Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွန်ုပ်နှင့် စပ်မိစပ်ရာ

$
0
0

                        တစ်နေ့သောညနေခင်း၌ ကျွန်ုပ်လည်းပျင်းပျင်းရှိသည်နှင့် အပြင်ထွက်ရန်စိတ်ကူးရမိကာသူငယ်ချင်းဖြစ်သူ စိုင်းနောင်ကို ဖုန်းလှမ်း Callလိုက်မိချေသည်…။ “ဟယ်လို ကိုစိုင်းလား..” “ အေးပြော..ဘာကိစ္စတုန်းဟ” “ ထွေထွေထူးထူးတော့မဟုတ်ပါဘူးကွာပျင်းလို့အပြင်ထွက်မလားလို့” “ဟဟ ဆိုစမ်းပါအုံးဘယ်ကိုသွားမလို့လည်းကွ” “ကန်တော်ကြီးစောင်းကိုသွားပြီးကန်ဘောင်လေ လေးဘာလေးခံရင်ကောင်းမလားလို့ ရာသီဥတုကလည်းပူတယ်မှတ်လား ဟဲဟဲ” “ နို့….နေစမ်းပါဦးဒီအတိုင်းကြီးပဲဆိုFeel ကျဲတယ်ကွာငါဘီယာဝယ်ခဲ့မယ်မင်းစောင့်နေ ဒါပဲနော်..” “ဟ..ဘီယာဆိုပါလား” မသောက်ရတာကြာပြီဖြစ်လို့ ဘီယာဆိုတဲ့အသံကြားတာနဲ့ကြည်နူးပီတိဂွမ်းဆီထိကာလေချဉ်လေးပဲတက်ချင်လာသလို ခံတွင်းလေးကပဲချဉ်ချင်လာသလို….။ကဲပြောနေကြာပါတယ် ခုပဲသွားမယ်ဟေ့ဆိုပြီးကားနဲ့ထွက်လာခဲ့မိတော့တယ်..အဲ့….ဒီနေရာမှာ ကားဆိုလို့ အထင်တော့မကြီးလေနဲ့ဗျ လမ်းထိပ်က စီးနေကျ ကိုလှညွှန့်ရဲ့ ဆိုက်ကားကိုပြောခြင်းဖြစ်ပါသည်..။ 

                       “ကဲဟေ့ရောင်ရေ ငါရောက်နေပြီနော် မင်းကောဘယ်ရောက်နေပြီလည်း” “ အေးငါလည်းရောက်ခါနီးနေပါပြီကွာ ခနလေး” “ အေးအေးဟုတ်ပြီ မြန်မြန်လာနော်” သိပ်တော့မသောက်ချင်ရှာဘူး ဘီယာဆိုသည်နှင့်မျှော်နေသည့်လေသံကြီးက သိသာလွန်းလှသည်..။2မိနစ်လောက်နေတော့ အထုပ်တွေအဆွဲတွေနှင့်ရောက်ချလာချေပြီ။  “ကဲရော့..ဟောဒီမှာ Myanmar သံဗူးတွေ အမြည်းတော့မပါလာခဲ့ဘူးကွာ ဘာဝယ်ရမှန်းမသိတာနဲ့” “ရပါတယ်ကွာအမြည်းမပါတော့လည်း ကိုယ့်လက်ညှိုးလေးကိုယ်စုပ်ပြီး ကန်ဘောင်လေညှင်းလေးကိုခံစားကြတာပေါ့ကွာ ဟဟ” နှစ်ယောက်သားပြိုင်တူရယ်လိုက်မိကြသည်..။အင်း…….ကျောင်းတုန်းကအတိုင်းပါပဲလား…။ ဒီလိုနဲ့ဘီယာလေးသောက်လိုက် အမြည်းလေးစားလိုက် အဲ လက်ညှိုးလေးစုပ်လိုက် စကားလေးပြောလိုက်နှင့်ကျွန်ုပ်တို့နံဘေးကိုစုံတွဲတစ်တွဲရောက်လာသည်ကိုသတိပြုလိုက်မိကြသည်။

