Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

**ဟန်ဆောင်ခြင်းရဲ့ နောက်ကွယ်..**

$
0
0

ရာဇာ တစ်ယောက် သူငယ်ချင်းတွေဆီကိုမသွားတာ လေးငါးရက် ရှိနေပြီ
အမေဖြစ်သူကကြည့်ပြီးတော့
``အင်းဘာစိတ်ကူးတွေများပေါက်လို့ပါ လိမ့် ´´ ဟုတ်သည် အရင်ကဆို ဒီလိုမျိုး
အိမ်မှာ ကပ်တယ်လို့ကို မရှိဘူးလေ အခုရက်ပိုင်း တွေမှာတော့ ဒီလို
မဟုတ်ပါဘူး * ကဲ အမေ ဆိုင်ကိုသွားတော့မယ် * အဲ့တော့ သားဖြစ်သူ ရာဇာက
*ဟုတ်အမေ* အမေဖြစ်တဲ့သူက ထားနေခဲ့ကျအတိုင်း မုန့်ဖိုးကို သားဖြစ်သူ
အိပ်ခန်းထဲက တီဗီ စင်ပေါ်မှာ တင်ထားခဲ့သည်...။ ဆိုင်ဆိုတာလည်း အမေဖြစ်သူက
ရှော့ပင်စင်တာ တခုမှာ အထည်ဆိုင် ခပ်ကြီးကြီးတဆိုင်ဖွင့်ထား
ခြင်းဖြစ်သည်...။ ကဲ အမေလည်း ဆိုင် သွားပြီဆိုတော့ ရာဇာတယောက်
ပြင်းပြင်းရှိတာနဲ့ ဂိမ်းဆက်ဖွင့်ကာ ဂိမ်းဆော့နေလေသည်။ထိုအချိန်တွင်
ခြံရှေ့ကလူခေါ်ဘဲလ် သံကြား လိုက်ကသည် လှမ်းကြည့်လိုက်တော့ မိနွယ်နဲ့
ငြိမ်းအောင်တို့ သူငယ်ချင်းတွေလာတာဖြစ်သည်... နေခြည်လည်းပါလာသည်...။
မထူးတော့ပါ ဘူးဆိုကာတခါး သွားဖွင့်ပေး လိုက်သည်..
*ဟေ့ယောင် မင်းကလည်း ငါတို့ဆီကိုတောင် တချက်ကလေး လှည့်မလာဘူး
ဘာဖြစ်လို့လည်းကွ..*
အိမ်ထဲမရောက် သေးဘူး သက်ထိုက်တယောက် ယောက်တော့ သည်
* အေးလေ နင်ကလည်း ငါတို့ နင့်အိမ်ဖုန်းကိုဆက်တာ ဘာလို့မကိုင်တာ လည်း
ဘာလည်း ဘေတွေတတ်မှာဆိုးလို့လား...နေမကောင်းလို့လား..* ဆိုကာ မိနွယ်တရောက်
လက်ကလေး ရာဇာ့ နဖူးပေါ်တင်ကာ ကိုယ်ပူ ဆန်းလိုက်သည်... * ဟဲ့ ကိုယ်လည်း
မပူပါဘူးဟ * ဒီတော့ နေခြည်က * ဘာမှမဟုတ်ဘူး ငါ့ကို အကြွေး မဆပ်နိုင်လို့
ပုံးနေတ နေမှာပေါ့ ဟုတ်တယ်မှတ်လား ရာဇာ**

အောင်မယ် နေခြည် နင့်ပိုက်ဆံ လောက်က အခုချက်ချင်း ပြန်ဆပ်လိုက်မယ် ဟင်း
* ဆိုကာ ပြောလည်းပြေ အိပ်ခန်း ထဲဝင်သွား ကာ အမေပေးတဲ့မုန့်ဖိုးတွေ
စုစုထားတာ 1 သိန်းလောက်ရနေပြီ အဲ့ထဲက ငါးသောင်းယူ ထုပ်လာခဲ့သည်။

*ရော့ နေခြည်ဒီမှာနင့်ပိုက်ဆံ ဟင်းငါ့အိမ်ပေါ် တတ်လာပြီးတော့
တောင်အကြွေးလာတောင်းရဲတယ် ...*
ရာဇာတယောက် အသည်းပေါက်သွားသည်.. မျက်နှာက
လည်း မဲ့ပြလိုက်သည်...။ဒီတော့

*မဟုတ်ပါဘူးရာဇာရယ် နင့်ကို နေမကောင်းဘူး ထင်လို့ လာခဲ့တာပါဟ
နေခြည်တောင်နင့်အတွတ် ပန်းသီးတွေ ၀ယ်လာတယ်ဟိုမှာလေ **
ဆိုကာ
နေခြည်လက်ထည်းကပန်းသီးကို ပြလိုက်တော့ ရာဇာ တယောက် မျက်နှာကပြုံးပြုံး
နဲ့

