'' ကိုတော်ကြီးကိုတော်လေးရှင် အသန်းကို ကြည့်ရှူစောင်မပေးပါ ရှင် ကဲ ကိုတော်ကြီးကိုတော်လေးတို့ ရေ ဒီမှာ ကြက်ကြော် ဒီဘက်က ငါးကြော် သုံးဆောင်ပါရှင် သုံးဆောင်ပါရှင့် အသန်းရဲ့ လုပ်ငန်းကိုင်ငန်းတွေမှာ ဆူးညှောင့်ခလုတ်တွေရှိရင်လဲ ဖယ်ရှားပေးတော်မူပါ ကိုတော်ကြီးကိုတော်လေးရှင် အော်ပြောရအုံးမယ် ကြက်ကြောကိုရဲရဲသာသုံးဆောင်ပါ အသန်းကိုတိုင် ကြော်ထားတဲ့ကြက်ပါ ကြက်ငှက်တုတ်ကွေးကို လုံးဝမကြောက်ပါနဲ့ အသန်းကြက်ကို ကြက်အောင်ကြော်ထားတာပါ ကြည့်ပါအုံးကိုတော်ကြီးကိုတော်လေးရယ် ကြက်ကလေးမှာ ပေါင်နှစ်ဖက်ကို ကားနေတာပဲ သုံးဆောင်ပါ သုံးဆောင်ပါ သမီးတော်လေး ကိုကြည့်ရှူဆောင်မပါ''
အသန်းကတော့ မိမိအိမ်မှာကိုးကွယ်ထားသော နတ်များကို အကြော် အလှော်များအား ဆတ်သပူးဇော်ပသနေပါသည်
တင်းတောင် တင်းတောင် တင်းတောင် အိမ်အောက်မှ မည်လာသော လူခေါ်ဘဲသံလေးအား အသန်း တစ်ယောက်ကြားမိလိုက်သည်အသံကြားရာ အိမ်အောက်ထပ်သို့ အသန်းခြေလှမ်းများအားဦးတည်လိုက်ပြီး အိမ်အောက်ထပ်သို့ အသန်း ဆင်းလာခဲ့သည်
'' ဒီအဖွားကြီး ဘယ်တွေသွားနေပါ့လိမ့်''
ဂတောက် ဂချက်
'' ဟယ် မြင့် ဘယ်ကနေဘယ်လို ပေါက်ချလာတာလဲဟယ် မတွေ့တာတောင်ကြာပါကောလား''
'' အဖွားကြီးနော် အိမ်ထဲမှာ တကုတ်ကုတ်နဲ့ ဘာတွေလုပ်နေတာလဲ ခေါ်မကြားအော်မကြားနဲ့ ''
''လာလာလာ မြင့် အိမ်ထဲကိုဝင်''
'' မဝင်ခိုင်းလဲ ဝင်မှာပါ အဖွားကြီးရယ် ထုံးစံအတိုင်း စားသောက်ပြီးမှ ပဲပြန်မယ်'' ဟု အသန်းအိမ်သို့လာလည်သော မြင့်က ပြန်ပြောလိုက်သည်
'' ဘာတွေလုပ်နေတာလဲ အသန်းရယ် ''
'' အော် ကိုတော်ကြီးကိုတော်လေးကို ကပ်ထားတဲ့ အရက်တွေက ကြာနေပြီးဆိုတော့ စွန့်ပြီး အသစ်ပြန်ကပ်တယ် နောက်ပြီးကြက်ကြော်တို့ ငါးကြော်တို့ပေါ့အေ ဆတ်သနေတာပါ လုပ်ငန်းကိုင်ငန်းလေးလဲ အခုတလော အစဉ်မပြေဖြစ်နေ လို့ပါ မြင့်ရယ်''
'' ဖြစ်ရမယ် အသန်း တို့ကတော့ ခလုတ်ထိမှ ကိုတော်တွေကိုတတယ်နော် ''
'' ကဲ ဆိုစမ်းပါအုံး မြင့်ရယ် လာရင်းကိစ္စက ဘာလဲ လမ်းကြုံလို့ဝင်လာတာလား အကြောင်းကိစ္စ တွေရှိလို့ ဝင်လာတာလား''
