သူငယ်ချင်းတိုရေ တစ်ခဏတာ ဆုံနေတဲ့ အချိန်လေးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ပါ တစ်ခဏတာ အချိန်လေးကို တစ်ဘ၀စာ အချိန်လို့မထင်လိုက်နဲ့ သူငယ်ချင်း တကယ်တော့ ဘ၀ဆိုတာတစ်သွင်သွင် စီးဆင်းနေတဲ့ မြစ်ရေအလျဉ်မှာ သစ်တုံး သစ်စ ထင်းစ ၀ါးစ အမှိုက်သရိုက်တွေဟာ တွယ်ယှက်ဆုံဆည်းပြီး ဟိုတစ်စု ဒီတစ်စုနဲ့ ရေအလျဉ်မှာ တွေ့ဆုံပြီး ထွေးနှောင်ဖွဲ့ကြ တူမကြွာမျော်စီးကြနဲ့ပေါ့ ဒီလိုနဲ့တစ်နေ့မှာ မိုးသက်လေပြင်းတွေထပြီး လှိုင်းလုံးကြီးတွေ အဆက်မပြတ် ရိုက်ခတ်လိုက်တဲ့အခါ တွယ်ယှက်ဆုံဆည်းထားတဲ့ အစုလေးတွေ အစုကြီးတွေဟာ အစုအပြုံးနဲ့ မဝေးရအောင် လုံးထွေးတွယ်ယှက် ကြပါသော်လည်း အဝေးတစ်နေရာစီလွင့်ပြီး ပျက်စီးကြရတယ် ဘ၀ဆိုဒါ ဒီလိုပါပဲ.....သူငယ်ချင်းတို့နဲ့ ဆုံဆည်းမှုဟာ မေတ္တာရေအလျဉ်မှာ အကြောင်းဆုံခိုက် ဆုံတွေ့ကြပေမဲ့ တစ်နေ့နေ့ကြရင် မရဏမုန်တိုင်းဘ၀လှိုင်းတို့ကြောင့်တစ်ကွဲတစ်ပြားစီ ခရီးဆက်ကြရမှာပဲ ဆုံတွေ့နေတဲ့ အချိန်လေးကို အကောင်းဆုံးနဲ့ ဖြတ်သန်းလိုက်ပါ သူငယ်ချင်း...................။
↧