*ဟဲ့ စေတနာ ရှိလို့တော့ မထင်နဲ့ သူများအိမ်လာတာ လက်ဆောင်မပါရင်
မကောင်းဘူးဆိုလို့ ပြီးတော့ ငါ့အကြွေးလည်း ချောချောချူချူ ပြန်ဆပ်နိုင်
အောင် ရယ် ဒါကြောင့် ၀ယ်လာတာ.*
နေခြည်က အဲ့လိုလည်းပြောလိုက်တော့ ရာဇာ့
မျက်နှာမဲ့သွားသည်..။

*ရတယ် ဘယ်လိုပဲဖြစ်ဖြစ် ငါကအဲ့ပန်းသီးကိုစားမှာပဲ ***ဆိုကာ ပန်းသီးကို
နေခြည်ဆီကနေ ယူလိုက်သည် ..ဒီတော့ ငြိမ်းအောင်က ***ဟေ့ယောင် ရာဇာ
မင်းအိမ်ကိုလာတာ ဘာမှလည်းမကျွေးပါလား အဲ့ပန်းသီးလေးတော့ ကျွေးကွာ***

* ဟုတ်တယ် ဟေ့ယောင် အဲ့ပန်းသီးလေးတော့ ပြန်စွန့်ကွာ*** သက်ထိုက်က ၀င်ပြောတော့

*ဟေ့ယောင်တွေ ငါ့အသည်းလေးဝယ်လာတာကို
မင်းတို့ကိုကျွေးစရာလား***
လို့ပြောလည်းပြောလိုက်ကော နေခြည်တယောက်
မျက်နှာကြီး နီသွားကာ ***အောင်မယ် ငါ့ကိုများအသည်းလေးတဲ့ နင်သေ
ဖို့သာပြင်*
ပါးစပ်က ပြောလည်းပြော လိုက်လည်းထု

ရဇာတယောက် ပတ်ပြေးရတော့သည်..။

သူငယ်ချင်းတွေကတော့ ရယ်မောလျှက်ပေါ့ ။ရာဇာ... သက်ထိုက်...ငြိမ်းအောင်
....နေခြည် ... မိချော..နဲ့မိနွယ်တို့က ကျောင်းနေဖတ် သူငယ်ချင်းတွေပေါ့
အကုန်လုံး တက္ကသိုလ် ကျောင်းပြီးလို့ အလုပ်အကိုင်မယ်မယ်ရရမရှိသေးကြဘူးပေါ့
တယောက်နဲ့တယောက် ချစ်ကြသည် ခင်ကြသည်။ထိုထဲတွင်ရာဇာနဲ့
နေခြည်တို့ကိုအတွဲအဖြစ်တွဲမယ်ဆိုရင်ကြည့်လို့အလွန်ကောင်းသည်ဟုသငယ်ချင်းတွေ
ပြောကြသည်...။

တနေ့*** ရာဇာ မင်းဘယ်လိုမြင်လည်း*** အကြော်စားနေရင်း
ငြိမ်အောင်စကားကြောင့် *ငါ့အမြင်ပြောရရင် နည်းနည်းအေးနေတယ်ကွ***

ဆိုကာအကြော်ကိုယူပြီးတော့ ဖဲ့လိုက်သည်။သက်ထိုက်ကလည်း
* အေးဟုတ်တယ်
အေးယုံတင်မကဘူး ပျော့တောင်ပျော့နေတယ်*ငြိမ်းအောင်တရောက် ခေါင်းတွေကုပ်ကာ
..

***ဟေ့ယောင် တွေ ဘာတွေပြောနေတာလည်းကွ ငါမေးတာ
အကြော်ကိုမေးတာမဟုတ်ဘူးကွ...ဟာ အေး မင်းအဲ့လိုလုပ်နေရာဇာ
မင်းနောက်ကောက်ကျမယ် ငါမေးနေတာ နေခြည့်အပေါ်ကို
မင်းဘယ်လိုမြင်လည်းလို့မေးတာကွ..*
ဒီလို ပြောလိုက်တော့

သက်ထိုက်က *အေးဟုတ်တယ်ရဇာ မင်းနေခြည့်အပေါ်ကို ချစ်မိတဲ့စိတ်ကလေး ကွာ
အနည်းဆုံး သံယောဇဉ်လေး တောင်မရှိဘူးလား **
သက်ထိုက်စကားတို့ကြောင့်
ရာဇာတယောက် အင်းယားရေပြင်ကို ငေးလိုက်မိသည်...။

သူငယ်ချင်းတွေစကားဝိုင်းလေး တိတ်စိတ် ညိမ်သက်သွားသည် နောက်တော့ ရာဇာက**
ရှိတာပေါ့ကွာ နေခြည့်အပေါ်ကို ငါ သံယောဇဉ်တွေတင်ဘယ်ကမလည်းကွာ
ချစ်စိတ်တွေတောင် ရှိနေခဲ့တယ်ကွ **