'' အမလေး ဘယ်လိုပြောလိုက်တာလဲ အသန်းရယ် ကျုပ်က ကိစ္စရှိမှ လာရမှာလားတော့ အဖွားကြီးနော် ဘာမဟုတ်တာတွေလုပ်နေတာလဲ''
'' အမလေး မဟုတ်တာဆိုလို့ ဘာမှ မလုပ်ရပါဘူးတော်ရေ ''
'' မလုပ်ဘူး လို့သာ ပြောနေတာပါ အဖွားကြီးရယ် ကျုပ်တောင်ပြုံပွဲကို သွားဖို့ဖုန်းဆတ်ခေါ်တုန်းကလဲ ရှင်ကြီးက မအားဘူးလို့ပြောတယ် အခုလဲ ထိုနည်း၎င်းပဲ ဘာလဲ အဖွားကြီး ရှင်ကြိတ်သားတွေ စားနေတာလား''
'' မြင့် ရယ် မဟုတ်တာတွေ ရှောက်ပြောနေပြန်ပြီ ငါ့အကြောင်းလား ပြောကိုမပြောချင်တော့ပါဘူးအေ''
'' မပြောချင်ဘူးဆိုရင်လဲ မပြောနဲ့တော့ အဖွားကြီးရယ် ''
'' မပြောလို့ မဖြစ်ဘူး ပြောကိုပြောရမှာ ငါတောင်ပြုံးပွဲကို မသွားနိုင်တာလေ အိမ်ကဗြမ္မာ အုတ်ခေါင်းကြီးကြောင့်ပါဟယ်''
'' ဗုဓ္ဓေါ မြစ်စွာဘုရား အသန်း အဖွားကြီး ရှင် ယောက်ျားယူထားတာလား ကျူပ်ကိုမှန်မှန်ပြောနော်''
'' ယောက်ျား ဟုတ်လား ကျုပ်တို့လို အတုတွေကို ယောက်ျားတွေကစိတ်ဝင်စားမလား အစစ်ကိုပဲ စိတ်ဝင်စားမှာပေါ့ အဖွားကြီးရဲ့ ''
'' ဒါဆိုဘယ်က ဗြမ္မာ အုတ်ခေါင်းလဲ ဆိုစမ်းပါအုံးဟယ် အသန်းရယ်''
'' ဒီလို မြင့်ရေ ငါ့အောက်ကကောင်လေ သိတယ်မလား သန်းထိုက် အေး သူ့ရဲ့သား ဟင်သားလဲမဟုတ်ဘူးဟဲ့ သူ့ရဲ့ သမီး သမီးလဲမဟုတ်သေးပါဘူးဟယ်''
'' အဖွားကြီး ရှင့်တစ်ယောက်ထဲကိုပဲ ရှုတ်နေတော့တာပါပဲတော် သားလဲမဟုတ် သမီးလဲ မဟုတ်နဲ့ ဘာလဲ ဘာကြီးလဲ''
'' ဘာကြီးလဲဆိုတော့ မြင့်တို့ ကျုပ်တို့လို အချောတကင်လေအေ ရှင်းပြီလား''
'' ဟယ် ဝမ်းသာလိုက်တာ အသန်းရယ် ဒို့လို အချောတကင်လေးဆိုတော့ ဟိဟိဟိဟိ အသန်းအဖွားကြီး ရှင့်ကိုယ်စား မြင့်ကတော့ ဂုဏ်ယူလို့ကို မဆုံးပါဘူးတော်''
'' အမလေး မြင့်ရေ ဂုဏ်ယူမနေနဲ့ မြောက် ငပိထိသလို ဆတ်စလူးကို ခါနေတာပါပဲအေ သူ့ကြည့်ပြီးငါတောင် ခေါင်းတွေမူးတယ် ခေါ်ပြမယ်ခေါ်ပြမယ် ခဏနေ အပြင်သွားမယ် ဆိုပြီး အလှပြင်နေတာပါတော့ ကျုပ်ခေါ်ပေးမယ် နေအုံး''
