Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“အမြွှာမောင်နှမချစ်သူ”

$
0
0

“အမြွှာမောင်နှမချစ်သူ”

ဆောင်ဦးကုန်ကာစ မြူနှင်းတွေပျံ့လွင့်ကာစမှာ ရွှေပန်းချီတို့ရဲ့ ရတနာပုံတက္ကသိုလ်ကြီးက ခြောက်သွေ့စပြုလာနေမှပေါ့…ထင်ရပေမယ့်လည်း အေးရိပ်လှတဲ့ စိန်ပန်းပင်ကြီးတွေနဲ့အတူ စားနေကျ သောက်နေကျဖြစ်တဲ့ ဘာဒမ်ပင်လေးအောက်က အကြော်ဆိုင်လေးကိုလည်း လွမ်းမိနေပါတယ် ရွှေပန်းချီကတော့ ကျောင်းစာတွေသင်ယူရင်း တက္ကသိုလ်ကြီးရဲ့ အရိပ်အာဝါသကို ခိုမှီလို့ စာတိုလေးတွေ ရေးတတ်သူသာပင်….ရွှေပန်းချီဝါသနာပါတဲ့ အနုပညာစိတ်လေးတွေကို အားပြုရင်း မတောက်တခေါက်နဲ့ဆိုသလို ကဗျာလေးတွေ၊ ၀တ္ထုတိုလေးတွေ၊ ဆောင်းပါးတိုလေးတွေ ရေးရင်း စုဆောင်းတတ်သည်….ကျောင်းကြီးကလည်း ပိတ်တော့မယ်ဆိုတော့ ရွှေပန်းချီတစ်ယောက် သူငယ်ချင်းတွေလည်း ခွဲခွာနေရအုံးမည်…ပြီးတော့ ရွှေပန်းချီ သိပ်ချစ်တဲ့ ရတနာပုံတက္ကသိုလ်ကြီးနဲ့လည်း ဝေးနေရအုံးပေမည်…..။

“အင်ကြင်းမဟာ” ခြံဝန်းကျယ်ကြီးက ဖေဖေ ဦးစိုးလှိုင်နဲ့အတူ ရွှေပန်းချီရယ်၊ အိမ်ဖော်မလေး မိကေသီရယ် မိသားစု၃ယောက်တည်းပေါ့…ငယ်စဉ်ကတည်းက မိတဆိုးလေးမို့ အလိုလိုက်ခဲ့တဲ့ သမီးလေးမို့ ရွှေပန်းချီကို ဖေဖေက ချစ်ရှာသည်….ဖေဖေ ဦးစိုးလှိုင်က မန္တလေးဈေးချိုတွင် ရွှေဆိုင်လေးတစ်ဆိုင်ဖွင့်ထားသည်….. ရွှေပန်းချီလိုချင်တာမှန်သမျှ ဖေဖေက ပေးတတ်စမြဲပင်….ဖေဖေ့မှာ ထူးဆန်းတာတစ်ခုကတော့ မေမေနဲ့ပတ်သက်ရင် ရွှေပန်းချီ ဘာတစ်ခုမျှ မသိခဲ့ရပါ….ငယ်စဉ်ကတည်းက သမီလေးမှာ အမေဆိုတာမရှိတော့ဘူး…သေသွားပြီဆိုတာလောက်သာ သိထားခဲ့သူပင်ဖြစ်သည်…..။

ရွှေပန်းချီ ကျောင်းအားရက်တွင် ဘာလုပ်ရမည်နည်း.. စဉ်းစားနေမိသည်…စဉ်းစားရင်းအဖြေပေါ်လာသည်… စဉ်းစားမိသည်က အနုပညာနှင့်ပတ်သက်သည်ပင်…ဖေဖေ ခွင့်ပြုနိုင်မည်လား…ရွှေပန်းချီဖေဖေက အနုပညာနှင့်ပတ်သက်လျှင် ဘာရယ်ကြောင့်ရယ်မသိ ခါးခါးသီးသီးပင် အပြောမခံခဲ့သူ…..အို… ဘာပဲဖြစ်ဖြစ်ပေါ့လေ….ဖေ့ဖေ့ကိုတော့ ပြောကြည့်ရမှာဘဲလေ…။

“ဖေဖေ”

“ဘာလဲ…သမီးလေး….လာ…ထိုင်လေ…”

“ဖေဖေ့ကို….သမီး တစ်ခုလောက်ပြောချင်လို့ပါ….”

“သြော်…ဘာများလဲသမီးလေးရယ်….ထူးထူးဆန်းဆန်းပါလား…..”

“သမီးရယ်…ခါတိုင်းလည်း ပြောနေကြပဲလေ…တစ်ခုမကဘူး…အများကြီးပြောနေတာပဲလေ…”

“ဖေဖေတို့မှာ ပြေးကြည့်မှ ဒီသားအဖနှစ်ယောက်တည်းရှိတာ….ကဲ..ပြော…ဖေဖေ ဘာလုပ်ပေးရမလဲ…. သမီးလေး… ဘာလိုချင်လို့လဲ…”

“ဟိုလေ….ဟိုလေ…..”

ရွှေပန်းချီတစ်ယောက် ဒူးခေါင်းတွေ တဆက်ဆက်တုန်ရင်း ဖေဖေဆူမှာကို ကြောက်နေမိသည်….ပြီးတော့ ဖေဖေ ခွင့်မပြုမှာကိုလည်း စိုးရိမ်နေမိသည်….။

“ကဲပါ…သမီးလေးရယ်…ပြောစရာရှိတာသာပြောစမ်းပါ…”

“သမီးလေ…ကျောင်းအားရက်မှာ စန္ဒရားတီးသင်ချင်တယ်ဖေဖေ….”

“ဘာ…..”

“ဘာပြောတယ်သမီး…..ပြန်ပြောစမ်း…”

“ဟုတ်တယ်ဖေဖေ….”

“သမီးကို ဖေဖေ ဘယ်နှစ်ခါပြောရမလဲ….သမီးလိုချင်တာအားလုံး ဖေဖေ၀ယ်ပေးတယ်…လိုလေသေးမရှိဘဲ… ဒီအနုပညာကိစ္စနဲ့ပတ်သက်ရင် ဖေဖေ့ကို လာမပြောပါနဲ့လို့ မှာထားတယ်လေ…”

ဦးစိုးလှိုင် သူ့ကိုယ်သူ မှင်သက်မိနေတော့သည်….သမီးကိုလည်း ….ချစ်ဒေါသတွေထွက်ရင်း…

“ခင်လေးရေ….မင်းကတော့လေ….ငါနဲ့မှ စိတ်သဘောချင်းမတူလို့ မင်းနဲ့ဝေးရာကို လှမ်းထွက်ခဲ့တယ်…. ဒါတောင်…မင်းက မင်းနဲ့ ရုပ်ရည်ရော ဗီဇကိုပါ တစ်ပုံစံတည်း ချွတ်စွပ်တူအောင် မင်း ထုဆစ်ပေးတယ်နော်…ခုတော့ မင်းမွေးထားတဲ့သမီးက….ငါဘယ်လိုပုံစံသွင်းသွင်း….. မင်းထုဆစ်ထားတဲ့အတိုင်း ဖြစ်နေပါပြီကောလား……  ငါဘယ်လိုလုပ်ရပါ့မလဲ….”

ရွှေပန်းချီတစ်ယောက်ကတော့ ခေါင်းငိုက်စိုက်လေးကျပြီး…ဖေဖေဘာဆက်ပြောလာမည်လဲဆိုသော စိုးရိမ်စိတ်တွေနဲ့အတူ ဒေါသမာန်တွေနဲ့ စိတ်ဆိုးနေသောဖေဖေ့ကိုကြည့်ရင်း မျက်ရည်အ၀ိုင်းသားကလေး ဖြစ်နေရှာသည်….။

“သမီး….”

ဖေဖေက ရွှေပန်းချီရဲ့ မေးစေ့လေးကိုကိုင်ကာ  နွေးထွေးတဲ့ဖေဖေ့ရင်ခွင်ထဲ ဆွဲသွင်းရင်း…..

