မှုံ ပြပြ …အလင်းရောင်လေး ..မစို့ တပို့ နဲ့ ….သာယာနဲ့ ….နံနက်ခင်းလေးပါ ။ ရောင်နီ ပျို့ ချိန် လို့ …ခေါ် လို့ ရမဲ့ …. နေမင်းကြီး ..အိပ်ရာ နိုးချိန်မှာ ပဲ …. မှုံ လဲ ..အိပ်ရာက နိုးခဲ့ပါတယ် ။
နိုးနိုး ချင်း …အကျင့်တခု အဖြစ် …ဘုရား၊ တရား၊ သံဃာ ကို စိတ်ထဲက ..ဦး ခိုက်လိုက်ပါတယ် ။။
နောက်တခုက တော့ ….စိတ် ကူးထဲ အလို လို ..ရောက် လာတတ်တာ ..ချစ်သူ ပဲ ပေါ့ ။
မောင် လဲ …နိုးရော ပေါ့ နော် ။ မှုံ . ချစ်သူ က ..စောစော နိုးတတ်တယ်လေ ။
“ မောင်”….တိုးတိုးလေး ..ခေါ် ကြည့်မိရင်း ….ရှက်စနိုး ပြုံး မိပါသည် …။ ခုလို နံနက် ခင်းတွေ မှာ …မောင်နဲ့ သာ ..အတူရှိခွင့် ရ မယ်ဆိုရင် ….နံနက်ခင်းတိုင်းဟာ …..အဓိပါယ် ပြည.်ဝ နေတော့မှာပါ ။ ချစ်သူ နဲ့ အတူ စခွင့်ရ မဲ့ ….နေ့သစ်တွေကို …..မျှော်လင့် လျက် ….ပေါ့ …မောင်ရယ် ။
“ သမီးရေ ….နိုးနေရင် ဆင်းလာခဲ့ တော့နော် ….”
“ ဟုတ်… မေမေ ...”
အောက် ကို ..သွက်သွက်လေး …ဆင်းလာ မိတော့ …အစော ကြီး ဧည့်သည် ပါလား ။
မေမေ့ ဘေးကို ..အသာ လေး ..၀င်ထိုင်မိတော့ ….
“ ဒါ …အန်တီ သမီး လေး လေ ….မှုံနံ.သာဖြူတဲ့ ….စာရေးဆရာ ရူးရူးနေတာလေ ”
ဧည့်သည်က ..ပြုံးသွားပြီ ….
“ တွေ့ရတာ ..၀မ်းသာပါတယ် ဗျာ ။…ကျနော်က ..မျိုးဝေပါ ။ စာရေး ဆရာ ..ရုပ်တော့ ..မပေါက်ဘူး နော် ..”
ဧည့်သည်က …မှုံ စိတ်ဝင်စား တဲ့ စကားကို ရွေး ပြောတတ်ပါသည် ။ စိတ်မပါသလို နေရာ မှ ….စိတ်ဝင်စားသွားပြီး ..