ဒီတော့ကာဘီယာဘူးတွေကို ကိုယ်နှင့်ကွယ်သည်တန်ကွယ် ဖွက်သည်တန်ဖွက်ကာ သောက်လျှင်တောင်လက်ကလေးနှင့် ခပ်အုပ်အုပ်လေးကာသောက်နေရချေလေသည် လူမြင်ကွင်းဆိုတော့မကောင်းရှိသည်မဟုတ်ပါလား…။

         လွယ်အိတ်လေးကိုယ်စီနှင့်ကြည့်ရတာကျူရှင်တွေဘာတွေကပဲပြန်လာသလို…

သို့တည်းမဟုတ်တစ်နေကုန်တစ်နေကမ်းသွားချင်တာသွားပြီး ပြန်ရောက်လာသလို…။

ကျွန်ုပ်တို့နှစ်ယောက်ကလည်းနဂိုကမှ အတွဲမြင်လျှင်ချောင်းချင်သည့်ဝါသနာဓာတ်ခံလေးကလည်းရှိနေလေတော့ ခိုးခိုးချောင်းမိလေသည်..။ “ ဟေ့ ကိုစိုင်းရေ အဲ့တာငါတို့လမ်းထဲကကောင်မလေးကွအခု2nd yr တက်နေတာ” “ အေးကွ ကောင်လေးကိုလည်းငါမြင်ဖူးသလိုပဲ..အင်း ဟုတ်တယ်ကွငါ့ဖယ်ရီပေါ်မှာပါဖူးတယ်အဲ့ဒီ့ကောင်လေး” ဖြစ်နိုင်သည်ကိုစိုင်းကသူ့အိမ်မှ Lighttrauck လေးကိုကျောင်းသားတွေလာငှားလျှင်ဖယ်ရီသဘောဆွဲပေးနေကြ…..။ “ရှူး..တိုးတိုး..”ဟုဆိုကာတိတ်တိတ်နေဆိုသည့်သဘောနှင့်လက်ညှိုးလေးထောင်ပြကာ တစ်ဖက်သို့နားစွင့်မိသည်။ကောင်လေးက “လှိုင်း..အရင်ကမောင်နဲ့မတွေ့ခင်တုန်းကချစ်သူတွေဘာတွေရှိခဲ့ဖူးလားဟင်??” တဲ့ကောင်မလေးကလည်းခပ်ရှက်ရှက်ပုံစံလေးနှင့်ခေါင်းလေးကိုကောင်လေးရဲ့ရင်ခွင်ထဲထည့်ထားကာလက်တစ်ဖက်ကလည်း

ရင်ဘတ်ကိုခပ်ဖွဖွလေးထုနေရင်းနဲ့ “ဟင့်အင်း…ရည်းစားတစ်ခါမှမထားဖူးပါဘူး၊အရင်ကလိုက်ကြိုက်တဲ့သူတွေတော့ရှိတယ်

ပြန်မကြိုက်ပါဘူး။ ခု သူနဲ့တွေ့ မှခစ် ..ဘယ်လိုဖြစ်..ခစ်..” ဟိုက်စ်စ်စ် သေရောဟတယ်ဆိုတဲ့စာပါလားခုနေများကျွန်ုပ်ဆီမှာ မှန်ဘီလူးတစ်လက်လောက်သာရှိကြည့် လက်ဗွေရာများရှာလို့ရရင်ရှာပြလိုက်ချင်သေးရဲ့…ကျွန်ုပ်အရင်ကဒီကောင်မလေးကိုသူ့ရည်းစားနဲ့တွေ့ဖူးပါတယ်ဒီကောင်လေးတော့

