တကယ့်အချစ်စစ်နဲ့ ချစ်တဲ့သူက သစ်ပင်အိုကြီးနဲ့ အလားသဏ္ဍန်တူတယ်...
လူတွေက မမျှော်လင့်ပဲရောက်ရှိလာကြပြီး..အဲဒီသစ်ပင်ကြီိးမှာ ပင်ပန်းသမျှ အမောဖြေခဲ့ကြတယ်....။
အဲဒီသစ်ပင်အိုကြီးက လူတွေအတွက်
နေပူလာရင် အေးမြတဲ့အရိပ်တခုကို ပေးတယ်..
.
မိုးရွာလာရင် မလုံတလုံအမိုးတခုနဲ့ တတ်စွမ်းသမျှ အကာကွယ်ပြုခဲ့တယ်...
ပင်ပန်းနွမ်းဟိုက်လာရင် သူရဲ့ရွက်သစ်တွေနဲ့ လေးညှင်းအဖြစ်ဖန်တီးပေးတယ်....။
ဝမ်းနည်းစွာနဲ့ ငိုကြွေးတဲ့အခါ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အဖော်ပြုပေးခဲ့တယ်...။
မပျော်ရွှင်ကြလို့ အခြားတနေရာကိုပြောင်းသွားတဲ့အခါ အဲဒီသစ်ပင်ကြီးမှာ ရပ်ကြည့်နေရုံမှ
လွှဲ၍ ဘာမှ မတတ်နိုင်ခဲ့ဘူး
နေရာသစ်မှာ မပျော်ပိုက်လို့ သူ့ဆီ ပြန်ရောက်လာရင်လဲ ပြုံးပြုံးလေးနဲ့ ဆီးကြီုနေဆဲ...။
ဒါပေမယ့်ဗျာ...လူတွေသူ့အနားက ထွက်ခွါသွားမယ်လုပ်တိုင်း အဲဒီသစ်ပင်ကြီးရဲ့ ပင်စည်မှာဓါးတွေနဲ့မွှမ်းခြစ်ပြီး အမှတ်တရအဖြစ်ထားခဲ့ကြတယ်...။
အဲဒီသစ်ပင်ကြီးမှာ ဒဏ်ရာ ဗလာပွနဲ့ပေါ့....
အချစ်ဆိုတဲ့အရာကလဲ ဒီလိုပါပဲ
လူတွေဟာ ကိုယ်ချစ်ရတဲ့သူအတွက် အရာအားလုံးကို ပေးဆပ် ပြီးချစ်ခဲ့ကြပါတယ်...
အနိုင် အရှုံး..အတက်အကျ..သာသည် နာသည် ဘာမှ ကို မခွဲခြားနိုင်တော့ပါဘူး
နောက်ဆုံး ရက်ရက်စက်စက်နဲ့ ဒဏ်ရာဗလာပွနဲ့ ထားခဲ့ရင်တောင် ခွင့်လွှတ်စွာနဲ့
နားလည်ပေးနေတုန်းပါပဲ...။
ဟုတ်တယ်....
တကယ့်အချစ်စစ်နဲ့ ချစ်တဲ့သူဟာ သစ်ပင်အိုကြီးနဲ့ အလားသဏ္ဍန်တူပါတယ်...
ငဖြိုး
↧
အချစ်စစ်ဆိုတာ....
↧