“ စာရေး ဆရာက ..ဘယ်လို ပုံ မို့လို့ လဲ ”
“ စာရေး ဆရာက …တည်တည် ..ခန့်ခန့် နဲ့ .. လူကြီး ဆန်တဲ့ ပုံစံ မျိုး ပေါ့ …. ခု …မှုံ ..ပုံက …အမေ့ကလေး ..ပုံစံ နဲ့ …မလိုက်ဘူး …သိလား ”
မှုံ တို့ ..စကားအပေး အယူ တည့် သွားတော့ …မေမေက သဘောကျ ပုံ နဲ့ … နံနက်စာ ..ပြင်အုံးမယ်ဆို ပြီး ..ထွက်သွားပါတယ် ။ စကားပြော ကောင်းသူ မို့ ..မှုံ နဲ့ ..အချိန် တို အတွင်းမှာ ..ခင်မင်သွား ခဲ့ပါတယ် ။
မှုံ နဲ့ ကို မျိုးဝေ တို့ …ရင်းနှီး ခဲ့ကြပါတယ် ။ လူ ကြီး ဆန်တဲ့ ..ကို မျိုး ဝေ ကို ….အကို တယောက်လို ခင်တွယ်မိ တယ် ဆိုရင်လဲ မမှားပါဘူး ။
ဒီနေ့ ….မောင်နဲ့ ..ချိန်းထားတာ မို့ …ရင်တွေ ..ခုန်လိုက်တာ နော် ။ မှုံတို ….ချစ်သူ နှစ်ယောက် က …၀ါသနာ တူ သူမို့ …. တွေ.မိရင် ..ပြောစရာ ….ကုန်တယ် မရှိပါဘူး ။ ချစ်သူ လို ထက် …သူငယ်ချင်းတွေလို …ငြင်းလိုက် ..စ လိုက် နဲ့ ….အလွန်ပဲ ပျော်မိပါတယ် ။ ရန် ဖြစ်ပြီး ရင် …သူစ ခေါ် မှာကို ..စောင့်စားရ တာ ..တကယ်ပဲ …ရန်ခုန်စရာ အတိပါ …။ ဒီလို နဲ့ ..နားလည် မူ တွေ ….ပိုလိုသာ …တိုးလာ သလို ….သံယောဇဉ် တွေပါ ပို လာ ခဲ့ပါတယ် ။
“ မှုံ ဖို့ ….မောင်ရဲ့..ခံစား ချက်လေး … နားထောင်ကြည့်နော် …”
မောင်က ..နားမှာ ..mp3 လေးကို ..လာတယ်ပေးပါတယ် …။
“ နံနက် ခင်းလေး ..အိပ်ရာ နိုး ရင် ….နင့် အပြုံးလေး နဲ့ ..အတူ ..နိုး ချင် ….”
“ ဘန်နီဖြီုးရဲ့ ..ချစ်သူ့ အနား …ဟုတ်တယ်နော် …”
“ အင်း ….အဲ့ဒီ စာ သားတွေက ..မောင့်ရင်ထဲက ..အတိုင်းပဲ …အမြဲတမ်း ..မပြောင်းလဲဘူး ..ချစ်လေးရယ် ..”
သီချင်းလေး ..ဆုံး သွားတော့ ….မောင့်ကို ..မော့ ကြည့်မိရင်း ….၀မ်းနည်း ..၀မ်းသာ ဖြစ်မိပါတယ် …
“ မှုံ လဲ …မောင့်လိုပါပဲ … တို့ နှစ်ယောက် က ….ထာဝရ လက်တွဲဖော် ပါ မောင်ရယ် …”
မောင့်ပခုံး ပေါ် ကို မှီ ချရင်း …..လက်တွေ့ ဘ၀ က ..သီချင်းလေး လို တော့ ….ချော မွေ့ နေမှာ မဟုတ်ဘူး ထင်ပါတယ် ။
“ သမီး …မေမေ ပြော စရာ ရှိလို့ ….၀ရန်တာ ကို ….လာ ခဲ့ပါ …မေမေ စောင့်နေမယ်နော် …”
“ ဟုတ် ..မေမေ ”
“ သမီး …အသက်လဲ ..မငယ်တော့ဘူး ။ မောင်မျိုးဝေက သမီး ကို ….စကားကမ်းလှမ်း ထားတယ် …”
“ မေမေ ”
