ချစ်သူရဲ့ အလုပ်ပိတ်ရက် တစ်ရက်မှာ ကျနော် နှင့် ချစ်သူ လျှောက်လည်ဖြစ်ကြသည်။ ဘုရား အတူတူ ဖူးဖြစ်ကြသည်။ ကျနော့် ချစ်သူသည် ဘုရား တရား အလွန် ရိုသေ ကိုင်းရှိုင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
ဘုရားပေါ် အတက်တွင် ကျနော် ဖိနပ်ချွတ်ကာ လှမ်းယူမည် ပြုစဉ်.......
"မောင် သန္တာ့ကိုပေး"
ဟုဆိုကာ ကျနော့်ဖိနပ်ကိုလှမ်းယူသည်။ ကျနော့်ရင်ထဲတွင် ကြည့်နူးသွားသည်။
ဟုတ်ပေသည်။
ဘုရာပေါ်တတ် လျှင် ချစ်သူ ယောက်ကျားလေးဖိနပ်အား မိန်းကလေးဖြစ်သူက ကိုင်ရမည်မှာ မြန်မာမိန်းကလေးတိုင်း၏ ၀တ္တရားတစ်ခု
ဟုပင်ဆိုရပေမည်။
သို့ပေမယ့်...
တစ်ချို့သော ချစ်သူစုံတွဲများသည် ဘုရားပေါ်တတ်လျှင် ကိုယ့်ဖိနပ် ကိုယ်ကိုင်ကြသည်ကို ကျနော်တွေ့ဖူးသည်။ မိန်းကလေးဘက်မှ
တာဝန်မသိတတ်ခြင်း ပင်ဖြစ်သည်။
ဒီထက်ဆိုးသည်က...
မိန်းကလေးဖိနပ်ကိုပင် ယောက်ကျားလေး ကိုင်ထားသည်ကိုပင်တွေ့ရဖူးသည်။ ထိုမြင်ကွင်းသည် အလွန်ပင် အကြည့်ရဆိုးလှသည်။
ယောက်ကျားလေး ဖြစ်သူက ကိုယ့်ချစ်သူ မိန်းကလေးအား ချစ်သောကြောင့် ကိုင်ပေးသည်ပဲထားဦး မိန်းကလေးဖြစ်သူက မကိုင်ခိုင်း
သင့်ပေ။
ထိုသို့သော မိန်းကလေး ထဲတွင် ကျနော် ချစ်သူ မပါသည်ကို ကျနော် လက်တွေ့သိရပေသည်။
ထို့ကြောင့် ရင်ထဲတွင် ကြည့်နူးသွားခြင်းဖြစ်သည်။
ဘုရားဖူး ပြီးသောအခါ ချစ်သူက....
"မောင် သန္တာဗိုက်ဆာတယ်"
ဟုဆိုလေသည်။
ဟုတ်ပေသားပဲ ။ မနက်ကတည်းက ချစ်သူနှစ်ယောက်သား ဘုရားတွေလျှောက်ဖူးလိုက်ကြတာ ထမင်းစားဖို့တောင်မေ့နေတယ်။
ကျနော်လည်း...
"အင်း...မောင်လည်းဆာနေတယ် တစ်ဆိုင်ဆိုင် မှာသွားစားရအောင်လေ"
"အင်း....မောင်"
ချစ်သူနှင့်ကျနော်သည်နေ့လယ်စာ စားရန်အတွက် ထမင်းဆိုင် အားလိုက်ရှာကြလေသည်။
တိတ်ဆိတ်သော ရက်ကွက်လေး တစ်ခုတွင် ထမင်းဆိုင်လေး တစ်ဆိုင်အားတွေ့လေသည်။
ပတ်ဝန်းကျင် ကလည်း တိတ်တိတ် ဆိတ်ဆိတ် ရှိလှသည်။
ိထို့ကြောင့်.....
"သန္တာ...မောင်တို့ဒီဆိုင်မှာပဲ စားရအောင်"
ချစ်သူက "အင်း" ဟူသော သဘောဖြင့်ခေါင်းကိုညိတ်ပြသည်။
ကျနော်တို့ ချစ်သူနှစ်ဦးသည် ထမင်းဆိုင်အတွင်းရှိ စားပွဲဝိုင်း တစ်ဝိုင်းတွင်ဝင်ထိုင်လိုက်သည်။
ထိုအခါ စားပွဲထိုးလေး ရောက်လာပြီး စားပွဲဝိုင်းအား အ၀တ်နှင့်ပွတ် ပေးလေသည်။
ပြီးနောက်စားပွဲထိုးလေးမှ....
"အစ်ကို နဲ့ အစ်မ ဘာစားမလဲခင်ဗျ"
ဟုမေးသည်။
ချစ်သူက...
"မောင် ဘာဟင်းနဲ့စားမလဲ"
"မောင် ၀က်သားဟင်းနဲ့ပဲစားမယ် သန္တာရော"
"သန္တာက ငါးကြော်နှပ်ပဲ"
ချစ်သူကစားပွဲထိုးလေးဘက်သို့လှည့်ကာ....
"မောင်လေး....၀က်သားနဲ့တစ်ပွဲ ၊ ငါးကြော်နှပ်နဲ့ တစ်ပွဲ"
ဟုမှာလိုက်သည်။
ထမင်း နှင့် ဟင်းများ ရောက်လာသောအခါ ကျနော်က ဗိုက်ဆာနေပြီ ဖြစ်သောကြောင့်စားရန်ပြင်လိုက်စဉ် ချစ်သူက ကျနော့်
ပန်းကန် ထဲသို့ ငါးကြော် နှပ် တစ်ကွင်း ဦးချလေးသည်။
ပြီးတော့...