'' မီး မီးမီး မီး မီးမီး'' မီးမီးဟူသောခေါ်သံကြောင့် စကားထိုင်ပြောနေသော မြင့် တစ်ယောက်မှာ ထိုင်ရာကနေ ထပြီး
'' မီး ဟုတ်လား မီးဆိုရင်တော့ ကျုပ်ကတော့ မီးလောင်တဲ့အထဲ အပါမခံနိုင်ဘူးတော်ရေ ပြေးတော့မယ်''ဟု၍ ပြန်ပြောလိုက်သော မြင့်၏စကားသံကြောင် မြင့် လက်ကလေးကို အသန်း တစ်ယောက်လှမ်းစွဲလိုက်သည်
'' အဖွားကြီး ဘယ်ကိုပြေးမလို့တုန်း စိတ်တွေလဲညစ်ရပါတယ်တော် ''
'' ရှင်ကြီးပဲ မီးဆိုတော့ ကျုပ်လဲ ပြေးဖို့ပြင်တာပေါ့တော့ အဖွားကြီးရဲ့ ''
'' အမလေး မြင့်ရယ် ခတ်တော့တာပါပဲ မီး ဆိုတာက ငါက ငါ့တူမကိုခေါ်တာ မီးမီးလို့ခေါ်တာဟဲ့ အဖွားကြီးရဲ့''
'' မသိပါဘူးအေ ကျုပ်မှာ တစ်ကိုယ်လုံးကိုတုန်သွားတော့တာပါပဲ မီးဆိုတော့ လန့်တာပေါ့တော့ နာမည်ခေါ်တယ်လို့ ကြိုပြောပါလား အမလေး တုန်ကနည်းကိုနေသွားတော့တာပါပဲ အဖွားကြီးရယ်''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပြင်ဘက်မှ ခေါ်သံတစ်ခုကို အာဂစိန် တစ်ယောက်ကြားမိလိုက်သည် လေးလေးသန်း၏ ခေါ်သံဆိုတာ သိလိုက်သည် ထိုအသံသည် ဧည့်ခန်းထဲမှာထွက်ပေါ်လာသောအသံ ဖြစ်သောကြောင့် အသံရှိရာအရပ်သို့ အာဂစိန် တစ်ယောက် ညှင်သာသော ခြေလှမ်းများဖြင့် လျှောက်လှမ်း လာခဲ့သည်
'' လေးသန်းရေ များကို ခေါ်တာလားဟင် ဘာကိစ္စရှိလို့လဲ ''
'' ဟယ် အသန်းရယ် အသန်းတူမလေးက အရမ်းလှတာပဲတော် အသန်းတို့ မြင့်တို့ ငယ်ငယ်တုန်းကထက်တောင် ပို လှသေးတယ် အမလေးလေး စက်စက်ကိုယိုနေတာပါပဲ''
'' ဒီနားလာပါအုံး မီးရယ် ''
'' ဟုတ်ကဲ့ လေးသန်း''
'' အော် မိတ်ဆတ်ပေးရအုံးမယ် ဒါက ကန္နားစီး မြင့် တဲ့ နာမည်ကြီးပဲ မီးရေ လေးသန်းရဲ့ မိတ်ဆွေပေါ့ကွယ် ''
'' ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ရှမ့် ''
'' အမလေး လိမ္မာလိုက်တာ ''
'' လိမ္မာမှာပေါ့ လေးမြင့်ကလဲ များကို လေးသန်းက ဆုံးမသွန်သင်ထားတာကို ''
'' အမလေး အမလေး မယ်မင်းကြီးမ ကျုပ်ကို လာမမြှောက်နေနဲ့ ''
'' ခိခိ လေးမြင့်ကလဲ များကိုဆိုရင် တွေ့တာနဲ့ ပြောတော့တာပါပဲ သွား စိတ်ဆိုးတယ် များ အပြင်သွားတော့မယ် ''
