“ ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..”.အခန်းဆက်ဆောင်းပါးများကို
ညီ..ညီမအရွယ်များ အတွက်သာ ရည်ရွယ်ပါတယ်..
နိုင်ငံတကာဖြတ်သန်းရတဲ့ဒီမိုကရေစီခရီးလမ်းကို ယေဘူယျ..တင်ပြခြင်းသာဖြစ်ပါတယ် ။
အခန်းဆက် (၇) ပုဒ်ရေးသားတင်ပြပေးပါမယ်..
(၁) မြန်မာ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ
(၂)မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအစ(၁၉၄၈-၁၉၆၂)
(၃)မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး (၁၉၆၂-၂၀၁၀)
(၄)ဒီမိုကရေစီ အသွင်ကူးပြောင်မှုစတင်ခြင်း (transition )
(၅) ပိုမိုလွတ်လပ်လာခြင်း (Liberalization )
(၆) ဒီမိုကရေစီစနစ်ဆီသို့ (Democratization )
(၇) ဒီမိုကရေစီစနစ်ခိုင်မြဲအောင်တည်ဆောက်ခြင်း..(Democratic Consolidation )
……………………………………………………………………………………………………….
“ ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..”. အပိုင်း(၃)
မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး (၁၉၆၂-၂၀၁၀)
၁၉၆၂ ခုနှစ် မတ်လနှစ်ရက်နေ့မှာ ဗိုလ်ချုပ် နေ၀င်း ခေါင်းဆောင်တဲ့
စစ်တပ်က ၀န်ကြီးချုပ်ဦးနု ရဲ့ ပထစ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်..
အကြောင်းပြချက်ကတော့..လူမျိုးစုများကတောင်းဆိုလာတဲက ဖက်ဒရယ်မူ ကိုအကြောင်းပြတာပါ..။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ..ဖက်ဒရယ် ဆိုတာက ပါဝင်နေခဲ့ပါတယ် ။
တစ်နည်းအားဖြင့် အင်မတန်မှ အကဲဆတ်သော ၊သိမ်မွေ့သော ၊အထိမခံသောလူမျိုးစု
ပြဿနာဖြစ်ခဲ့ပါတယ်..
၁။ ၁၉၆၁ခုနှစ်ဇွန်လမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ..၀န်ကြီးချုပ် ဦးနု ရဲ့ခွင့်ပြုချက်နဲ့
ပြည်နယ်ပေါင်းစုံညီလာခံကြီးပြုလုပ်ခဲ့ပါတယ်။ ဖက်ဒရယ်မူပေါ်ထွက်ခဲ့ပါတယ်။
နောင်အခါ သမိုင်းမှာ ( ရှမ်းမူ ) လို့တွင်ပါတယ် ။
ထိုဖက်ဒရယ်မူ အဆိုမှာ
(၁)ပြည်မကို ပြည်နယ်တစ်ခုအဖြစ်ဖွဲ့စည်းရေး။
(၂) လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး။
(၃)လူမျိုးစုလွှတ်တော်ကိုပြည်နယ်တိုင်းမှ တူညီသောကိုယ်စားလှယ်ပေးရေး
(၄)ပြည်နယ်များက ဆန္ဒအလျောက် လွှဲအပ်သောအာဏာများကိုပြည်ထောင်စုအစိုးရသို့
ကန့်သတ်ပေးပြီးကျန်သောအာဏာများကိုပြည်နယ်များတွင်ထားရှိရေး..စသည့်အချက်များ
ပါဝင်ပါတယ်..။
အဲဒီအဆိုကို..
(၁) ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ရန်ကုန်မြို့မှာ အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးပါတီများ
အစုံအညီဖြင့် ဆွေးနွေးခဲ့ကြပါတယ်..။ဝန်ကြီး စ၀်ခွန်ချိုက အဆိုတင်ပြီး
တိုင်းရင်းသားခေါင်းဆောင်အချို့က ထောက်ခံပါတယ်..။
(၂) ၁၉၆၂ မတ်လ ၁ ရက်နေ့မှာ..ဒုတိယအစည်းဝေး ဆက်လုပ်ပြန်ပါတယ်..
ပမညတ နဲ့ ဖဆပလ ကိုယ်စားလှယ်များက ထိုအဆိုဟာ..ဖက်ဒရယ်မူ မှ ကွန်ဖက်ဒရေးရှင်းသို့
ဦးတည်နိုင်သည်ဆိုပြီး ထောက်ပြကြပါတယ် ။
(၃) ထိုအချိန်က အစိုးရဖြစ်သော ပထစပါတီ၏ သဘောထားကို မတ်လ(၇) ရက်နေ့တွင် တင်ပြရန်ဖြစ်သော်လည်း..
၁၉၆၂ မတ်လ (၂) ရက်နေ့မှာ.ဗိုလ်ချုပ် နေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်က
ဝန်ကြီးချုပ်ဦးနု ရဲ့ ပထစ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်..။
အဲဒီနေ့က စလို့ မြန်မာနိုင်ငံဟာ..စစ်အစိုးရလက်အောက်ကို စတင်ကျရောက်ပါတော့တယ် ။
၁၉၆၂ ခုနှစ်မှ..၁၉၁၀ ခုနှစ်ထိ စစ်အုပ်ချုပ်ရေးကာလကြာရှည်ပါတယ် ။
ထိုအချိန်ကမတိုင်မီကပင်..စတင်ခဲ့သော ပြည်တွင်းစစ်ကြီးဟာလဲ..နောက်ပိုင်းမှာ
ပိုလို့သာ ဆိုးလာပါတော့တယ်..။
ဘယ်မူ..ဘယ်အချက်မှန်တယ်ဆိုတာကတော့..
ကျွန်တော်တို့လို နိုင်ငံရေးသမားစစ်စစ်မဟုတ်သူအနေနဲ့ မတွေးတောတတ်ပါ.။
အပိုင်း(၄)မှာ..မျက်မှောက် ဒီမိုကရေစီ ခရီးလမ်းမှာ..ဖြတ်သန်းရမဲ့ အဆင့်မျာကို
ဆက်လက်တင်ပြပါ့မယ်..။