....
အရူးတယောက် ဒူးထောက်ပြီးတော့ဟစ်ကြွေးတယ်
ဟယ်....လောက
သင်သည်ရမ်းကား သူမိုက်အလားသို့
ငါမှတပါး ကျန်သူအများကို
ရူးသွပ်အောင်လို့လှည့်စားတယ်.....
ဝန်ခံချက်.......တေးရေးကိုဂျေမောင်မောင်
တေးဆိုကိုခိုင်ထူး တို့၏ (မကျေနပ်ဘူး) သီချင်းခေါင်းစဉ်ကိုအကြောင်းအမျိုးမျိုးကြောင့်
ကာယကံရှင်များ၏ခွင့်ပြုချက်မရယူသေးးဘဲသုံးစွဲမိပါသည်(ခွင့်လွှတ်ပေးပါရန်)
လေးစားစွာဖြင့် (နီကလောင်)
ူး