သူတို့ဆီမှာ ဒီလို ဥပဒေ ထုတ်တော့မယ်တဲ့
အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားများကို မြှူဆွယ်ရာရောက်သော အမျိုးသမီးများ၏ ဒူးအထက် စကတ်တိုများကို ပိတ်ပင်ရန် စီစဉ်နေကြောင်း မတ်လ (၃၀) ရက်နေ့ သတင်းများက ဖော်ပြသည်။
ယင်းကဲ့သို့ စကတ်အတိုများ ၀တ်ဆင်ခြင်းသည် ညစ်ညမ်းရုပ်ပုံများ တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုသည်။
ဘာသာရေးဝန်ကြီး ဆာယက်ဟာမာအလီ ကို ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ညစ်ညမ်းပုံများ တိုက်ဖျက်ရေးလုပ်ငန်းများကို ဦးဆောင်ရန် ခန့်အပ်ခဲ့ပြီးနောက် သူက စကတ်အတိုများ တိုက်ဖျက်ရေးစစ်ပွဲကို စတင်ဆင်နွှဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မကြာသေးခင်က ပါလီမန်ပြောရေးဆိုခွင့်ရှိသူ မာဇူကီအယ်လေးကလည်း စကတ်အတိုများကို တိုက်ခိုက်ပြောကြားခဲ့ရာ သူကမူ ဒူးအထက်စကတ်များဝတ်ဆင်သည့် အမျိုးသမီးနိုင်ငံရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အယ်လေးက အမျိုးသမီးနိုင်ငံရေးသမားများနှင့်ဝန်ထမ်းများအား စကတ်အတိုမ၀တ်ရ ဥပဒေပြဋ္ဌာန်း၇န် ပြင်ဆင်နေသည်ဟု ဆိုသည်။
အယ်လေးက အင်ဒိုနီးရှားနိုင်ငံတွင် မုဒိမ်းမှုများနှင့် မဖွယ်မရာအမှုများ ပေါများခဲ့ပြီး အကြောင်း၇င်းမှာ အမျိုးသမီးများသည် သင့်တင့်လျောက်ပတ်သော ၀တ်စားဆင်ယင်မှုမရှိသောကြောင့်ဟုဆိုသည်။
ကမ္ဘာ့မွတ်ဆလင်ဘာသာဝင် စုစုပေါငး၏ ၁၂ ရာခိုင်နှုန်းရှိသော ကမ္ဘာ့မွတ်ဆလင် အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင်မဖွယ်မရာပုံများကို လုံးဝ တိုက်ဖျက်ရန် အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနို က အဖွဲ့ဖွဲ့ကာ တာဝန်ပေးအပ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးနှင့် ယဉ်ကျေးမှုကို လိုက်နာကြသော်လည်း အမျိုးသမီးငယ်များသည် အနောက်တိုင်းကို တုပကာ ၀တ်စားဆင်ငယ်ကြပြီး ဂျကာတာ၏ နိုက်ကလပ်တိုင်းတွင် မီနီစကတ်ဝတ် အမျိုးသမီးများကို အလျှံအပယ်တွေ့ရသည်ဟု ဆိုသည်။
(DM,30.3.2012)NYM
(ပြည်မြန်မာ သတင်းဂျာနယ် 5.4.2012 (ကြာသပတေးနေ့)
ကျွန်တော်လည်း ဒီဥပဒေကို ထောက်ခံပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်သောနိုင်ငံဖြစ်သည့်အလျောက် မြန်မာ အမျိုးသမီးများကို လည်း ဒီလိုစကတ်တိုများနှင့် မသင့်လျော်ပါ။ ဒါကြောင့်ဒီလို ဥပဒေမျိုးလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဘယ်တော့များမှ ထွက်ပေါ်လာလိမ့်မယ်ဆိုတာ ကျွန်တော် မြန်မာ နိုင်ငံသား တစ်ယောက်အနေနဲ့ အားကိုးတကြီး မျှော်လင့်မိပါတယ်။
တဆက်တည်းမှာဘဲ ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာလည်း ကျွန်တော်တို့ မြန်မာအမျိုးသမီးများ ၀တ်စားဆင်ယင်ပုံက တော်တော်လေးကို အကျဉ်းတန်ရုပ်ဆိုးပါတယ်
နိုင်ငံခြားက ဧည့်သည်အမျိးသမီးတွေက မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ပြီး ရေကစားနေကျချိန်မှာ ကျွန်တော်တို့ မြန်မာ့သမီးပျိုလေးများက အခုလိုဝတ်စားဆင်ယင်ကျတော့
မသင့်တော်ပါဘူး…
Queen ဖြစ်အောင်ဝတ်စားဆင်ယင်တာလား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကိုယ်က ထင်ပေါ်ချင်လို့လား ဆိုတာ စဉ်းစာစေချင်ပါတယ်ဗျာ …
ကျွန်တော့်၏ ညီအစ်ကို မောင်နှမ များလည်း ဒီ ဘလော့လေး မှာ ပါဝင်ပြီး
ဝေဖန် အကြံပြု ဆွေးနွေး နိုင်ပါတယ် ။
YES (or) NO တစ်ခုခုပေါ့ …