ချစ်သူမြို့ တော်မှ မြို့ တော်သူ မြို့ တော်သားတို့ ရေ...။
ချစ်သူမြို့ တော်ရဲ့  ရသစာပေ၊၀တ္ထုတိုတွေ၊ကဗျာတွေ၊ပညာပေးပိုစ်တွေအရေးများတဲ့
အထူးဘလော့ဂါကိုကွန်ဆူးမားအကြောင်းကိုမေးခဲ့သမျှဝေမျှတင်ဆက်လိုက်ပါတယ်ရှင့်။
ရှု့ စား ဆက်ဖတ်ကြပါဦးရှင့်။
♥★ ကွန်ဆူးမား ဖြေသည်♥★
ရှင်းသန့်မေ အကိုရေ….မင်္ဂလာပါရှင်
ကွန်ဆုးမား မင်္ဂလာပါ ညီမလေးရေ........
ရှင်းသန့်မေ အဟိ..အကိုအသံကဇာတ်မင်းသားအသံနဲ့တူတယ်နော်… :D
ကွန်ဆူးမား ဟုတ်လား…ဟိဟိဒါဆိုရင်တော့အကိုဇာတ်ကလို့ရပီ
ဟိဟိ…စတာနော်မလုပ်ရဲပါဘူးဗျတော်ကြာခဲမိုးရွာမှစိုးလို့ ။
ရှင်းသန့်မေ တော်သေးတာပေါ့..မြှောက်ပေးတဲ့အတိုင်းကတော့မလိုလားလို့..:D
ကဲကဲ..အကိုရေပရိသတ်လည်းမျှော်နေတော့မယ်အင်တာဗျုးလေးစလိုက်ရအောင်
(ဇာတ်လေသံနဲ့..ခစ်ခစ်)။
ကွန်ဆူးမား ကဲ..ပြောလိုက်ရအောင်..ညီမလေး……..ရေ။
ရှင်းသန့်မေ အကိုကွန်ဆူးမားအမည်ကနာမည်ရင်းဟုတ်ပါသလားရှင့်..
ကွန်ဆူးမား မဟုတ်ပါဘူး….နာမည်ရင်းကသန့်စင်ကိုပါ။
ရှင်းသန့်မေ ဟုတ်ကဲ့ရှင့်.. အကိုနာမည်လေးကဘယ်လိုအဓိပါ(ပ)ယ်လေးနဲ
ပေးထားတာလဲ..
ကွန်ဆူးမား အစုံစားသတ္တ၀ါစားသုံးသူလို့အဓိပါ(ပ)ယ်ရပါတယ်။
နှစ်သက်လို့ပေးမိတာပါ။
ရှင်းသန့်မေ ဟုတ်…အကိုဘယ်မှာနေပါသလဲ..
ကွန်ဆူးမား နေတာကတော့..ကော့သောင်းမှာပါ
အလုပ်က.ဖူးကက်မှာပါ။
ရှင်းသန့်မေ ဟုတ်..အကိုချစ်သူမြို့တော်ဝင်မန်ဘာတယောက်ဖြစ်တာကြာပီပေါ့နော်
အထူးမန်ဘာတယောက်အနေနဲ့ဘယ်လိုခံစားရပါသလဲ..
ကွန်ဆူးမား တစ်နှစ်နီးပါးရှိပါပြီညီမလေး ..၀င်တာသိပ်မကြာသေးပေမယ့်
စိတ်ထဲမှာတော့အကြာကြီးလိုရင်းနှီးသွားတာလေ
အထူးမန်ဘာတယောက်ဖြစ်ရတောအတိုင်းမသိဝမ်းသာမိပါတယ်။
ရှင်းသန့်မေ ဟုတ်..အကိုကစာတွေတော်တော်ရေးဖြစ်တယ်နော်
ဘယ်လိုစာပေတွေအရေးများသလဲ..