***ဒါကိုများကွာ မင်းဘာလို့ဖွင့်မပြောရတာလည်းကွ တော်ကြာနေ
မင်းအသည်းကွဲနေမယ်နော်..ပြီးတော့ မင်းဘာလို့သူနဲ့တွေ့ ရင် ဘုကန့်လန့်
စကားကိုပြန်ပြောရတာလည်းကွ မင်းကယောကျာ်းလေးပဲကွာ အရှော့ပေးလိုက်ပေါ့ကွာ
..*
ငြိမ်းအောင်စကားကို

သက်ထိုက် ထောက်ခံသည်...*ဟုတ်တယ် ရာဇာ မင်းနဲ့ပဲ ငါတို့က သဘောတူတယ်ကွာ
မင်းပြောလိုက်ပေါ့ ချစ်ရင်ချစတယ်ပေါ့ကွာ မင်းဖွင့်ပြောရင်
မင်းကိုသူလက်ခ့လောက်ပါတယ်ကွာ...***

***မဟုတ်ဘူး ငါသူနဲ့တွေ့ရင် ပြောမထွက်ဘူး ပြီးတော့ သူ့စကားကို ငါ
ကန့်လန့်ပြောရတာ ပျော်နေမိတယ် ဘာကြောင့်လည်းမသိပါဘူးကွာ..**
သက်ထိုက်တယောက်သက်ပြင်း ချမိလိုက်သည်..။

**အေးမင်း အဲ့လိုလုပ်နေ တနေ့ မင်းအသည်းကွဲလိမ့်မယ်..**
စကားတွေကိုသူငယ်ချင်းသုံးယောက်ဖြတ်လိုက်ကျသည်..။

ထိုင်နေကျအင်းယားကန်ဘောင်နားကအကြော်ဆိုင်လေးကိုသူငယ်ချင်းသုံးယောက်ကြောခိုင်းထွပ်ခွာလာခဲ့သည်..။

ထိုအကြော်ဆိုင်လေးသည် သူငယ်ချင်းတွေအကုန်လုံး ကျောင်းတုန်းကတည်းက
ထိုင်နေကျပင် ဖြစ်သည်....။

သူငယ်ချင်းတွေ ကျောင်းတွေကိုစီပြီးခဲ့ပင်မယ့်လည်း ထိုအကြော်ဆိုင်လေး သို့
တပတ်ကို သုံးလေးရက်လောက် ရောက်ဖြစ်သည်..။

နောက်တနေ့ မိချောနဲ့ မိနွယ် တို့ ရာဇာ
အိမ်သို့ရောက်လာသည်..ရာဇာ့အမေ့
ကိုတွေ့တော့ **အန်တီ ရာဇာကော* ဆိုတော့

*ရှိပါတယ် သမီးတို့ရယ် ဟိုမှာ ငြိမ်းအောင်နဲ့
စစ်တုရင်ဆော့နေတယ်..အမ်တီခေါ်ပေးမယ်ခဏလေးထိုင်နေဦးလေ သမီးတို့..***

***ဟုတ်အန်တီ*
*သားရေ ဒီမှာ သားသူငယ်ချင်းတွေ မိချော နဲ့
မိနွယ်တို့ရောက်နေတယ် ..*
ထိုသို့ ခေါ်သံ ကြားတော့
ငြိမ်းအောင်တစ်ရောက်ပျော်သွားသည် ပျော်မှာပေါ့ သူရှုံးတော့မယ်လေ ဒါကို*
ဟေ့ယောင် ဒီပွဲ ပျက်တယ်ဟေ့ယောင်**

ဒီတော့ ရာဇာက ***ဟေ့ယောင် မရဘူးဒီပွဲမှာ မင်းရှုံးတယ် နော်
မင်းလ္ဘက်ရည်တိုက်ကမှာပဲ..*
* မရဘူးလေ မင်းကလည်း ဒီပွဲ ပျက်တာပဲ**
နှစ်ယောက်သား ငြင်းလာကာ ဧည့်ခန်းကို ထွက်လာခဲ့သည်...။

**ဟဲ့စကား များမနေနဲ့ မနက်ဖြန်ခါ နေခြည်အိမ်မှာ အလျှူရှိတယ် အဲ့ဒါ
အလုပ်အကိုင်ရှိတယ် နေခြည်ခေါ်ခိုင်းလိုက်တာ...***

မိနွယ်ကပြောတော့ ***အေးဟုတ်တယ် အဲ့ဒါနင်တို့လိုက်မှာမဟုတ်လား
လာတခါထည်းလိုက်ခဲ့ သက်ထိုက်ကို ဖုန်းနဲ့ လှမ်းခေါ်လိုက်မယ်
နင်တို့အခုချက်ချင်းလိုက်ခဲ့လိုက် *
ဆိုတော့ *
အေးပါ...***
ရာဇာနဲ့သက်ထိုက်တို့ မိနွယ်တို့နဲ့နေခြည်တို့အိမ်ကို
လိုက်သွားခဲ့သည်..။
မနက်ဖြန်ခါ သံဃာ တော်တွေကို အာရုံဆွမ်း မုန့်ဟင်းခါးကပ်မှာဆိုတော့
ဟင်းရေအိုး မီးထိုးသူကထိုး မြေပဲ ထောင်းသူကထောင်း နဲ့
သူငယ်ချင်းတစုနဲ့ ချက်ပြုပ် သူတွေ အလုပ်ရှုပ်နေသည်....။

