Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပွင့်လှကျေးရွာအငြိမ့် (တံတားဖွင့်ပွဲ )

$
0
0

အချိန်ကား ရုပ်ဆိုးသူများကိုပင် လှစေအောင် စွမ်းဆောင်စေနိုင်သော ကမ္ဘာမြေရဲ့ အလှတရားတို့ကို   အစုံစုံ အလှယ်လှယ် မြူးကွန့်တတ်သည့် တိမ်းမူးဖွယ်ရာ ညနေဆည်းရီအချိန် ။ ပွင့်လှကျေးရွာ တစ်ရွာလုံး အုတ်အုတ်ကျက်ကျက်ဖြင့် ပွဲဝိုင်းဆီသို့ ဦးတည်လျှက် ရှိနေသည် ။ပွဲကား  “ ပွင့်လှကျေးရွာ တံတားဖွင့်ပွဲ ” အမှတ်တရအဖြစ် အငြိမ့်ဖြင့် ဖျော်ဖြေမှာ ဖြစ်သည်။  အမှောင်ထု လွှမ်းမိုးလာပြီမို့ ပွဲဝိုင်းတစ်ခုလုံးကို အလင်းရအောင် ဖယောင်းတိုင်မြို့တော်မှ ဖယောင်းတိုင်ထုပ်လုပ်သူ ကိုသရဲသတ္တ၀ါ ( အဲလေ..မှားကုန်ပြီ ) ကိုသူရဿဝါ ဦးဆောင်သော အဖွဲ့ဝင်များမှ ပွဲဝိုင်းတစ်ခုလုံးကို ဖယောင်တိုင်မီးဖြင့် ထိန်ထိန်လင်းစေသည် ။ ပွဲဝိုင်းထောင့်တွေတွင် မြင့်မား ခန့်ညား လှသော

ဖယောင်တိုင်ကြီးများ ဖြင့် အလင်းဆောင် ထွန်းညှိထားလေသည် ။ တာဝန်ကျေပြီး မီးအလင်းမပြတ်စေဖို့ ကိုသူရတစ်ယောက် အလုပ်ရှုပ်နေသည်။အရက်မရောင်းရ ဆိုသဖြင့်  ပွဲဝိုင်းတစ်နေရာမှာ ဇင်မျိုး၏ ဘီယာဘားကို တာဝန်ယူထားသော အဒ်မင် နောင်ငဲလေးသည် တစ်ခွက်ရောင်းရလျှင် သူကလည်း တစ်ခွက်မော့စနစ်ဖြင့် ရောင်းချပေးနေသည်။ လုံခြုံရေး တာဝန်ကို ယူထားသော အဒ်မင် ဖိုးချစ်သည် ဦးခေါင်းမလုံခြုံစေမှုဖြင့် ဆြာဘွတ်(ခ) ဝေလင်းဖြိုးနှင့် သူ့ကိုယ်သူ ညသခင်ဟုဆိုကာ အလင်းမရှိသည့် အမှောင်ထဲတွင် သွားထိုင်နေသော ညဂျီးကိုပါ မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားလေသည် ။ ပွဲကြည့်စင်၏ အထူးတန်းတွင် ဆုရကဗျာဆရာ ၊ ဆရာမများ ၊ စာရေးသူများ အခန့်သား ထိုင်နေတာကို တွေ့ရပေမည် ။ ပွဲဝိုင်းထောင့်တစ်နေရာတွင် ကညင်ဆီးမီးများ ထွန်းညှိထားပြီး သူ့ကိုယ်သူ နံကရိုင်းမယ်တော်ဆိုလို့ဆို အမေဂျန်းပြောလို့ပြောသော ခင်မေခအား ..ငှက်ပျောပွဲများနှင့် ပ သ ထားသည်ကို တွေ့ရပေမည်. ။ ည၏ သခင်မ လသည်  တိမ်မှုန်ကြားမှ ၀င်းလဲ့စွာပင် ထွက်ပေါ်လာချေပြီ ။


( ********** )


တံတားဖွင့်ပွဲမို့ ပျော်စရာ..x x  တံတားဖွင့်ပွဲမို့ ပျော်စရာ...ဟာာာာာာ

ဖော်သဟာ တစ်သင်းဆွေတို့ရယ်....x x x အပျင်းပြေအောင် ဖျေဖြော်ချိန် အလှည့်ကျလာပြီမို့...

ကြိုးစားကြစို့........x x ညီညွတ်စွာ....။

ကြိုးစားကြစို့ ညီညွတ်စွာ... x x x ပလီညစ်စရာ စကားတွေ ရှောင်ရှားပါလို့

ဆောင်စရာ ပါးကားပ အဆွေတွေ မပျင်းအောင်ပေါ့ ..x x x ( သူငယ်ချင်းတို့ရေ..)

( ဟေ.....)

ကြိုးစားစို့လား........ကျွန်တော်တို့ အနာဂတ်ကောင်းကင် အငြိမ့်ရဲ့ အဖွဲ့တော်သား.....xx အဖွဲ့တော်သား...။


တိမ်ပူနိမ် တိမ် ..တိမ် ဗျောင် ..။


ကောင်းကင်ဘီလူးသုံးကောင်ထဲမှ လူရွှင်တော် အလင်းသစ်မှ အာသံလျှာသံဖြင့် ခွန်းထောက်ကို ဟန်ပါပါဆိုလိုက်လျှင် ရွာစားကျော် စိန်ကိုကြီးမှ   နောက်တော်မှ လက်စွမ်းပြ တီးခက်လိုက်လေသည် ။


“ ဒီဘက်က ခွန်းထောက်တော်ပဏာမနဲ့ စာသသွားတာ ကိုအလင်းသစ် ထင်ပါ့ဗျာ ”


“ ကိုလွမ်းနောင် ရေ..”


“ ဒီဘက်က ကိုဇင်မျိုးလားဗျာ ”

“ ကိုလွမ်းနောင်ရေ... ”


“ သဘင်ဂီတ ၊ ကြည်မြသံသာ နားဝင်ချိုစေဖို့ ကျွန်တော်တို့ အငြိမ့်အဖွဲ့ တင်ဆက်ဖို့ အလှည့်ကျလာပြန်ပါပြီ ”


“ အလှည့်ကျလာပြန်ပါပြီ လွမ်းနောင်ရေ ”


“ ရပ်ကလည်း ရပ်ရွှေပင်း ၊နတ်ပြည်တွင်းလိုပမာပ ၊ လာသမျှ ပရိတ်သတ်က သိပ်ကြပ် ၊ ဟိတ်ဒြပ်တွေက စုံလင်လှသကိုး လွမ်းနောင်ရ.. ”


“ ပွဲက ဘာပွဲ ”


“တံတားဖွင့်ပွဲလေ လွမ်းနောင်ရ ”

“ တံတား ဖွင့်ပွဲဆိုတာလေးကို အများမြင်အောင် ငါက သီချင်းလေးနဲ့ ပြောချင်တယ် ”

“ မင်းက ဘယ်လိုပြောမှာလဲ လွမ်းနောင်ရ ”