ကွန်ဆူးမား အင်း နူးညံ့တဲ့ စာလေးတွေ မှန်ကန်တဲ့ အတွေးအခေါ် လေးတွေရေးချင် ဖတ်ချင်တာပါ......... ယောက်ျားဆန်ဆန်လေးတွေ ကြိုက်တယ်
..... ပညာရှိတွေကို လေးစားတဲ့ သဘောပါ။
ရှင်းသန့်မေ အကိုဇာတ်လမ်းထဲကဇာတ်ကောင်တွေကိုကောအကို
ဘယ်လိုဖန်တီးလဲ။
ကွန်ဆူးမား တွေ့တာလေးတွေ ကြုံတာလေးတွေများပါတယ်ညီမလေး
တကယ်အဖြစ်အပျက်ပါ သူငယ်ချင်းတွေက များတယ်လေ
တကယ့်အဖြစ်အပျက်လေးတွေကို ပုံစံပြောင်းထား
တာလေးတွေလေ...... တစ်ချို့ဇာတ်လမ်းတွေက ရက်စက်ရင်
အကိုက နူးညံ့လိုက်တာ တစ်ခုကလဲ ဖြစ်စေချင်တာလေးတွေ ပေါ့
ဒီလိုလုပ်သင့်တာလို့ တွေးပြီး ရေးလိုက်တာများတယ် ညီမလေးရဲ့။
ရှင်းသန့်မေ ဟုတ်ကဲ… အခုခေတ်ရေးစီးကြောင်းလူငယ်တွေတော်တော်များများ
ကဗျာတွေရေးလာကြပါတယ်နော် အဲဒါဘယ်လိုမြင်ပါသလဲ..
ကွန်ဆူးမား ဟုတ်... အဲဒါကလေ.. သူတို့ပြောချင်တာကို စာနဲ့ ရေးဖွဲ့ဖို့
အဆင်မပြေလို့ ကဗျာလေးတွေနဲ့ ပြောတယ်လို့
မြင်ပါတယ် လူငယ်တွေက စိတ်မြန်တာ သဘာဝပဲလေ
သူတို့ပြောချင်တာလေးတွေလို့မြင်ပါတယ်။
ရှင်းသန့်မေ ဟုတ်ကဲ့…လူငယ်တော်တော်များများက…ကဗျာကိုဘယ်လို
ရေးလည်း၊၀တ္ထုတွေကို..ဘယ်လိုရေးလည်းမေးလာကြပါတယ်
အဲဒါကိုအကိုဘယ်လိုများအကြံပေးချင်ပါသလဲ..
ကွန်ဆူးမား ဟုတ်ကဲ့ ကဗျာမှာတော့ ညီမလေးရာ..... ပြောရရင် စည်းမျဉ်းစည်းကမ်းတွေ အရမ်းများပါတယ်.. သူက အနှစ်တွေလေ....
အကျဉ်းချုပ်ထားတဲ့ ရသလေးတွေပေါ့..... အကိုတို့ရေးတာလဲ
မြန်မာစာပေရေးသားနည်းတွေ သဒ္ဒါတွေနဲ့ တော်တော်လေးကို
ကင်းလွတ်နေတာပါပဲ၊ ဒါပေမဲ့ ထိမိတဲ့ စကားလုံးလေးတွေကို ရွေးချယ်ပြီး
ကာရံလေးတွေ၊ နဘေလေးတွေနဲ့ စကားလုံးအရေအတွက်အလိုက်
ချိတ်ဆက်ပေးနိုင်ရင်တော့ဖတ်လို့ရတဲ့ ကဗျာလေးတွေ ဖြစ်သွားတာပေါ
ဒါကတော့ အလွယ်ရေးနည်းပေါ့နော်... ဒီအဆင့်ကနေမှ တဖြည်းဖြည်းနဲ့ သူ့ရဲ့လမ်းကြောင်းပေါ်ကိုတက်သွားနိုင်ရင် ကဗျာဆရာ.
ကဗျာ ပညာရှင်ဖြစ်မှာပေါ့။ ၀တ္တုကတော့ကျောင်းနေတုန်းက စကားပြေ ရေးသလို
ရေးရင် အဆင်ပြေပါတယ်.. ဇာတ်လမ်းလေးတွေ စိတ်ကူးလေးတွေကိုတော့
အကြမ်းဖျင်း ချရေးပြီး ဇာတ်အိမ်ဖွဲ့နိုင်ရင်တော့ ဇာတ်လမ်းလေးတွေ ဖြစ်လာမယ်လို့
ထင်ပါတယ်..၀တ္တုမှာတော့ ရည်ရွယ်ချက်လေးတွေ ပါသင့်တယ် ထင်ပါတယ် ။
ရည်ရွယ်ချက် ကောင်းကောင်းလေးနဲ့ပေါ့...... နော်။
ရှင်းသန့်မေ ဟုတ်….အကိုရေးလိုက်တဲ့ကဗျာတပုဒ်ဖြစ်ဖြစ်ဝတ္ထုတပုဒ်ဖြစ်ဖြစ်
အကိုကဘာပေးချင်တာပါလဲ..
