Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..အပိုင်း(၄)

$
0
0

“ ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..”.အခန်းဆက်ဆောင်းပါးများကို

ညီ..ညီမအရွယ်များ အတွက်သာ ရည်ရွယ်ပါတယ်..

နိုင်ငံတကာဖြတ်သန်းရတဲ့ဒီမိုကရေစီခရီးလမ်းကို ယေဘူယျ..တင်ပြခြင်းသာဖြစ်ပါတယ် ။

အခန်းဆက် (၇) ပုဒ်ရေးသားတင်ပြပေးပါမယ်..

(၁) မြန်မာ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ

(၂)မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအစ(၁၉၄၈-၁၉၆၂)

(၃)မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး (၁၉၆၂-၂၀၁၀)

(၄)ဒီမိုကရေစီ အသွင်ကူးပြောင်မှုစတင်ခြင်း (transition )

(၅) ပိုမိုလွတ်လပ်လာခြင်း (Liberalization )

(၆) ဒီမိုကရေစီစနစ်ဆီသို့ (Democratization )

(၇) ဒီမိုကရေစီစနစ်ခိုင်မြဲအောင်တည်ဆောက်ခြင်း..(Democratic Consolidation )

……………………………………………………………………………………………………….

“ ဒီမိုကရေစီ ခရီးစဉ်ဖြတ်သန်းမှု..”. အပိုင်း(၄)

ဒီမိုကရေစီ အသွင်ကူးပြောင်မှုစတင်ခြင်း (transition )

မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးအောက်တွင်..မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဖွဲ့စည်းခဲ့သည် ။

ကျန်နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်မရှိပါ ။

စစ်အစိုးရက ၁၉၇၄တွင် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်ရေးဆွဲပြဌာန်းပါတယ်။

တစ်ပါတီ စစ်အုပ်ချုပ်ရေးကာလမှာ..မြန်မာနိုင်ငံရဲ့..စီးပွားရေးဟာ တခါးပိတ်စီးပွားရေးစနစ်ကို

ကျင့်သုံးရင်း..ကမ္ဘာမှာ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ခဲ့ရပါတယ်..။

ငွေစက္ကူများ အကြိမ်ကြိမ် တရားမ၀င်ကြေငြာခဲ့ပါတယ်..

ဒီဒါဏ်တွေကြောင့် ..၁၉၈၈ တစ်နိုင်ငံလုံးအုံကြွမှု ဖြစ်ခဲ့ရပါတယ်..။

စစ်အစိုးရကတော့..လက်ဝဲ လက်ယာ အဖျက်သမားများကြောင့်လို့ဆိုပါတယ်..။

ကျောင်းသား ခေါင်းဆောင်များ..နိုင်ငံရေးခေါင်းဆောင်များပေါ်လာပါတယ်..။

ဒီမိုကရေစီရေး ထင်ရှားသူကတော့..ဒေါ်အောင်ဆန်းစုကြည်ပါ..။

အုံကြွမှုကာလအတွင်း စစ်တပ်က တိုင်းပြည်အာဏာကို လွှဲပြောင်းယူလိုက်ပြန်ပါတယ်..။

၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုဖျက်ပြန်ပါတယ်..။

နောက်..၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြန်ပါတယ်..။

၁၉၁၀မှာ ပါတီစုံဒီမိုကရေစီ ရွေးကေါက်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်..။

ယခုလက်ရှိ လွှတ်တော်ပေါ်ပေါက် လာရခြင်းဖြစ်ပါတယ်..။

ဒီနေရာမှာ..လွတ်လပ်ရေးရပြီးစ..ပါလီမန်ဒီမိုကရေစီစနစ် လွှတ်တော်နဲ့

ယခုလက်ရှိ..လွှတ်တော်မတူတာလေးကို ပြောပြချင်ပါတယ်..

(၁) ပါလီမန်ဒီမိုကရေစီစနစ် လွှတ်တော် ဆိုတာမှာ..အမတ်ဖြစ်မှ အစိုးရအဖွဲ့ဝင်ဖြစ်နိုင်ပါတယ်..

ဒါကြောင့် အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်အမတ်တစ်ပြိုင်တည်းမို့..အုပ်ချုပ်ရေးအာဏာနဲ့

ဥပဒေပြုအာဏာကို ပေါင်းထားတာပါ ။

(၂) သမ္မတ စနစ်မှာတော့ လွှတ်တော်အမတ် မဖြစ်ပေမဲ့ အစိုးရအဖွဲ့ဝ်ဖြစ်နိုင်ပါတယ် ။

အကယ်၍ လွှတ်တော်အမတ်တစ်ယောက် အစိုးရအဖွဲ့ဝင်ဖြစ်ရင်လဲ အမတ်အဖြစ်က နုတ်ထွက်ရပါတယ် ။ ..အုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြုအာဏာကို (Sepration Power)

သီးခြားလုပ်ထားတာပါ ။

မြန်မာနိုင်ငံရဲ့ စနစ်က သမ္မတစနစ်နဲ့ ပိုမိုနီးစပ်ပါတယ် ။

 

 

ဒီမိုကရေစီ အသွင်ကူးပြောင်မှုစတင်ခြင်း (transition )

(၁) ဒီအဆင့်ဟာလွန်မြောက်ခဲ့ပါပြီ..မြန်မာပြည်မှာတော့..စစ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ပါ

လူပုဂ္ဂိုလ်တစ်ဦးတည်းကသာဆုံးဖြတ်တဲ့ rule by law ကနေ မူကသာအုပ်ချုပ်တဲ့

rule by law ကိုပြောင်းပါမယ်လို့ စစ်တပ်က အာမခံခဲကပါပြီ..။

(၂) ယခင်က နိုင်ငံရေးဆိုတာ မထိတို့ မစားကောင်းတဲက သစ်သီးအဆင့်ကနေ

လူတိုင်းနဲ့ သက်ဆိုင်လာပါတော့တယ်..။

(၃) ပါတီများ တည်ထောင်ခွင့်ရခဲ့ပြီဖြစ်တဲ့အဆင့်ပါ..။

(၄) ဒီအဆင့်မှာ..သိမ်မွေ့မှုမရှိရင်..နောက်ကြောင်းပြန်နိုင်ပါသေးတယ်..။

မြန်မာနိုင်ငံမှာတော့.. ဒီမိုကရေစီ အသွင်ကူးပြောင်မှုစတင်ခြင်း (transition ) ကို

ကျော်ဖြတ်ခဲကပြီးဖြစ်တာမို့..

ရှေ့ ခန်းဆက်ဆောင်းပါးမှာ.. ပိုမိုလွတ်လပ်လာခြင်း (Liberalization ) ကိုတင်ပြပေးပါ့မယ်..။

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>