“သမီးလေးရယ်…”

“သမီးလေးဖြစ်ချင်တဲ့ဆန္ဒကို ဖေဖေမတားတော့ပါဘူးနော်…ဖေဖေတကိုယ်ကောင်းများဆန်သွားလေမလားနော်….သမီးဖြစ်ချင်တဲ့ဆန္ဒကို …ဖေဖေ…ခွင့်ပြုပါတယ်နော်….”

ချက်ချင်းဆိုသလိုပဲ ရွှေပန်းချီရဲ့ မျက်နှာလေး ၀င်းလက်သွားပြီး ကလေးတစ်ယောက်သဏ္ဍာန်ပမာ ဖေဖေ့ရင်ခွင်ထဲမှ ခေါင်းလေးအသာအယာမော့ကာ ….ကျေးဇူးတင်လိုက်တာဖေဖေရယ်ဆိုတဲ့ အမူအယာမျိုးနဲ့ ဖေဖေ့ကို မော့ကြည့်နေမိသည်…..။

နောက်တစ်နေ့မနက်ခင်းလေးမှာတော့ ရွှေပန်းချီတစ်ယောက် သူငယ်ချင်း ၀င့်ဝါဆီသို့ ထွက်လာခဲ့ပါပြီ…၀င့်ဝါက ပန်တျာကျောင်းဆင်းသူမို့ …စန္ဒရားတီးသင်တာနဲ့ပတ်သက်ပြီး ကူညီနိုင်ပေလိမ့်မည်…။

“ဟေး…၀င့်ဝါရေ…၀င့်ဝါ…”

“ဟယ်…ပန်းချီ…လာလေဟာ”

“နင်ကလည်းဟာ….ကျောင်းပိတ်တည်းက ပျောက်ချက်သားကောင်းနေလိုက်တာ…လွန်ပါရော…”

“၀င့်ဝါရယ်…ဒါတောင်လေ ငါ ဖေ့ဖေ့ကို မနည်းဘဲပြောပြီး ထွက်လာခဲ့ရတာဟ”

“အင်း…ဒါနဲ့ နေပါအုံး ပန်းချီ….နင် ဘယ်လိုဖြစ်ပြီး ငါ့ဆီကို ရောက်လာတာလဲ…”

“အေး..အဲ့ဒီကိစ္စပဲ…နင့်ကို အကူအညီတောင်းမလို့လာတာ…”

“ငါ အခု စန္ဒရားတီးသင်ချင်လို့လေ…အဲဒါ..ငါ့ကို အိမ်မှာသင်ပေးဖို့… ဆရာတစ်ယောက်လောက်ရှာ ပေးနိုင်မလား”

“အမယ်…ပန်းချီ…နင့်အဖေကြီးကရော…သဘောတူလို့လားဟ..”

“အေးဟ..ငါ မနည်းပဲ အတိုက်အခံလုပ်ပြီး ပြောလာရတာ…ခုတော့လည်း သဘောတူသွားပြီလေ…”

“အင်းပါဟာ…ဒါဆိုရင်…ငါတို့ပန်တျာကျောင်းတက်တုန်းက ဆရာမ…ဒေါ်ခင်လေးဆိုတာရှိတယ်…ခုတော့ သူက အငြိမ်းစားယူထားတယ်လေ..အဲ…သူ့မှာ သားတစ်ယောက်ရှိတယ်..သူ့သားကတော့…နင့်ကို သင်ပေးနိုင်မယ် လေ…”

“ဟယ်….ဟုတ်လား…ဒါဆိုအတော်ပဲပေါ့..လူငယ်ချင်းဆိုတော့..မသိတာရှိရင်လည်း မေးလို့ရတာပေါ့နော်…”

“အမယ်…ပန်းချီ….လူငယ်မဟုတ်ဘူးနော်….လူကြီး…”

“ဘာလဲဟ…၀င့်ဝါကလည်း…”

“ဟုတ်တယ်…သူ့အသက်က ၃၀ကျော်လေ…နင်က..ခုမှ ၂၈နှစ်တောင်မပြည့်သေးဘူး….”

“အမလေးဝင့်ဝါရယ်…ဘာများလဲမှတ်တယ်…အဲတော့လည်း ညီမလေးပေါ့ဟာ….”

“ဟားဟ…ပန်းချီနော်…နင်တော့ မလွယ်တော့ဘူး…”

“အေးဟ…၀င့်ဝါ…နင်ပြောတာနဲ့…ပန်းချီတောင် နဲနဲစိတ်ဝင်စားလာပြီ…”

“တော်ပါတော့…ပန်းချီရယ်…နင်ကလည်း…”

“အေးပါဟာ…ငါက အလကားစတာပါဟ….”

“ကဲ…ဒါဆိုရင် ငါ…အဲဒီဆရာလေးကို ဘယ်နေ့ပင့်ခဲရမလဲ ပြော….”

“အင်း…အခုပဲပင့်ခဲ့တော့….”

“ဟာ…နင်ကလည်း မနောက်နဲ့တော့ကွာ…အေးပါ ၀င့်ဝါရာ…ကဲကဲ…လာမယ့်sundayပေါ့…ဟုတ်ပြီလား….ok”

အင်း..ဒီနေ့ ဘာလိုလိုနဲ့ Sundayရောက်လာပြီဆိုတော့…ဟို ဆရာလေးတောင် ရောက်လာတော့မှာပေါ့…. ရွှေပန်းချီ တွေးရင်း ပျော်နေမိသည်….။

“ပန်းချီရေ…ပန်းချီ…”

“ဟယ်…၀င့်ဝါ..လာလေ…”

“အင်း…ဒီမှာ ကိုလှိုင်းသန့်လည်း ပါလာတယ်ဟ…”

“ဘယ်သူလဲဟ…ပန်းချီကို စန္ဒရားသင်ပေးမယ့် ဆရာလေ…”

“အော်…ဟုတ်လား….”

“ဟဲ့..၀င့်ဝါ…ဆရာဆိုပေမယ့် နင်ပြောသလောက် မကြီးပါဘူးဟ..”

“ဟီးဟီး…”

ရွှေပန်းချီတစ်ယောက် ကိုလှိုင်းသန့်ဆိုတဲ့ ဆရာလေးကိုမြင်တာနဲ့ သဘောတွေကျပြီး စန္ဒရားတီးသင်ရတော့မယ်ဆိုတဲ့အပျော်တွေ ကျူးနေတော့သည်….

ဧည့်ခန်းမှာ ဖေဖေ စာဖတ်နေသည်…ဒီနေ့ ဈေးပိတ်သည်မို့ ဖေဖေ ဆိုင်မထိုင်….ဖေဖေ့မျက်နှာက တည်တည်ကြီးဖြစ်နေသည်….ရွှေပန်းချီ ပြောဖို့ရာ ၀န်လေးနေမိသည်….စန္ဒရားသင်ဖို့ရာ ပျော်နေပေမယ့်…ဖေဖေ့မျက်နှာကြီးကို ကြည့်ပြီး တဖက်ကလည်း ကြောက်စိတ်တွေဝင်လာမိပြန်သည်….။

“ဖေဖေ….”

“လာ..ထိုင်…သမီး..”

“ဒါ…ဒါ..သမီးပြောတဲ့…ဆရာပါ…”

“အေးကွဲ့…ထိုင်ပါ….”

“ဒါနဲ့….မောင်ရင့်နာမည်က….”

“အော်…ဟုတ်ကဲ့ခင်ဗျ….ကျွန်တော့်နာမည်က ခင်စိုးလှိုင်ပါ”

“အေး…ဦးသမီးက သင်ချင်တယ်ဆိုလို့သာပါ….ဦးကတော့ ဒါမျိုးတွေ မကြိုက်ဘူး…”

“မောင်ရင်…လုပ်စရာရှိတာ ဆက်လုပ်ပါ…”

“ဟုတ်ကဲ့ပါခင်ဗျ…ခွင့်ပြုပါအုံး..”