“ ရွာစားရေ လုပ်ပါဦးဗျ ၊  ”


တိမ် ပူနိမ် တိမ်ဗျောင်...။


ဒိုးပတ်သံ စည်စည်ညံဆော် x x ရွှင်ပျော်ပျော် ကကြခုန်ကြ x x x သူသူငါ နွှဲကာပ ပျော်စရာ ရွှင်စရာ ပျော်စရာ ရွှင်စရာ...x x တံတားဖွင့်ပွဲမှာ x x


( သံပြိုင် )  ဟေးးးတို့တံတားဖွင့်ပွဲမှာ  x x


မောင်မယ်များတို့ ပေါင်းစုယူကာ x x x လှူကာပေးမို့ ကျေးလက်သာယာ x x တို့ကျေးရွာ...x x တို့ကျေးရွာမှာာာာ  x x x ဆထက်ပိုး  တိုးလို့ ဖွံ့ဖြိုးးရာာာာာာာx x x x


တူနိမ် တိမ် .. ပူနိမ်တိမ် ဗျောင်.. x x ။


“ အဟားးး လွမ်းနောင် ၊ မင်းဆိုသွားတဲ့ သီချင်းလေး ကောင်းတာကွာ ၊ ဘယ်လောက်ထိ ကောင်းလဲ ဆိုရင် ဟိုရှေ့က ပရိတ်သတ်တွေ အိပ်တောင်ပျော်သွားပြီ ”


( ဂွမ် )  ပြုံးသွားတယ် ၊ ရယ်သွားတယ် လုပ်ပါဟ ”


“ နေပါဦး လွမ်းနောင်ရ မင်းဆိုသွားတဲ့ သီချင်းက အင်ကြီးပါကွ ”


“ ဘာ...ဘာ..လင်းသစ် မင်းငါ့ကို ပရိတ်သတ်ကြားမှာ သိက္ခာချနေတာလား ”


“ မင်းက သိက္ခာကော ရှိလို့လား.. အဲ့ဒီသီချင်းက  တွံတေးသိန်းတန်ရဲ့ စိုးမိုးမေတ္တာ အသံပြဇာတ်ထဲက ကျောင်းဖွင့်ပွဲ ဆိုတဲ့ သီချင်းဆိုတာ   ငါမသိဘူးများ ထင်နေလား ”


 အလင်းသစ် ဆိုလိုက်လေလျှင် လွမ်းနောင် ဇာတ်ကလေး ပုဝင်သွားပြီး လျှာတစ်လစ်ထုတ်ကာ


“ အဟီးးး ငါလည်း ကောင်းကင်ထဲမှာ နာမည်အတုတွေ လူအတုတွေ အင်ထုတာတွေ တွေ့ရတာများလာတော့ အင်မိတာပါကွာ ”


“  ဒါဆို မင်းခေါင်းပေါ်က သျှောင်ထုံးကြီးကရော အင်ပဲလားဟ ”


လွမ်းနောင် ကိုယ့်ခေါင်းပေါ်မှ သျှောင်ကိုပြန်စမ်း၍


“ ကျေးဇူးရှင် ဒါတော့ အင်မဟုတ်ရပေါင်ဗျာ ။ သူဌေးက ပိုက်ဆံဖြတ်မယ်ဆိုတာတောင် ပေကပ်ပြီး ထားခဲ့တဲ့ သျှောင်ထုံးပါ ။  ဒီပွဲမှာ အများနဲ့ မတူ ထူးထူးခြားခြား ဖြစ်အောင်လို့ တမင် သျှောင်ထုံးလာတာ ”


“ လွမ်းနောင်ရာ ဒီပွဲမှာ မင်းတစ်ယောက်ပဲ သျှောင်ရှိတယ်မှတ်နေလား ။ ကျန်တဲ့သူတွေလည်း “ ယောင် ”   တွေနဲ့ပါကွ ”


“ ဟုတ်လို့လား လင်းသစ်ရာ ငါတော့ မမြင်ပေါင်ကွာ ၊ ဘိုကေတွေချည်းပါပဲ ”


“ လင်းသစ်ပြောတာ ဟုတ်တယ်ဟ ၊ ဟိုမှာ လုံခြုံရေးကင်းတဲမှာ ဖမ်းခံရတဲ့ တစ်ယောက်ကြည့်ပါလား ၊ ဆြာဘွတ်ဆိုလား ၊ သျှောင်ထုံးကြီးကို ဟီးလို့ ”


” ဂွမ် ” ( လွမ်းနောင်မှ ဇင်မျိုးအား စတီးလင်ဗန်းဖြင့်ရိုက်သံ )


“နင့်ဂျီးတော် ဟိုမှာ ဒါလောက် ပြောင်သလင်းခါနေတဲ့ ခေါင်းကို သျှောင်ထုံးကြီး ဟီးထနေတယ် လုပ်နေသေး ”


“ ငါပြောတာ အဲ့ဒါ မဟုတ်ဘူးကွ ။ မသိရင်မှတ်ထား ၊ ငါတို့ ခေါင်းဆောင် ကိုကြီးက အစ အက်မင်တွေ အားလုံး တစ်ယောင်တည်း မဟုတ်ဘူး ၊ အကုန်လုံး ယောင်ခြောက်ဆယ်တွေချည်းပဲ ၊ ဟိုယောင်ယောင် ဒီယောင်ယောင် ”


” ဂွမ် ” ( ဇင်မျိုးမှ လင်းသစ်အား လင်ဗန်းဖြင့်တီးသံ )


“ မသာ အကောင်းမှတ်လို့ နားထောင်နေတာ ”


“ ဟေ့ကောင်တွေ..၊ ဟိုတစ်ခါ အငြိမ့်တွေတုန်းက ပြက်လုံးကို သံချပ်နဲ့ ပြက်ခဲ့တယ် ။ ဒီတစ်ခါတော့ တစ်မျိုးပြောင်း ပြက်မယ်ကွာ ”


“ မင်းက ဘယ်လိုပြက်ချင်တာလဲ ဇင်မျိုးရ ”


“ ကဗျာနဲ့ ပြက်မယ်လေကွာ ။ ဟိုတုန်းက ကဗျာတွေကို ခေတ်နဲ့လျော်ညီအောင် ဘာသာပြန်ပြီး ပြက်မယ် ။ ကဲ ငါက စမယ်ကွာ ။ ဟိုတုန်းက ဆီးဘန်းနီ ဆရာတော်ကြီးရေးခဲ့တဲ့ ကဗျာလေး ဘာတဲ့..

