Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Internet Traffic ပိတ်ဆို့ ခြင်းနည်းအမျိုးမျိုး

$
0
0


Internet traffic တွေကို ပိတ်ဆို့တဲ့ နည်းလမ်းအများကြီးရှိကျပါတယ်။ တစ်ခါတစ်လေ ၂ နည်း (သို့ မဟုတ်) ဒီထက်ပိုတဲ့နည်းတွေနဲ့ ပိတ်ဆို့ တတ်ကျပါတယ်။ ဒါကတော့ မိမိသုံးစွဲတဲ့ ISP(Internet Service Provider)ပေါ်မူတည်ပြီး ကွဲပြားခြားနားကျပါတယ် ။ Internet Traffic တွေပိတ်ဆို့တဲ့နည်းလမ်းတွေကတော့

1. Bolcked URL’s via the DNS-server

ဒီနည်းလမ်းကတော့ ဈေးအပေါဆုံးနဲ့အလွယ်အကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ DNS ဆိုတာက Domain Name System ဖြစ်ပါတယ် ။ အင်တာနက်အသုံးပြုတဲ့ကွန်ပျူတာတိုင်းမှာ တစ်ခုတည်းတော့ Address ရှိပါတယ်။ အဲဒီ Address ဟာ ဂဏန်းအားဖြင့် ၄ လုံးရှိပြီး 0 to 255 ထိဖြစ်ပါတယ် ။ အဲဒီ လိပ်စာတွေကို (.)dot ဖြင့်ခြားထားပါတယ်။ ဥပမာအားဖြင့် www.goolge.com ရဲ့ address ဟာ 64.233.167.99 ဖြစ်ပါတယ် ။ အဲဒီတော့ အဲဒီလိပ်စာကိုပိတ်နိုင်ရင် google.com ကိုပိတ်နိုင်ပြီးလေ ။ ဒီတော့ အောက်က ဥပမာလေးတစ်ခုကြည့်လိုက်ပါ။

၁။ comand prompt ခေါ်ပြီး C:\WINDOWS\system32\drivers\etc ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၂။ အဲဒီမှာ “HOSTS” ဆိုတဲ့နာမည်နဲ့ဖိုင်ကိုရှာပါ။ တွေ့ ရင်အဲဒါကို Notepad ဖြင့်ဖွင့်လိုက်ပါ။
၃။ အဲဒီမှာ 127.0.0.1 localhost ဆိုတဲ့ ဟာကိုရှာပါ ။ ပြီးရင် မိမိပိတ်လိုတဲ့ဝက်ဆိုက်ကို127.0.0.1 localhost ရဲ့အောက်မှာ ဒီလိုထည့်လို့ ရပါတယ်။

127.0.0.1 localhost
127.0.0.2 www.blockedsite.com
127.0.0.3 www.yamanya.com
127.0.0.4 www.phoelapyae.com

အဲလိုမျိုးဖြင့် မိမိပိတ်လိုသော ၀က်ဆိုက်ကို နံပါတ်လေးတိုးရုံဖြင့်ပိတ်လို့ ရပါတယ် ။ အဲဒီလိုမျိုးဖြင့် Internet Traffic တွေကိုပိတ်တတ်ကျပါတယ်။

2. Keyword filter

ဒါ့အပြင် Keyword filter နည်းနဲ့လဲပိတ်တတ်ကျပါတယ်။ ဒါကတော့ မိမိရှာတဲ့စကားလုံးကိုပိတ်တာပါ ။ ဆိုပါစို့ .. သင်က အင်တာနက်မှာ မကောင်းတာကိုရှာမယ်ဆိုရင် အဲဒီမကောင်းတဲ့စာလုံးတွေကို ပိတ်ထားရင် သင်က အဲဒီစာလုံးနဲ့ ရှာလျှင်လဲ ဘယ်လိုမှတွေ့နိုင်မှာမဟုတ်ပါဘူး။အဲဒီနည်းကတော့ ကျောင်း၊စာကြည့်တိုက်၊ကုမ္ပဏီတို့မှာ အသုံးပြုများကျပါတယ်။

3. Blocked ports

Ports တွေဟာ ဆာဗာ(သို့မဟုတ်)ကွန်ပျူတာတစ်လုံးအတွက်တော့ တံခါးနဲ့တူပါတယ်။တံခါးပိတ်ထားမှတော့ ဘယ်လိုမှဝင်လို့မရပါဘူး။သူတို့တွေရဲ့ rank ကတော့ 0 to 65535 ရှိပါတယ်။ Standard အနေနဲ့ကတော့ 0 to 1024 ရှိပါတယ်။ အဲဒီ port တွေကို သုံးမျိုးအားဖြင့်ခွဲလို့ရပါတယ်။ Well Known Ports ၊ Registered Ports ၊ Dynamic or Private Ports ဆိုပြီး ခွဲနိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါလင့်မှာ ဖတ်ရှုလေ့လာနိုင်ပါတယ် ။