ဆရာက…..သားသားနားနားနဲ့ဆိုသလိုပါပဲ…ရုပ်ရည်ရူပကာက ဖြောင့်ပြီး…အသားအရေက ၀င်းမွတ်ပြီး… မျက်ခုံးတို့ကလည်း ယောက်ျားတို့ မျက်ခုံးမျိုးပေါ့…မည်းနက်လှတဲ့ မျက်ဝန်းအိမ်၊ အကြည့်တို့က မျက်ဝန်းစူးစူးတွေနဲ့အတူ တည်ကြည်ခန့်ညားတဲ့ သူ့အသွင်ကတော့…မိန်းကလေးများ စွဲမက်စရာလောက် အောင်ပင်… စွဲဆောင်သည့်ဟန်အမူအရာမျိုးရယ်မဟုတ်….ပညာတတ်သလောက်…မာနများ ချိုးနှိမ်ထားဟန်… ဟန်တွေပန်တွေမပါဘဲ….နူးညံ့တဲ့စိတ်သဘောထားမျိုးရှိသူအလား…..အနုပညာကို မြတ်နိုးတတ်သူမျိုးပင်….။

ရွှေပန်းချီတစ်ယောက် တိတ်တိတ်လေး ဆရာ့ကို ဝေဖန်နေမိသည်…ဘာရယ်မဟုတ်…ရွှေပန်းချီ ဆရာ့ကို စိတ်ဝင်စားနေပြီလား…မြင်မြင်ချင်းဆိုသလို…တွေးကြည့်သည်….အဲ့ဒီလိုလည်းမဟုတ်….ညီမလေးတစ်ယောက်လိုပင်….အကိုတစ်ယောက်ကို တွေ့မြင်နေရသလို…..အို….ငါဘာတွေ တွေးနေတာပါလိမ့်နော်…..။

“ရွှေပန်းချီ….ရွှေပန်းချီ….”

“ရှင်…အော်..ဟုတ်ကဲ့ဆရာ…”

ဒို….ရေ…မီ…ဖာ…ကနေပဲ စလိုက်ကြရအောင်နော်….

“ဟုတ်ကဲ့ပါ…ဆရာ…”

အခန်းလေးထဲမှာ စန္ဒရားသံစဉ်တွေကလွဲလို့….ဘာမှမရှိ…အေးချမ်းပြီး ပျော်ရွှင်စရာကောင်းနေသည်…. စန္ဒရားတီးနေစဉ်အချိန်မှာ ရွှေပန်းချီတစ်ယောက် လောကကြီးကိုပင် မေ့နေသည်….။

“ကဲ…ရွှေပန်းချီ…ဒီနေ့တော့ ဒီလောက်ပဲနော်…”

“မနက်ဖြန်ကျမှပဲ တဆင့်တက်တာပေါ့…”

“ဟုတ်ကဲ့ပါဆရာ…”

“အော်…ဒါနဲ့လေ…ရွှေပန်းချီလို့ မခေါ်ပါနဲ့ ဆရာ…ပန်းချီလို့ပဲခေါ်ပါ….ပြီးတော့ ပန်းချီကို တပည့်လိုသဘောမထားဘဲ…ဆရာ့ရဲ့ ညီမလေးတစ်ယောက်လို သဘောထားပါနော်…”

“ဟုတ်ကဲ့ခင်ဗျ…ဒါနဲ့ ကျွန်တော့်ကိုလည်း ဆရာလို့ မခေါ်ပါနဲ့…အကိုတစ်ယောက်လိုသဘောထားပြီး…. အကိုလို့ပဲခေါ်ပါ…အဲ့လိုမခေါ်ချင်ရင်လည်း….ကိုလှိုင်းသန့်ပေါ့ဗျာ…”

“ကိုလှိုင်းသန့်ဆိုတာက….အော်…ဆောရီးပဲကွာ….အကိုက သီချင်းတွေလည်းရေးတယ်လေ….အဲ့ဒါ အကို့ရဲ့ ကလောင်နာမည်ပါ…”

“ဟာ…ဒါဆို…ဆရာက…အဲလေ….အကိုက တေးရေးဆရာပေါ့….”

“ဆိုပါတော့….ဟားး…..ဒါဆို ပန်းချီ့လိုပဲ ၀ါသနာရှင်ပေါ့နော်….”

“ပျော်လိုက်တာ…..”

ရွှေပန်းချီတစ်ယောက် စန္ဒရားတီးသင်ပေးတဲ့ ဆရာနဲ့ အနုပညာဝါသနာတူတွေမို့…အပျော်ကြီးပျော်နေမိသည်….

ကိုလှိုင်းသန့်ကတော့…စိတ်ထဲမှာ ရေရွတ်နေမိသည်…သြော်….ငါ့ညီမလေးတစ်ယောက်လိုပါပဲလား… ငါနဲ့အတူတူ ၀ါသနာချင်းတွေတူနေလို့ သူနဲ့အတူအဖော်တစ်ယောက်ရပြီဆိုတဲ့ အသိစိတ်ကလေးနဲ့ ကြည်နူးပြီး ပျော်မြူးနေရှာပါလား….ပန်းချီရယ်….မင်းကိုလေ…အကို စတွေ့တည်းက ညီမလေးအရင်းတစ်ယောက်လို သံယောဇဉ်တွေ တွယ်ခဲ့မိပါတယ်ကွယ်……။

“အကို…”

“အော်…ပန်းချီ….”

“အကို ပြန်တော့မှာမို့လား….ပန်းချီလိုက်ပို့မယ်လေ….”

“နေပါစေ ပန်းချီရယ်…အကို့ဘာသာ ပြန်ပါ့မယ်…အိမ်မှာ မေမေမျှော်နေလိမ့်မယ်”

“ဟုတ်…ဒါဆိုလည်း မပို့တော့ဘူးနော်…မနက်ဖြန်….ပန်းချီ မျှော်နေမယ်နော်…..တာ့တာ….”

မိတဆိုးလေးလို့ ပြောရလောက်အောင်ပင် ကလေးဆန်ပြီး ချစ်စရာကောင်းလှတဲ့ ပန်းချီလေးကို လှိုင်းသန့်တစ်ယောက် ညီမလေးတစ်ယောက်လိုအပြင် ချစ်သူတစ်ယောက်လိုစိတ်မျိုးနဲ့ပင် သံယောဇဉ်တွေ တွယ်တာနေခဲ့မိပြီလား….။

“မေမေရေ….မေမေ…”

“အော်….သားပြန်လာပြီလား…”

“ဟုတ်ကဲ့ပါမေမေ…”

“သား..စန္ဒရားတီးသင်တာ အဆင်ပြေခဲ့ရဲ့လား…”

“ပြေပါတယ်…မေမေ…”

“ဒါနဲ့ မေမေ…အဲ့ဒီညီမလေးကလေ အရမ်းချစ်စရာကောင်းတယ်…သိလား…ပြီးတော့ သားတို့နဲ့လည်း ၀ါသနာအရမ်းတူတယ်…အနုပညာအပေါ်ကို ၀ါသနာကြီးမယ်ထင်တယ်မေမေ…နောက်တခုကတော့..သူက စာတွေလည်း ရေးတယ်မေမေ…သားနဲ့ ၀ါသနာတူတယ်လည်းဆိုရော မေမေရယ်…သူ့ခမျာ ပျော်နေလိုက်တာများ…သားမျက်လုံးထဲကကိုမထွက်ဘူးဗျာ…”

“အဲ့လောက်ပဲလား ငါ့သားရယ်…မေမေရယ်…တကယ်ပြောတာပါ…သား ငယ်ငယ်လေးတည်က မေမေဆုံးမသွန်သင်ထားမှုတွေကြောင့်…ဘယ်တုန်းကမှ မညာတတ်ခဲ့ပါဘူး..”

“ယုံပါတယ်…သားရယ်…အော်…ဒါနဲ့ အဲ့ဒီမိန်းကလေးရဲ့ နာမည်က…အသက်ကရော ဘယ်လောက်ရှိပြီလဲ….”

