သမိုင်းဝင်ရက်နန် ခေတ်လူခံစားချက်
စကားလုံးတိအင်အားနန့်
အာရုံဦးကိုလှုပ်နှိုးလို့
နိုးပင်နိုးပါဖို့လား
သေချာပါရေဆိုရေ နှစ်သိမ့်စကားတိစွာ
အမှန်တကယ်လှမ်းလျောက်ကြည့်မှ
အင်အားမပြည့်ခမှန်း
ငါကိုယ့်တိုင်လည်းကြုံခဖူးဗျာလ်ဝါ
ဆီးအိတ်လွယ်ပြီး
ရောဂါတပုံနန့် သီသူကို
ဆီးအိတ်လွယ်ထားသူရို့ဗျာယေ
ဝမ်းနည်းပတ်လက်သင်္ဂြိုခကတ်ယင့်
အင်္ဂါမစုံဖြစ်နီရေ ဆင်းတုတော်တိနန့်
အညွန့်ကျိုးနီရေ ဇာတိကို
လက်ဦးချီ ယင်း နှောင်းအတိတ်ကိုမှန်းဆ
ကြွီမွနီရေ မြေစာပုံထက်မှာ-ငါ
အံကြိတ်ဗျာလ် အခါခါ ငိုရိုတ်ယင်းနန့်
နိဗာန်ဆုတောင်းဖို့ အသိလည်းပျောက်ဆုံးဖူးယင့်
ဇာလောက်ရင်နာဖို့်ဆိုစွာ
တစ်ချက်လာကြည့်ကတ်ပါ ဖိုးဖီးဇူဇာရို့
ကံကိုအပြစ်ဖို့ ယင်းနန့်ပင်
(၃၁) ရက်ဒီဇင်ဘာမီးကို
အပြီးသတ် ငြိမ်းနိုင်သူရို့
ကျွန်ဘဝနန့် ရုန်းတောင်မရုန်း
အိပ်မွန်း ကျနီကတ်တေ
အောင်လံမလဲခင်ရက်တိက
နန်းတွင်း အဖြစ်အပျက်လည်းလေ့
အဂုပုံစံတစ်မျိုးနဲ့ ခေတ်စားနိန်ယင့်
ခေတ်သစ်မှာခံစားချက်သစ်နိုင်ဖို့ ပြင်ဆင်ယင့်
နိတစ်ဝတ်ဖြတ်သန်းမှုမှာတော့ခါ
ငါ- လူမိုက်ဗျာယေ
ပြုပြင်ပြောင်းမှုမဟိပဲနန့်
အချိန်ကာလနဲ့ရာ ဒဏ်ရာဒဏ်ချက်ကို
ကုစားနိန်ကတ်ဖို့ ဆိုကေ
ကျွန်ဘဝကလွတ်မြောက်ဗျာလ်
' ရခိုင်သားချေ,;'