'' ကြွ ကြွ နည်းနည်းဖြင့် အပြင်ပဲ သွားနေတာပဲ ငါ့ကိုဆို နည်းနည်းလေးမှကို မသနားဘူး မွေးရကျွေးရကြိုးနပ်လိုက်တာ တော်''
'' သွားပြီနော် ဘိုင်ဘိုင် လေးမြင့်ရေ နောက်မှ ဆုံမယ် နော် ''
'' အေးကွယ် မီးလေးရယ်''
'' အော် ဒါနဲ့ လေးသန်းရေ များ သုံးဖို့မရှိလို့ လေးသန်း သိမ်းထားတဲ့ ပိုက်ဆံ ထုပ်ထဲက နည်းနည်း ယူသွားတယ် အခုတော့ ချာတိတ်လေးတွေနဲ့ date လုပ်ထားလို့ များတော့သွားပြီ'' ဟု လှမ်းပြောလိုက်ပြီး လက်ကလေးအား ကာပြသွာ၍ အပြင်ဘက်သို့ အာဂစိန် တစ်ယောက်ဦးတည်၍ ထွက်သွားသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' တွေ့တယ် မလား အဲ့သလို တော်ရေ အဲ့သလို ပြောရင်လဲ ပြောတယ်တဲ့ ပေါက်ပေါက်ဖော်တယ်တဲ့''
'' အော်မြင့်ရယ် ခောတ်ကာလ သားသမီးတွေပဲ ဒီလောက်တော့ ရှိကြတာပေါ့ ဖလန်းဖလန်းထနိုင်တုန်းအချိန်မလို့ ထတာပဲတော် ဒီမယ်အဖွားကြီး ရှင့်တုန်းကလဲ ဒီထက်တောင်ဆိုးသေးပါတယ်တော် ကျုပ်တို့ငယ်ငယ်ကဆို ဝက်ဝက်ကွဲ ကဲခဲ့တာလေ အဖွားကြီးအခုရှင် အာဂစိန်ကို ပေါက်ပေါက်မဖောက်စမ်းပါနဲ့တော်''
'' အမလေး အဖွားကြီး ဒီလောက်ပြောဆိုဆုံးမနေတာတောင် တော်ရာမကျဘူးတော်ရေ ကျုပ်ကို ပေါက်ပေါက်ဖောက်လွန်းလို့ အဆိုးမြင်တယ်တဲ့ အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြဆိုရင် ကျုပ်ကို အရင်ဆန့်ကျင်ရမယ်တဲ့ အမလေး ပြောတက်လိုက်တာ ဘာရယ်ဘာရယ် ပြောလွန်းလို့ ကျုပ်ကို သာလိကာ မလို့နာမည်ပေးထားတာ တော့''
'' တစ်ခါမှ မညည်းဖူးတဲ့ အသန်းတို့က အခုမှ လာညည်းပြနေတယ် ဒါနဲ့ ဆိုစမ်းပါအုံး တော့မောင် သန်းထိုက်က ဘာလိုဖြစ်လို့ ဒီကလေးကို လာပို့ထားရတာလဲ ''
'' အမလေး မြင့်ရဲ့ အဟီးးးးးးးးးးးးးးးအဟီးးးးးးးးးးးးးးးးးးးအဟင့် ဟင့် ''
'' အဖွားကြီး ဘယ်လိုဖြစ်လို့ ကျုပ်နာမည်ကို တပြီး ငိုနေရတာလဲ မသိရင်ကျုပ်က အသုဘ ကြီးကြနေတာပါပဲ ''
'' ဝမ်းနည်းလွန်းလို့ပါ မြင့်ရယ် အမလေး အဟီး အဟီး အဟင့်အဟင့်''ငိုကြွေးနေသော အသန်းအား ဘေးနားမှာ ထိုင်နေသော ကန္နားစီး မြင့်က တစ်ရှူး ဗူးလေးအား ကမ်းပေးလိုက်သည်