“ဟုတ် မေမေ…နာမည်က ရွှေပန်းချီတဲ့….အသက်ကတော့ ၂၈နှစ်ပေါ့…အော်…ဒါဆို သားထက်ငယ်တော့ ညီမလေးပေါ့နော်…”

“ငါ့သား…တစ်နေ့လောက် အိမ်ကိုခေါ်လာခဲ့ပါလား….ဟာ…မေမေ တကယ်ပြောတာလားဗျ.. အင်းပေါ့…သားက အမွှမ်းတင်နေတော့ မေမေက ကြည့်ချင်လို့ပေါ့….ဟုတ်ကဲ့မေမေ …အခါအခွင့်သင့်တဲ့အခါ ခေါ်လာခဲ့ပေးပါ့မယ်…ဒါပေမယ့် မေမေ…ပန်းချီက သဘောထားပြည့်သလောက်…သူ့ဖေဖေကတော့ လုံးဝဘဲ မေမေ…သူကပြောတယ်…သူ့သမီးလေးစိတ်ချမ်းသာဖို့သာတဲ့…သူက ဒီလို အနုပညာတွေကို မကြိုက်ဘူးဆိုပဲ…အော်…ဟုတ်လား…အင်းပေါ့…သားရယ်…လူတကိုယ် အကြိုက်တမျိုးစီပေါ့…”

ဒေါ်ခင်လေးတစ်ယောက် ပြောပြောဆိုဆိုပင်…အတွေးတခုဝင်ရောက်လာခဲ့သည်…အင်း…ငါ့သမီးလေးလည်း ခုချိန်ဆိုရင်…ဒီကောင်မလေးအရွယ်လောက်တော့ရှိပြီပေါ့….ဘယ်လိုတွေများရှိနေကြပါလိမ့်…ကိုစိုးလှိုင်ရေ… ရှင်ကတော့ ရှင့်သမီးကို ဘယ်လိုပုံစံတွေသွင်းထားသလဲမသိဘူးနော်…ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ်တွေ မက်မောတဲ့ အတ္တရှင်ကြီးရေ…ကျွန်မသမီးလေး အဲ့ဒီလိုအသိုင်းအ၀ိုင်းတွေကြားထဲမှာ နစ်မွန်းနေရောလား… အနုပညာဆိုတာကို အထင်သေးစက်ဆုပ်တတ်တဲ့ ရှင်နဲ့ကျွန်မ လမ်းခွဲခဲ့ရပေမယ့်….ကျွန်မချစ်တဲ့အနုပညာနဲ့.. ကျွန်မသားလေးကို စောင့်ရှောက်ခဲ့တာ….ခုဆို…ရှင့်သားက လူလိမ္မာလေးတစ်ယောက်ဖြစ်နေပါပြီ…ရှင်ရော… ကျွန်မသမီးလေးကို ကောင်းကောင်းမှစောင့်ရှောက်နိုင်ပါ့မလား…ငွေဂုဏ်တွေကြားထဲမှာ ကျွန်မသမီးလေး ပျက်ဆီးနေမှာလား…အို….တွေးနေရင်…အတိတ်ကြောင်းဆီက၀မ်းနဲကြေကွဲစရာတွေက တနင့်တပိုးနဲ့ပါပဲလေ….။

“မေမေ….မေမေ…”

“ဟင်…အေး…သားလေး…”

“ကျွန်တော် အိပ်တော့မယ်နော်…မေမေ့ကို ကန်တော့ပါတယ်…”

“သာဓု…သာဓု…သာဓု…ပါကွယ်..မေမေ့သားလေး လိုချင်တဲ့ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ပြီး သောကကင်းကင်းနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေကွယ်….”

“ပေးတဲ့ဆုနဲ့ပြည့်ပါစေ…မေမေ”

လှိုင်းသန့်တစ်ယောက် အိပ်ရာထဲရောက်တော့ နဖူးပေါ်လက်တင်စဉ်းစားရင်း…ရွှေပန်းချီအကြောင်းကို တွေးရင်း မနက်ဖြန်တိုင်းတွေမှာ သူ့အနားမှာ အတူတူနေပြီး စန္ဒရားတီးသင်ပေးရမှာပါလားဆိုတဲ့စိတ်တွေရယ်….ချစ်စရာ ရွှေပန်းချီလေးရဲ့အသွင်….ကလေးဆန်လှတဲ့ ရွှေပန်းချီရဲ့ အမူအယာတွေကတော့ လှိုင်းသန့်ရဲ့ ရင်မှာ ပင်လယ်ပြင်က လှိုင်းလုံးကြီးပမာ ရိုက်ခတ်လို့နေခဲ့ပြန်ပါပြီ…. မနက်ခင်းအရုဏ်ဦးရောက်တာနဲ့…ပန်းချီလေးနဲ့ တွေ့ရတော့မယ်ဆိုတဲ့ အသိလေးကပင် ကြည်နူးစရာကောင်းလှသည်….။

“ပန်းချီရေ….ပန်းချီ….”

“ဟာ…အကို…လာလေ…”

“ဒီနေ့ သီချင်းလေးတစ်ပုဒ် စပြီး တီးကြမယ်နော်…”

“ဟုတ်ကဲ့….အကို…”

“ညီမလေးလည်း…တီးရင်း လိုက်ဆိုနော်….”

“ဟုတ်ကဲ့…”

ဂါဝန်ဖားဖားလေးကို ၀တ်ဆင်ထားပြီး…ဆံနွယ်ရှည်ရှည်လေးတွေကို ဘေးတစ်ဖက်တချက်ခွဲကာ စီးနှောင်ထားသည်…ပန်းသွေးရောင်ရှိလှတဲ့ နှုတ်ခမ်းတစ်စုံရယ်…ဆွဲစရာမလိုလောက်အောင် မဲနက်နေတဲ့ မျက်ခုံးတစ်စုံရယ်…ညှို့နိုင်စွမ်းတဲ့…မျက်ဝန်းနက်ပိုင်ရှင် ပန်းချီလေးရယ်….လှိုင်းသန့်ရဲ့ ရင်တွင်းမှ တီးတိုးစွာ ရေရွတ်နေမိလိုက်သည်…။

“အကို….အကို့….”

“ဟင်….အင်း...ဘာတွေစဉ်းစားနေတာလဲအကိုရ…”

“ဟင့်အင်း…ဘာရယ်မဟုတ်ပါဘူး….”

“ကဲကဲ…အချိန်တွေနောက်ကျနေပြီ…စလိုက်ကြရအောင်နော်….ဟုတ်ကဲ့….”

( ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ် xxx ပန်းတွေကိုဘယ်သူ ရနံ့လေး မွှေးစေတယ် xxxxx ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ် xxxxx တွေးမရဘူးကွယ်…တွေးမရဘူးလေကွယ် xxxx

အချစ်ဆိုတာ ဘယ်ကမ္ဘာက စလေတယ် xxxတွေးခေါ်ပညာရှင်များ မိန့်ဆိုမယ် xxxxx တေးသ၀ဏ်လွှာဒီပနီအချစ်ကျမ်းတွေရယ်…ဖွင့်ဆိုကြတာ ကြားနာဘူးပါတယ် xxxx )

“ကဲ…ညီမလေးပန်းချီ….အကိုနဲ့အတူ နောက်တခေါက် တီးရင်း ဆိုကြမယ်နော်…..”

“ဟုတ်ကဲ့ပါ အကို….”

( ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ် xxx ပန်းတွေကိုဘယ်သူ ရနံ့လေး မွှေးစေတယ် xxxxx ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ် xxxxx တွေးမရဘူးကွယ်…တွေးမရဘူးလေကွယ် xxxx

အချစ်ဆိုတာ ဘယ်ကမ္ဘာက စလေတယ် xxxတွေးခေါ်ပညာရှင်များ မိန့်ဆိုမယ် xxxxx တေးသ၀ဏ်လွှာဒီပနီအချစ်ကျမ်းတွေရယ်…ဖွင့်ဆိုကြတာ ကြားနာဘူးပါတယ် xxxx )

ပန်းချီနဲ့အကိုတို့ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်ဝန်းရိပ်မှာ ကြည်နူးမှုတွေအပြည့်နဲ့ပေါ့… သံယောဇဉ်တွေ တနင့်တပိုးနဲ့ဆိုသလို မခွဲနိုင်မခွာနိုင်အောင်ပင် ဖြစ်နေခဲ့ကြပါပြီ…..အချိန်တန်ပြီဆိုတော့လည်း….ခွဲကြရအုံးမှာပေါ့….။

“သမီး….”

“ရှင်…ဖေဖေ…”

“သမီးကို ဖေဖေ ပြောစရာရှိတယ်…”

“သမီးကို ဖေဖေ ဘယ်လောက်ချစ်တယ်ဆိုတာ သိတယ်နော်…ဟုတ်ကဲ့ပါဖေဖေ….”