မနက် သံဃာတော်တွေကြွလာသည် ရာဇာနဲ့ သူငယ်ချင်းတဖွဲ့က ဟင်းရေ
လိုက်ဖြည့်ပေးနေသည်...သံဃာတော်တွေ ပြန်ကြွ သွားတော့ ဖိတ်ထားတဲ့
ဧည့်သည်တွေ ရောက်လာသည် ...။ ထိုအချိန်တွင် ခြံရှေ့သို့ ပါကျဲရိုး
နက်ပြာရောင်လေး တစီး ရောက်ရှိလာသည် ကားထည်းမှ ကျွန်တော့်ထက်2 နှစ် 3
နှစ်လောက်ကြီးမယ်လို့ထင်ရတဲ့ လူကြီး လူကောင်းစတိုင် နဲ့ ရုပ်ရည်သန့်သန့်
လူငယ်တဦး ဆင်းလာသည် ပြီးတော့ ကားအနောက်တခါးကိုဖွင့်ပေးလိုက်သည်..
ဆင်းလာတဲ့လူငယ်က ကားအနောက်ဘက်မှ နေခြည့်အမေ နဲ့
အသက်ရွယ်တူလောက်ရှိမယ်လို့ယူစရတဲ့ အန်တီ တယောက်နဲ့ အန်ကယ်တရောက်
ဆင်းလာသည် အဲ့တော့ နေခြည်အမေက

***လာလေ ထား နင်ကြည့်စမ်း နုလို့ လှလို့ပါလား အရင်ကအတိုင်းပဲ ဒါက
ယူ့သားလေးလား **
ထားဆိုတဲ့ အန်တီက **ဟုတ်တယ်လေ ဒါတို့သားလေးပေါ့
ဟိုနေ့ကမှ စင်ကာပူကပြန်လာတာ မြန်မာပြည်မှာ အလုပ်ရုံးခွဲဖွင့်မလို့
ဆိုပြီးတော့ ပြန်လာတာလေ..**
ဒီတော့ နေခြည့်အမေက

* တော်လိုက်တာ ကြည့်စမ်း အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ယူကကံကောင်းတယ်နော်
သားလိမ္မာလေးရထားတာပဲ**

ဒီတော့ ထားဆိုတဲ့အန်တီက***ယူ့ သမီးကော သားနဲ့မိတ်ဆက်ပေးရအောင်လေ ***
***ဟုတ်သားပဲ သမီး နေခြည်ရေ လာပါဦး ဒီမှာ သမီးကိုမိတ်ဆက်ပေးဖို့
ခဏလေးလာပါဦး**
နေခြည်တရောက် အမေခေါ်တဲ့အနားသို့ ရောက်လာခဲ့သည်..။

ထားဆိုတဲ့ အန်တီက **ဟယ် ယူ့သမီးကအချောလေးပဲ ငါတော့သဘောကျတယ်
သူငယ်ချင်းလေးရေ..သမီးဒါအန့်တီ့သားလေ သက်ပိုင်တဲ့ မှတ်ထားနော်သမီး ***

ထိုအချိန်မှာ သက်ပိုင် ဆိုတဲ့ လူငယ် ဟာ နေခြည့်ကို
အကြည့်တချက်ကြည့်လိုက်သည် ဒီအချေအနေကို မျက်ချေမပျက် ကြည့်နေသည့်ရာဇာ
မြင်သွားသည်.. ရင်ထည်း ပေါကွဲသံစဉ်တွေ ထွပ်လာသည် ဒီမှာဆက်နေရင်
ဒေါသအထွပ်အထိပ် သို့ရောက်လာမည် ဆိုးသောကြောင့်

** သူငယ်ချင်းတို့ ငါပြန်တော့မယ်ကွာ နေမကောင်းချင်သလိုဖြစ်နေလို့
နေခြည့်ကိုလည်းပြောလိုက်ပါ ငါနေမကောင်းလို့ ပြန်သွားတယ်လို့ **
သူငယ်ချင်းတွေကိုနှုတ်ဆက်ကာအိမ်သု့်ရာဇာ ပြန်လာခဲ့သည်..။