'' ကဲ ရော့ရော့ရော့ မျက်ရည်လေးဘာလေး လဲသုတ်လိုက်ပါအုံး နှပ်လေးဘာလေးလဲ ညစ်လိုက်ပါအုံး ပြီးမှဆတ်ပြော ကျုပ်နားထောင်ပေးမယ် '' ဟု ပြော၍ ကမ်းပေးလိုက်သော တစ်ရှူးဗူးလေးအား အသန်း တစ်ယောက် လှမ်းယူလိုက်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' သန်းထိုက် က မန္တလေးသူနဲ့ အိမ်ထောင်ကျတယ်လေ ''
'' ဟုတ်တယ်လေ ကျုပ်တို့သိတယ်လေ အဖွားကြီးရယ် ''
'' အေး အဲ့ဒါနဲ့ မိန်မရှိတဲ့ မန်းမှာ လိုက်နေတယ် စီးပွားရေးလဲ အဲ့မှာပဲ အခြေချလုပ်ကိုင်တယ် အဖွားကြီးရဲ့ အဲ့တာနဲ့ မန္တလေး ကနေ လားရှိုးဘက်ကို အလုပ်ကိစ္စနဲ့ သူတို့လင်မယား ကားနဲ့ထွက်သွားတာ အမလေး သန်းထိုက်ရဲ့ မေးနေပီဟဲ့ ဟီးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးး''
'' အဲ့တာနဲ့ ဘာဖြစ်လဲ ပြောပါအုံး အဖွားကြီးရဲ့ ကျုပ်ရင်တွေတုန်လွန်းလို့ပါတော်''
'' အဲ့တာ လမ်းခရီးမှာ ကားမှောက်ပြီး နှစ်ယောက်လုံး တစ်ခါတည်းဆုံးပါးသွားခဲ့တယ် မြင့်ရယ် ဟီးးးးးးးးးးးဟင့်ဟင့်''
'' ကျွတ် ကျွတ် ကျွတ် ဖြစ်မှ ဖြစ်ရလေ အသန်းရယ် မြင့်တကယ် စိတ်မကောင်း ဖြစ်မိပါတယ် တော်''
'' အဲ့တာနဲ့ ငါပဲ ခေါ်ပြီးပြုစုစောင့်ရှောက်ထားရတာပေါ့မြင့်ရယ် ''
'' ဩ ဩ ဩ ဒါနဲ့ ကျုပ်ကြားတော့ သန်းထိုက်တို့က ကလေးမရဘူးဆို အခုဘယ်ကနေဘယ်လို လဲအဖွားကြီးရယ် ရှင်းပြပါအုံးဟယ် ''
'' ပြောမှ ပြောတော့လဲ အဖွားကြီးရယ် ရှင့်ကို ဖြစ်ကြောင်းရယ် ကုန်စဉ် ပြောပြရတော့မှာပေါ့တော်''
ဒီလို မြင့်ရေ...........................................................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ငါ့မှာတော့ ငါ့သားလေး ငါ့သားလေး ဆိုပြီး ညအိပ်ရာဝင်တိုင်း ပွတ်ပွတ်ပြီး အိပ်လိုက်ရတာ အခုတော့ ဟင်း''
'' ဒီမယ် ကိုသန်းထိုက် ဒီကိစ္စက ရှင်လဲ အသုံးမကျလို့ ဖြစ်ရတာပါ ကျုပ်ကိုပဲ အပြစ်တင်မနေပါနဲ့ အလိုတော် ကလေးမရတာပဲ အပြစ်တစ်ခု လုပ်ပြီးပြောပြောနေတာ''
