မင်္ဂလာပါရှင်
အင်တာဗျုးအစီအစဉ်ဒီကြားထဲမအားလပ်မူကြောင့်ပြတ်လတ်သွားခဲ့ပါတယ်ရှင်
ခုတစ်ပတ် ချစ်သူမြို့ တော်ရဲ့  အင်တာဗျူုး ..အစီအစဉ်ကို..
ချစ်သူမြို့ တော်.
မန်ဘာတွေကိုချစ်စဖွယ်အပြုံးလေးနဲနွေးထွေးစွာကြိုဆိုတဲ့
ရွှေမြိုသူလေးဖြစ်ပါတယ်ရှင်
..ကဗျာ၊ရသစာပေတွေရေးတာဝါသနာပါသူလေးလည်းဖြစ်တယ်။
မြို့သူလေးရဲ့ဖြေကြားထားမူလေးကို ဆက်လက်ရှု့ စား ဖတ်ကြပါရှင်..............။
♥★ ရှင်းသန့်မေမေး၍♥★
♥★ရွှေမြို့သူဖြေသည်♥★
ရွှေမြို့သူ :မင်္ဂလာပါမမရေ
ရှင်းသန့်မေ : ညလေးကဒီဆိုဒ်ကိုဝင်လာတာကြာပီးလား
ရွှေမြိုသူ : မတ်လဆန်းပိုင်း 2011လောက်ပေါ့။သိပ်မကြာသေးပါဘူး
ရှင်းသန့်မေ : ညလေးအသက်လေးသိခွင့်ရှိမလား ခိခိ တိုးတိုးလေးမေးတာ နာအသက်ထက်ကြီးတယ်မလား။
ရွှေမြိုသူ : မမကလည်း သူများကငယ်ငယ်လေးရှိသေးတာ....အသက်က 16နှစ်ပြည့်ဖို့
တစ်ရက်လိုသေးတယ် ခိခိ နောက်တာနော်။ မြို့သူအသက်20 ပြည့်ပြီးပါပြီရှင့်။
ရှင်းသန့်မေ : ညလေးကအခုလက်ရှိဘယ်မှာနေလည်းသိခွင့်ရှိမလား။
ရွှေမြိုသူ : ညီမလေးလက်ရှိနေတာကတော့ New York City မှာ နေပါတယ်အစ်မ။
အရင်ကတော့ရန်ကုန်မှာပါ။
ရှင်းသန့်မေ : ညလေးနာမည်ရွှေမြို့သူဆိုတာနာမည်အရင်းလား။
ရွှေမြိုသူ : ရွှေမြို့သူ ဆိုတာ နာမည်အရင်းမဟုတ်ပါဘူး။ ကလောင်နာမည်ပါ။
နာမည်အရင်းသိချင်ရင် ဒီနားလာ တိုးတိုးလေးပြောပြမယ်နော် ဟီး။
ရှင်းသန့်မေ :ညလေးဒီဆိုဒ်ရဲ့အက်မင်ဆိုတော့အက်မင်တယောက်ဖြစ်ရတာစိတ်ထဲဘယ်လိုနေပါသလဲ။
ရွှေမြိုသူ :ချစ်သူ့မြို့တော်မှာ ပါဝင်ကူညီခွင့်ရတဲ့အတွက်အတိုင်းမသိ ပျော်ရွှင်ပါတယ်။
လက်တွဲခေါ်ပြီး မသိတာတွေကို အလုပ်ရှုပ်တဲ့ကြားထဲက နားလည်အောင်ပြောပြပေးတဲ့ မမကြီးမေသဇင်နဲ့ ကိုရွှေချောနှင့် အခြားအက်မင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ရှင်းသန့်မေ : ညလေးကမန်ဘာတွေတိုင်းလိုလိုကိုအပြုံးလေးနဲ့အမြဲကြိုဆိုတယ်နော်