နေခြည်တရောက် သက်ပိုင်ဆိုတဲ့ ကောင်နဲ့က ဘာတွေ ဖြစ်လာမှာလည်းကွာ ငါကကော
ဘယ်နေရာရောက်မှာလည်း အိမ်ပြန်လမ်းက မြင်သမျှ အရာ အားလုံးတို့သည်
ရာဇာ့အတွတ် ကြည့်မကောင်းပေ လမ်းသည်လည်းဆိုးနေသလို အရာအားလုံးကို ရာဇာ
ဒေါသထွပ်နေခဲ့သည်...။ ထိုနေ့ညက အိမ်မက်ထည်းတွင် နေခြည်တယောက်သူ့ကို
နှုတ်ဆက် ကာ ထွပ်ခွာသွားသည်လို့ အိပ်မက် မက်ခဲ့သည်....။

နောက်တနေ့ နေခြည်က မနေ့က သူ့အိမ်မှာ ၀ိုင်းကူ လုပ်ပေးခဲ့တဲ့
သူငယ်ချင်းတွေကို ခေါ်ကာ အကြော် ဆိုင်သို့ ချီတတ် ခဲ့ကြသည်
။သူငယ်ချင်းတဖွဲ့ ခုံတွေလုယူထိုင်ကာ နေရာယူကြသည် နေခြည်က ဟိုဘက်အခြမ်း
ရာဇာကဒီဘက်အခြမ်းမှာ နှစ်ယောက်သားအကြော် ယူတဲ့အခါ လက်ချင်းကိုင်မိတာ တို့
ထိုအခါတယောက်နဲ့ တယောက် ကြည့်မိကြသည် သို့သော်အကြာကြီးတော့
တစ်ယောက်နဲ့တစ်ယောက်မကြည့်မိကြ မကြည့်နိုင်ချင်းဖြစ်သည်..။ ဒါကိုမြင်တဲ့
ငြိမ်းအောင်တစ်ယောက်ကတော့

***အဟမ်း အကြော်ကအတော် ကောင်းတယ်ကွာ ဒီဘူးသီးကြော်က ***
ရာဇာကို့မသိမသာဖဲ့လိုက်သည်..။

ထိုအချိန်တွင်နေခြည့်စီသို့ ဖုန်းကောတခုဝင်လာသည်
နေခြည်တရောဖုန်းပြောပြီးပြန်လာသည်။ဒီတော့ မိချောက
***ဟဲ့နေခြည်ဘယ်ကဖုန်းလည်း**
**ကိုသက်ပိုင်ဆီကပါ ငါ့ကိုလာခေါ်မလို့တဲ့
ဘယ်မှာလည်းဘယ်ရောက်နေလည်း ငါလည်းပြောပြလိုက်တယ်ဒီမှာလို့
အခုသူလာခေါ်မယ်တဲ့ ငါ့ကိုပစ္စည်းတစ်ခုဝယ်ပေးချင်လို့တဲ့ ငါ့အမေနဲ့
ပြောပြီးသွားပြီတဲ့ **
မိနွယ်က ၀င်ပြောသည် **ဒီတော့
နင်ကဘာပြောလိုက်လည်း **
**ငါကဘာပြောရမှာ လည်းဟ လာခဲ့လို့
ပြောလိုက်တာပေါ့ **
ရာဇာတစ်ယောက် ဘာမှဝင်မပြောပေ
ပြောနေရင်းနဲ့ပင်ကားလေးတစ်စီး ထိုးရောက်လာသည် ကားပေါ်မှ သက်ပိုင်ဆိုတဲံ
လူဆင်းလာသည် ထို့နောက် **ဟာ နေခြည်ကလည်း ဒီအကြော်တွေစားနေရလား
ဗိုက်အောင့်နေဦးမယ်..***

ဆိုတော့ရာဇာ အသည်းပေါက်သွားသည် ဒီအကြော်ကိုများ စားလာတာကြာပေါ့
လာပြီးတော့ဒီတော့ရာဇာတစ်ယောက် မနေနိုင်တော့
ဝင်ပြောလိုက်သည်..***ဟုတ်သားနေခြည်ရာ ဟိုမှာ နင့်ကို ကြက်ကြော်တို့
ဂျေဒိုးနတ်တို့ဝယ်ကျွေးမယ့် စေတနာရှိတဲ့ လူတစ်ယောက်ရှိနေပြီပဲ
နင်ဒါတွေစားမနေနဲ့ လိုက်သွားလိုက် ကားအကောင်းစားကြီးနဲ့လေ နင်ပျော်မှာပါ
ဒါတွေစားမနေနဲ့ ဟုတ်ပြီလား ကဲခေါ်သွားပါသူငယ်ချင်းရာ***
ပြောတဲ့စကားကရွဲ့ပြောပြောတယ်ဆိုတာနေခြည်သိသည် စိတ်တိုသွားသည်..။