လုံးဝမဟုတ် ပြီးတော့ကာ သတိထားမိသလောက်ဆိုရင် တစ်ခါနှင့်တစ်ခါတွဲသည့်ကောင်လေးတွေလည်းမတူချေ နှစ်ယောက်လောက်တော့ရှိချေမည်.. “ဟူး..ကောင်လေးတော့ခံရပြီဟေ့”ကောင်မလေးရဲ့ အဖြေစကားကိုကြားတော့ကောင်လေးက၀မ်းသာအားရနှင့် “တကယ်လားလှိုင်းရယ်မောင်ပျော်လိုက်တာ မောင်လည်းလှိုင်းနဲ့တွေ့မှဘယ်လိုချစ်တတ်သွားမှန်းမသိဘူးကွာ လှိုင်းက မောင့်ရဲ့အချစ်ဦးပါကွာ”ဆိုပြီး ဆံပင်လေးကိုသပ်ကာနဖူးလေးကိုတောင် အနမ်းမိုးတွေခြွေနေလေရဲ့ ။ထိုအချိန်မှာကိုစိုင်းက လက်ကုတ်လာသည်။ “ ဟေ့ရောင်ရေကောင်မလေးတော့လစ်ပီနဲ့တူတယ် ဒီကောင်လေးမှာကဆော်ရှိတယ်ကွငါ့ကားပေါ်ကကောင်မလေးပဲတွဲတာမကြာသေးဘူး” “ ဟေဟုတ်လို့လားကွာသေချာရဲ့လား” “ဟာ…သေချာပါတယ်ကွာသူ့ ကောင်မလေးကငါ့ကားပေါ်ကပဲဟာသိပ်သေချာတာပေါ့ကွ..” ကဲ..ကောင်းရောဟ ငါကတော့ကောင်လေးခံရပြီမှတ်တာ သူတို့က ဂျင်နဲ့ ဘီးနဲ့လာတွေ့ နေတာပါလားးးးးးး။

                          ခနလောက်ကြာတော့ သူတို့တွေလည်း ဖုတ်ဖတ်ခါပြီးပြန်သွားကြလေရဲ့။သူတို့ပြန်ပြီဆိုသည်နှင့်ခုနကခိုးကြောင်ခိုးဝှက်သောက်နေရတဲ့ ဘီယာကိုပွင့်ပွင့်လင်းလင်း အားရပါးရ နှစ်နှစ်ခြိုက်ခြိုက်ပြန်သောက်ကြရင်းနှစ်ယောက်သားစကားစမြည်ပြောနေကြသည်။