မန်ဘာတွေမသိတာရှိမျှဝေပေးမယ်အိမ်လေးတွေလိုက်လည်တယ်မန်ဘာတွေကကျေးဇူးတင်လိုက်တာပြောရင်စိတ်ထဲဘယ်လိုခံစားရလဲ။
ရွှေမြိုသူ : ချစ်သူ့ဆိုဒ်ထဲကို အသစ်ဝင်လာတဲ့သူငယ်ချင်းတွေကို မြို့သူလေးက
တတ်နိုင်သလောက် သိထားတာလေးတွေ မျှဝေပေးပြီး ကူညီကြိုဆိုပေးတာပါ
သူငယ်ချင်းတွေနဲ့ ဝေးနေတဲ့မြို့သူလေးအတွက်တော့ ချစ်သူ့မြို့တော်က
သူငယ်ချင်းတွေအိမ်ပဲ လိုက်လည်ရင်းနဲ့ပဲ ပျော်နေရတာပေါ့။
သူငယ်ချင်းတွေက ကျေးဇူးတင်လိုက်တာလို့ပြောရင်တော့
စိတ်ထဲမှာအတိုင်းမသိ ၀မ်းသာပီတိဖြစ်ရတာပေါ့နော်။
ရှင်းသန့်မေ :ညလေးကလူငယ်တယောက်အနေနဲ့ဘလော့ ရေးနေတဲ့လူငယ်စာပေဘလော့ဂါတွေအပေါ် ဘယ်လိုမြင်ပါသလဲ
ရွှေမြိုသူ : ဘလော့တစ်ပုဒ်ရေးရတယ်ဆိုတာမလွယ်ပါဘူး။ ၀ါသနာအရင်းခံပြီး စေတနာထား
ရေးရတာလေ။ ကိုယ်ရေးတဲ့ဘလော့လေး ဖတ်မဲ့သူမရှိရင်လည်း အားငယ်ရတာပေါ့။ အဲဒီထဲမှာမြို့သူလည်း အပါအ၀င်ပါပဲလေ။ ဘလော့တွေ ကဗျာတွေ ရေးတဲ့သူငယ်ချင်းတို့ကို ပြောချင်တာကတော့ကော့မတ်နည်းလို့အားမငယ်ပါနဲ့
ဆယ်ရေးပါလို့။ ၀ါသနာအရင်းခံပြီး စာရေးနေတဲ့လူငယ်ဘလော့ဂါအားလုံးကို လေးစားလျက်ပါရှင်။
ရှင်းသန့်မေ : ဟုတ်တာပေါ့ညလေးရယ်စာတခုရေးပီးဆိုမှတော့အချိန်ကော
လူကောစိတ်ကောနှစ်ထားရတာလေအားလျော့မနေဘဲဆက်ရေးသင့်တာပေါ့။
ညလေးကကဗျာတွေရေးတာတွေရတယ်နော် ကဗျာချစ်သူတစ်ယောက်အနေနှင့်ယနေ့ ခေတ်ရေးသားလာကြတဲ့ ကဗျာတွေအပေါ် ဘယ်လိုခံစားမိပါသလဲရှင်
ရွှေမြိုသူ : ကဗျာတွေရေးဖြစ်သွားတာကတော့ ကိုယ်တိုင်ကဗျာလေးတွေကို ချစ်တာရယ ပြီးးတော့ အားပေးကြတဲ့သူငယ်ချင်းတွေရဲ့ ပြောဆိုမှုကြောင့် ရေးဖြစ်တာပါ။
ခေတ်ကဗျာလေးတွေကို မြတ်နိုးသလို ဂန္တ၀င်ကဗျာလေးတွေကိုလည်း ကြိုက်ပါတယ်။
ခေတ်ကဗျာတွေကတော့ လွတ်လွတ်လပ်လပ်ရေးတာပေါ့။ ကာရံ နဘေတွေမညီပေမဲ့ ရင်ထဲက ခံစားချက်တွေ လေးလေးနက်နက်ထားပြီး ရေးထားတဲ့မော်ဒန်ကဗျာတွေကိုလည်း ကြိုက်ပါတယ်။
ရှင်းသန့်မေ :လူငယ်တယောက်အနေနဲ့.. ဘယ်လိုစာတွေဖတ်သင့်တယ်ထင်သပါသလဲ...
