တနေ့ထွက်ပြီး တစ်နေ့ဝင်လို့ ညချမ်းချိန်ခါအိပ်ရာဝင်ချိန် စဉ်းစားကြည့်ပါ ငါဒီနေ့ ပြီးခဲ့တဲ့နေ့ကထက် တိုးတက်မှု့ရှိရဲ့လား
ပိုပြီးဆုတ်ယုတ်သွားသလားဆိုတာကိုပေါ့ နေထွက်ချိန်ကစလို့ နေ၀င်ချိန်အထိ ကုသိုလ်ရယ် ပညာရယ် ဥစ္စာရယ် တစ်ခုခူတော့
သေချာစွာရရမယ်. . ငါဘာရခဲ့သလဲ ဆိုတာကိုစဉ်းစားပါ စဉ်းစားလို့ ဘယ်အရာမှမရသေးဘူးဆိုရင် အိပ်ရာဝင်ခါနီးမှာ
အတုမရှိ အတူမရှိုတဲ့မြတ်စွာဘုရားရှင်ကို ရှိခိုးခြင်းဖြင့် တစ်နေတာရဲ့ ကုသိုလ်ကိုရအောင်ယူလိုက်ပါ
ဘာကြောင့်လည်းဆိုရင် ငါတို့တစ်တွေဟာ ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ ဘာတွေနဲ့သေရမယ်ဆိုတာမသိတဲ့သူတွေမို့လား
တကယ်လို့များ အိပ်ရာဝင်ရင်းနဲ့ မတော်တဆများသေသွားခဲ့မယ်ဆိုရင်တောင် ဘုရာုးကိုရှိုခိုးရတဲ့ကုသိုလ်ကြောင့်အပါယ်ဘေးမှတော့
လွတ်ကင်းချမ်းသာရမယ်မို့လား . . .
ဒါပေမဲ့ ဒို့လူသားတွေဟာ တစ်ရက်ပြီးတစ်ရက်သာကုန်ဆုံးသွားတယ်ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရနဲ့
မရခြင်းများစွာနဲ့သာ အချိန်တွေကုန်ပြီး နေ နေကြတာဘာကြောင့်လည်းအသက်တွေသာတစ်ရက်ပြီးတစ်ရက်ကြီးလာတယ်နေ့တိုင်းသာ
မရခြင်းတွေနဲ့ ငါတို့နေသွားမလားဆိုတာစဉ်းစားစေခြင်ပါတယ်(နောက်မှဆက်ရေးပါမည်)