အကြော်သယ် မိန်းမကြီးတစ်ယောက် ကျွန်တော်တို့ဆီ ရောက်လာတယ်.. အကြောင်းက ဘယ်လိုအကြောင်းလဲ
ဆိုရင် သူ့သမီးတစ်ယောက်ဟာ ရန်ကုန်မြို့ထဲကို အိမ်နားက မိန်းမကြီးတစ်ယောက်နဲ့ သိမ်ကြီးဈေးသွားရအောင်
လိုက်ခဲ့ပါဆိုလို့ လိုက်သွားတာ. အဲဒါ အိမ်ပြန်မရောက်တော့ဘူး .. ခေါ်သွားတဲ့ မိန်းမကြီးကို မေးတော့ လူကွဲသွား
တယ်လို့ဖြေတယ်... ကျွန်မက ရောင်းစားခံရတယ်ထင်လို့ ရန်ကုန်မြို့ထဲ မကောင်းတဲ့လူတွေရှိတတ်တဲ့ (၁၇)လမ်း၊
လမ်းကြားမှာ အကြော်သွားရောင်းရင်းနဲ့ လှမ်းလှမ်းကြည့်မိတယ်.. တစ်ရက်မှာ အပေါ်ထပ်တစ်နေရာမှာ လက်ရပ်ပြ
နေတဲ့ သမီးကိုတွေ့ရတယ်... သွားမေးတဲ့အခါကျတော့ မရှိဘူး ..လို့ ငှေါက်ငှမ်းပြီး အော်လွှတ်လိုက်ကြတယ်..
ဒါ ဘယ်လိုလုပ်ရမလဲ.. ကျွန်မကို ကူညီပါဆိုပြီး.. သတင်းထောက်တွေရှိတဲ့ ကျွန်တော့တို့တိုက်ကို အကူအညီ
လာတောင်းပါတယ်...
ဒါနဲ့..အကြော်သယ် အဒေါ်ကြီးကို ဘယ်မှာနေတာလဲဆိုတော့ ..ပုဇွန်တောင်မှာနေတယ်..ပုဇွန်တောင် ဂါတ်တဲကို
အကြောင်းမကြားဘူးလားမေးတော့ ..ဂါတ်တဲကို တိုင်ထားတယ်လို့ပြောတယ်..ဂါတ်တဲက ထိထိရောက်ရောက်
အရေး မယူဘူး..လို့ ဆိုနေပြန်တယ်... ဒါဆို ကျွန်တော် အကြောင်းကြားပေးမယ်.. ခင်ဗျားကသာ သူတို့ဘယ်မှာ
ရှိတယ်ဆိုတာ ပြောပြပါဆိုတော့ ကောင်းပါပြီတဲ့ .. ဒါနဲ့ နယူးတိုင်းသတင်းထောက် မောင်စိန်ကြီးကို တယ်လီဖုန်း
ဆက်ပြီးအသိပေးလိုက်တယ်.. အဲဒီကမှတဆင့် အတွင်းဝန်ဆီကို သတင်းပို့လိုက်တယ်.. အတွင်းဝန်ကတဆင့်
လသာလမ်းဂတ်ကိုလာခဲ့ဖို့ပြောတာနဲ့ လသာလမ်းဂတ်တဲကို လိုက်သွားကြတယ်...
လသာလမ်းဂါတ်တဲရောက်တော့ ရာဇ၀တ်ဝန်က ရဲတွေနဲ့ အဲဒီမိန်းမကြီးပါ ခေါ်သွားပြီး အဲဒီမိန်းမကြီးပြတဲ့ လမ်း
ထဲဝင်လိုက်ကြတယ်.. တခါတည်း ရဲကတက်ပြီး ၀ုန်းဒိုင်း နဲ့ တံခါးတွေရိုက်ဖွင့်ရှာတော့ သူ့သမီးကို မတွေ့ဘူး..
ဒိပြင် မိန်းကလေးတွေတော့တွေ့တယ်.. ရာဇ၀တ်ဝန်ကလည်း ဒိပြင်အခန်းတွေပါ အကုန်လုံးရှာတယ်....
မိန်းကလေး အစအနကို မတွေ့ရဘူး...
ဒါပေမယ့်..နောက်တစ်နေ့ မနက်မှာဘဲ အဲဒီမိန်းကလေးက သူ့အမေအိမ်ကို ပြန်ရောက်လာတယ်..
ဟဲ့ ..ဘယ်နဲ့လဲ..နင်တို့ဟာဆိုတော့ ..