 ထီးသုဉ်း နန်းသုဉ်း ၊ မြို့သုဉ်းသုည ၊ သုဉ်း သုံးဝနှင့် ၊ သုဉ်းရပြန်လစ် ၊ သုဉ်းသည့်ခေတ်မှာ ၊ လူဖြစ်ရပေ ၊ တို့တစ်တွေသည် ၊ သေသော်မှတည့် ၊ သြော်... ကောင်း ၏ ” ။။။


ဆိုတဲ့ကဗျာလေးကို ငါက ခေတ်နဲ့လျော်ညီအောင် ဒီလိုလေး ပြန်စပ်လိုက်မယ်ကွာ ။


“ ဘယ်လိုလဲ ဇင်မျိုး ရ ”


  မီးသုဉ်း ရေသုဉ်း ၊ ကျွန်းသစ်သုဉ်းကြ၊ သုဉ်းသုံးဝနှင့် ၊သုဉ်းရပြန်လစ် ၊ သုဉ်းသည့်ခေတ်မှာ ၊ လူဖြစ်ရပေ၊ တို့တစ်တွေသည် သေသော်မှတည့် ၊ သြော်ကောင်း၏ ။


“ သြော် .. ဇင်မျိုး အဲ့လိုလား...။ ငါလည်းဖြစ်တာပေါ့  ၊ ဒါလောက်ကတော့ ”


“လုပ်စမ်းပါဦး လွမ်းနောင်ရ ”


“ ဟိုတုန်းက ဦးပုညက ဆီးသီးကောက်တဲ့ အပျိုကြီးရဲ့ ဖြစ်ပုံကို ဒီလို မှတ်တမ်းတင်ထားတယ် ”

တကိုယ်ချင်း ၊ လူရှင်းသည့် အရပ်ကယ်မို့..... မကပ်ကယ်ဗလာ ၊ ထမီကိုခွါသည် .....တဲ့  ... ။

ငါက ဒါကို ခေတ်နဲ့ လျော်ညီအောင် ဒီလိုပြန်စပ်မယ်ကွာ ”


“ ဘယ်လိုလဲ လွမ်းနောင်ရ ”


ဆွေအများ ၊ ရေကစားရာ အရပ်ပေမို့ ၊ မကပ်ကယ်ဗလာ ၊ ထမီကိုခွါသည် ၊ ကိုယ်မှာအကျပ် ၊ တိုစကပ်နှင့် ၊ ရင်ဘတ်လည်းပေါ် ၊ မြင်မတော်သည် ၊ အဖော်အချွတ် ခေတ်ပေလော..”


“ လန်းလှချည်လားဟ စကားလုံးတွေက ကြောက်ဖွယ်အတိပဲ .. ”


“ ကြောက်ဖွယ်အတိဆို  နောက်ကွယ်မှာ ရှိတဲ့ ခံစားချက်ကလည်း ပြင်းထန်တာကိုး အလင်းသစ်ရ ”


“ လွမ်းနောင်ရ မင်းဆိုတာ ကြားရတော့  ကိုကျော်ထူးသီချင်းလေး သွားသတိရတယ် ”


“ ဘယ်သီချင်းလဲ ဇင်မျိုးရ ”


” အဖော် အချွတ် အရှက်မရှိသလား .. x x x ဟေ့.. အဖော် အချွတ် အရှက်မရှိသလား x x  ”


( ဂွမ် ..) အကောင်းမှတ်နေတာ မသာ..။ သီချင်းက အလျှော် အဖွပ် အချက်အပြုတ်များပါကွ ”


” အဟီး......ငါလည်း ရောသွားတယ်..”


” သြော.. မင်းတို့က ဒီလိုလား... ဒါဆို ငါလည်း စပ်ရချည်သေးရဲ့ကွာ..”


“ လုပ်စမ်းပါဦး  လင်းသစ်ရ ။ မင်းကကော ဘယ်လိုစပ်မှာလဲ ”


“ငါက  ငါက...နေဦးက ကိုကညွတ်နွယ်ကြီးရဲ့ အင်တာနက်ထဲမှ မောင်းထောင်းသံများ  ကိုသွားပြီး အင်ထုဦးမှထင်တယ် ”


“ ဟယောင်.. ဒါတော့ မရဘူး.. ကိုယ့်ဘာသာစပ်..”


“ ဒီလိုလား..။ ဒါဆိုလည်း စပ်ပြမယ်...။ လာပြီ..x x x ။ ဆရာဇော်ဂျီရေးတဲ့ ကဗျာလေး..။ ထလော့မြန်မာ ၊ အိုမြန်မာတို့ ၊ တို့ရွာတို့မြေ ၊ တို့ရွာပြည်ဝယ် ၊ စေတီစပါး ၊ များလည်း များ၏ ။ များပါလေလည်း ၊ တမွဲမွဲနှင့်၊ ဆင်းရဲ့ကာသာ ၊ ကာလကြာလျှင်.၊ ယာစကာမျိုး..၊ တညှိုးညှိုးနှင့် ၊ ပုထိုးမြင့်မိုရ် ၊ ကျောင်းကြိုကျောင်းကြား ၊ လှည့်လည်သွား၍ ၊ မစားလေရ ၊ ၀မ်းမ၀နှင့် ၊ ဆွမ်းမျှမတင်နိုင် ရှိချေ“ ။။ ဒါလေးက ဒီဘက်ခေတ်ကျ နည်းနည်းပြောင်းသွားပြီ...”


“ ဘယ်လိုများ ပြောင်းသွားတာလဲ အလင်းသစ်ရ..”


“ နားထောင် ငါဆိုပြမယ်.။ အိပ်တော့မြန်မာ ၊အိုမြန်မာတို့ ၊ တို့ရွာတို့မြေ ၊ တို့ရွာပြည်ဝယ် ၊ ဆန်ရေစပါး၊   ရောင်းကာစား၏ ။ ရောင်းပါလေလည်း ၊ တမွဲမွဲနှင့် ၊ ဆင်းရဲကာသာ ၊ ကာလကြာမို့ ၊ ဘာညာအရေး ၊ သင်မတွေးနဲ့ ၊ မနှေးအမြန် ၊ အိပ်ဖို့ ကြံလော့....။


“ အဟီး... လန်းတာကွာ... အိပ်တာပါတယ်ဟ...”


” ကဲကဲ.. အပြုသဘောလေးတွေပါဗျာ ။အပြောလေးတွေ တော်ကြပါစို့ရဲ့ မင်းသမီးလေး စံလွန်းသီကို ပရိတ်သတ်က မျှော်နေရော့မယ် ။ ဒါကြောင့် ဇင်မျိုး မင်းသမီးခေါ်ကွာ ”


“ ခေါ်ရမယ်ပေါ့..။ ကဲလာပြီ.။ အခြေအခုပြရရင် ဗေလုဝ နတ်စောင်းကဲ့သို့ အသံသာ ၊ ထံတျာတျာ တေးချိုတွေနဲ့ စံလွန်းသီဆိုတဲ့ ကလေးနှမ တေးစရအောင် ရွာစားရေ.....ဖေးမလို့ ပေးပါဦး ”


တိမ် ပူနိမ် တိမ် တိမ် ဗျောင် ။

ရွာစားကျော် စိန်ကိုကြီး သဘင်သည်မလေးနှင်းဆီ  အတီးနှင့် အတူ မင်းသမီးလေး စံလွန်းသီ သွက်လက်စွာ သီဆိုရင်း ကကြိုးကို ဖွင့်လေပြီ ။