စာရေးသားတဲ့အခါ..ဘယ်လိုစိတ်ကူးပြီးရေးလည်းမျှဝေပေးပါအုန်း
ရွှေမြိုသူ : လူငယ်တစ်ယောက်အနေနဲ့ စာမျိုးစုံဖတ်သင့်ပါတယ်။ သုတရသ ဗဟုသုတ စွယ်စုံပေါ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်မျိုးပေါ့။ စာကောင်းပေမွန်တွေကို ရွေးခြယ်ဖတ်တတ်ဖို့တော့ အရေးကြီးတာပေါ့နော်။ ကိုယ်မရောက်ဖူးတဲ့အရပ်ဒေသကို အဲဒီနေရာအကြောင်း ရေးထားတဲ့စာအုပ်ဖတ်ပြီး အလည်သွားလို့ရတယ်။
စာဖတ်တာများလေ အသိပညာညဏ်တိုးပွားလေမို့ စာများများဖတ်ပေးသင့်ပါတယ်။ စာရေးတာကတော့ ညီမလေးရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို အခြေခံပြီး
ရေးတာပါမမ။ ၀ါသနာပါလို့သာရေးတာ စာရေးကောင်းတာဟုတ်ဘူး ဟီး
ှရှင်းသန့်မေ :ညလေးရေအားလပ်ချိန်တွေကို ဘယ်လိုအသုံးချလေ့ရှိပါသလဲရှင့်
ရွှေမြိုသူ : ရွှေမြို့တော်ထဲ ပတ်မွေရင်း အသုံးချပါတယ်။ ခိခိ
အင်တာနက်မှာလည်း ဟိုကလိ ဒီကလိရင်းနဲ့ပေါ့။
တစ်ခါတစ်လေကျလည်း စာအုပ်တွေဖတ်ရင်း အခွေကြည့်ရင်းနဲ့အချိန်ကုန်သွားတယ်။
ရှင်းသန့်မေ : ဖြစ်ချင်ခဲ့တဲ့ အနာဂတ်စိတ်ကူးလေးကို သိပြရစေရှင်
ရွှေမြိုသူ :ဖြစ်ချင်ခဲ့တာတွေအများကြီးပါ။ တကယ်ဖြစ်လာမှပဲ ပြောပြတော့မယ်နော်။
ရှင်းသန့်မေ : ညလေးတိုးတိုးလေးမေးမယ်နော် ..ဘူမှမသိအောင် အချစ်ဆိုတာကို
ဘယ်လိုမြင်ပါသလဲရှင်
ရွှေမြိုသူ : အချစ်ဆိုတာ ချစ်နေရရုံနဲ့ပဲ ကျေနပ်လိုက်ပါ။ တစ်ဖက်သားဆီက အချစ်ကို
မမျှော်လင့်ပဲ ပေးဆပ်အချစ်သပ်သပ်ပေါ့။ လူတစ်ဖက်သားဆီက မျှော်လင့်ထားပြီး
သူဆီကအချစ် ပြန်မရရှိရင် အရမ်းခံစားရတယ်လေ။
ရှင်းသန့်မေ :အချစ်ဆိုတဲ့ ခံစားချက်လေးကို သိပြစေရှင်
ရွှေမြိုသူ : နှလုံးသားလမ်းကြောင်းကျွန်းခံနေတယ် ဆက်မမေးနဲ့တော့နော် ဟီး။
ရှင်းသန့်မေ :ချစ်သူမြို့ တော်က အက်မင်တစ်ယောက်အနေနဲ့  ချစ်သူမြို့ တော်လေးကို
ဘယ်လိုမြင်ပါသလဲရှင်..ဆိုဒ်အပြင်အဆင်၊မန်ဘာ ၊လက်တွဲဖော် အက်မင်တွေအပေါ် ညလေးရဲ့ အမြင် ခံစားချက်လေး သိပြစေရှင်