“အေး..ဒါပေမယ့် သမီး..ဟိုကောင်လေးနဲ့ ရောရောနှောနှော မနေပါနဲ့…”

“ရှင်…ဖေဖေ….ဟုတ်….သမီးတို့နှစ်ယောက်က အဲ့ဒီလိုမျိုးတွေမဟုတ်ကြပါဘူးဖေဖေ….ရိုးရိုးသားသားပါပဲ… အေး..အဲ့ဒီ ရိုးရိုးသားသားဆိုတာကနေ..မရိုးမသားတွေဖြစ်ကုန်မှာစိုးလို့…ဖေဖေကပြောနေရတာ…..ပြီးတော့ ဘာလဲ အဲ့ဒီကောင်လေးကလည်း အနုပညာသမားပဲဆို…ဟုတ်ပါတယ်ဖေဖေ…ကောင်းရောပဲ…

 ဖေဖေရယ်…”

ဖေဖေပြောတော့လည်း အဟုတ်ပင်….တကယ်တော့ ရွှေပန်းချီတို့နှစ်ယောက်မှာ ရိုးသားမှုတွေရှိကြပါတယ်… ခိုင်မြဲတဲ့သံယောဇဉ်တွေကို နှလုံးသားမှာချည်နှောင်ပြီး ဘယ်သူတွေမှမသိအောင် တိတ်တိတ်လေး နေခဲ့ကြတာပါ.. အနုပညာဆိုတဲ့အသံလေးကြားရုံနဲ့ပင်… ဖေဖေ ဘာ့ကြောင့် ခါးခါးသီးသီးဖြစ်နေရတာလဲ.. ရွှေပန်းချီ မသိခဲ့တာတွေများ ရှိသေးလို့လား….ပြီးတော့…ရွှေပန်းချီ ငယ်ငယ်လေးကတည်းက မေမေဆိုတာကို တခါမှကို မတွေ့မြင်ဘူးခဲ့ဘူး….မိခင်ရဲ့မေတ္တာဆိုတာ ဘာမှန်းမသိလောက်အောင်ပင် အေးစက်နေခဲ့လေပြီ… ဖေဖေရယ်…အတ္တတွေကြီးမားလှချည်လား…..။

ဘာလိုလိုနဲ့ သင်တန်းပြီးဖို့တောင် တစ်ရက်ပဲကျန်တော့မှာပါလား..ရွှေပန်းချီ အကိုနဲ့ ခွဲရတော့မယ်ပေါ့……

“ညီမလေးရေ…ညီမလေး…ပန်းချီ…”

ပြောပြောဆိုဆိုနဲ့ပင် လှိုင်းသန့်တစ်ယောက် အိမ်ပေါ်ကို ပြေးအတက်မှာတော့ ရွှေပန်းချီရဲ့ အဖေ ဦးစိုးလှိုင်နှင့်သာ တွေ့ရတော့သည်…။

“မောင်ရင်…လာပါအုံး….”

“ဟုတ်ကဲ့ပါ အန်ကယ်….”

“မင်း ဘာလာလုပ်တာတုန်း….ဟုတ်ကဲ့ ဒီနေ့ ပန်းချီကို….အော်…ရွှေပန်းချီကို စန္ဒရားတီးသင်ဖို့ နောက်ဆုံးတစ်ရက်ကျန်သေးလို့ပါ… ဒါဆိုရင်…မင်းမသင်နဲ့တော့….ပြန်တော့…ဘာဖြစ်လို့လဲခင်ဗျာ…. ”

“မင်းတို့ အနုပညာသမားတွေဆိုတာလေ…အနုပညာကို ဘန်းပြပြီး ချူစားတတ်တဲ့ကောင်တွေပဲကွ…မင်းလည်း အတူတူပဲ..ဘာမှမထူးဘူး…ဒီတော့…ဒီနေ့ကစပြီး…မင်းလည်း ငါ့သမီးကို လာသင်ပေးစရာမလိုတော့ဘူး…”

“အန်ကယ်ရယ်…အန်ကယ် မသင်ပေးရဘူးဆိုရင်လည်း ကျွန်တော် မသင်ပေးပါဘူး..ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အစဉ်အဆက်က ရှိခဲ့တဲ့၊ မြတ်နိုးကြတဲ့ အနုပညာကိုတော့ မစော်ကားပါနဲ့အန်ကယ်… ဆင်ဖြူတော်ကိုမှီပြီး ကြံစုတ်ဖို့ဆိုတဲ့ စိတ်ဓာတ်မျိုးကို ကျွန်တော့်အမေက ကျွန်တော့်ကို သင်ပေးမထားပါဘူး အန်ကယ်….ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး အန်ကယ်….”

စိတ်ထားလေးတွေ နူးညံ့သိမ်မွေ့နက်နဲသလောက် အနုပညာကိုထိပါးရင် မခံတတ်တဲ့စိတ်လေးက ရွှေပန်းချီနဲ့ သဏ္ဍာန်တူနေရသလား အကိုရယ်…ပန်းချီကို တစ်ယောက်တည်းထားခဲ့ပြီး သွားခဲ့တော့မှာလားနော်… ပန်းချီလေ…အကို့ကို အရမ်းချစ်တယ်…သံယောဇဉ်တွေ တွယ်ခဲ့ပြီးမှ ထားရစ်ခဲ့တယ်နော်…

ရွှေပန်းချီတစ်ယောက် အိပ်ပေါ်ထပ်လှေကားထစ်ပေါ်မှာ မှီကာထိုင်းရင်း…လှိုင်းသန့်ရဲ့ ကျောပြင်ကိုငေးကြည့်ကာ မျက်ရည်စတွေနဲ့အတူ ကျန်ရစ်နေခဲ့သည်သာ….ရက်စက်လိုက်တာ ဖေဖေရယ်.. အကို့ကို ဒီလိုမပြောသင့်ပါဘူးနော်…အရမ်းရိုးသားပြီး ပန်းချီအပေါ်ကိုအရမ်းကောင်းခဲ့တာ… ငယ်ငယ်လေးတည်းက တစ်ယောက်တည်းအထီးကျန်နေခဲ့ရတဲ့ ပန်းချီလေး အကိုတစ်ယောက်ရလိုက်ပြီလို့ မှ မကျန်သေး…ဖေဖေက ခွဲလိုက်ပြန်ပြီနော်….ခုချိန်သာ…ပန်းချီအနားမှာ မေမေသာရှိခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်နိုင်ပါအုံးမလား ဖေဖေရယ်…..။

နေ့စဉ်နဲ့ဆိုသလို…ရွှေပန်းချီတစ်ယောက် အကို့ကိုမျှော်နေမိသည်….အကိုနဲ့အတူ သီချင်းတွေဆိုခဲ့ စန္ဒရားတွေတီးခဲ့….စကားတွေဖောင်ဖွဲ့ခဲ့တဲ့ နေ့ရက်တွေက ပျောက်ဆုံးသွားပြီလား…မျှော်နေမိတယ်… အကိုရယ်…ပန်းချီလေ…အကို့ကို အရမ်းလွမ်းတာပဲ….စိတ္တဇတစ်ယောက်လို အတွေးတို့က စိုးမိုးနေသည်သာ….။

“သားရေ….မင်း ဒီနေ့ ဟိုကောင်မလေးဆီကို မသွားရဘူးလား…”

“ဟုတ်တယ်..မေမေ…သားမသင်ရတော့ဘူး….”

“ဟင်…ဘာလို့လဲသား….”

“ပန်းချီဖေဖေပေါ့..သားကို မတော်မတရားတွေ ပြောတယ်လေ…ပြီးတော့ အနုပညာကိုစော်ကားတယ်… အဲဒါ့ကြောင့် သားလည်း မခံနိုင်တာနဲ့ ပြန်ပြောမိခဲ့တယ်မေမေ…အော်…ဖြစ်မှဖြစ်ရလေ…သားရယ်… အဲဒါကြောင့်…ခုရက်ပိုင်းထဲမှာ ငါ့သားကြည့်ရတာ…တမှိုင်မှိုင်တတွေတွေဖြစ်နေတာကိုး…”

“ဟုတ်တယ်မေမေ..ဒါနဲ့…အဲ့ဒီကောင်မလေးသတင်းရော…ဘာကြားသေးလဲ သား……မကြားမိဘူးမေမေ… အေးပါကွယ်….လျစ်လျူရှုမထားပါနဲ့…သူ့ခမျာ ငါ့သားကို အားကိုရှာသား…ဟုတ်ကဲ့ပါမေမေ… မနက်ဖြန်ကျရင်တော့..၀င့်ဝါတို့အိမ်သွားပြီး အကျိုးအကြောင်း မေးကြည့်ပါ့မယ်…အေးအေး….”