လောကဇာတ်ခုံ.. x x x အဖုံဖုံအလီလီ x x x သဘင်သည်မလေးလွန်းသီ..x x သဘင်သည်မလေးလွန်းသီ x x x ထိုနာမည်ကလေးကို ရွေးကာ.x x xအရေးမလှတဲ့သူမို့..x x x ဆိုရ ကရပြန်ပါပြီ  x x x ပရိတ်သတ်ရဲ့ အလိုကျသဘော. x x အလွမ်းအသောနဲ့ တစ်ညတာစုံညီ...x x x x  ရွှင်ကြည်စရာ သရုပ်ဆောင်ပြရမည်. .x x x သဘင်သည်မလေး x x ကျွန်မနာမည်... စံလွန်းသီ x x x


( လူရွှင်တော်များ သံပြိုင် )

ဟေ့ ဟေ့ x x x စံလွန်းသီ... x x x ရုပ်ရည်ချောပါသည်.. x x x x ပြည်သူ့ အချစ်တော်လေးလာပြီ x x x ပျိုပျို စံလွန်းသီ x x )၂


အဲ့ဒီလို သဘင်သည် အစစ်တော့ မဟုတ်ရပါလေပြီ x x x ငိုချင်ငို...ရယ်ချင်ရယ်..x x အဆင်တကယ်အမှန်ညှိုးမရပြီ... x x x  သဘင်သည်ဆန်လွန်းလှတဲ့ ..ကျွန်မဘ၀ရဲ့ ဒဏ္ဍာရီ..x x. ဒါကြောင့်မို့ ကျွန်မနာမည် x x x သဘင်သည်မလေး လွန်း x xသီ ..စံလွန်းသီ.x x x


ကဟန်နှင့် ဆိုဟန်ကား လျှင်မြန်သွက်လက်ပေသည်..။ ထို့အတူပင် အတီးကလည်း မြိုင်ဆိုင်လှပေ၏။



 ***************************


” မင်းသမီးလေး ဆိုသွားတာ ကသွားတာ သိပ်ကောင်းတာပဲကွာ ။ ငါတောင် သူ့ကိုအားကျပြီး ဆိုချင်လာပြီ ”


“မင်းက သီချင်းဆိုမလို့လား ..”


“ အေး ဆိုမယ်.။ ဒါပေမယ့် ငါက ရိုးရိုးသီချင်းမဆိုဘူး ။ ငါးပါးသီလသီချင်း ဆိုမယ် ”


“ ငါးပါးသီလ သီချင်း ဟုတ်လား..။ ဒါဆိုရင်တော့ စိတ်ဝင်စားတယ် လုပ်စမ်းပါဦး ”


“ စမယ် ရွာစား လုပ်ပါဦး ကျွန်တော်ပြောထားတဲ့ အတီးလေးတွေ ....”


ရွာစားကျော် စိန်ကိုကြီး တီးလုံးသံဖြင့် ဖေးမလျှင် လူရွှင်တော် လွမ်းနောင်က


“ အို......ငါးကြင်းတွေဆန်...ငါးတန်တွေ သောင်ရေစီးမှာလ...ကိုတံငါ .. x x လှေယာဉ်စီးပါလို့..x x ပိုက်ကြီးနဲ့.. ရေ....ချ.....လာ..x ။ အဲ့ဒါ ကိုတံငါ ငါးဖမ်းတာမို့ ပါဏာတိပါတကံ သီချင်း ”

“ သြော် ..သူ့အသတ်သတ်တာပါလို့ ပါဏာတိပါတကံ...ဟုတ်ပါပြီ လုပ်စမ်းပါဦ.. ”


“ အဒိန္နာဒါနကံကျတော့ ကိုမျိုးကြီးသီချင်းလေး...ခိုး....ခိုးးးးခိုး....ခိုးသွားပြီလေ... အရေးကြီးတဲ့ ငါ့နှလုံးသား မင်းခိုးယူသွား..x x x ဒါ အဒိန္နဒါနကံ သီချင်း..။


“ ကာမေသုမိစ္ဆာစာရ ကံကျတော့ ရွှေမန်း ( ဦး) တင်မောင်ရဲ့ သီချင်းလေးနဲ့   x x ထိုကာမပိုင်ကို ခေါ်စေ အမိန့်တော် ၊ ကုမုဒြာကြာကို ရှာစေ စေလွှတ်သော် ၊ ၀ရုဏမြေကို ရှာစေ စေလွှတ်သော်...x x ဒု . သ . န. သော. ၊ ဒုသ နသော... x x x  ဒါ ကာမေသုမိစ္ဆာစာရကံ ”


“ သူရာမေရိယ ကံကျတော့ ၊ ဘဘဦးသုခ သီချင်းလေးနဲ့ .. x x စိတ်ညစ်လို့ အရက်ကိုသောက်တယ် x x အရက်သောက်တော့  သိပ်စိတ်ညစ်တယ်..x x x ဒါသူရမေရိယကံ သီချင်း ”


“ ဒါနဲ့ လွမ်းနောင်ရ ၊ မင်းဆိုသွားတာ ကံလေးပါးထဲပါ ၊ တစ်ပါးက ဘယ်ပျောက်နေတာလဲ ”


“တစ်ပါးက ကျောင်းပြန်သွားတယ် ”


“ ဟယောင် ဒီလိုတော့ မလုပ်နဲ့ ၊ ကျန်တဲ့ တစ်ပါးပါဆို ၊ မုသာဝါဒ လိမ်လည်တဲ့ သီချင်း ၊ ရအောင်ဆို ”

“ဆိုရမယ်လား .၊ မဆိုလို့ မရဘူးပေါ့ ”


“ ဆို... မဆိုလို့ မရဘူး..။ မင်းစထားတာ ဆုံးအောင်ဆို ”


“ ဒါဆိုလည်း ဆိုမယ်ကွာ x x x ဒေါ်မေလှမြိုင် သီချင်းလေးနဲ့ ဆိုမယ်...ပြည်ထောင်စုကို .. မြိုင်တို့ရဲ ပြည်ထောင်စုကို.. အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ..x x x  ဒါမုသာဝါဒကံ သီချင်း ”


“ ဟယောင် ဘယ်မှာ လိမ်တာပါလို့လဲ ၊ ပြည်ထောင်စုကို အသက်ပေးကာကွယ်တာ ကောင်းတဲ့ အလုပ်၊ လိမ်တာမပါဘူး ..။ ပြန်ဆို..”


“ မင်းတို့ကသာ သဘောမပေါက်နေ ပရိတ်သတ်က သဘောပေါက်လို့ ဟိုးးးးးမှာတွေ့လား.. လက်ခုပ် တဖြောင်းဖြောင်း ဖြစ်နေပြီ..” :D


“ သြော်.. ဒီလိုလား.. ဒါဆို  ငါလည်းဆိုမယ်ကွာ ၊ လောဘ ၊ ဒေါသ ၊ မောဟ သီချင်း ”


“ လုပ်စမ်းပါဦး ဇင်မျိုးရ..”


