ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကုတို့ဆိပ် ရပ်ကွက်ရှိ မေတ္တာမွန် ဂိုဒေါင်ဝင်း အတွင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်၌ အပြင်းထန် ဆုံးပေါက် ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဂို ဒေါင်ဝင်း အနီး နေထိုင်သူ ၁၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး တို့ သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၁ နာရီ ၄ဝ မိနစ် အချိန်ခန့်၌ ကုတို့ဆိပ် ရပ်ကွက် အတွင်းရှိ မေတ္တာမွန် ဂိုဒေါင်ဝင်း အတွင်း မီးလောင်မှုဖြစ် ပွားရာ ပတ်ဝန်းကျင် တွင် နေထိုင် သူများက ရန်ကုန်တိုင်း ဒေသကြီး မီးသတ် ဦးစီးဌာနသို့ အကြောင်းကြား ခဲ့ကြောင်း၊ မီးသတ်ဦးစီးဌာနမှ မီး သတ်ယာဉ် ၃ စီးဖြင့် အဆိုပါ နေရာ သို့ ရောက်ရှိ မီးငြှိမ်းသတ်စဉ် နံနက် ၁ နာရီ ၅၅ မိနစ်အချိန်၌ တိုင်းရင်း ပရဆေးများ သိုလှောင်ထားသော ဂိုဒေါင် အမှတ်(၇၉)မှ စတင်၍ ပေါက်ကွဲခဲ့ပြီး နံနက် ၂ နာရီ အချိန်၌ ဒုတိယ အကြိမ် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ပေါက်ကွဲမီးလောင်မှု ကြောင့် လူနေအိမ်ခြေ ၁၂ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဖြိုး စေတနာ အခမဲ့ ဆေးခန်းတစ်ခါန်း၊ ဝန်ထမ်း တန်းလျားနှစ်ခုတို့ ပြိုကျ ပျက်စီးခဲ့ပြီး ပစ္စည်းများ သိုလှောင် ထားသည့် ဂိုဒေါင် ၁၇ လုံးနှင့် မီးသတ်ယာဉ် ၃ စီး မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ရရှိ သောစာရင်း များအရ အဆိုပါ ပေါက်ကွဲ မီးလောင်မှုကြောင့် သေဆုံးသူ ကျား ၁၁ ဦးနှင့် မ ၅ ဦး၊ ဒဏ်ရာ ရသူ ကျား ၆၂ ဦးနှင့် မ ၁၇ ဦး ရှိကြောင်း၊ ၄င်းအပြင် ကျား ၂၆ ဦးနှင့် မ ၁၅ ဦးတို့မှာ ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
ထိုပေါက်ကွဲမှုကြောင့် အိမ်ထောင်စု ၁၉၂ စုမှ လူဦးရေ ၉၂၆ ဦးမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာမှ ကုတို့ဆိပ် ရပ်ကွက်ရှိ မဟာဝိဇရကျောင်း၌ ကယ် ဆယ် ရေးစခန်း ဖွင့်ကာ ကူညီစောင့်ရှောက် ထားကြောင်း သိရသည်။
”ဒီလို ပေါက်ကွဲမှုမျိုးကို အရင် က ရန်ကုန်မြို့မှာ တစ်ခါမှ မတွေ့ဖူးဘူး။ အဓိက အခုလို လူအသေ အပျောက်နဲ့ ပျက်စီးမှု များသွားရ တာကမီးလောင်မှုကြောင့် မဟုတ် ဘဲ ပေါက်ကွဲမှုကြောင့် အဓိက အခုလို ဖြစ်သွားရတာ။ လောလောဆယ် ပေါက်ကွဲတဲ့ အကြောင်းရင်းကိုတော့ ရှာနေတုန်းပဲ။ တွေ့ရှိတဲ့ အနေအထား အရတော့ ဖြစ်နိုင် တာက နှစ်ခုရှိတယ်။ တစ်ခုက ပရဆေးတွေ ဓာတ်ပြုပြီး မီးလောင်နေတဲ့ အချိန်မှာ ရေနဲ့ထိပြီး ပေါက်ကွဲသွားတာရယ်၊ ဗုံးထောင် ဖောက်ခွဲတာရယ်။ ဒီအထဲ မှာမှ ဖြစ်နိုင်ခြေ အများဆုံးက ဗုံး ကြောင့် ပေါက်ကွဲတာ အများဆုံးဖြစ် နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဂိုဒေါင်ရဲ့အောက်ခြေ မြေပြင်မှာ အနက် ၁ဝ ပေ၊ အကျယ် ၁၅ ပေ လောက်ရှိတဲ့ တွင်းကြီးတစ်ခု ကျန် ခဲ့တဲ့အပြင် ဂိုဒေါင်စောင့်တဲ့ လုံခြုံ ရေးတွေကို စစ်ဆေးချက် အရ ဒီဂို ဒေါင်ဝင်း အတွင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက် ကစပြီး အခုဖြစ်ပွား တဲ့ အချိန်အထိ လူငယ် ၅ ဦး လာ ရောက် နေထိုင်ပြိး ချက်ပြုတ်စား သောက်ကြတယ်လို့ သိရတယ်။ အခု အဲဒီ လူငယ် ၅ ဦးကိုလည်း လိုက်ရှာနေပါတယ်” ဟု မှုခင်းရဲ တပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီး တစ်ဦးက ပြောသည်။
သူရထွန်း
↧
အပြင်းထန် ဆုံးပေါက်ကွဲမီးလောင်မှုအတွင်း လူ ၄၁ ဦးပျောက် ဆုံးနေဆဲ ဗုံးထောင် ဖောက်ခွဲတာ လို့  မှုခင်းရဲ တပ်ဖွဲ့ မှ ယူဆ
↧