***အေးဟုတ်တယ် လိုက်သွားမှာပါနင်မပူပါနဲ့ဟင်းဟင်း လာပါကိုသက်ရယ်
သွားမယ်..သူငယ်ချင်းငါတို့သွားပြီနော်..*
နေခြည်တရောက်ရွဲ့သွားတယ်ဆိုတာကိုလည်း သူငယ်ချင်းတေသိနေသည် ခက်လိုက်တာ ..။
နောက်တော့ မိနွယ်ကရာဇာ့ကို ***ရာဇာ နင်ဒီအတိုင်းပဲ နေတော့မှာလား
ဒီအတိုင်းပဲကြည့်နေတော့မှာလား **
**ငါဘာတတ်နိုင် တော့မှာလည်း
မိနွယ်ရာ***

နေခြည်တရောက်ဒီနေ့ပြင်းနေသည် မထူးပါဘူး မိနွယ်တို့ဆီကို သွားမှပဲ ဆိုကာ
ထွက်လာခဲ့သည် မိနွယ်ကို ၀်ခေါ်ကာ မိချောဆီသို့ ဦးတည်လိုက်သည်
ထို့နောက်ချီတတ်လာသည်ကအင်းယားနားကအကြော် ဆိုင်လေးသို့

***ဟဲ့နေခြည် နင်လေ ရဇ့ာအပေါ်ကို ဘယ်လိုသဘောထားလည်း***
***ဒီလိုပဲသဘောထားတာပေါ့ဟ**
မိနွယ်တရောက် စိတ်ညစ်သွားသည်..**
ငါနင့်ကိုနောက်နေတာမဟုတ်ဘူးနော် နေခြည် နင့်ကိုအတည်မေးနေတာ**
မိချောတရောက်လည်း မနေနိုင်မထိုင်နိုင်နဲ့ဝင်ပြောသည် ***ဟုတ်တယ်နေခြည်
နင်ရာဇာ့အပေါ်ကို သဘောထားကဘယ်လိုလည်း ငါတို့တွေသိချင်လို့ပါ***
ဒီတော့
နေခြတွေဝေသွားသည် ပြီးတော့ ကိုယ့်ကိုပြန်မေးသည်

**ငါဘယ်လိုနင်တို့ကိုပြောပြရမှာလည်းဟာ ငါသံယောဇဉ်ရှိတယ် ရာဇာ့ကို
ဒါပဲငါသိတယ် **
ဒီတော့ မိနွယ်က*** သူ့ဘက်ကဖွင့်ပြောလာမယ်ဆိုရင်ကော
နင့်ကိုချစ်ပါတယ်လို့...ဖွင့်ပြောလာခဲ့ရင်ကော***နေခြည်တိတ်စိတ်သွားသည်..
စကားလုံးတွေဆွန့်အသွားသည် ... *ငါမပြောတတ်သေးဘူးမိနွယ်ရာ..** **
နင်နဲ့ ကိုသက်ပိုင်ရဲ့ အေခြအနေကကော
ဘယ်အဆင့်ထိရောက်ပြီလည်းနေခြည်***
မိချော စကားကြောင့် နေခြည် တရောက်
အင်းယားရေပြင် ကိုငေးလိုက်မိသည်..သူ့ကိုယ်သူတွေဝေနေမိသည်..**
မသိသေးပါဘူးဟာ ငါဘက်ကရိုးရိုးသားသားပါ ဒါပင်မယ့် မိဘခြင်းကတော့
သဘောတူနေပြီ သားသမီးခြင်းသဘောတူဖို့လိုသေးတယ်ဆိုလို့
အမေတို့ပြောသံတွေကြားနေရတယ်...***

စကားဝိုင်းလေးအတွေးတွေ ကိုယ်စီနဲ့ ပြောနေကြချိန်မှာ ရာဇာတယောက်
စက်ဘီးလေးနဲ့ တွေ့လိုက်တော့ မိချောကလှမ်းခေါ်လိုက်သည် ***ရာဇာ ဟဲ့
***
ဆိုတော့ ရာဇာ တွေ့တော့ ၀င်လာခဲ့လိုက်သည် စက်ဘီးလေး ဘေးကပ်လို့
ရက်လိုက်သည် ခုန်တလုံးယူကာ ၀င်ထိုင်လိုက်သည် ။ ***ကဲပြော ဘာကိက် ***
ဒီတော့မိနွယ်နဲ့ မိချောတို့က ***ငါတို့တွေ ပြန်တော့မလို့
နင်အဲ့ဒါနေခြည့်ကိုလိုက်ပို့လိုကဦး ငါတို့မအားဘူး
နေခြည်ကနည်းနည်းနေမကောင်းဘူးဆိုလို့စိတ်ပြေလက်ပျောက်
ဖြစ်အောင်ခဏထိုင်နေဦးမယ်ဆိုတော့ ငါတို့က အချိန်မရဘူးဟ အဲ့ဒါ နင်
ဆောင့်ပေးလိုက်ပါဟာ ငါတို့ပြန်တော့မယ်ဟာနော်..**
ပြောပြော ဆိုဆိုနဲ့
ရာဇာ့ကို နေခြည့်အနား ထားခဲ့သည် သူတို့ကြတော့ ပြန်ကုန်ကြသည်..။