“ အာဇာနည်ဆိုထားတာ.. ပင်လယ်ကို မှောက်ကာ...x x လှန်ပစ်မယ်.. တိမ်တွေမီးတတ်ရှို့မယ်.x x ငါ့ရဲ့ ဒေါသများ..x x x ဒါ ဒေါသသီချင်း ”


“ ကြီးလိုက်တဲ့ ဒေါသဗျာ ။တိမ်တောင် မီးနဲ့တတ်ရှို့မယ်ဆိုပါလား...။ ဆက်စမ်းပါဦး ”


“ မောဟသီချင်းကျတော့ ကိုဒိုးလုံးဆိုထားတာ..x x ဘယ်လိုလုပ်ရမလဲ..x x ကျွန်တော်မသိတော့ဘူး ..x x သူ့ရင်ထဲက ဘာတွေဘယ်လို ခံစားနေ.. x x ဒါမောဟသီချင်း..။


“ မဝေခွဲနိုင်တာ.. တွေဝေတာ ..ထားပါတော့ ထားပါတော့.. မောဟသီချင်း..။ လောဘသီချင်းကော ”


“ လောဘသီချင်းလား... သူ့ကျ အေးအေးလေး...။ ဒါငါတို့ရဲ့ မိခင် x x x ဧရာဝတီ.. ရာဇ၀င်များရဲ့ x x သတို့သမီး...x- x  ဒါလောဘသီချင်း ”


“ ဟေ့ကောင် ဇင်မျိုး.. တော်..တော်.. ဒီသီချင်းက ကိုငှက်ကြီးဆိုထားတာ ဘာလောဘသီချင်းမှမဟုတ်ဘူး။  ဇာတိမာန် ထကြွအောင် တစ်စိတ်တစ်ပိုင်း လှုံ့ဆော်ပေးတဲ့ သီချင်း ။ မင်းနာမည်မဖျက်နဲ့ “


“ အေး..ငါလည်း မင်းတို့လိုပဲ တွေးခဲ့တာကွ.. ဒါပေမယ့် ဒီသီချင်းဆိုနေတဲ့သူကိုတွေ့မှ ငါလည်းသဘောပေါက်သွားတာ ၊ သူကပြောသေးတယ် ဒီသီချင်းကိုပါ သူက၀ယ်ထားတာတဲ့ ”


“ သီချင်းဆိုတာက ဘယ်သူမို့လဲကွ ”


“ တရုတ်နိုင်ငံက ပေါက်ဖော်ကြီးလေ ၊ ဟီးးးးး ”


” ဂွမ်..”  ( အကောင်းမှတ်လို့ နားထောင်နေတာ )


“ ငါလည်း ဆိုမယ်ကွာ .သီချင်းဆိုတာ လူပျိုပေါက်သီချင်း ၊ အပျိုပေါက်သီချင်း ၊ အပျိုကြီး သီချင်း ၊ လူပျိုကြီး သီချင်းဆိုပြီး အမျိုးမျိုး ရှိတယ် ”


“ ဘယ်လိုတွေများလဲ အလင်းသစ်ရ..”


“ ငါဆိုပြမယ်..။ နားထောင် ။  ဒီအရွယ် တင့်တင့်တို့ အရွယ်..x x x ကျွန်မ ကျွန်မတို့ အရွယ် x x တစ်ဆယ်ကျော် ခြောက်နှစ်ပတ်လည် x x x မစူးမစမ်းတဲ့ အရွယ်..x x x ရူးနှမ်းနှမ်း အရွယ်ပါတဲ့ x x x အပျို ဖြန်းဆိုလား အပျိုမဒန်းဆိုလား ဆန်းဆန်းပြားပြား ခေါ်ကြပြန်တယ်.. x x x  ဒါ အပျိုပေါက်သီချင်း ”


“ တယ်ဟုတ်ပါလား..။ဆက်ပါဦးဟ ..လူပျိုပေါက်သီချင်း ကရော  ”


“ သူ့ကျတော့ တစ်မျိုးလေး..လူပျိုပေါက်ဖြစ်လာပြီဆိုတာ သိစေချင်တာ. .ဒီလိုလေး..  ကမ္ဘာပေါ်မှာ x x လူပျိုစစ်စစ် ရှာရင်ဗျာ x x x ကျွန်တော်တစ်ယောက်တည်းပါ..ဟာ..x x ဟာ..ဟ..ချစ်ချင်သူများ ချစ်စမ်းပါ..x x ဒါလူပျိုပေါက် သီချင်းး”


“ အပျိုကြီး သီချင်းကျနည်းနည်း ကြမ်းတယ်...အေးချမ်းမေရဲ့ သံစဉ်လေးနဲ့  ဘယ်လိုမှတ်နေလဲ.. x x လင်ယူမယ် လင်ယူမယ် အမေရယ်..x x ဒီယောက်ျားမှ မရရင်.. အဆိပ်သောက်လို့သေမယ်... ဓားနဲ့ထိုးသေမယ်...x x ဒါအပျိုကြီး သီချင်း..x xx


“ ဟုတ်လှပါလား...လင်းသစ်ရ..”


“ လူပျိုကြီး သီချင်းကျတော့ တစ်မျိုးလေး.. ကိုထီးသီချင်းလေးနဲ့..”


“ ဘယ်သီချင်းလဲ လင်းသစ်ရ..”


“ လေညာရပ်ကအချစ်..လေညာရပ်က အချစ်...တိုက်နေခဲ့..x xတိုက်နေဆဲ..x x  နောက်များလည်း တိုက်နေဦးမှာပဲ..x x  x x ဒါ လူပျိုကြီး သီချင်းး”


( ဂွမ်.ဂွမ် )  ( အလင်းသစ်အား လွမ်းနောင်နှင့် ဇင်မျိုးမှ လင်ဗန်းဖြင့် တီးသံ။


“ မသာ မိုက်ရိုင်းတာ..”


“ အေးလေ..မျှော်လင့်ချက်ကတော့ အရောင်ပိုမှိန်လာတယ်..ဘာညာဆိုတော်သေးတယ်.. ”


“ ဟမ်..မင်းတို့ကလည်း ကိုယ်လိုရာပဲ ဆွဲတွေးနေတာကိုး.. ဆိုလိုတာက သူ့အချစ်တွေက တိုက်မြဲတိုက်နေတဲ့ လေလို သူ့ချစ်သူကို ချစ်မြဲချစ်နေတယ်ဆိုတာ ပြောတာလေ မသာနှစ်ကောင်ရဲ့..”


“  အဟီး...နို့..သိမှ မသိပဲကိုး...”


“ ဒါတောင် ဟိုသီချင်း ရှိသေးတယ်.။ သမီးရည်းစား ချိန်းတွေ့တုန်း ဆိုတဲ့ သီချင်း ”


“ ဘယ်သီချင်းလဲ လင်းသစ်ရ ”


“ ဟိုဟာလေးကွာ.. မင်းကို ငါက  x x  x နာ့  နား..နာ့နာ..x x မင်းစိတ်ဆိုးမှာလား ”


( ဂွမ် ) .. ကြောက်ဖို့ ကောင်းလိုက်တာ မင်းသိချင်းကြီးက..


