မဆုံနိုင်တဲ့ ချစ်ခြင်းကို မင်းအတွက်ငါ အသက်သွင်းမိမှတော့ အသည်းကွဲတယ်ဆိုတာ ငါ့အတွက် ခပ်ညံ့ညံ့ အနားသတ်တစ်ခုသာ သတ်မှတ်လိုက်ပါတော့ ချစ်သူ ....
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ ငါ့အာသီးဝမှာ ငြိတွယ်ခဲ့လို့ ဖွင့်ဟဖို့ နှုတ်ခမ်းက တာဝန်မကျေနိုင်ခဲ့ဘူး ဆိုတာ မင်းတစ်ယောက် သိမှသိပါလေစ ချစ်သူ .....
နံနက်ခင်းရဲ့ အစောဆုံးနေခြည် တစ်ပေါက်ကစ ညရှုခင်းရဲ့ နောက်ဆုံးကြယ်တစ်ပွင့် လင်းလက်နေချိန်ထိ င့ါနှလုံးသား ကြေးမုံပြင်မှာ အရိပ်ထင်နေတာ မင်းပါပဲ ချစ်သူ .....
ဒါပေမယ့် စောင့်စည်းထိန်းချုပ်မှုဟာ ငါ့ကို အသိတရားနဲ့ ဘောင်ခတ်ပြီး မေတ္တာအပေးအယူ လုပ်မှုအတွက် သစ္စာတရားက ထိပ်တုံးခတ်လို့ အချစ်တရားခံစစ် ငါသာပဲ ဖြစ်ခွင့်ရခဲ့တယ် ချစ်သူ .....
ခုတော့ ငါ့ကံတရား နေညိုချိန်မှာ မင်းရဲ့အပြုံး ကွမ်းတစ်ယာ ရေတစ်မှုတ်နဲ့ အားလျှော့ပြီး ယောင်္ကျားတစ်ယောက်ရဲ့ သိက္ခာနဲ့မာနကို ကားစင်တင် လောကဓံ အာဏာပါးကွက်သားတွေက ကွတ်မျက်တာပဲ လည်းစင်းခံလိုက်တော့မယ် ချစ်သူရယ် .....
နောက်ဘ၀ဆိုတဲ့ ပန်းတိုင်တစ်ခုများရှိခဲ့ရင် ဘ၀ခရီးတွေ ဘယ်လောက်ပင်ကြမ်းပါစေ မင်းလက်ကိုဆုပ်ကိုင် ဖြတ်ကျော်ခွင့်ကိုပဲ ပေးသနားဖို့ ကိုယ်ဆုတောင်းရင်း နှလုံးသားတောင်စွယ် နေကွယ်ချိန်မှာ ငါ့အချစ်ဇီဝိန်တွေ ချုပ်ပါရစေတော့ အုံ့ပုန်းချစ်သူရယ် .....