“ မေမေ စကား ..မဆုံးသေးဘူး ..သမီး … ။ မေမေက လဲ …သဘောတူ တယ် ။လူဆိုတာ …ကိုယ်လမ်းကိုယ် လျှောက် ရ မှာ မှန်ပေမဲ့ … မိဘ ဆိုတာ ..သားသမီး အတွက် ….လမ်းပြသူပါ ။ ကိုယ့်သား၊ သမီး ပန်းခင်းလမ်း လျှောက် နိုင်အောင် တော့ညွှန်ပြရ မှာပဲ ။ ”
စကားပြော တတ်တဲ့ မေမေ ….မှုံ ..စောတက ..တက်စရာ ..မ၇ှိတော့ပါ ။
“ ဟုတ်ကဲ့ …..မေမေ …မှုံ …မေမေ မေတ္တာ ကို နားလည်ပါတယ် ။ ဒါပေမဲ့ …ကို မျိုး ဝေ ကို …မချစ်ဘူး.. မေမေ ”
“ သမီးက …အချစ်ကို ကိုးကွယ်တာ လား ။ အချစ်ဆိုတာ ..သွေးပူတုန်း ခဏပါ ။ ဘ၀ အရေး နဲ့ယှဉ်ရင် ...တချိန်ကြ …ရယ်စရာ အဖြစ် သာသာပါ သမီးရယ် ”
“ အချစ်ကို ..ကိုးကွယ်တာ တော့ မဟုတ်ပါဘူး မေမေ ။ ဒါ ပေမဲ့ ..သမီး လဲ ပုထု ဇဉ်ပဲမို့ …အချစ်နဲ့ မကင်းနိုင်ပါဘူး ။ သမီး မှာ ရည်ရွယ်ထားသူ ရှိပါတယ် ။ ခု လောလော ဆယ် အခြေအနေက …မေမေ လက် ခံ နိုင် မှာ မဟုတ်သေးတာ ကြောင့် ဖွင့်မပြော သေးတာပါ ။ သမီး ကို လဲ ယုံကြည် ပေးပါလို့ ..တောင်းဆို ချင်ပါတယ် ။ ဘ၀ ကို လက်တွေ့ ကြ ဖို့ …သမီး စဉ်းစားပါအုံးမယ် ။”
“ ငါ့ ..သမီးလေး လိမ္မာ တာ ..မေမေ သိပါတယ် ။ စဉ်းစားပေါ့ ။ မေမေ နားလည်ပေးပါတယ် ”
မေမေ စကားက ….ဆုံးဖြတ်ရ ကြပ်စေ ပါတယ် ။ မှုံ ..ဘာ ဆက် လုပ်ရ မလဲ မောင်ရယ် ။
အချစ်နဲ့ ဘ၀ ….လက်တွေ့ကျကျ …တထပ်ထဲ ကျ ဖို့တဲ့ လေ ။
သမီး အလိမ္မာလေး လဲ ဖြစ် ချင်ပါတယ် ။ ချစ်သူ နဲ့ လဲ …လက်တွဲ ချင်ပါတယ် ။
တသက်လုံး ….ပေါင်းဖက်ရ မဲ့ ..ထာဝရ …လက်တွဲ ဖော်ကို …မိန်းခလေး တယောက်အနေနဲ့ ..လွယ်လွယ် မဆုံးဖြတ် သင့်ပါ ။ စဉ်းစား ရင်း …စိတ်တွေ ရှုပ်လာပါတယ် ။ မောင့် ..အကြောင်း တွေး မိတော့ …လွမ်း ဆွတ် မူက ..အတိုင်း မသိ ။ အချစ်ဆိုတာ ..သွေး ပူ တုန်း ခဏ ပဲ တဲ့ မောင်ရဲ့ ….မှုံ ..ဘာဆက် လုပ်ရ မလဲ …။
လွမ်း ဆွတ် မူ ..ဒဏ် ကို မခံ နိုင် တော့ ..မောင့် ရှိကို ဖုန်း ခေါ် မိပါသည် ။ အကြောင်းစုံ ..မောင့် ကို ၇င် ဖွင့်မိတော့ …မောင်က …ရယ်ပါသည် ။ စိတ် ညစ်ရ မှာ ကို ..ရယ် နေသူ ကြောင့် ..မှုံ စိတ်တို မိပါသည် ။
“ မှုံ ကို ..လှောင်တာလား ..မောင် ”
“ မဟုတ်ရ ပါဘူး …ကွာ ။ သမီး အလိမ္မာ လေးမို့ ..သဘောကျမိလို့ပါ ။ ဒါက သဘာဝ ပဲ မှုံ ရယ် ….