ဒီတော့ရာဇာက **နေခြည် နင်နေမကောင်းဘူးလား ***ဂရုနာသံပါနေသည်
..။ဒီတော့နေခြည်က ** နည်းနည်းလေးပါ ငါခေါင်းမူးနေလို့ပါ
*အမှန်တကယ်တော့မဟုတ်ပါ ဟိုငနဲမတွေ ရာဇာ့ကိုအတင်းထားခဲ့ချင်းဖြစ်သည်..
အဲ့တော့သူတို့တွေ လိမ်ထားခဲ့တော့ နေခြည်ကလည်း လိုက်လိမ်ကသည်
နေကောင်းရဲ့သားနဲ့ နေမကောင်းဘူးဆိုပြီးတော့ပေါ့ ။ ***အဲ့ဒါများဟာ
နင်ဘာလို့ ဒီအထိထွက်လာကတာလည်း အိမ်မှာနားနားနေနေ နေပေါ့ဟ
တော်ကြာနေအားပြက်နေဦးမယ် နင်ကလည်းဟာ..**
ရာဇာ၏ စကားသံ တွေသည်
အရင်ကလိုမဟုတ်ပါ သူ့အပေါ် ဂရုစိုက်သံပါနေသည် ကို နေခြည်သိနေသည်
ဒါကိုနေခြည် ပျော်ရွင်နေမိသည် ဘာကြောင့်ရယ်မသိ ထပ်လိမ်လိုက် မိသည်**
ငါလေ လမ်းသိပ်မလျှောက်ချင်ဘူး အဲ့ဒါ နင်လေ
ငါ့ကိုစက်ဘီးနဲ့လိုက်ပို့ပါလားဟင်...***

**လိုက်ပို့မှာပေါ့ဟာ လာလေ သွားကျရအောင် တော်ကြာနေလေ စိမ်းတွေတိုက်လို့
နေမကောင်းဖြစ်နေမယ်လာ ရော့ ငါ့အဂျီင်္ထပ်ဝတ်ထားလိုက် ***
ဆိုကာ ရာဇာက
သူ့အပ်ါအဂျီင်္ကိုချွတ်ပေးလိုက်သည် အောက်မှာစွပ်ကျယ် တထပ်ပါတာကို ဒီတော့
နေခြည် ဘယ်လို ဖြစ်သွားသည်တော့မသိပါ ရာဇာပေးတဲ့ င်္အဂျီကိုဝတ်လိုက်တာ
နွေးထွေးသည်လို့ခံစားလိုက်က သည် ..။ ရာဇာ စိတ်ဘီးကိုထုပ်လိုက် သည်
နေခြည်ကစက်ဘီးအပေါ်တတ်ထိုင်လိုက်သည် ရာဇာခါးလေးကိုကိုင်ထားလိုက်သည်
..။စကိဘီးလေးတစ်စီး ဘီးကလေးလိမ့်ကာထွပ်သွားသည် ....။

ထိုနေ့က နေခြည် အိမ်မှာ
အချစ်သီချင်းအေးအေးလေးဖွင့်နားထောင်မိသည်..။နောက်တော့ကိုယ့်ကို မေးမိသည်
အချစ်ဆိုတာ ဒီလိုခံစားမှုမျိုးလားလို့..။မသိစိတ်မှာ ရာဇာ့ကို့
နေရာပေးလိုက်မိသည်...။
နောက်နေ့ကျတော့ ရာဇာ တို့နဲ့ ကိုသက်တိုကို မိတ်ဆက် ပေးလိုက်သည်....။

အားလုံးက ခင်မင်တတ်ကျတော့ ကိုသက်ပိုင်က သဘောကျမိသည် နေခြည်ရဲ့ သူငယ်ချင်းတွေကို ခင်မင်မိသည်..သို့သော် ကိုသက်
သည် နေခြည်နဲ့ရာဇာ ၏ စကားပြောပုံ သူငယ်ချင်းတွေ ရဲ့ နှစ်ယောက်လုံးပေါ်အရေးပေး မှုနဲ့ အလေးထားမှုကို ကြည့်နေမိသည်...။
ထိုအချိန်တွင် နေခြည်သည် ကိုသက်ကိုနဲ့သူငယ်ချင်းတွေကို ခေါ်ကာ အင်းယား ကန်ဘောင်အပေါ်သို့လမ်းလျှောက်ခဲ့သည် ။