http://www.iana.org/assignments/port-numbers

ဆက်လက်ဖတ်ရန်

တကယ်လို့ မိမိအသုံးပြုတဲ့ ISP က port တစ်ခုကိုပိတ်လိုက်ရင် အဲဒီ port တစ်ခုလုံးကို အသုံးပြုနိင်မှာမဟုတ်ပါဘူး။ အများဆုံးပိတ်တတ်တာတွေကတော့ port 80,1080,3128,8080 ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အဲဒီ port တွေက အသုံးများတဲ့ proxy ports တွေဖြစ်လို့ပါပဲ။တကယ်လို့ မိမိအသုံးပြုတဲ့ ISP က ဘယ် port တွေပိတ်ထားသလဲဆိုတာ အလွယ်တကူစမ်းလို့ ရပါတယ်။ Command Prompt ဖွင့်ပြီး telnet login.icq.com 80 ဆိုပြီး Enter ခေါက်လိုက်ပါ။ ဒီနေရာမှာ 80 ဆိုတာ port နံပါတ်ဖြစ်ပြီး အဲဒီနေရာမှာ မိမိစမ်းလိုသော port ကိုထည့်ပြီး စမ်းနိုင်ပါတယ်။ command prompt မှာဖွင့်လို့ “timeout” ဖြစ်လို့ ရှိရင်တော့ အဲဒီ port ကိုသင်အသုံးပြုနေတဲ့ ISP ပိတ်ထားတယ်ဆိုတာ သိနိုင်ပါတယ်။ အောက်မှာ အသုံးများတဲ့ port တွေကို ဖော်ပြလိုက်ပါတယ်။

20+21 - FTP (file transfer)
22 - SSH (secure remote access)
23 - telnet (remote access) and also Wingates (special kind of proxies)
25 - SMTP (send email)
53 - DNS (resolves an URL to an IP)
80 - HTTP (normal web browsing) and also a proxy
110 - POP3 (receive email)
443 - SSL (secure HTTPS connections)
1080 - Socks proxy
3128 - Squid proxy
8000 - Junkbuster proxy
8080 - a proxy

4. Censorware on the client

ဒါကတော့ မိမိအသုံးပြုတဲ့ ကွန်ပျူတာမှာ ပိတ်ဆို့ ခြင်းဖြစ်ပါတယ်။ အပေါ်ဆုံးမှာ ကျွန်တော်တင်ပြထားသလိုမျိုးပေါ့။ သာမာန်အားဖြင့်တော့ Internet Traffic ပိတ်ဆို့ မှုတွေဟာ ISP တို့ အစိုးရတို့ ပိတ်ဆို့တာများပါတယ်။ မိမိသုံးတဲ့ကွန်ပျူတာမှာတော့ ဘယ်သူမှ မိမိဘာသာမပိတ်ကျပါဘူး။ ဒါပေမဲ့ အချို့ ကျောင်း၊ အိမ် ၊ ကုမ္ပဏီတွေမှာ ပိတ်တတ်ကျပါတယ်။ အဲဒါက အများအားဖြင့် ဆော့ဝဲလ်သုံးပိတ်တတ်ကျပါတယ်။ အောက်မှာ ပိတ်တတ်တဲ့ ဆော့ဝဲလ်အချို့ ကိုတင်ပြလိုက်ပါတယ်။

1.NetNanny
ဒီဆိုက်မှာ လေ့လာနိုင်ပါတယ် … http://www.netnanny.com/index.html

2.CyberSitter
ဒီဆိုက်မှာ လေ့လာနိုင်ပါတယ် … http://www.cybersitter.com/

3.AOL Parental Control

ဒီဆိုက်မှာ လေ့လာနိုင်ပါတယ် … http://www.aol.com/info/parentcontrol.html

အထပ်ပါဆိုက်တွေကတော့ အချို့ အသုံးပြုကျတဲ့ဆော့ဝဲလ်တွေပါ။ ဗဟုသုတအနေနဲ့ သာအချို့ ကိုသာတင်ပြလိုက်တာပါ။

5.Censorware on the server(inside of Networks)

ဒါကတော့ ဆာဗာဘက်က အသုံးပြုကျတဲ့ နည်းတွေပါ။

1.Bess/N2H2

Bess ကတော့ proxy filter ပါပဲ။တက္ကသိုလ်တွေ ၊ ကုမ္ပဏီတွေမှာ အသုံးပြုကျပါတယ်။
ဒီလင့်မှာ လေ့လာနိုင်ပါတယ် …. http://www.n2h2.com/products/bess_home.php

2.DansGuardian

ဒါကတော့ Open Source Webfilter ပါ။ Non-commercial သုံးဖို့အတွက် free ပေးထားတာပါ။ free ဆိုတော့ တော်တော်များများအသုံးများကျပါတယ် ။ ဒီကောင်က URL and keyword Filter အနေနဲ့ပါ proxy လုပ်ပေးပါတယ်။
ဒီလင့်မှာ လေ့လာနိုင်ပါတယ် … http://dansguardian.org/

6. WhiteList

ဒါကတော့ VIP တွေအတွက်ပေါ့ဗျာ။ ဘာမှပိတ်ထားခြင်းမရှိတဲ့ နေရာတွေမှာသုံးပါတယ်။ဒါပေမဲ့ တစ်ခုနှစ်ခုလောက်ပဲ ပိတ်ချင်ရင် သုံးတာပါ။

7.IP blocking on the routers

ဒါကတော့ routers တွေမှာ IP ကို block လုပ်လိုက်တာပါ။

internet journal


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>