“ မင်းက မသိလို့ လင်းသစ်ရ..အဲ့မှာ ကောင်မလေးက ပြန်ဆိုတယ်.. ထွန်းအိန္ဒြာဗို သီချင်းလေးနဲ့ ”


“ ဘယ်လိုဆိုလဲ ..ဇင်မျိုးရ..”


“ အားယားယား... အားယားယား.. မောင် ဘာကိုငြင်းမလဲ..”


( ဂွမ် )


 “ ဇင်မျိုးပြောတာ ဟုတ်တယ်ဟ.. သူတို့နှစ်ယောက်ကို ကြည့်ပြီး လမ်းပေါ်က ထီသည်က သီချင်းတစ်ပုဒ် ထပ်ဖွင့်လိုက်တယ်..”


“ ဘာသီချင်းလဲ လွမ်းနောင်ရ..”


” ပျံ့ပျံ့သင်းသင်း သန့်သန့်ရှင်းရှင်း x x သူငယ်ချင်းတို့ x x x မင်္ဂလာဦးသည်..x x x ကိုယ်နှင့်အတူ x x အပေါင်းအသင်း စုံညီ..x x x  ၀မ်းသာအားရ x x ဂုဏ်ယူဝင့်ကြား.. မင်းတို့နှစ်ဦးသား လျှောက်မည့်လမ်း..xx

ပန်းတံတား ခင်းပေးမည်.. xx .. လျှောက်လှမ်းပါလှည့် တို့များ ပန်း..တံတားဆီ..x x x ။.”


( ဂွမ် ) မသာရဲ့ အခုမှ.. ချိန်းတွေ့တုန်းရှိသေးတာလေ...။


“ ဒါတော့ ဒါပေါ့ကွာ ထီသည်ကြီးက ဘာမြင်လို့ ဒီသီချင်း ဖွင့်လဲမှ မသိတာ..ဟီး..”


“ သီချင်း သီချင်းနဲ့ ဟိုတုန်းက မဟာဂီတမှာ ကြိုးဘွဲ့၊ ယိုးဒယား ၊ သုံးထပ်သံ ၊ နဘေသံ ၊ ကောင်းတုံသံ ၊ ခရာသံ ၊ လိုက်သံ ၊ ကာလသံ ၊နန်းသိမ်းသံ ၊ ပတ်ပျိုး ဆိုပြီး အမျိုးမျိုး ရှိတယ်..အဲ့ဒီထဲက ငါကတော့ ဟိုအမျိုးအစားကို သဘောကျတယ်..”


“ ဘယ်အမျိုးအစားလဲ ဇင်မျိုးရ.. ”


” ပတ်ပျိုး...”  နာမည်ကိုကြည့်ပါလား.. ခေါ်ရတာ စီးစီးပိုင်ပိုင်ရှိတယ်..ဟီးး.. ”


“ မင်း ဟိုဒင်းကော မကြိုက်ဘူးလား.. ”


“ဘယ်ဒင်းလဲ ..လွမ်းနောင်ရ..”


“လှိုင်ထိပ်ခေါင်တင် ရေးတာလေ..”


“ သြော်... လှိုင်ထိပ်ခေါင်တင်ရဲ့ ... ပတ်.. ပတ်..ပတ်...ဟပ်ချိုး....”


” အောင်မလေး ဇင်မျိုး..နီ့ချောင်းကလည်း ... အဓိက နေရာမှ ဆိုးရသလား.. ၊ ငါပြောတာက လှိုင်ထိပ်ခေါင်တင်ရဲ့ ဟိုဟာကွာ..”


“ဘယ်ဟာလဲဆို ”


“ ဘောလယ်..”


“ဖွီ.. ရွံထှာ... ကြိုက်ပါဝူး.. နာမည်ကြီးကိုက... ဘောလယ်တဲ့..အဟီး...ကြက်သီးထတာ..”


“ကဲပါဗျာ...။ မင်းသမီးလေးကို မျှော်နေရှာရော့မယ်.။ မင်းသမီးလေး စံလွန်းသီရဲ့ အက၊ အလှကို မြင်ပြီးသွားပါပြီ။ ပီယ၀ါစာ ချစ်ဖွယ်သော နှုတ်ခွန်းဆက်စကား ဘယ်လိုပြောမည်ဆိုတာကို မသိရပါသေး..။ ဒီတော့ အလင်းသစ် . မင်းသမီးခေါ်ကွာ ...”


”ခေါ်ရမယ်ပေါ..။ ၀တိံပြောစည် ၊ ဟောဟို နတ်ပြည်အထက်က..လှယောင်မျက်နှာ..x x ဒေ၀စ္ဆရာလို အလှကြွယ်ပြီး တုဖက်သူ ယှဉ်မမှီတဲ့ အလှနဲ့ စံလွန်းသီ ဆိုတဲ့ နှမပျိုရေ.. အစ်ကိုအလင်းသစ်က ခေါ်.....သလေ.. x ”


လူရွှင်တော် အလင်းသစ်၏ ခေါ်သံအဆုံးတွင် မင်းသမီးချောလေး စံလွန်းသီ ကန့်လန့်ကာ နောက်ကွယ်မှ ဖြည်းညှင်းစွာပင် လှမ်းထွက်လာသည်...။ ထို့နောက် ပရိတ်သတ်ဘက်သို့ ဂါရ၀ပြုကာ


.. “ အငြိမ့်ပွဲကို ကြွရောက်လာတဲ့ ဦးဦး ဒေါ်ဒေါ် ၊ ကိုကို ..မမ မောင်လေး ညီမလေးတွေ အကုန်လုံး    ကာယသုခ  စိတ္တသုခ နှစ်ဖြာသော သုခနှင့် ပြည့်စုံပြီး  မိုးဆမ်းတဲ့ ပန်းပမာ လန်းဖြာ နိုင်ပါစေလို့ သမီး စံလွန်းသီက ဂါရ၀ပြု မေတ္တာပို့သလိုက်ပါတယ်ရှင် ”


“ လိမ္မာလိုက်တဲ့ ကလေးမလေးဗျာ ”


“ ဒီဘက်က ကိုအလင်းသစ်ရေ..”

“ ဟေဟေ..ငါ့ကို အရင်ခေါ်သဟ.. မင်းသမီးလေး.. စံလွန်းသီ...တကယ်လှတယ်..။ ကောင်မလေး..နင်ငါ့ယူပါ့လား..”


( ဂွမ် )  ( အကောင်းမှတ်နေတယ် ကောင်မလေးကို ..သွားဂေါ်နေတယ်.. )


“ ဟဲ့..ဟဲ့.. ကောင်မလေး စံလွန်းသီ ၊ နင်အလင်းသစ်ကို ယူရင် မမှားလောက်ဘူး.. အလင်းသစ် က စိမ် ပွဲစား ”


” သြော်.. စိန်တွေ ကျောက်တွေ ရောင်းတဲ့ ပွဲစားလား..”