“၀င့်ဝါရေ…၀င့်ဝါ…”

“ဟယ်…ကိုလှိုင်းသန့်ကြီးပါလား…”

“အေး…ဟုတ်တယ်….”

“ဘာတွေများ ရေးကြီးသုတ်ပြာဖြစ်နေသလဲ…”

“ဘာရယ်မဟုတ်ပါဘူးဟာ….ငါ…ပန်းချီအကြောင်းလေးများ ဘာများကြားမိလဲလို့ပါ…”

“အော်…ကိုလှိုင်းသန့်ကြီးကလည်း..ကို့ဘာသာသွားမေးပါရောလား…”

“မဖြစ်လို့ပေါ့ဟာ…မဟုတ်လို့လား….”

“အင်းပါ…ဒါဆိုလည်း…ညနေကျရင် ၀င့်ဝါ သွားမေးပေးပါ့မယ်…”

“အေးပါဟာ..ကျေးဇူးပါပဲ….”

“ပန်းချီရေ….ပန်းချီ…”

“အော်…အန်ကယ်..ပန်းချီရှိလားမသိဘူး…”

“အေး…၀င့်ဝါ..သမီးသူငယ်ချင်း အပေါ်ထပ်မှာရှိတယ်…တက်သွားလိုက်အုံး….မစားမသောက်ဘူးလေ…ဘာဆိုဘာမှ ကျွေးလို့လည်းမရဘူး..”

“အန်ကယ်…သူ နေရောကောင်းရဲ့လားဟင်….“အင်း…” ဟိုတလောကတော့ သိပ်နေမကောင်းဘူးလေ… ဆရာဝန်နဲ့ရော ပြမကြည့်ဘူးလား….ပြကြည့်ပါတယ်…သူ့မှာ နှလုံးရောဂါ အစပျိုးနေပြီတဲ့လေ…ဆရာဝန်က သူ့ကို ဂရုစိုက်ရမယ်တဲ့…..၀မ်းနည်း…၀မ်းသာ..တစ်စုံတစ်ခုခုဖြစ်အောင် မလုပ်ရဘူးတဲ့လေ….”

“ဒါဆို သမီး သွားကြည့်လိုက်အုံးမယ်နော်….အေးပါကွယ်…”

သူငယ်ချင်းအတွက် စိုးရိမ်ပူပန်မှုတွေက ဒုနဲ့ဒေးပင်..ပျော့နွဲ့ပြီး အပြင်ပန်းမှာ မာကျောသလားထင်ရပေမယ့် နှလုံးသားလေးကတော့ နူးညံ့သိမ်မွေ့စွာ ရှိနေတတ်တဲ့ သူမရဲ့ သူငယ်ချင်းကို ၀င့်ဝါတစ်ယောက်…အတွေးဆတို့ဖြင့် အပေါ်ထပ်လှေကားပေါ်သို့ တရွေ့ရွေ့တက်လာရင်းပင် ရွှေပန်းချီရဲ့အခန်းတွင်းသို့မ၀င်ခင်…တံခါးလေးအဖွင့်မှာတော့….အိပ်ရာပေါ်မှာ လဲလျောင်းနေသော ရွှေပန်းချီတစ်ယောက်…အပြစ်ကင်းစင်ပြီး မျက်နှာလေးဖြူလျော့လျော့လေးဖြစ်နေပြီ…..စိုးရိမ်စိတ်တို့ဖြင့် ၀င်လာမိရင်း…..

“အန်ကယ်ရေ….အန်ကယ်ရေ….လာကြပါအုံး….လာကြပါအုံး….”

“ပန်းချီ ဘာဖြစ်နေလဲမသိဘူး…လုပ်ကြပါအုံး….”

အပြေးအလွှားနဲ့ဆိုသလို ဦးစိုးလှိုင်တစ်ယောက် အပေါ်ထပ်သို့ ချက်ချင်းဆိုသလိုရောက်လာသည်…. ရွှေပန်းချီ ရင်ဘတ်ပေါ်သို့ ဟိုဖိ ဒီဖိ…ဟိုစမ်း…ဒီစမ်းဖြင့်….

“ဆေးရုံကိုသွားမယ်…..ဆေးရုံကို…..ကား မြန်မြန်ထုတ်…”

ပြူးပြာနေသောမျက်ဝန်းအစုံတို့ဖြင့် ဦးစိုးလှိုင်တစ်ယောက် ဘာလုပ်ရမည်မသိ ဆေးရုံရှိရာသို့သာ ရောက်လာနေမိသည်….အခန်းတွင်းသို့ လူနာကို သယ်ဆောင်သွားသည်….

“ဘုရား…ဘုရား….ငါ့သမီးလေး…ဘာမှမဖြစ်ပါစေနဲ့….”

“ပန်းချီလေး…ဘာမှမဖြစ်ပါစေနဲ့…”

ဝင့်ဝါတစ်ယောက် အပြေးအလွှားနှင့်ဆိုသလို ဖုန်းဆိုင်ရှိရာအောက်ထပ်သို့ပြေးလာပြီး လှိုင်းသန့်ကို ဖုန်းဆက်ခေါ်နေတော့သည်…

“ကလင်….ကလင်….ကလင်….”

“ဟယ်လို….ကိုလှိုင်းသန့်လား….”

“အင်း…ဟုတ်ပါတယ်….ကိုလှိုင်းသန့်..၀င့်ဝါပါ”

“ရွှေပန်းချီ အသည်းအသန်ဖြစ်နေလို့….ခုချက်ချင်း ဆေးရုံကို လိုက်ခဲ့ပေးပါနော်…”

“ဟင်…ဟုတ်လား….”

“ဟုတ်တယ် ကိုလှိုင်းသန့်…အကျိုးအကြောင်း ဒီရောက်မှပဲပြောပြတော့မယ်….”

“အင်း..အင်း…”

“မေမေရေ..မေမေ….ဘာလဲ သား…”

“သား…ပန်းချီဆီ လိုက်သွားရလိမ့်မယ်မေမေ…ဟဲ့ ဘာဖြစ်လို့တုန်း…ပန်းချီ အသည်းအသန်ဖြစ်နေလို့မေမေ… အခုဆေးရုံမှာရောက်နေပြီ….ဟင်…ဒါဆို မေမေလည်း လိုက်ခဲ့မယ် သား…“အင်းအင်း..”ဒါဆို ခုပဲသွားကြရအောင်နော်…”

ဆေးရုံအရောက်မှာတော့ ဒေါ်ခင်လေးနဲ့ ခင်စိုးလှိုင်ကိုတွေ့လိုက်ရတဲ့ ဦးစိုးလှိုင်မှာ နေမသိထိုင်မသာ မျက်နှာမျိုးတွေဖြင့် ၊ အံ့သြခြင်းတွေ၊ ၀မ်းသာခြင်း၊ ၀မ်းနဲခြင်းဆိုတဲ့ အမူအယာတွေက ထိန်းချုပ်လို့မရနိုင်အောင်ပင်….သမီးဖြစ်သူ ပန်းချီလေးရဲ့အခြေအနေက ဘာမှန်းရယ်မသိ….

ဆရာဝန်တစ်ယောက် အပြင်သို့ထွက်လာပြီး…

“ဒီက လူနာရှင်က ဘယ်သူလဲမသိဘူး….”

“ကျွန်တော်…ကျွန်တော်ပါ…”

ဦးစိုးလှိုင်ရော ခင်စိုးလှိုင်ပါ နှစ်ယောက်အတူ နှုတ်ဖျားမှ ထွက်မိရဲ့သားဖြစ်နေကြပြီ….

“ဘယ်သူလဲခင်ဗျာ…အချိန်မရှိဘူးနော်…လူနာအတွက် သွေးလိုအပ်နေပြီ….ဗျာ….”

ခင်စိုးလှိုင်မှ ဆရာဝန်အား….

“ဘာသွေးလဲခင်ဗျာ…..(A)သွေးပါ….”

“ဒါဆို ကျွန်တော်လှူမယ်ဗျာ….”