ရွှေမြိုသူ :အရမ်းအရမ်းကို နွေးထွေးပြီး ပျော်ရွှင်ဖို့ ကောင်းတဲ့ဆိုဒ်လေးပါ။
ကိုယ်ဖတ်ရင်ဖတ်သလောက် စာပေ ဗဟုသုတ နည်းပညာ အသိပညာတွေ
ရရှိနိုင်မယ့်ဆိုဒ်လေးပါ။
ချစ်သူ့မြို့တော်ကအက်မင်တွေက အချင်းချင်းညီညီညွတ်ညွတ်စည်းလုံးကြပါတယ်။
အားလုံးစည်းလုံးကြလို့လည်း ခုလိုအောင်မြင်တဲ့ဆိုဒ်တစ်ခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။
ရှင်းသန့်မေ : နှစ်သက်လေးစားရတဲ့ ဘလော့ဂါများရှိရင်လဲ ဖော်ပြပေးပါလားရှင့်
ရွှေမြိုသူ : အစ်ကိုနေမင်းခိုင်။ မမကြီးမေသဇင်။ မမရှင်း။ ကိုရင်ကျော်။ ဦးဦးကွန်ဆူးမား။
အများကြီး..............................ရှိသေးတယ်။
ရှင်းသန်မေ : ညလေးရေအခုတလော မန်ဘာတွေစာဖတ်နည်းကျတယ်နော် မမတို့မန်ဘာတွေစာဖတ်လာချင်အောင် ဘယ်လိုလေးလုပ်ကြမလည်းကွယ်စာဖတ်အားနည်းတာဘာကြောင့်ထင်လည်း
(မမရေ အဲဒီမေးခွန်းကို ဖြေရမယ်ဆို တော်တော်ဂွကျတယ် ဟီး........... ရာရာလည်း မန်ဘာတွေစာဖတ်ချင်လာအောင်
ဘယ်လိုလုပ်ပေးရမလဲမသိဘူး. ဆိုဒ်ထဲမှာကိုယ်ပိုင်ဘလော့လေးတွေများတော့များလာပါတယ် ဒါပေမဲ့ စာဖတ်တဲ့လူကမရှိ)။
ရှင်းသန့်မေ :ညလေးတို့လိုလူငယ်တွေကိုညလေးအနေနဲ့ဘာများပြောစရာရှိပါသလဲ။
ရွှေမြိုသူ : ကြိုးစားပါလို့။ သိတဲ့အတိုင်းပဲ ဒီခေတ်ကြီးက IT ခေတ်
ကိုယ်ကအမှီလိုက်နိုင်မှ တော်ကာကြမယ်။ ခေတ်နဲ့ရင်ဘောင်တမ်း မလိုက်နိုင်ရင် ကိုယ်ကျန်ရစ်ဖြစ်သွားမယ်။ အမြဲတမ်း up to date ဖြစ်နိုင်အောင် ကြိုးစားနေရမယ်။ အဲလိုကြိုးစားတဲ့ထဲမှာ မြို့သူတော့ပါဘူးနော် ဟီး
လူအများနဲ့ဆက်ဆံတော့မယ်ဆို ကတိတစ်ခုကို တည်အောင်ထိန်းပါ။
မလုပ်နိုင်ပဲ ကတိမပေးပါနဲ့။ အချိန်တိကျပါ။ သူများကိုသာပြောတာ မြို့သူတို့ဆို အမြဲအချိန်မလေးစားဘူး။ အပြောခံ အဆူခံရတာလည်း ခဏ ခဏဒါလည်းမမှတ်ဘူး ဟိ။
ရှင်းသန့်မေ ဟုတ်ညလေးရေအရမ်းကိုတန်ဖိုးရှိတဲ့စကားလေးတွေပါပဲချစ်သူမြို့တော်
ဆိုဒ်လေးကိုအကြံပေးချင်တာများရှိရင်ပြောပြပေးခဲ့ပါ။
.
