တစ်နေ့ထွက်ပြီး တစ်နေ့လို့ညချမ်းချိန်ခါ အိပ်ရာဝင်စဉ်မှာပေါ့ စဉ်းစားကြည့်ပါ ငါဟာ ပြီးခဲ့တဲ့နေကထက် ဒီနေ့ တိုးတက်မှု့ရှိရဲ့လား
ပိုပြီးဆုတ်ယုတ်သွားသလား လူတိုင်းလူတိုင်းဟာ မနက်နေထွက်ချိန်ကစလို့ညချမ်း အိပ်ရာဝင်ချိန်အထိ ကုသိုလ်ရယ်ပညာရယ် ဥစ္စာရယ်
တစ်ခုခုတော့ရသင့်တယ်မို့လား ငါဘာတွေရခဲ့သလဲဆိုတာကို ပြန်လည်ပြီးစဉ်းစားရမယ် ဘယ်အရာမှမရခဲ့ဘူးဆိုရင် လည်း အိပ်ရာဝင်ခါနီးမှာ အတုမရှိ မြတ်စွာဘုရားရှင်ကို ရှိခိုးခြင်းဖြင့်ဒီနေ့တစ်နေ့ရဲကုသိုလ်ကိုရအောင်ယူလိုက်ပါ ဘာလို့လည်းဆိုရင် ငါတို့တစ်တွေဟာ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သို့သော အကြောင်းအရာနဲ့ သေရမယ်ဆိုတာ မသိကြတဲ့သူတွေကြည့်ပါပဲ တကယ်လို့များ ငါတို့ဟာ အိပ်ရာဝင်ရင်း သေသွားခဲ့မယ် ဆိုရင်တောင် မြတ်စွားဘုရားကိုရှိခိုးရတဲ့ ကုသိုလ်ကြောင့် အပါယ်ငရဲတော့ လွတ်ကင်းချမ်းသာမယ်မို့လား ဘုရား တရား သံဃာ မိဘ နှင့် ဆရာသမားကို ရှိခိုးပြီးအိပ်တော့ အိပ်နေရင်းနဲ့သေသွားးခဲ့မယ်ဆိုရင်တောင် အပါယ်မကျ နိုင်တော့ဘူးဆိုတဲ့အသိနဲ့ ကောင်းမွန်စွာအိပ်စက်ရပ်ါတယ် လူတွေဟာ တစ်ရက်ပြီးတစ်ရက်သာ အသက်တွေကြီးလာတယ် ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရနဲ့ မရခြင်း တွေ များနေရင် အသိညာဏ်တွေရှိနေတာ အလကားပဲဖြစ်သွားလိမ့်မယ် အသက်တွေသာ တစ်ရက်ပြီးတစ်ရက်ကြီးလာတယ် ဘယ်အရာမှ မရခဲ့ဘူးဆိုရင် ဒီဘ၀လူဖြစ်ရှုံးပြီပေါ့ ဒါကြောင့် အားလုံးသော သူငယ်ချင်း တွေဟာ ကိုယ်ဘ၀အတွက် (ခဏတာရလာတဲ့လူဘ၀ကြီးမှာ)ကိုယ့်အတွက် ဘာသာသာသနာအတွက် ငါလုပ်မှငါရမှာဆိုတဲ့ အသိလေးတွေနဲ့ အရာအားလုံးကို စဉ်းစားပြီးလုပ်စေခြင်တဲ့ဆန္ဒနဲ့ရေးမိတာပါ . . . ...
အားလုံးသောသူငယ်ချင်းတွေ အရာရာမှာအောင်မြင်မှု့ရရှိနိုင်ပါစေ လွမ်းနန္ဒအောင်(၀မ်းတွင်း)