“ မဟုတ်ဘူး.. သရက်သီး ဆားရည်စိမ်တို့..၊ နားနတ်သီး ဆားရည်စိမ်တွေကို ပွဲစားလုပ်တာလေ..”


“ အမ်..မသာ.. အကောင်းမှတ်နေတာ ”


“ ဒီဘက်က ကိုဇင်မျိုးရေ..”


“ လူရွှင်တော် တော်တော်များများက မင်းသမီးလေး နာမည်ခေါ် နှုတ်ဆက်ပြီ ဆိုတာနဲ့  မင်းသမီးလေးရဲ့ လက်ကို ဒီလိုလေးကိုင် ၊ ပခုံးလေးကို ဒီလိုလေးဖက်...၊ အမြဲတမ်းလုပ်တယ် ။ ကျွန်တော် ဇင်မျိုး..ဘယ်တော့မှ မင်းသမီးတွေကို ဟောဒီလို လက်ကိုင်တာ  ဟောဒီလို ပခုံးဖက်တာ.. ဘယ်တော့မှ မလုပ်ဘူး ”


( ဂွမ်.) .. “ မသာ ဖက်ပြီးနေပြီလေ..”


“ ပျော်လို့ပါ ညီမရေ..မင်္ဂလာပါ စံလွန်းသီရေ.. ”


” ဒီဘက်က  ကိုလွမ်းနောင်ရေ..”


“ မင်းတို့က မင်းသမီးလေးကို ပြောဆိုနှုတ်ဆက်သွားတယ်..၊ ငါက မင်းသမီးလေးကို အုံ့ပုန်းချစ်လေးနဲ့ ချစ်နေတာကွ.. ဒီတော့ ငါက မင်းသမီးလေးကို ရည်းစား စကားပြောမယ်ကွာ..ရိုးရိုးပြောမှာ မဟုတ်ဘူးနော်. .ပါဠိလိုပြောမှာ...”


“တော်ပါတော့ လွမ်းနောင်ရာ.. အရင်အငြိမ့်ကလည်း ဒီပြက်လုံးကြီးပဲ..၊ သောတိကညာယ ၊ အိုသတို့သမီး ။ ကညာယမာနံ ၊ နင့်အလိုသို့လိုက်၍ နင့်ကို ကြိုက်သော ။ မံ ၊ ငါးအား ။ နကာမယတိ ၊ အဘယ်ကြောင့် ငါ့အလိုသို့လိုက်၍ ငါ့ကို မကြိုက်သနည်း ..။ ဆိုတဲ့ ပြက်လုံးကြီး  ဟောင်းနေပြီ.. ၀ဲလိုက်တော့..”


“ အဟောင်းမဟုတ်ဘူး.. လင်းသစ်ရ.. အသစ် ..ဒီတစ်ခါ.. အသစ်..”


“ လုပ်စမ်းပါဦး ၊ အသစ်ဆိုရင်တော့ စိတ်ဝင်စားတယ်...”


” လာပြီ.. ၊ ဂေါဏဉ္စေ တရမာနာနံ ၊ ဥဇုံ ဂစ္ဆတိ ပုဂ္ဂဝေါ ၊ သဗ္ဗာ ဂါဝီ ၊ ဥဇုံ နတ္တေ ဂတေ သတိ ၊ ...တဲ့.. ”


“ အနက် ပြန်ပြပါဦး..”


“ တရမာနာနံ ၊ မြစ်ကိုကူးကုန်သော။ ဂေါဏဉ္စေ ၊  နွားအပေါင်းတို့တွင် ။ ပုဂ္ဂဝေါ ၊ ရှေ့ဆောင်နွားလားသည် ။ ဥဇုံ ၊  ဖြောင့်စွာ။ ဂတေ ၊ အကယ်၍ သွားငြားအံ့ ။ သဗ္ဗာ ၊  အလုံးစုံကုန်သော ။ ဂါဝီ ၊ နွားမတို့သည် ။ ဥဇုံ ၊   ဖြောင့်စွာ ။ ယန္တိ ၊ လိုက်ပါကြကုန်၏ ..။ ”


“ ဟင် .. မင်းပြောတော့ ရည်းစား စကားဆို.. ဘယ်မှာလဲ.. ချစ်တာလဲ မပါဘူး ၊ ကြိုက်တာလည်း မပါဘူး..”


“ အေးလေ..၊ နွားတွေသွားတာ လာပြောနေတယ်..”


“ ဟ.. မင်းတို့ မသိဘူးလားဟ.. ရှေ့ဆောင်နွားလား ဖြောင့် ဖြောင့်သွားက ၊ နောက်နွားတစ်သိုက် ၊ ဖြောင့်ဖြောင့်လိုက်၏ .၊ တဲ့.. ၊ ခုလည်း ငါက ရှေ့က သွားရင်.. သျှောင်နောက် ဆံထုံးပါဆိုသလို.. မင်းသမီးလေးက ငါ့နောက်ကို လိုက်ပါလို့ ပြောတာကွ..”


“ အေးပါ.. အေးပါ.. မင်းဟာနဲ့ မင်းတော့ ဟုတ်နေတာပေါ့...”၊ ဒါကြောင့်မို့ ငါလွမ်းနောင်ကို ကြည့်နေတာ ဇင်မျိုး .. တဖြည်းဖြည်းနဲ့ လွမ်းနောင်ရုပ်က နွားပုံပေါက်လာသလားလို့...”


” အေးဟ... နွားတောင် ရိုးရိုး နွားမဟုတ်ဘူး... လှည်းကျိုးထမ်းမယ့် နွား...”


” အမ်.. မသာနှစ်ကောင် ငါ့ကို ၀ိုင်းဖဲ့နေတယ်.. ငါက နွားဖြစ်ရင် ဟိုနွား ဖြစ်ချင်တယ်..”


“ ဘယ်နွားလဲ လွမ်းနောင်ရ... နွားမလား..”


“ ဖွီ.. သွားစမ်းပါ.. ငါက နွားဖြစ်ရင်တောင်.. လိုက်သိုးပဲ ဖြစ်ချင်တာ...”


( ဂွမ် ).။.။ မသာ ကိုယ့်ရုပ်ကိုလည်း မှန်ထဲပြန်ကြည့်ဦး မျက်လုံးက နောက်စေ့ရောက်နေပြီ...”


” အေးလေ...လွမ်းနောင်... မင်းက ဒါမျိုး ကိစ္စဆို အားကြီး ၀ါသနာကြီးတာကိုး...”


“ ၀ါသနာကြီးတာ မဟုတ်ပါဘူးကွာ..၊ မယုံရင် .. မင်းသမီးလေး..စံလွန်းသီ ငါ့ကို ခုယူမယ်ပြောကြည့်ပါလား..၊ ငါက သူ့ကို ယူမယ်များ ထင်နေလား...”


“ မယူဘူးပေါ့..”


“ လာ မင်းသမီး... အိမ်တစ်ခါတည်း လိုက်ခဲ့တော့...”


( ဂွမ်.. ဂွမ်..) မယူပဲများနေမလားလို့... မသာလေး..  အဟီး။။..