လက်တွဲဖော် ဆိုတဲ့ ..အဓိပါယ်ကို ….မှုံ ..ဘယ်လို နားလည် လဲ …မောင် ရဲ့ ခံယူချက်ကတော့ …လောကသဘာဝ ဆိုတာ ..အမြဲတမ်း ကောင်းနေရိုး ထုံးစံ မရှိပါဘူး ။ ဒုက္ခနဲ့ ..သုခ ဆိုတာ ဒွန်တွဲ လျှက်ပါ။
ဘာတွေ ပဲ လာလာ …ရင်ဆိုင်နိုင်ဖို့က အဓိက ပဲ။ အဲ့လို ရင်ဆိုင်နိုင်ဖို့ အတွက် …အဖော်မွန်ကောင်းဆိုတာ လိုအပ်တယ် ။ အဲ့ဒီ အဖော်မွန်ကောင်းကို ..ကိုယ် ကို တိုင်ပဲ ရွေးရ မှာလေ ။ အချစ် ကြီး ပဲ နဲ့ မရ သလို ၊ အချစ်မပါပဲ လဲ မရဘူး ။ အဲ့ဒီ အချစ်ထဲမှာ ..နားလည်မူ ၊ သံယောဇဉ် တွေ ရောပြွန်းပါနေရမယ် ။ ဒါ မှ ခိုင်မြဲမယ် ။
တသက်လုံးစာ အတွက် ..ရည်ရွယ် ပြီး ထာဝရ …တွဲထားရ မဲ့ ..လက်တစုံ ပေါ့ ။ အခက် အခဲတွေကို ..အတူတူ ဖြေရှင်းကြမယ် ။ ဆူးခင်းလမ်းတွေ ရှိလာရင် … လက်တွဲ ဖြေရှင်းရမယ် ။ ခွဲခွာ ဖို့ ….အကြောင်းတွေ ဖြစ်လာခဲ့ရင် …ခိုင်ခိုင် မြဲနေစေရမယ် ။ တယောက်နဲ့ တယောက်လဲ ..ယုံ ကြည်မူ တွေ ရှိနေရမယ် ….”
မောင်က ပြော ပြီး ..မော သွားပြီ ထင်တယ် ။ အဝေးကို ငေးမော လျှက် … ငြိမ်သက်သွားပါသည် ။
“ မှုံ …နာလည်သွားပြီ မောင် ။ မှုံ တွေဝေ သွားမိတာပါ ။ ”
“ မောင်နားလည်ပါတယ် ….ခု …စိတ်၇ှင်းသွားပြီလား …။ မောင့်ကို ..ထာဝရ လက်တွဲ ဖော် အဖြစ်သတ်မှတ်မှာ လား …”
“ သတ်မှတ် လိုက်ပါပြီ ရှင့် …။ အဓိပါယ် ပြည့်ဝ တဲ့ နေ့သစ်တွေကို ..အတူတူ စတင်လိုက်ကြ ပါစို့ နော် ..”
သေချာပါတယ် ….ဒီ တွဲ လက်လေး အစုံက ….ထာဝရ ခိုင်မြဲ မယ်ဆို တာ ကိုလေ ။
မှုံ ..ဖတ်မိတဲ့ ..စာသားလေး တပိုဒ်ကို ..သတိရ မိပါသည် ။
“ အချစ်ကြောင့်သာလျှင် သောကဖြစ်ရသည် ။
အချစ်ကြောင့်သာလျှင် ဘေးဖြစ်ရသည် ။
အချစ်မှ လွတ်ကင်းသူသည် သောကဖြစ်စရာ မရှိ။
သောက ဖြစ်စရာ မရှိလျှင် ဘေး ..အဘယ်မှာ ရှိတော့မည်နည်း ”
(ဓမ္မပဒ)
အချစ်နဲ့ မကင်းလွတ်နိုင်သေးတော့ ….သောက ဆိုတာ ၇ှိနေအုံးမှာပါပဲ ။ အဲ့ဒီ သောက တွေကို …လက်တွဲ ဖြေရှင်းဖို့ …. ထာဝရ လက်တွဲဖော် လို အပ်ပါတယ် ။ ထို .ထာဝရ .လက်တွဲဖော်ကို ..မှန်မှန် ကန်ကန် ရွေး ချယ်နိုင်ပါစေ လို့ …ဆုတောင်းပေးပါတယ် ။
ချစ်ခင်လေးစား လျှက် ….
ဆန္ဒမွန် ဖြင့် ….
မှုံနံ.သာဖြူ ….
↧
♥ ထာဝရ ....လက်တွဲဖော် ♥
↧