“ခင်းဗျားက….လူနာနဲ့….ဟို….အကိုပါခင်ဗျာ…”

ဘာရယ်ညာရယ်မသိ စိုးရိမ်ပူပန်သောကတွေကသာ စိုးမိုးနေတော့သည်…ပန်းချီလေး အမြန်နေကောင်းပါစေတော့နော်…..။

“ကောင်းပြီ…ဒါဆို…လိုက်ခဲ့ပါ….”

တိတ်ဆိတ်ငြိမ်သက်လှပြီး အထီးကျန်ဆန်လွန်းလှတဲ့ အခန်းထဲမှာ ညီမလေးတစ်ယောက်တည်းပါလား… ချစ်သူညီမလေး ပန်းချီနဲ့အတူ ညီမလေးနဲ့ထပ်တူကျတဲ့သွေးကို ညီမလေးရဲ့ခန္ဓာကိုယ်ထဲကို စီးဆင်းစေခဲ့ပြီ… ပန်ချီလေးရယ်…ဘာလို့များ သွေးချင်းတွေရော တူညီနေရတာလဲ..အရာရာအားလုံးထပ်တူကျပြီး ချစ်စရာကောင်းလှတဲ့ ချစ်သူညီမလေး….ခုတော့လည်း..ဘာမှမသိရှာပါလားနော်….

အပြစ်ကင်းစင်ပြီး အိပ်မောကျနေတဲ့ ပန်းချီလေးနဲ့ယှဉ်ပြီး အကိုရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေကို ညီမလေးကို ပေးခဲ့ရလို့…အကိုပျော်နေပါတယ် ချစ်သူပန်းချီလေးရယ်….ပန်းချီလေးရဲ့ ရင်ထဲမှာလည်း… အကို့လိုဘဲမဟုတ်လား…ဖွင့်မပြောခဲ့ကြပေမယ့် တို့နှစ်ယောက်ရဲ့ တိတ်တခိုးအချစ်… မောင်နှမအချစ်သံယောဇဉ်တွေကို တို့နှစ်ဦးရဲ့မျက်ဝန်း…တို့နှစ်ဦးရဲ့စကားသံတွေ…တို့နှစ်ဦးရဲ့ သွေးတွေထဲမှာ စီးဆင်းနေခဲ့စေပြီလေ…..ချစ်တယ်ပန်းချီလေးရယ်….။

ဆေးရုံအခန်းရဲ့အပြင်ဘက်မှာတော့ ဦးစိုးလှိုင်နဲ့ ဒေါ်ခင်လေးတို့ အတိတ်ကမေတ္တာတစ်ခန်းရပ်တွေက အလွမ်းဇာတ်လမ်းတွေ ခင်းနေကြပါပြီ….အကြောင်းပြချက်တွေမရှိဘဲ…ဖောက်ပြားချက်တွေရယ်လို့ ထင်မြင်ခဲ့မိတဲ့…ဦးစိုးလှိုင်ကလည်း…အတ္တနဲ့မာနကို ခ၀ါချပြီး တောင်းပန်နေလို့သာပေါ့….ဒေါ်ခင်လေးကလည်း အနှစ်နှစ်အလလကကြာပြီဖြစ်သော ကွဲကွာနေရသော ခင်ပွန်းဖြစ်သူကို တောင်းပန်စကား မေတ္တာအနန္တတရားတွေနဲ့ သီကျူးဖွဲ့နွဲ့လို့ပေါ့….အသက်အရွယ်တွေ အိုမင်းရင့်ရော်နေကြပေမယ့်လည်း အချစ်ရဲ့စွမ်းပကားကတော့  ကြီးမားလှနေပါတယ်….။

ပန်းချီရဲ့လက်ကလေးက…လှိုင်းသန့်ရဲ့လက်ကလေးကို လာထိနေသလိုလို….

“ညီမလေး…ပန်းချီ…ညီမလေး…သတိရလာပြီလားဟင်…”

ရွှေပန်းချီတစ်ယောက် တစ်နေ့လုံး…တစ်ညလုံး အိပ်ပျော်နေတဲ့မျက်လုံးလေးမှ အသာအယာနိုးထလာပြီး.. အံသြစိတ်တွေနဲ့အတူ…ရှင်သန်ခြင်း…နိုးကြားခြင်း…အားအင်သစ်ဖြစ်ခြင်းတွေနဲ့အတူ….တီးတိုးညင်သာသော စကားသံတို့ဖြင့်….

“အကို”…. “ညီမလေး…”

“အကို…တညလုံး…ညီမလေးအနားမှာရှိနေတယ်လေ….ပြီးတော့ အကိုနဲ့ညီမလေးရဲ့သွေးချင်းတူနေတဲ့အတွက် အကိုရဲ့သွေးတွေကို ပန်းချီလေးရဲ့ ကိုယ်ထဲကို သွင်းထားပေးတယ်လေ…“ဟုတ်လား…အကို”…. အကိုနဲ့…ညီမလေးက သွေးချင်းလည်းတူတယ်လားဟင်….ဒါပေါ့ ညီမလေးရဲ့….”

နွမ်းလျပြီး ပျော့ဖတ်ဖတ်မျက်နှာလေးနဲ့ တီးတိုးညင်သာတဲ့စကားသံလေးတွေက လှိုင်းသန့်ရဲ့ရင်ထဲမှာ ချစ်စရာကောင်းလှပေသော ပန်းချီလေးရယ်….

“အကို…ဖေဖေရောဟင်…အပြင်မှာလေ..အကို့မေမေလည်းပါလာတယ်….“ဟုတ်လား….”

ပြောပြောဆိုဆိုနဲ့ပင် ဦးစိုးလှိုင်နဲ့ ဒေါ်ခင်လေးတို့ ရွှေလက်အတူတွဲပြီး မင်္ဂလာခန်းမထဲများ ၀င်လာကြသလားပေါ့… လှိုင်းသန့်နဲ့ ပန်းချီလေးတို့က ပြူးဝန်းသော မျက်ဝန်းအစုံနှင့် အံသြစိတ်တွေနဲ့အတူ ပါးစပ်ကလေးတွေအဟောင်းသားဖြင့် ကြည့်လို့နေကြသည်….။

“ဖေဖေ”….“မေမေ….”

ရွှေပန်းချီနဲ့လှိုင်းသန့်တို့ နှစ်ယောက်အတူ သံပြိုင်ထွက်ချိန်မှာတော့…..

“ဟုတ်တယ်…သားတို့…သမီးတို့…”

အနှစ်နှစ်…အလလက မြိုသိပ်ဖုံးဖိထားခဲ့သော ဘူးတစ်လုံးက ဘွားခနဲဆိုသလို ပေါ်လာခဲ့သည်ပင်… အဖြစ်မှန်အလုံးစုံကို မိဘနှစ်ဦးက ရှင်းပြလိုက်ချိန်မှာတော့….။

“ဗျာ…” “ရှင်…”

နှစ်ဦးသားလက်ကလေးတွေကို ဆုပ်ကိုင်းရင်းမှပင်…ပြုတ်ကျသွားခဲ့ရသည်….

“ပန်းချီက ကျွန်တော့်ရဲ့ ညီမလေးအရင်း…“ဟုတ်လားမေမေ…”

“ဖေဖေ….အကိုလှိုင်းသန့်က…သမီးရဲ့ အကိုအရင်းပေါ့နော်….”

“ဟုတ်ပါတယ်…သားတို့သမီးတို့ရယ်”

“ဖေဖေတို့မေမေတို့တွေရဲ့ မာနတွေ အတ္တတွေကို ရှေ့တန်းတင်ခဲ့မိကြလို့…ခုလိုမျိုး သားနဲ့သမီး တကွဲတပြားစီ ဖြစ်ကုန်ကြတာပါ….သားတို့သမီးတို့ကို…ဖေဖေနဲ့မေမေ တောင်းပန်ပါတယ်ကွယ်…..”

ဖေဖေတို့…မေမေတို့ပြောတာတွေက…နောက်ကျသွားခဲ့ပါပြီ…ပန်းချီနဲ့အကိုတို့ရဲ့ မောင်နှမစိတ်တွေကတဆင့် ဖြစ်ပေါ်လာတဲ့ ချစ်သူစိတ်တွေကို ဘယ်လိုပြန်ရုတ်သိမ်းရတော့မလဲ…..