'' မပြောလို့ ရမလား ကွ မင်းမှာ ကိုဝန်ရှိတယ် ထင်ပြီး ငါ့မှာတော့ အလုပ်မှန်သမျှ ငါ့ပဲလုပ်တယ် အော်ငါ့မိန်းမမှာ ဗိုက်ကြီးနဲ့ဟ ဆိုပြီး အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး အဝတ် အစားကအစ လျှော်ဖွတ်ပေးတယ် ''
'' ဟုတ်တယ်လေ ကျုပ်လဲ ဗိုက်ရှိတယ်ထင်နေတာပေါ့ အခုမှ လာပြီ ပြသနာမရှာနေနဲ့နော် ကိုသန်းထိုက် ရှင်နဲ့ကျုပ် ပြသနာမဖြစ်ချင်ဘူး''
'' ဗိုက်ရှိတယ် ဗိုက်ရှိတယ် ဆိုပြီး ငါ့မှာတော့ အဟုတ် မှတ်လို့ ဆရာဝန်သွားပြတော့ ထမင်းစားဗိုက်တဲ့ အဲ့လို ထမင်းစားဗိုက်ပဲဖြစ်ဖြစ်နေတာ ဘယ်အကြိမ်ရှိပြီလဲ တစ်ခါလဲမဟုတ် နှစ်ခါလဲ မဟုတ်''
'' အို ကလေးမရလဲ မယူနဲ့ပေါ့တော် ကျုပ်လဲ ဆေးတကာဆေး စားလိုက်သောက်လိုက်ထိုးလိုက်နဲ့ လုပ်နေတာပဲ ရှင်အမြင်ပဲလေ ''
'' အေး တော်ပြီ မင်းနဲ့ ဆတ်ပြောနေရင် ငါနဲ့ စကားများကြမယ် အခုငါသွားတော့မယ် အရက်ဆိုင်ကို မင်းတို့မိန်းမတွေကလေ ဟင်းးး ဟင်းး တောက် ငါမပြောတော့ဘူး''
'' သွားသွား ပြန်မလာလဲ ဘာမှမဖြစ်ဘူး ဘယ်နဲ့တော် ကလေးမရတာကို အပြစ်တစ်ခုလုပ်ပြီးပြောပြောနေတာ ကြာလေကြာလေလဲ စိတ်ကုန်လာပြီ အစကသိရင် ဒီလိုယောက်ျားမျိုး မယူပါဘူးတော် အခုတောင် ပြန်အမ်းလို့ရမယ်ဆိုရင် ပြန်အမ်းလိုက်ချင်တယ်''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
''ဒီလိုပဲပေါ့ မြင့်ရယ် သားသမီး မရတဲ့အချိန်ကဆို တကျိကျိနဲ့ ရန်ဖြစ်နေကြတာ ''
'' ဖြစ်တာတော့ဖြစ်တာပေါ့ အသန်းရယ် သူတို့က သားသမီးလိုချင်ကြတာကို အဖွားကြီးရယ် အဲ့တာနဲ့ ဘာတွေဖြစ်ကြသေးလဲ ပြောပါအုံးဟယ် အဖွားကြီးရယ် ကျုပ် စပ်စုလိုက်အုံးမယ်''
'' အဲ့တာနဲ့ တစ်နေ့..................................................................
ဒုတိယပိုင်းအား ဆတ်လတ်ဖော်ပြပေးသွားပါမည်
မိတ်ဆွေသူငယ်ချင်းများအားလုံးအား အစဉ်ထာဝရချစ်ခင်လေးစားလျှက်
.................................................................................................
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