ဖြူရယ် အခုချိန်မှာမင်းပျော်ရျွှင်နေမယ်လို့ငါထင်ပါတယ်....ငါ့ရဲ့ဘယ်ဘက်ပါးပြင်ပေါ်မှ မင်း၇ဲ့လက်ဝါးရာလေးကို လက်ဆောင်မွန်လေး
အဖြစ်သိမ်းထားလိုက်တော့မယ်နော်...ငါမင်းကိုမမုန်းခဲ့ပါဘူး...အမြတ်တနိုးချစ်ခဲ့တာပါ...အခုဆိုရင်ငါအလွန်မုန်းတဲ့ ဆေးနံတွေနဲ့အဖြူရောင်
အခန်းလေးထဲက သံခုတင်လေးပေါ်မှာ ငါဟာငြိမ်သက်စွာ လဲလျှောင်းနေပါပြီ...မင်းကိုမုန်းတယ်လို့ပြောရတာ ငါ့အတွက်နဲ့မင်းပူဆွေးသော
ကမရောက်စေချင်လို့ပါ..ကိုယ်အရမ်းချစ်ရတဲ့ချစ်သူကိုဘယ်သူက မုန်းတယ်လို့ပြောချင်မှာလဲကွာ...အခုဆို၇င် ကိုယ့်ခန္ဓာကိုယ်ကြီးကမလှုပ်
နိုင်မရှားနိုင်ဖြစ်နေတဲ့အတွက်မင်းမသိတဲ့အဝေးတစ်နေရာကနေလွမ်းဆွတ်နေရတာပါ....အရေးပေါ်ခန်းမှာလည်းလူနာတွေကများလွန်းတယ်
ဆရာဝန်ကြီးပြောတာတွေကိုလည်းမကြားတစ်ချက်ကြားတစ်ချက်ပါပဲ....မင်းရှိကိုစိတ်ရောက်နေလို့ထင်ပါရဲ့....အရင်တုန်းကမင်းအဆင်မ
ပြေဖြစ်ရင် စိတ်ညစ်နေလို့ငိုနေတဲ့အခါကျရင် ငါဖေးမလို့မရတော့ဘူး....ငါအားပေးချင်ပါတယ်...ဒါပေမဲ့ငါ့အဖြစ်က လူရင်းတွေကိုတောင်
ခွဲခွာရမဲ့အခြေနေကိုရောက်နေခဲ့ပြိလေ...အရင်တုန်းက ငါနှလုံးရောဂါဖြစ်နေတယ်ဆိုတာကိုသိလျုက်ရတော့ မင်းကိုဘာမှမပြောနိုင်ဘဲ ငါ
တစ်ယောက်တည်းငေါင်စင်စင်းဖြစ်နေတဲ့အချိန်မှာ မင်းဖေးမကူညီခဲ့တာကို ငါကြည်နူးမိပါတယ်...ငါရောဂါအခြေနေကိုမင်းကို မတတ်သာ
လို့ မပြောပြခဲ့တာပါ...ငါချစ်တဲ့လူတွေအားလုံးနဲ့ခွဲခွာရမှာ ငါသိပါတယ်...ဒါပေမဲ့ ဘယ်နှရက်တာရှည်ခံအုံးမလဲမသိသေးဘူးနော်..အခုမင်း
သူငယ်ချင်းမလေး သဇင်တစ်ယောက် ငါ့ဘေးနားမှာ ငိုနေတယ်...ငါ့ကိုလည်းစကားတွေပြောနေတယ်...မကြားတစ်ချက်ကြားတစ်ချက်ပဲ
ငါ့ကိုမသေသင့်ဘူးတဲ့...ဟုတ်လို့လားငါ့မှမသေသေးတာ..ငါဘယ်လိုဖြေရမလဲ...တကယ်တော့ အချိန်မတိုင်မီသေဆုံးသွားသူတွေအတွက်
ကျန်ခဲ့သူတို့က နှမြောတွန့်တိုတဲ့စိတ်နဲ့ပြောလိုက်တဲ့စကားပါ...အမှန်တော့သတ္တ၀ါမျန်သမျှ ကံစီမံရာကို လိုက်ကြရတာပါပဲ..လောကမှာမ
သေသင့်ပဲ့နဲ့မသေပါဘူး..သေသင့်လို့သေတာပါပဲ...ဆီမီးတိုင်လေးတစ်ခုဟာ မီးစကုန်ပြီဆိုရင် ဆီတွေကျန်နေသေးသည်ဖြစ်စေ မကျန်
တော့သည်ဖြစ်စေ လေငြိမ်နေသည်ဖြစ်စေ ငြိမ်းသွားရမှာဘဲ မင်းကိုငါမမုန်းဘူးဆိုတာ ငါပြောချင်သေးတယ်ဖြူရယ် ဒီတစ်သက်ငါပြော
ခွင့်မရှိတော့ဘူးထင်တယ်...ငါဟာ ငါပြောလိုက်တဲ့စကားကြောင့် မင်းငါ့ကိုမုန်းသွားမှာကို သေရမှာထက်တောင်ကြောက်နေတာပါ.......