“အဟင့်…..အဟင့်……အဟင့်….အီး….ဟီး….ဟီး….”

ရှက်စိတ်…ကြောက်စိတ်တို့ကြီးတတ်သော….ရွှေပန်းချီတစ်ယောက်…ရှိုက်ကြီးတငင်ငိုပြီး ဖြေဆည်မနိုင်အောင် ဖြစ်နေတော့ပါသည်…..

“အား….ဟ…..အဟင့်….ဟင့်….“မဟုတ်ဘူး…”လုံးဝမဟုတ်ဘူး…”

“မဖြစ်နိုင်ဘူး….လုံးဝမဖြစ်နိုင်ဘူး….”

“အကိုနဲ့ညီမလေး ဘာမှမတော်ဘူးနော်….ဘာမှမတော်ဘူး……ဟူး…..”

လှိုင်းသန့်တစ်ယောက် ပြူးပြူးပြာပြာ ဖြစ်နေရပါသည်….

“ညီမလေး…ညီမလေး…စိတ်ကိုထိန်းပါညီမလေးရယ်…..အကို ညီမလေးအနားမှာရှိနေတယ်လေ….”

“ညီမလေး….ညီမလေးရယ်….”

မျက်ဝန်းမှမျက်ရည်စတို့က မထိန်းနိုင်….ကျလာခဲ့ရလေပြီ…ညီမလေးအရင်းရယ်လို မသိခင်အချိန်တည်းက အကြင်နာတွေပိုခဲ့မိသည်မို့…ခုလို သိလိုက်ရတဲ့အချိန်မျိုးမှာ…သနားခြင်းတွေ…ကြင်နာခြင်းတွေ… မေတ္တာတရားတွေက ပိုမိုလို့ နက်ရှိုင်းလာခဲ့လေပြီ….။

“သမီး…သမီးလေ….စိတ်ကိုထိန်းပါအုံး…ဖေဖေနဲ့မေမေရှိတယ်လေ..”

“မဟုတ်ဘူး….နင်တို့ငါ့ကို လိမ်တယ်….ဟားဟား….ဟားဟား…”

“ဟီးဟီးဟီး….ဟုတ်ပါတယ် နင်တို့….ငါ့ကို လိမ်နေကြတာပါ….”

“ဟုတ်တယ်မလား….ဟင်….ဟုတ်ပါတယ်…..လိမ်နေတာပါ…..အဟင့်…..အဟင့်…..အဟင့်….”

“လှိုင်းသန့်နဲ့ ရွှေပန်းချီ….ပန်းချီနဲ့အကို….ငါတို့က ချစ်သူတွေလေ….ဘယ်ကသာ မောင်နှမဟုတ်ရမှာလည်း…“နင်တို့တွေ လျှောက်မပြောနဲ့နော်….“အီး….ဟီး….ဟီး…ငါ့အကိုသာသိရင် ငိုလိမ့်မယ်….ပြီးတော့လေ…နင်တို့ကိုလည်း ရိုက်လိမ့်မယ်…သိလား….“သွားပါ…တစ်ယောက်မှ အနားမလာကြနဲ့…အကိုနဲ့ ငါနဲ့ နှစ်ယောက်တည်းလေ…ဟားဟား…ဟား….ဟား… စန္ဒရားတီးသင်မယ်…. သီချင်းတွေဆိုမယ်….ဟီးဟီး….”

ရယ်လိုက်…ငိုလိုက်ဖြစ်နေသော ညီမလေးကိုကြည့်ပြီး..လှိုင်းသန့်ရင်မှာ မချိတင်ကဲဖြစ်နေရသည်သာ.. အရှက်အကြောက်ကြီးလွန်းတဲ့ ညီမလေး….ခုတော့…အကိုနဲ့ဝေးရာ…ကမ္ဘာကြီးနဲ့ဝေးရာဆီမှာ ညီမလေးရဲ့ စိတ်တွေ…ညီမလေးရဲ့နှလုံးသားတွေကို အပ်နှင်းထားလိုက်ပြီပေါ့နော်…..ဖြစ်မှဖြစ်ရလေ…. ညီမလေးရယ်…. ညီမလေးရယ်….ညီမလေး ဘာတွေပဲဖြစ်နေပါစေ….ဘယ်လိုဘ၀…ဘယ်လိုအခြေအနေတွေပဲ ရောက်နေပါစေ… ညီမလေးရဲ့အနားမှာ တသက်လုံး ကိုကိုစောင့်ရှောက်သွားမယ်နော်…..။

ပန်းချီလေးကို ရင်ခွင်ထဲထည့်ပြီး….ဆံနွယ်လေးတွေကို ပွတ်ကာ….ညင်သာတဲ့လက်တစ်စုံနဲ့အတူ ပွေ့ပိုက်ရင်း လှိုင်းသန့်တစ်ယောက် မျက်ရည်တွေက တသွင်သွင်စီးဆင်းနေတော့သည်သာ…..။

“သွားပါ…..နင်တို့နဲ့အတူ မနေဘူး….ငါက….အကိုနဲ့ပဲ နေမှာ….ဟီးဟီးဟီး….အကို့ကိုပဲချစ်တယ်…. “ဘာမောင်နှမလည်း…အယ်…..ငါ့မှာ မောင်နှမမရှိပါဘူး….ငါက တဦးသောသမီး….ရွှေပန်းချီ…တဲ့….ငါ့မှာ မေမေရှိဘူး….မေမေကသေပြီ…..တဲ့….”

ညီမလေးရဲ့ လောကကြီးကိုမသိနိုင်တော့တဲ့ စကားတွေရယ်ကြောင့်….အစွဲအလန်းတစ်ခုကို အမှီပြုပြီး ဖြစ်တည်လာတဲ့စိတ်တွေရယ်ကြောင့်….

“ညီမလေးရေ……………..

ကိုကိုမခံစားနိုင်တော့လို့ပါကွာ…….“ကိုကို့ရဲ့ တစ်ဦးတည်းသောချစ်ညီမလေးရဲ့အနားမှာလေ…. ညီမလေးရယ်ရင်လည်း ကိုကိုလည်းရယ်မယ်…..ညီမလေးငိုရင်လည်း ကိုကိုငိုနေမယ်နော်…. ညီမလေးရဲ့အနားမှာ ထာဝရသက်ဆုံးတိုင် အရိပ်တွေလိုပဲ နောက်ကလိုက်ပြီး စောင့်ရှောက်နေမယ်နော်……။

“အဟား…ဟား…ဟား……”

တဟားဟားနဲ့ရယ်လိုက်….ငိုချင်ငိုလိုက်…ပြောချင်တိုင်းပြောလိုက်ဆိုသလို ရွှေပန်းချီဆိုတဲ့ ကောင်မလေးရဲ့ ရင်ထဲမှာတော့ အစွဲတစ်ခုကို ကိုယ်စားပြုလို့….စိတ်တွေရဲ့ ခေါ်ဆောင်ရာအရပ်ဆီမှာ မျောလွင့်လျက်ရှိနေပြီး လှိုင်းသန့်ဆိုတဲ့ ကောင်လေးရဲ့ ရင်ထဲမှာတော့ မချိတင်ကဲ ရင်ကွဲစေရာ တသက်လုံးအတွက် အမြွှာမောင်နှမချစ်သူတွေရယ်လို့…..တိတ်တခိုးလေး ငိုကြွေးမြည်တမ်ရင်း နေ့စဉ်ပဲဆိုသလို….. လှိုင်းသန့်တစ်ယောက် သူချစ်မြတ်နိုးတဲ့….ညီမလေးအရင်းရယ်လို့မသိခင်တမျိုး…..သိပြီးရယ်တမျိုး…ချစ်ခဲ့တဲ့ ချစ်သူညီမလေးရွှေပန်းချီလေးရဲ့အနားမှာ အရူးတစ်ယောက်လို စကားတွေတဖွဖွပြောရင်း….လောကကြီးရဲ့ သာယာလှပခြင်း….ကောင်းခြင်း…ဆိုးခြင်းတရားတွေကို ဥပေက္ခာပြုထားတတ်ခဲ့ပြီပေါ့……..။


ကြိုးစားပါအုံးမည်

နေခြည်သစ်နွယ်(ပြည်)

 

 

 

 

 

 



Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...