ရွှေမြိုသူ : ဟုတ်မမ။ ချစ်သူ့မြို့တော်မှာ ကိုယ်တိုင်ရေး ကဗျာတွေတင်တာများလာပေမဲ့ ပိုစ့်ပိုင်းမှာ သိပ်မတင်ကြသေးသလိုပဲ။
ကိုယ်ပိုင်ရေး စာပေတွေများများရေးကြပါလို့ တိုက်တွန်းချင်ပါတ.်။ ဆိုဒ်ထဲမှာ စာဖတ်နည်းသွားကြတယ်။
မန်ဘာအားလုံး စာဖတ်ကြပါလို့လဲ တိုက်တွန်းချင်ပါတယ်။
နည်းပညာ ရသ သတင်း ကဗျာ ထူးဆန်းထွေလာ ကဏ္ဍမျိုးစုံရှိပါတယ်။ ကြိုက်နှစ်သက်ရာစာပေကို ရွေးချယ်ဖတ်ကြပါလို့
ဝါရင့်ဘလော့ဂါများအားလုံးကလည်း အသစ်လေးတွေကို
လက်တွဲကူညီပေးကြပါလို့ ပြောကြားချင်ပါတယ်။
ရှင်းသန့်မေ :ချစ်သူမြို့ တော် မန်ဘာသူငယ်ချင်းတွေအတွက် အမှတ်တရ စကားလေး ပြောကြားပေးပါရှင်။
ရွှေမြိုသူ : တစ်ယောက်နဲ့တစ်နေရာ နေတာချင်းမတူ နိုင်ငံခြင်းမရှိပေမဲ့ မြို့တော်ထဲမှာ လာရောက်ဆုံတွေ့ကြတာ
ရေစက်ပါလို့ပါနော်။ ခုလိုခင်မင်ခွင့်ရတဲ့အခိုက်အတန့်လေးမှာ ချစ်သူ့မြို့တော်မှသူငယ်ချင်းများအားလုံး
ချစ်ချစ်ခင်ခင်ညီညီညွတ်ညွတ်နဲ့ တတ်နိုင်သလောက် အများအကျိုးအတွက် အတူတူဆောင်ရွက်သွားကြမယ်။
ခုလိုရွှေမြို့တော်ဆိုဒ်အောင်မြင်လာတာ တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးပမ်းမှုကြောင့် မဟုတ်ပါဘူး။
ရွှေမြို့တော်မှာ ရှိတဲ့သူငယ်ချင်းများအားလုံးရဲ့ စည်းလုံးညီညွတ်မှုကြောင့်ပါ။
အဆင်မပြေမှုလေးတွေ အနည်းနဲ့အများတော့ရှိမှာဖြစ်ပေမဲ့ အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းသွားရမှာပေါ့။
ရှင်းသန့်မေ ခုလို အချိန်တွေမအားလပ်တဲ့ ကြားထဲက အင်တာဗျူးအစီအစဉ်လေးကို ပါဝင်ကူညီပေးလို့ ကျေးဇုးတင်ပါတယ်ရှင်။
ရွှေမြို့သူ : ဟုတ်မမရေခုအလုပ်ကမအားတာနဲ့မြိုတော်ကိုအရင်လောက်သိပ်မလာနိုင်ဘူး။
အရင်လိုလာမလည်ဖြစ်ရင်စိတ်မဆိုးကြပါနဲ့လို့။
ညီမလေးကလည်း ခုလိုအမြင်လေးတွေ ပြောပြခွင့်ရလို့ ကျေးဇူးပါလို့။
မြို့သူစကားပြောမတတ်လို့ အမှားပါသွားခဲ့ရင်း သည်းခံပြီးဖတ်ပေးပါနော်။
ချစ်သူ့မြို့တော်မှ သူငယ်ချင်းများအားလုံးကို ထာဝရခင်မင်လျက်။
ဟုတ်ညလေးရေမြိုတော်လေးကညလေးကိုမြန်မာပြည်နဲဝေးနေလို
မြန်မာအစားအစာနဲ့ဧည့်ခံတယ်နော်မြိန်ရည်ရှက်ရေးစားနော်။ထမင်းစားပီလက်ဖတ်စားနော်
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်.............။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် ဘယ်သူဖြစ်မည်ဆိုတာကို
မန်ဘာများ သီးခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်.............။
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်ရင်
နာမည်လေးပေးထားခဲ့ပါ ရှင်းတို့မေးပေးပါမယ့်ရှင်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်.....။
လေးစားလျှက်
♥★ ရှင်းသန့်မေ♥★