Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ငါအိုသွားသောအခါ…

$
0
0

သားတို့ သမီးတို့ရေ…ငါအိုသွားသောအခါ…

• ငါအိုသွားသောအခါ ငါဟာအရင်လို မဟုတ်တော့ဘူး။

(ငါ့ကိုနားလည်ပေးကြပါ၊စိတ်ရှည်ရှည်ထား ဆက်ဆံပေးကြပါ၊)

• ငါထမင်းစားတဲ့အခါ ချည့်နဲ့တဲ့လက်တွေနဲ့၊တုံတုံရည်ရည် ထမင်းဟင်းတွေ
အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ၊ အကျီင်္လုံချည်တွေ ဖိုသီဖက်သီ ဖြစ်နေတဲ့အခါ၊ ငါ့ကို မရွံပါနဲ့ ။
(သားတို့ သမီးတို့ ငယ်ငယ်တုန်းက၊ ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ၊)

• ငါသတိချို့ယွင်းပြီး အပ်ကြောင်းထပ်မက စကားတွေပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။
(သူငယ်ပြန်တယ်လို့မပြောပါနဲ့) သားတို့ သမီးတို့ကို ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေနဲ့အတူ အခြားပုံပြင်များကို ရှာဖွေပြီး တစ်ညနဲ့တစ်ည မရိုးအောင် ငါချော့သိပ်ခဲ့တာလေးတွေကို သတိရပေးပါ။

• ငါမလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ကြပါနဲ့။(သားတို့ သမီးတို့ငယ်ငယ်တုန်းက၊
ချော့တစ်ခါ၊ခြောက်တစ်လှည့်နဲ့ ရေချိုးပေးခဲ့တဲ့ ပုံရိပ်ကလေးတွေကို မြင်ယောင်ပေးပါ။)

• ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်လို့ ပြောမိရင်လဲ၊မလှောင်ပါနဲ့၊
(သားတို့ သမီးတို့ငယ်ငယ်တုန်းက မသိနားမလည်လို့ မေးသော မေးခွန်းတိုင်းကို
စိတ်ရှည်ရှည်နဲ့ ငါပြန်ဖြေပေးခဲ့တာလေးတွေကို သတိရပေးပါ။)

• ငါစိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ၊ (ခွန်အားပါတဲ့ သားတို့ သမီးတို့ရဲ့
လက်အစုံနဲ့ငါ့ကိုကူတွဲပေးကြပါ။)(သားတို့ သမီးတို့ လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်သင်ပေးခဲ့တာတွေကို သတိရပေးပါ။)

• တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်ပေးကြပါ။ အားပေးကြပါ။
(သားတို့ သမီးတို့ငယ်ငယ်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို၊အခုအချိန်မှာ
ငါ့ဘ၀နောက်ဆုံး အချိန်ဖြစ်တဲ့အတွက် ငါ့ကိုအဖော်ပြုပေးကြပါ။)

ချစ်ခြင်းမေတ္တာနဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေးခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ
(မဆုံးနိုင်တဲ့ ငါ့ရဲ့မေတ္တာတွေ တွေ့ရမှာပါ။)
သားတို့ သမီးတို့…………………ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါကွယ်။

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>