ကျွန်တော်..မောင်အောင်ထက် ဒီနှစ်မြန်မာ့ မဟာသင်္ကြန် ပုံရိပ်များကို မြင်ရတော့
အရမ်းကိုအားတက် ကြေနပ် ၀မ်းမြောက်ရပါတယ်..
ဒါမှ မြန်မာလူငယ်ကွ..ပြောရင်ရှင်းတယ်..လုပ်ရင်ပြတ်တယ်..၀တ်ရင်ပေါ်တယ်..။
ဆရာကြီးဒေါက်တာအောင်ထွန်းသက် တို့လို ဟောပြောပွဲတွေလုပ်ပေးရင်း
မြန်မာနိုင်ငံကြီး ဖက်စုံခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားနေတဲ့ ပုဂ္ဂိုလ်ကြီးများလည်း
ဝမ်းမြောက်ကြမှာပါ..။
ဒီနှစ်သင်္ကြန်ကိုကြည့်ပါဗျာ..အဖြစ်ကတော့ မနှစ်ကနဲ့ဘယ်တူလို့တုန်း..
အထူးသဖြင့် မြန်မာအမျိုးသမီးလေးတွေ..ချွေတာတတ်လာလိုက်ကြတာ..
အ၀တ်စားနဲ့ပတ်သက်လို့ ပိုက်ဆံအပိုမကုန်ပဲ ဆင်နွဲလို့ရတယ်ဆိုတာပြသလိုက်ကြပါပြီ..
အောင်ထက်ကတော့ ထောက်ခံတယ်ဗျာ..ဟိဟိ ။
မြန်မာလူငယ်တွေဆိုတာက တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားပြီး မနားမနေလုပ်နိုင်မှ
ဝမ်းဝကြတာလားဗျာ..နောက်ပြီး သူများနိုင်ငံတွေလို အပန်းဖြေခရီးထွက်တဲ့အကျင့်ကလည်း
ရှိတာမဟုတ်..
ဒီတော့ ခုလိုပွဲမျိုးမှာ..ခြေကုန် လက်ကုန် လုပ်ချလိုက်တော့ အပန်းပြေတာပေါ့ဗျာ..။
အောင်ထက်ကြီရဲ့ဘော်ဒါ..ရှေ့နေပေါက်စရယ်..ဆရာဝန်ပေါက်စရယ်..
မီးရထားရုံပိုင်ပင်စင်နာကြီးရယ်က..
မိန်းကလေးတွေ မဏ္ဍာပ်ပေါ်မှာ အရက်ပုလင်းပေါ်တင်ကြီးကိုင် နေတာတော့ မကောင်းပါဘူးတဲ့..ပြောရက်လိုက်တာ..
ကိုရီးကားတွေကို မြန်မာမီဒီယာကတောင် ဒါလောက်အားပေးနေတာ..
အဲဒီကားတွေထဲမှာလည်း..မင်းသမီးတွေသောက်နေကြတာပါဗျာ..
မြန်မာမလေးတွေမှ..မသောက်ရမှာလား..တစ်ခုလေးပဲပြောစရာရှိပါတယ်
တစ်ပုံမှာတော့တွေ့လိုက်ပါတယ်..ကောင်မလေးတစ်ယောက် မဏ္ဍာပ်ပေါ်မှာ အန်ဖက်ဆို့နေတာ..
တုံးလုံးပက်လက်နဲ့ စားထားတဲ့ ပေါင်မုန့်တွေထင်ပါ့ ..ပြန်အန်ထွက်လို့
အမယ် အဲဒီမှာလည်း..မြန်မာကောင်လေးက..ပြုစုလို့ပါဗျာ..ဟိဟိ
မြန်မာချင်းချင်းကူညီနေလိုက်တာ..။
တစ်ဖက်တစ်လမ်းကပြန်တွက်ကြည့်တော့..ဘီယာဝယ်လိုအား(demand) တက်..
ရောင်းလိုအား (supply)လည်းတက်..ဘီယာစက်ရုံတွေ အလုပ်ကိုင်အခွင့်လန်းများပြားလာ..
အလုပ်လက်မဲ့နည်းပါးလာ..လူတစ်ဦးခြင်းရဲ့ GDP တိုးတက်လာ..ဘယ်လောက်ကောင်းလဲ..။
ကောင်မလေးတွေ..ဘယ်သူဘာပြောပြော..သောက်သာသောက်..
ဘီယာစက်ရုံ သူဌေးကြီးတွေချမ်းသာတော့ နိုင်ငံတော်စီးပွားရေးလည်း တောင့်တာပေါ့..။
အောင်ထက် သဘောကျတာရှိသေးသဗျ..ရှေးခေတ်က သပြေခက်နဲ့ရေပက်သတဲ့..မစို့ပပို့ဗျာ..
ဒီနှစ်တွေ့ကြတယ်မလား..မီးသတ်ပိုက်နဲ့ကိုထိုးတာ..
ကောင်မလေးတွေကလဲကြိုက်ကြရှာပါတယ်.ရေစိုတော့ သူတို့မြင်စေ့ချင်တာကို
ကိုကိုတို့ မြင်ရတာပေါ့ဗျာ....။
မြန်မာ့ သင်္ကြန်ကတော့ ရှေ့ဆက် အားရစရာကြီးပါဗျာ..
ခုဆို အောင်ထက်ကြီးတို့ကျေးလက်မှာလည်း မြို့ပြက အကျင့်တွေ ကူးလာပါပြီ..
ဆိုင်ကယ် အိပ်ဇောဖြုတ် အုပ်စုလိုက်စီးတတ်နေပါပြီဗျာ.. ဘီယာ လည်းရနေပါပြီဗျာ..
ထော်လာဂျီတွေလည်း မှောက်လို့ကောင်းပါ့..သေလို့ကောင်း
ရဲစခန်းတွေ..ဆေးရုံတွေလည်း လူစည်ပါ့..။
အမှန်က ဖြစ်နိုင်ရင်..တစ်နှစ်ကို နှစ်ခါလောက်ကို..သင်္ကြန်ကျဖို့ကောင်းတာပါဗျာ..
စပွန်ဆာ ကုမ္မဏီများနဲ့..ငွေရှင်ကြေးရှင် မိဘများကိုကျေးဇူးတင်ထိုက်ပါတယ်..
မြန်မာလူငယ်တွေ ဒီသင်္ကြန်မှာ..ထိုင်းနိုင်ငံနဲ့..အမေရိကန်ကို ကျော်တက်သွားပါပြီ..။
ကျွန်တော် အောင်ထက်ကြီးအနေနဲ့ကတော့ ..ရှေ့နှစ်သင်္ကြန်ကို ခုထဲကမြှော်တွေးရင်း..
စိတ်ထဲမှာ..သာဓု..သာဓု..သာဓု..ပါဗျာ..။
မြန်မာလူငယ်ကွ..ပြောရင်ရှင်းတယ်..လုပ်ရင်ပြတ်တယ်..၀တ်ရင်ပေါ်တယ်..။