Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နောက်ဆက်တွဲသတင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင် ၇ ရာအကြောင်း( ၀မ်းသာစရာ ) :P

$
0
0

မြန်မာနိုင်ငံတင်ရှိသည့် ကြွေးမြီဒေါ်လာ ၃.၇ ဘီလီယံအား ဂျပန်နိုင်ငံက ပယ်ဖျက်ပေး  ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံက တင်ရှိနေသည့် အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကြွေးမြီအား ပယ်ဖျက်ပေးသွားရန် သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သဘောတူညီချက်အား ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ ၂ ဦး တိုကယိုတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။ ၂ နိုင်ငံခေါင်းဆောင်များအနေဖြင့် ရန်ကုန်မြို့အနီး၌ အထူး စီးပွားရေး ဇုံတစ်ခု တည်ထောင်သွားရန်လည်း သဘောတူညီခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသို့ ဆယ်စုနှစ် ၃ ခုအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် မြန်မာခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့သည်။ အဆိုပါသဘောတူညီချက်များအား ယင်းတို့ ၂ ဦး၏ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပူးတွဲ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိလာခဲ့တဲ့ အချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုများကို ဆက်လက်ထောက်ခံသွားမှာဖြစ်သလို တစ်ဖက်တစ်လမ်းကလည်း လိုအပ်တဲ့ ထောက်ပံ့မှုများကို ဆက်လက်ပြီး တော့ ပေးအပ်သွားမှာပါ။” ဟု ဂျပန်ဝန်ကြီးချုပ်က ဆိုခဲ့သည်။ ဆက်စပ်သတင်းအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား လျှော့ ပေါ့ပေးရေးအား ယနေ့ (တနင်္လာနေ့) တွင် ဆုံးဖြတ်သွားဖွယ်ရှိသည်ဟု သတင်းများအရ သိရှိရသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...