“ အစ်ကိုတို့ရေ.. ”


“ ညီမရေ.. စံလွန်းသီ..”


“ ညီမက မန်းသူရှင့်... ဒါပေမယ့် ခုချိန်မှာ မန်းမှာမနေရတာကြောင့်  ဇာတိမြေကို လွမ်းတာရော ၊ မြန်မာမူ မြန်မာ့ဟန် မြန်မာရနံ့လေးတွေလည်း မပျောက်စေချင်တာရောကြောင့် ဒီတစ်ခါ နှုတ်ဆက်တေးအဖြစ် ညီမက သီချင်းလေးတစ်ပုဒ်နဲ့ ဖျော်ဖြေချင်ပါတယ် ”


“ ဘာသီချင်လေးလဲ ညီမရေ..”


“ ဘဘ နန်းတော်ရှေ့ ဆရာတင်ရေးခဲ့ပြီး အငြိမ့်မင်းသမီးကြီး လေဘာတီ မမြရင် သီဆိုခဲ့တဲ့.. “ ရွှေပြည်စိုး ”  ဆိုတဲ့ သီချင်းလေးနဲ့ ဖျော်ဖြေပါရစေရှင်..”


“ ကြားပါရစေလား..ညီမရေ..”..



ရွာစားကျော် စိန်ကိုကြီး ကား ..ရွှေပြည်စိုး သီချင်းကို အတီးဖြင့် စဖွင့်လေပြီ...။ မင်းသမီးကြီးတို့၏ ကကြိုး ကဟန်နှင့် အတူ. ..စံလွန်းသီ.. ကကြိုးကို စဖွင့်ကာ... ကြည်လင်ချိုမြသော အသံဖြင့် ..သီချင်းကို ဆိုလေသည်..။


စိမ်းလဲ့လဲ့ ညိုပြာ...x x - နေခြည်ကလည်း..x x မထိုးရပါကလား..x x x သြော်...နေခြည်ကလည်း x x မထိုးရပါကလား..x x တို့ရွာ ဂါမာ....x x x မြမြ နေတဲ့..ရွာ x x ရွာ..x x ရွာ...x  x မမြရင် ဟိုယခင် နေခဲ့..တဲ့ x x ရွာ...x x ။


စိမ်းးးးလဲ့လဲ့  x x ညိုပြာ...x x ယိမ်းနွဲ့နွဲ့ ..ဆိုကာ..x xဟာာ....... ရေနဒီကလည်း..x xx တိုးလို့ပါကလား..x x x ရွှေပြည်စိုး...x x ရွှေပြည်စိုး...x xလွမ်းပို ..x x x ဖွယ်ရာ.....။


 ( မြနဲ့ မောင်နဲ့..ခုမှတွေ့တာ x x လူပါးးးးးမ၀ခင်တုန်းက  x x ပြောကြတော့..ရယ်စရာ..x xပါ...x xဟာ...x xဟာ..ဟာာာာာာာ ..x xဟာ......ဟာဟာ..... ) ၂


“ ထမီကလေး တိုတိုဝတ်ကာ..x x x မြ ငယ်စဉ်မှာ.. လူထဲမ၀င်ခင်သေးတော့ .. x x အလှပြင်ဆင်ရှာ.x x ရင်ရင် ကုန်ကုန်ပြောမယ်..x x တောတစ်သက်မို့ ..x x ဘယက်ဒွါဒရာ..x x x ရွှံ့တွေကပ်စီ..x xကပ်စီ..x x ပုတီးလုပ်ကာ.x x သုံးရပါတယ်.. x  x အိုးမှုတ်ခွက်ကို..ရှာ..x x ရှာ.. ဒေါ်လာပြားက ဆယ်ငါးပြားလောက် ဆွဲတတ်တာ x x x ကိုကို များက မြှောက်စားပေမယ့်.. x x  ဟိုတုန်းကလောက်မပျော်ပါ..x x ကိုကို များက မြှောက်စားပေမယ့်..x x ဟိုတုန်းကလောက် မပျော်ပါ..x x ကျွန်မတို့ဆီကို လိုက်လို့ပို့မယ်. x x x လိုက်လို့ ပို့မယ် ပြောလို့သူညာ..x x မရောက်တာ ကြာပြီ x x x လွမ်းတဲ့နေရာ.. xx အတောဘယ်လို တောတော x x နားဝင်ချိုအောင် ဘယ်လိုပြောတော့ x x x သဘောအကြိုက်ကိုဖြင့် မလိုက်နိုင်ပါပြီတစ်ခါ x x x ရွှေပြည်စိုး.. ရွှေပြည်စိုးး........လွမ်းပိုဖွယ်ရာ........x x x


တိမ်ပူနိမ်တိမ်.. ဗျောင်...။


ခရာသံစုံ.. x x ကျူးကျော်ညံဟုန် x x တိုင်းဘုံ x x လက်ယာ.. x  စက္က၀ါ x... လက်ယာ. x x ပန်းစုံ x x ပန်းနီ x x ပန်းပြာာာာာာ ပန်းဝါ..x x အို......ပေါတဲ့နေရာ x x တောနဲ့ ဟေမ၀ါ.x x ရွှေပြည်စိုး.. xx ရွှေပြည်စိုးး.... x x

လွမ်းပိုဖွယ်ရာ...


တိမ်ပူနိမ်....တိမ်...ဗျောင်..တူနယ်တယ် ဗျောင်..။


နန်းရှေ့တင်က မန္တလေးသဘင်အစ  x x x ပြောပြောပြတဲ့ x x x တပြည်သူ x x နန်းရှေ့တင်တင့် x x x မန္တလေး သဘင်ရှင့် x x သင်းသင်း မွှေးတဲ့ x x ရွှေမြေသူ.. x x လေယူလေသွေး...မွှေးးးး x x လို့ ကြူ..ရွှေပြည်စိုး.. ရွှေပြည်စိုး x xလွမ်းပိုဖွယ်ရာ x x ။




တူ ပူနိမ်.. တိမ်.. ပူနိမ်..ဗျောင်...။


သွက်လက်သော ကကြိုးတို့နှင့်အတူ.. ရွာစားကျော် စိန်ကိုကြီး၏ အတီးကား စည်း နရီ မိလှပေသည်..။ ကကြိုးအဆုံးနှင့်  တီးသံအဆုံးမှာ ကွက်တိပင်...ဖြစ်လေသသည်။။


ကန့်လန့်ကာကြီးကား...တအိအိ လျှောကျလာချေပြီတကား......။




မှတ်ချက် ။  အမည်သုံးထားသော သူငယ်ချင်းများ ချစ်၍ကျီစယ်ခြင်း ၊ အမြင်ကပ်၍ ကျီစယ်ခြင်းဟု မှတ်ပါလေ..။။။ :P



ကြိုးစားပါဦးမည်..။ ဆန္ဒမွန်ဖြင့်.....လွမ်းနောင်..။ www.lwannaung.co.cc


 
အနာဂတ်ကောင်းကင် အွန်လိုင်းမိသားစု


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>