ကွန်ဆူးမား အကိုက ပထမအချက်ကတော့.. နူးညံ့ခြင်းလေးတွေပေါ့နော်.. စာဖတ်သူကို
နောက်တစ်ခုကစဉ်းစားစရာလေးတွေ တွေးခေါ်စရာလေးတွေနဲ့
မြင့်မြတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်ဓါတ်လေးတွေ
ရစေချင်တာရယ်..... မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတရားတွေရယ်...
.. နောက်ပြီး အခြေအနေအမှန်လေးတွေအတွက် ရေးဖွဲ့ခဲ့တာပါ
အကိုရေးတာလေးတွေဖတ်ပြီး ကျေနပ်သွားကြရင် အင်မတန်ပျော်တယ် ညီမလေးရေ
ချီးကျူးသွားတာထက် ပြန်ပြီး မှန်မှန်ကန်ကန် ဆွေးနွေးသွားရင် ကျေနပ်လို့ မဆုံးတော့ဘူး။
ရှင်းသန့်မေ အကိုအခုခေတ်လူငယ်လေးတွေကိုစကားလက်ဆောင်ဘာများ
ပြောချင်ပါသလဲ…
ကွန်ဆူးမား ဟုတ်ကဲ့........ ခေတ်မီတဲ့ လူငယ်လေးတွေ ဖြစ်စေချင်ပါတယ်.....
ခေတ်ချော်ခတ်လွဲနေတဲ့ လူငယ်လေးတွေ မဖြစ်စေချင်ပါ
စည်းကမ်းနဲ့ စိတ်ဓါတ်ရင့်ကျက်တဲ့ ပန်းလေးတွေဖြစ်စေချင်ပါတယ်......
ဘယ်ဘ၀ရောက်ရောက် အားမလျော့ဖို့ရယ်......
ဘ၀ကို လက်လွတ်စပယ် မတွေးခေါ်မိစေဖို့ရယ် နောက်တစ်ခုက ကျေနပ်နေတဲ့
စိတ်လေးတွေမ၀င်စေချင်ပါဘူး အဆင်ပြေနေတဲ့လူငယ်တွေကိုပြောတာပါ။
မိရိုးဖလာ ယဉ်ကျေးမှုလေးတွေကိုလဲ ထိန်းသိမ်းစေချင်ပါတယ်။
မြန်မာ နိုင်ငံသားတွေက ယဉ်ကျေးမှု အဆင့်အတန်း မြင့်တယ်ဆိုတာ
မမေ့စေချင်တာပါ။ အတွေးအခေါ်ကအစပေါ့။
ရှင်းသန့်မေ အကိုလက်ကိုင်ကျင့်သုံးနေတဲ့ဆောင်ပုဒ်သိပါရစေရှင့်..
ကွန်ဆူမား ``ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း´´
`` ပစ္စုပ္ပန်ကို တည့်တည့်ရှုပါ´´
ဒီနှစ်ခု ညီမလေးအမြဲ ကျင့်သုံးတယ်။
ရှင်းသန့်မေ အကိုချစ်သူမြိုတော်ဆိုဒ်လေးအပေါ်ကိုဘယ်လိုမြင်ပါသလည်းရှင်
ကွန်ဆူးမား အရမ်းအေးချမ်းတဲ့ ကမ္ဘာလေးပေါ့........ အမောတွေ ပြေစေတယ်လို့
ထင်တယ်..ယူချင်စရာတွေ များနေတဲ့ခရစ္စမတ်သစ်ပင်ကြီးလိုလေ။
ရှင်းသန့်မေ အကိုကပြောတတ်လိုက်တာ…ခစ်ခစ်မထင်ရဘူး စတာနော်
ကျေးဇူးပါအကိုရေ... ဟုတ်ကဲ့ကျေးဇူးပါချစ်သူမြို့တော်ဆိုဒ်လေး
ကိုအကြံပေးချင်တာများရှီရင်လည်းပြောခဲ့ပါနော်..