ငါ့လိုအင်ဆန္ဒတွေပြည့်ဝလာတယ်ထင်တယ်...ဗုဒ္ဓမြတ်စွာဘုရားက ငါ့ကိုချစ်တယ်ထင်တယ်....မင်းငါ့ရှိကိုရောက်လာခဲ့ပါတယ်.....နားထဲ
မှာမင်းအသံလေးကြားလို့ ငါမျက်လုံးဖွင့်ကြည့်လိုက်တယ်....ဒါပေမဲ့သိပ်တောပမမြင်၇တော့ဘူး နည်းနည်းဝါးနေတယ်...မျက်ရည်တွေ
ပြည့်လျှံနေတဲ့မျက်လုံးတွေနဲ့ ငါ့ကိုဝိုင်းကြည့်နေတာ ငါမြင်နေရတယ်...ပူနွေးတဲ့လက်ကလေးနှစ်ဘက်က ငါ့လက်ကိုလာဆုတ်ကိုင်လိုက်
တယ်..သေချာတယ်..မင်းလက်ကလေးပါပဲ....မင်းမငိုပါနဲ့နော်..ငါ့အတွက်နဲ့ကျတဲ့မျက်ရည်တွေကိုငါမခံနိုင်လို့ပါ...မင်းရဲ့မျက်လုံးလေးတွေက
ငါ့ကိုနားလည်နေသလိုပဲနော်...ငါဝမ်းသာသွားပါပြီ..ငါမျက်လုံးလေးတွေမှိတ်လိုက်တော့မယ်နော်...သြော် သူငယ်ချင်းတို့ ငါမင်းတို့ကိုနှုတ်
ဆက်ခဲ့ပါတယ်...အခုမင်းငါ့ကိုဖက်ပြီးငိုနေတာငါသိတယ်..ငါသတိမလွှတ်သေးဘူး....ဆ၇ာဝန်ကြီးပြောတာတွေကိုလည်းကြားနေရတယ်
"အသံတွေမထွက်ကြပါနဲ့.လူနာအနီးမှာဘာမှမပြောကြပါနဲ့" မင်းငါ့နားကပ်ပြီး မောင့်ကိုထာဝရချစ်မေယ်လို့ပြောတဲ့စကားဟာ ငါ့အတွက်
တကယ့်ကိုသေပျော်ပါပြီ...ဆရာဝန်တစ်ယောက်က ငါ့မျက်ခွံလေးကိုလာလှန်ကြည့်တယ်...သူငယ်အိမ်လေးရှင်နေသေးတယ်တဲ့...မဆုံး
သေးဘူးတဲ့....နှလုံးနှိုးစက်တွေနဲ့နိုးတယ်...အောက်စီဂျင်ဘူးကိုညစ်ထုတ်နေတယ်...E C G ဂရမ်ပြစက်လေးက လျှပ်စစ်လှိုင်းပြဂရမ်
စာတန်းလေးကတဖြည်းဖြည်းတန်းတော့မယ်လို့ငါထင်တယ်....ဖြူ ငါ့ရဲ့ခန္ဓာကိုယ်ဟာ ရေဝေးမီးသဂြိုလ်စက်မှာ ပြာဖြစ်တော့မှာပါ........
သချိုင်းသင်္ဂြုလ်စက်ရဲ့ခေါင်းတိုင်ဝကနေ ငါ့ခန္ဓာကိုယ်ကနေကြွင်းတဲ့ မီးခိုးတန်းလေးတွေထွက်လာမှာပါ...ငါ့ရဲ့အခမ်းနားကလည်းစည်ကား
မယ်လို့ငါထင်ပါတယ်...ငါ့ရဲ့ခြေရင်းဘက်မှာရှိတဲ့ မင်းရဲ့လွမ်းသူပန်ူခြင်းလှလှလေးကို ငါမြင်နိုင်မှာမဟုတ်တော့ဘူး...ဘာဖြစ်လို့လဲဆိုတော့
ငါတစ်ယောက်ငြိမ်းအေးချမ်းသာတဲ့ဆီကိုရောက်သွားပြီထင်တယ်...ငါယုံကြည်နေမယ်နော်...ဒါကြောင့် မင်းငါ့အတွက်နဲ့ ငိုမနေပါနဲ့နော်...
ငါ့ကိုကောင်းရာသုဂတိရောက်ပါစေလို့ပဲဆုတောင်းပေးပါ...မျက်ရည်တွေလည်းကျမနေပါနဲ့..ငါသေဆုံးချိန်မှာ မင်းရဲ့အခက်ခဲပြသာနာတွေ
ကို မင်းစိတ်လေးကိုတည်တည်ငြိမ်ငြိမ်လေးထားပြိးဖြေရှင်းပါနော်...ငါမကူညီနိုင်တော့လို့ပါ...မင်းကျန်းကျန်းမာမာနဲ့ပျော်ရွှင်အောင်နေပါ
နော်...အမြဲတ်းငိုမနေပါနဲ့...ငိုတာက ကြာရင် မျက်လုံးတွေအားနည်းပြီး မှုန်သွားလိမ့်မယ်...ကျွန်တော်ခေါင်းလေးစောင်းငဲ့ကျသွားပါပြီ...
E C G ဂ၇မ်ပြစက်လေးက လှိုင်းလေးတွေတဖြည်းဖြည်းနိမ့်စင်းသွားတယ်...နောက်ဆုံးတစ်ခုတည်းသော လှိုင်းနိမ့်လေးအတန်းလိုက်
ပေါ်လာပါတော့တည်...နှုတ်ဆက်ခဲ့ပါတယ်လောကကြီးဝယ်......
လူဆိုသည်မှာ အိုရနာရ
သေရအုံးမည် မှန်ပေသည်တည့်
မင်းသူရမောင်(၁၉.၄.၂၀၁၂)