ဒီဘဝမှာ ကိုယ်ချစ်ပေမယ့် ကိုယ့်ကိုပြန်ချစ်ခြင်းမခံရတာ
နှစ်ယောက်စလုံးချစ်နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာရတာ
အဲတစ်ခြားအကြောင်းတွေလည်းရှိဦးမှာပါပဲလေ..ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
ကိုယ်ချစ်တဲ့သူနဲ့ပေါင်းစည်းခွင့်မရရင် စိတ်ထဲမှာအနည်းနဲ့အများတော့နာကျင်ခံစားရတာပဲလေ
အဲ့လိုတွေဖြစ်ရတာဘာကြောင့်လဲဆိုတာသိကြလားဗျာ...ကျွန်တော်တို့ဘာသာအရပြောရမယ်ဆိုရင်
အရင်ဘဝတွေက ငါးပါးသီလကို သေသေချာချာလုံခြုံအောင် မစောင့်ထိန်းခဲ့လို့ပါပဲဗျာ..
အထူးသဖြင့် ကာမေသုမိစ္ဆာစာရဆိုတဲ့ကံကို သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ကျိုးပြောက်ခဲ့လို့ပါ
ကျိုးပေါက်တာမဟုတ်ပါဘူး ကျိုးပြောက်တယ်လို့ပြောချင်တာပါ ကျိုးပေါက်တယ်ဆိုရင်တော့
ဒီ့ထက်ဆိုးရွားတဲ့ အကျိုးဆက်ကိုခံရမှာပါ... သူငယ်ချင်းတို့ရေ
အချစ်ကံလေးကောင်းချင်ကြတယ်ဆိုရင် ငါးပါးသီလထဲက
စတုတ္ထမြောက်ကံကိုအထူးအလေးပေးစောင့်ထိန်းစေချင်တယ်
အဲ့ဒါလေးပြောချင်တာပါ....အချိန်သိပ်မရလို့သေသေချာချာရှင်းမပြရတာ
စိတ်မကောင်းပါဘူး နောက်များမှပဲသေသေချာချာရှင်းပြတော့မယ်နော်...
သိပ်သိလွန်းတတ်လွန်းလို့တော့မဟုတ်ပါဘူးခင်ဗျာ..မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်ကို
ကျွန်တော်နားလည်သလိုပြန်ပြောပြရုံလေးပါပဲဗျာ...ကျေးဇူးတင်ပါတယ်...