ကွန်ဆူမား မရှိပါဘူးညီမလေး… အားလုံးကြိုးစားထားကြတာလေးတွေက
ကောင်းမွန်ပြည့်စုံပါတယ်။
ရှင်းသန့်မေ ဟုတ်အကိုကျေးဇူးပါအခုဆိုရှင်းတို့မိသားစုတွေဆုံပွဲလေး
ပထမဆုံးအကြီမ်ကျင်းပလိုက်တဲ့အပေါ်ဘယ်လိုမြင်ပါသလဲ..
ကွန်ဆူးမား သိပ်ကောင်းတဲ့ အစီအစဉ်လေးပေါ့ညီမလေးရာ ကိုယ်တိုင် ဆုံတွေ့ရတော့
သံယောဇဉ်ပိုတာပေါ့. နောက်အကြိမ်တွေမှာ အကိုတို့လဲ လာနိုင်အောင်ကြိုးစားပါ့မယ်
တွေ့ချင်ပါတယ်အားလုံးကိုလည်းစကားတွေပြောချင်တယ်
စချင်နောက်ချင်ပါတယ်။
ရှင်းသန့်မေ ဟုတ်အကိုရှင်းတိုလည်း နောင်နှစ်မိသားစုတွေဆုံပွဲလေးကို
နောင်နှစ်ဒီအချိန်မှာစီစဉ်နိုင်အောင်ကြိုးစားပါမယ်။ အခုခေတ်မြန်မာမိန်းကလေးတွေအပေါ်ဘာများအကြံပေးချင်ပါသလဲ..
ကွန်ဆူးမား အမှန်အတိုင်းပြောရမလား..ဟိဟိအားလုံးချစ်စရာကောင်းကြပါတယ်
(ဟဲဟဲ..စတာနော်) မြန်မာဆိုမှတော့ ညီမလေးရာ မြန်မာအသိရှိပြီးသားပါ
သီးသန့်ပြောစရာမလိုပါဘူး မြန်မာအသိပျောက်ရင်လဲ မြန်မာမလေးတွေ ဘယ်ဖြစ်တော့မလဲနော်။
ရှင်းသန့်မေ ဒီလောက်ဆိုမေးရတာမေးခွန်းလေးတွေလည်းပြီးပြည့်စုံပါပြီ
ဖြေရတဲ့လူလည်းမောနေရော့မယ်ဖတ်ရတဲ့လူလည်းမောတော့မယ်
နဂိုတည်းကရှင်းကစကားများတယ်နာမည်ကြီးနေတာ အင်တာဗျုးတွေဖတ်တော့မှပေါ်တော့မယ်ရှင်းစကားများတာတွေ..ဟိဟိ
နောက်ဆုံးမေးခွန်းလေတွေအနေနဲ့မန်ဘာတွေအရမ်းသိချင်တာမေးပေးနော်
အစကမေးရင်ဟိဟိစိတ်ဆိုးပြီးမဖြေမှာစိုးလို့နောက်ဆုံးမှတိုးတိုးလေးကပ်မေးလိုက်မယ်
ဘယ်သူမှသိစေရဘူး(မန်ဘာတွေပဲသိစေမယ်)ခစ်ခစ်
ကွန်ဆူးမား တိန်..ကောင်းရော်(ရှင်းသန့်မေလက်သုံးစကားတိန်)ဟိဟိ
အကိုအသက်ကသုံးဆယ်မဆိုစလောက်စွန်းစွန်းလေး
ယောင်ချာချာနဲ့ပေါ့ :D
ရှင်းသန့်မေ ဟုတ်အကိုရေခုလိုရှင်းမေးသမျှဖြေကြားပေးလို့ကျေးဇူးပါ။
ကွန်ဆူးမား ဟုတ်ညီမလေးရေ..အကိုကလည်း
ညီမလေးရှင်းသန့်မေနဲ့ချစ်သူမြို့တော်ဆိုဒ်လေးကိုကျေးဇူးတင်ပါတယ်။
ချစ်သူမြို့တော်ဆိုဒ်ထာဝရတည်ရှိနိုင်ပါစေ။
ဒီထက်အောင်မြင်ပါစေဗျာ။
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်.............။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် ဘယ်သူဖြစ်မည်ဆိုတာကို
မန်ဘာများ သီးခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်.............။
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်ရင်
နာမည်လေးပေးထားခဲ့ပါ ရှင်းတို့မေးပေးပါမယ့်ရှင်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်.....။
လေးစားလျှက်
♥★ ရှင်းသန့်မေ♥★