တောင်းဆုတွေ ပြည့်ခဲ့မယ်ဆိုရင်...
ငါလေ...
နင့်အတွက် ကြယ်စင်လေးဖြစ်ပါရစေ
နင် တောင်းဆုတွေပြည့်ဖို့ ငါခန္ဓာသက်ဆင်းပြီး ကြွေပေးချင်လို့ပါ...။
ငါလေ...
နင့်အတွက် လမင်းကြီးဖြစ်ပါရစေ
နင့်ရဲ့မှောင်မိုက်နေတဲ့ အချိန်တွေအတွက် ငါအမြဲထွန်းလင်းပေးချင်လို့ပါ...။
ငါလေ...
နင့်အတွက် ပင်လယ်ပြာကြီးဖြစ်ပါရစေ
နင် ဘ၀ရဲ့အမောတွေနဲ့ကြုံလာတိုင်း လွပ်လပ်စွာ အပန်းဖြေနိုင်အောင်လို့ပါ...။
ငါလေ...
နင့်အတွက် ကောင်းကင်ပြာကြီး ဖြစ်ပါရစေ
နင်နဲ့အဝေးဆုံးတနေရာရောက်နေရင်တာင် နင်နဲ့သိပ်မဝေးတဲ့ တနေရာမှာရှိနေချင်လို့ပါ...။
ငါလေ...
ငါလေ...
ဖြစ်ချင်တာတွေ ဖြစ်မလာတတ်တဲ့လောကကြီးမှာ
ငါတောင်းခဲ့တဲ့ ဆုတွေမပြည့်ခဲ့ရင်တောင်
ငါလေ...
" နင်ရဲ့ အရံလူနဲ့ ခဏတာ လူတော့ မဖြစ်ပါရစေနဲ့.."
ဟုတ်တယ်... ဒီတောင်းဆုလေး တခုတော့ ပြည့်ပါရစေ ဟာ....။
ငဖြိုး