"မောင် ... အရိုးဆူးဦးမယ်နော်"
ဟုစိုးရိမ်စွာ ပြောလေသည်။ သူမ မစားခင် ဦးဦးဖျားဖျား အစားအစား ကိုကျနော်အား ဦးချခြင်းဖြစ်သည်။ ပြီးမှ ကျန်တစ်ကွင်းအား
ယူပြီး စားနေလေသည်။ ကျနော်ဗိုက်ဆာနေသောစိတ် ပင်ဘယ်လွှင့် သွားလဲမသိပေ။ ပီတိ တို့ဖြင့် ပြည့်နေလေပြီ။
ကျနော်သည် ထမင်းစားနေသော ချစ်သူကိုကြည့်ကာ ကြည်နူး ပီတိ ဖြစ်နေမိသည်။ ချစ်သူ ၏ ရိုသေတတ်သော ၊
ကြင်နာတတ်သော ၊ စိုးရိမ်တတ်သော စိတ်ကလေးများကိုသိရသောကြောင့် ချစ်စိတ်ကလေးများ ပိုကာ တိုးမိလေသည်။
ထို့အတူ
ချစ်သူသည် မိန်းမတို့၏ ကျင့်ဝတ် ၊ ၀တ္တရား တို့ကို သိရှိသော မိန်းကလေး တစ်ယောက် ဟုလည်း စိတ်ထဲမှ မှတ်ချက် ချမိသည်။
ကျနော်သည် အတွေးတို့ ဖြင့် ချစ်သူ ကို ပြုံးကား စိုက်ကြည့်နေမိသည်။
ချစ်သူသည် ထမင်းစားနေရာမှ ကျနော့်အားတစ်ချက်လှမ်းကြည့်ကာ....
"ဟင်....မောင်စားလေ ၊ ဗိုက်ဆာတယ်ဆို"
ချစ်သူ ပြောမှ ကျနော်လည်း အတွေးတို့ကို ရပ်ကာ ထမင်းစားဖြစ်သည်။
ထမင်းကုန်သောအခါ ကျနော် မှာထားသော ၀က်သားဟင်း မှာ အရာမယွင်းစွာ ရှိနေသည်။
ချစ်သူ ထည့်ပေးသော ငါးကြော် နှင့်ပင် ကျနော်လုံလောက်မှု ရရှိသွားပြီပဲ။
ထမင်းစား ပြီးသောအခါ ကျနော်က စားပွဲထိုးလေးအား လက်ဖက်ရည်ပေါ့ဆိမ့် နှစ်ခွက်မှာ လိုက်သည်။
စားပွဲထိုးလေးသည် ရေနွေးနှင့် ၀မ်းတီး ပေါ့ဆိမ့်ထုပ်လေးအား လာချပေးသည်။
ချစ်သူသည် သူမ ၏ ခွက်အား မဖျော်သေးပဲ ကျနော်ခွက် အားလှမ်းယူကာ ဂရုတစိုက် ဖျော်ပေးနေလေသည်။
ကျနော် သည် ချစ်သူ ၏ အပြုအမှုကို စိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်။
ချစ်သူသည် သူမ ၏ စေတနာကို နှလုံးသားမှ တစ်ဆင့် လက်သို့ ၊ လက်မှတစ်ဆင့် ဇွန်းသို့ ၊ဇွန်းမှ တစ်ဆင့်ခွက်ထဲသို့
ထည့်ပေးနေဟန်ရှိလေသည်။ ကြည့်နူး ပီတိ တို့ဖြင့် ကျနော် ကြည့်နေသည်ကို ချစ်သူတွေ့ သွားသောအခါ ပြုံးကာ
မျက်စောင်းလှလှ လေးထိုးလေသည်။
အဆင် သင့် သောက်လို့ရအောင်မွှေ ပြီးသောအခါ ချစ်သူက လက်ဖက်ရည်ခွက်လေးအား ကျနော့်ဘက်သို့ တိုးကာ....
"မောင်....ဖြည်းဖြည်းသောက်နော် ပူဦးမယ်"
ဟု စိုးရိမ်တတ်စွာ ပြောလေသည်။ ပြီးနောက် ကျနော်သောက်မှာကို စောင့်ကြည့်နေလေသည်။
ချစ်သူ စိတ်ချမ်းသား စေရန် ကျနော်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။
" အားးး ! " "ဟင်....မောင်ပူလို့လားဟင်"
"မဟုတ်ပါဘူး ...အရမ်းကောင်းလို့"
"ဟာ...မောင်ကလည်းကွာ သန္တာဖြင့် စိတ်ပူလိုက်ရတာ"
ဟုပြောကာ မျက်စောင်းလေးထပ်ထိုးလေးသည်။
ချစ်သူ၏ စေတနာ ၊ အကြင်နာ တို့ဖြင့် ဖျော်ပေးထားသော လက်ဖက်ရည်သည်အလွန်သောက်၍ ကောင်းပေသည်။
ထိုသို့ ချစ်သူဖျော်ပေးသော လက်ဖက်ရည် ကိုနောက်ထပ်လည်း ထပ်ခါထပ်ခါ သောက်ချင်မိသည်။
ထို့ကြောင့်....
ကျနော်သည် ချစ်သူ ဖျော်ပေးသော လက်ဖက်ရည်ကို သောက်ရင်း တစ်သက်လုံးသောက်ခွင့်ရပါစေဟု ဆန္ဒ ပြုနေမိသည်။
သန်းကြီး(ရင်တွင်းဖြစ်)
↧
အချစ် နှင့် သိတတ်မှု
↧