ယောင်္ကျားချင်းစကားပြောတယ်ဆိုတော့ကာဖြင့်အတင်းတုပ်တယ်လို့ပြော ဘယ်ကောင်းမတုန်းဗျ နော့်..။ “ အေ့..ခုနကကွာငါကတော့ ကောင်လေးခံရပြီမှတ်တာ ဘာတဲ့…သူနဲ့တွေ့ မှ ခစ်..ဘယ်လိုဖြစ် ခစ်..တဲ့ ရှက်ကိုးရှက်ကန်းလေးနဲ့ပြောလိုက်တာများကွာတကယ့်ကိုအရိုးခံလေးအတိုင်းပဲ တကယ်တော့ကြည့်ပါဦးသူ့မှာကဘဲနှစ်ဗွေလောက်ရှိဖူးပြီးသားကိုလေ” “ အေးကွ ငါလည်းမင်းလိုပဲကောင်မလေးခံရပြီမှတ်တာ ကောင်လေးကလည်းသူ့အရင်ကောင်မလေးရှိပြီးသားကို လှိုင်းက မောင့်ရဲ့အချစ်ဦးပါကွာ တွေဘာတွေ လုပ်နေတာလေ ဟဟဟ”  "အင်း တကယ်ဆိုသူတို့လေးတွေက ချီးကျူးစရာလေးတွေပါကွ" “ ဟေ ” “ အေးဟုတ်တယ်လေကွာ မင်းပဲစဉ်းစားကြည့် ရှေးလူကြီးတွေပြောခဲ့သလို ယောင်္ကျားကောင်းမောင်းမတစ်ထောင်တို့ ၊ ရည်းစားတစ်ထောင်လင်ကောင်တစ်ယောက်တို့ ဆိုတဲ့စကားတွေကိုမပျောက်ပျက်အောင်ကြိုးစားပေးနေတဲ့လူငယ်လေးတွေလေကွာ….” “ အေးကွ ခုခေတ်ကလည်းလွယ်တာမဟုတ်ဘူးကွ လူငယ်တွေကဘာမဆိုလက်ရဲဇတ်ရဲနဲ့လုပ်ရဲကိုင်ရဲလာကြပြီ ဒီနှစ်သင်္ကြန်ကိုပဲနီးနီးနားနားကြည့်လိုက်ဦး ငါတို့လိုသာမန်လူတွေမပြောနဲ့ တိုင်းသိပြည်သိမင်းသမီးတွေတောင်ဟော့ရမ်းလန်ထွက် ပိတ်ခံထိတဲ့ဟာတွေတောင်ထိကုန်ပြီဆိုပဲ” “ အေးနော်ဟိုတစ်ယောက်လေ ဘာတဲ့ သင်ဇာဝင့်ကျော်ဆိုလား မင်းအသည်းစွဲလေးလေ ဟဟဟ” “ဟာ….ဘာလဲကွ မဆွဲပါဘူး ခုနေများအလကားလာပေးရင်တောင် တော်တော်စဉ်းစားယူရဦးမယ်” “အမလေး မင်းကများကြီးတီးကြီးကျယ် ဟိုကလည်းမင်းကို ပေးမလားတဲ့ ဟဟ” “ခုခေတ်ချစ်သူရည်းစားဆိုတာကလည်းကွာလွယ်လွယ်နဲ့ရတဲ့ ပစ္စည်းကြီးတစ်ခုလိုဖြစ်နေပြီလားမသိပါဘူးကွာခုပဲကြည့်လေ ကိုယ်ကသူ့ လိမ် သူက ကိုယ့်လိမ်နဲ့ နှစ်ယောက်သားအဆင်တွေပြေနေလိုက်ကြတာ အချစ်အတွက်ကတိစကားတွေ ဆိုတာလည်း ရင်ထဲကစကားတွေမဟုတ်ပဲ လေထဲက အလကားရတဲ့စကားတွေပဲဖြစ်ကုန်ပြီ” “ အဲ့တာပြောတာပေါ့ကွ ကတိ ကတိ နဲ့ဘာကတိလည်း တော်ရုံလူဘယ်သူကများတည်လို့လဲကွာ လူတိုင်းကိုတော့မပြောလိုပါဘူး” “ဒီလိုပဲပေါ့ကွာ မရခင်တော့လည်း ဖျာလိုလိပ်ထိပ်ပေါ်တင်ပြီး ရတော့မှ ဖျာလိုခင်းခြေနဲ့နင်းကြတာများပါတယ်ကွာ” “ တော်ပြီကွာ နောက်မှပဲဆက်ပြောတော့မယ်မှောင်လည်းမှောင်နေပြီ ဘီယာလည်းကုန်ပြီ ဆိုတော့ကာဖြင့် ပြန်ကြစို့ဟေ့” သို့နှင့် ကျွန်ုပ်တို့ရောင်းရင်းနှစ်ယောက်လည်း တစ်ဦးကို တစ်ဦးနှုတ်ဆက်ကာ ကိုယ့်အိမ်ကိုပြန်ခဲ့ချေလေပြီ တမုံ့ ………………..။

အချစ်ငတ်နေ လူငယ်တွေ ချစ်သူချောချောရပါစေ..... ရသောချစ်သူနှလုံးဖြူ ရွှေလက်တွဲလို့မြဲပါစေ....... 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...