အမေတို့လာတယ်ဆိုတာ ကျွန်မသိတယ်..သူတို့က ဟိုဘက်ခန်းထဲမှာ ကျွန်မကိုထားတယ်.. မွေ့ရာတွေနဲ့အုပ်
ထားတာ.. မနက်ကျတော့..ကမြင်းမ နင့်ကြောင့် ဒို့ဒုက္ခရောက်လိမ့်မယ်ဆိုပြီး ပိုက်ဆံတမူးပေးပြီး ဓာတ်ရထား
ပေါ်တင်ပေးပေးလိုက်တာလို့ ပြောပြတယ်.. အဲဒါ အကြော်သယ် မိန်းမကြီးက ၀မ်းသာလွန်းလို့ သူ့သမီးပြန်
ရောက်လာတဲ့အကြောင်း တိုက်ကို ပြန်လာပြောပြသွားတာ... ဒါနဲ့ အကျိုး အကြောင်း သေချာ ပြန်ကောက်
တော့မှ ရာဇ၀တ်ဝန်တို့ တက်လာတဲ့အချိန်မှာ သူတို့မှာ ဟိုဘက် ဒီဘက် တိုက်ခန်းတွေက ပိုင်ရှင် ကပြား
တစ်ဦးတည်းကပိုင်တာ..အခန်းတွေကို သွတ်နဲ့ကာထားတယ်.. သွတ်တွေက ကြွက်လျှောက်တန်းတွေရှိတယ်.
အဲဒီကြွက်လျောက်တန်းတွေကို အောက်ကဖြတ်ထားတယ်.. တွန်းလို့ရတယ်.. ဒါပေမယ့် ဆေးရော ဘာရော
အားလုံးအတူ သုတ်ထားတာ.. အရေးရှိလာမယ်.. ရုတ်တရက်တက်လာမယ်ဆိုရင် တွန်းလိုက်ပြီး တဘက်
ခန်း ကူးသွားရုံဘဲ.. တွန်းတံခါးလုပ်ထားကြတာကိုး.. ဒါပေမယ့် အခန်းကိုကြည့်လိုက်ရင် သော့ခတ်ထားတာပဲ..
အဲဒီတုန်းကလည်း ကောင်မလေးကို တဘက်ခန်းပို့ထားပြီး မအော်ရအောင် မွှေ့ရာကြီးနဲ့ အုပ်ဖိထားကြတာ..
ဒါနဲ့ ရာဇ၀တ်ဝန်ကို အဖြစ်မှန်တင်ပြတော့ နောက်တချီတက်ပြီးရှာတော့မှ ပိတ်ထားတဲ့တံခါးကြီးကို
ပေါက်ဆိန်နဲ့ကို ပေါက်ပြီး ၀င်လိုက်တာ..... နဲတာတွေ မဟုတ်ဘူး.... အဲဒီထဲက ထွက်လာကြတာ..
ဒီလိုမျိုးအဖြစ်တွေက .. ကျွန်တော်တို့အဖို့ သတင်းလဲဖြစ်သလို ...
မိန်းကလေးတွေကို ကယ်လိုက်တာလဲ ဖြစ်သွားတာပေါ့ ..
သတင်းထောက်ကြီး ဦးဘသန်း(ယူပီ) ၏ ကိုယ်တွေ့
ဒါ.. ဟိုးလွန်ခဲ့တဲ့ အတိတ်ပုံရိပ်ဆီက သတင်းထောက်တွေ/သတင်းသမားတွေ ရဲ့ လုပ်ဆောင်ချက်ပါ...
အခု... ဒီကနေ့..ဒီအချိန်..ဒီကာလ...
သတင်းထောက်တွေ/ သတင်းသမားတွေ ရဲ့ အခန်းကဏ္ဍက ဘာဖြစ်နိုင်မလဲ...
သတင်းထောက်တွေ/ သတင်းသမားတွေ ရဲ့ လုပ်ပိုင်ခွင့် က ဘာတွေလဲ..
သတင်းထောက်တွေ / သတင်းသမားတွေ ရဲ့ တာဝန် နဲ့ ၀တ္တရားကဘာလဲ ...
ပြည်သူတွေအတွက် .. အကာအကွယ်ပေးနိုင်တဲ့..သတင်းသမားတွေ..သတင်းထောက်တွေ
ဘယ်လောက်များ ရှိနိုင်မလဲ....
တကယ်တော့..သတင်းထောက်တွေ/သတင်းသမားတွေရဲ့ အလုပ်ဟာ လွယ်တာတော့မဟုတ်ဘူး..
ဆိုတာ နားလည်မှု ပေးနိုင်ပါတယ်... အခန့်မသင့်ရင် တရားစွဲခံနိုင်ရတာကိုး ...
ဒါပေမယ့် အများဆန္ဒကို ချက်ချင်းလက်ငင်း ပြည့်အောင်ဖြည့်ဆည်းနိုင်တာ .....
ဒီ သတင်းထောက်တွေ/သတင်းသမားတွေပါ.. အများအကျိုးဆောင်ရွက်တဲ့ ပရဟိတ္တစိတ်မျိုး
မရှိရင်တော့ သတင်းထောက်တွေ/သတင်းသမားတွေ မဖြစ်နိုင်တာ သေချာပါတယ် ...
မလွယ်တဲ့ ကြားထဲကဘဲ ....
ပြည်သူ့တွေအတွက် တင်းပြည့် ကျပ်ပြည့် သတင်းထောက် ပီသသူတွေ ...
သတင်းသမားပီသသူတွေ များများဖြစ်ထွန်းပါစေလို့သာ တောင်းဆုချွေမိပါရဲ့ ....
ဟိုး ...အရင်ခေတ် နဲ့ ယခုခေတ် ... နှိုင်းချင့် ကြည့်မိလို့ပါ .....