နောက်တော့ နေခြည်က ရာဇာ့ကို ** ရာဇာ ငါ့ကို ရေပေါ် ခဲ(ဂဲ)လုံးးကိုရေပေါ်ရှပ်ပြေး ဖြစ်အောင်ပစ်ပြ ပါလားငါကြည့်ချင်လို့ ...**
***ဟာ နင်ကလည်း ငါမပစ်ချင်ပါဘူးဟာ လက်မောင်းနာတယ်ဟ..**
ဒါကိုကိုသက်ပိုင် က **ကိုယ် ပစ်ပြမယ်လေ နေခြည်ကြည့်နေ ** ဆိုကာ ခဲ(ဂဲ)အပြားလေး ရှာပြီးတော့ပြစ်ပြသည်..ရေပေါ်မှာ လေးငါး ချက်လောက် ပြေးသွားသည်..။
နောက်တော့*** ကိုသက်ပိုင်ကတော်တယ် နော် ရာဇာက ငတုံး*** ဆိုတော့ ရာဇာ ပေါက်ကွဲ သွားသည် * ငါကအားတိုင်းယားတိုင်း အဲ့လို ဆော့နေတဲ့ ကောင်မှမဟုတ်တာ * သက်ပိုင် နင်သွားသည် မသိရင်ပဲ သူကအားတိုင်းရားတားအဲ့လိုေ ဆာ့နေတာကြနေတာပဲ..။
* ဟဲ့ရာဇာ နင်ဘယ်လိုပြောလိုက်တာ လည်း နင်နော်..တော်ပြီဟာ နင့်ကိုစိတ်ပျက်တယ်...လာကိုသက်ပိုင်ပြန်ရအောင်..**

သက်ပိုင်ကိုခေါ်ကာ ထွပ်သွားတော့သည် ဒီတော့ သူငယ်ချင်းတွေက ***ဟုတ်သားကွာ မင်းကလည်း အလျှော့ပေးလိုက်တာ မဟုတ်ဘူး
ဒီအတိုင်းဆိုရင်တော့ မင်းလုံးဝ နေခြည်ရဲ့ အချစ်ကိုရမှာ မဟုတ်ဘူးရာဇာ..**
ငြိမ်းအောင်ပြောသံကိုမကြားတော့ ပေ ခဲလုံးတစ်လုံးကောက်ကာ အင်းယားရေပြင်ကိုပေါက်လိုက်သည်....။ ရေပြင်မှာလှုပ်ခတ် သွားသည် ခဲ(ဂဲ) တစ်လုံးကြောင့် ရေပြင်လှုပ်ခတ်မှု သည်ကြီး၏။

အဲ့လိုနဲ့ ရက်တွေ အတော် ကြာ နေခြည်နဲ့ သက်ပိုင်တို့ တွဲသွားတွဲလာ လုပ်နေသည် ဒီတော့ သက်ပိုင်က * နေခြည် မင်းကိုယ် ကိုချစ် တယ် မင်းကော ကိုယ့်ကို ပြန်ချစ်နိုင်မလား ရပါတယ် မင်းစဉ်းစားပါ မင်းမှာ ချစ်သူရည်းစားရှိရင်တော့ ကိုယ်နောက်ဆုတ်ပေးမှာပါ.**
နေခြည်တရောက် စဉ်းစားရမယ့်အချိန်သို့ရောက်လာသည် သူမတွေးတတ်တော့ပါ နောက်တော့ စိတ်ညစ်စွာနဲ့ ပဲ အင်းယားကအကြော် ဆိုင်လေးသို့ ရောက်လာခဲ့သည် ဘယ်အချိန်ကတည်းက ထိုင်နေသည်မသိတော့ ပါ ညတောင်မိုးချုပ်နေပြီ တယောက်ထည်း မပြန်ရဲတော့
ပေ ရာဇာ့ဆီဖုန်းခေါ်လိုက်သည်။**ရာဇာ ငါအကြော်ဆိုင်မှာ တယောက်ထည်း ငါ့ကိုလေ အိမ်လိုက်ပို့ပါလား ငါတစ်ယောက်ထည်းမပြန်ရဲလို့ ပါ..** နောက်တော့ ရာဇာ စက်ဘီးလေး နဲ့ရောက်လာသည် နေခြည့်ကို စက်ဘီးပေါ်တင်ကာ နင်းလိုက် သည် အိမ်နားမရောက်ခင် ရက်လိုက်သည် နောက်တော့ ရာဇာ က*** နေခြည် ငါလေ ပြောရင် နင်စိတ်ဆိုးမှာ လား ငါ့ကိုရန်ပြန်တွေမှာလား အခုငါပြောမယ် စကားကိုအသေချာ နားထောင်ပါ ငါလေ နင့်ကို ချစ်တယ် နေခြည် နင့်ကို ငါ ချစ်တယ်...**

** ငါစဉ်းစား ပါရစေဦး ရာဇာ ကိုသက်ပိုင်လည်း ဒီနေ့ပဲ ငါ့ကို ဖွင့်ပြောသွားတာဟ..ငါလေ နင်တို့နှစ်ယောက်ကို ဘယ်လိုအဖြေ ပြန်ပေးရမလည်း ဟင်...* ဒီလို ပြောသံလည်းကြားရော ရာဇာ တစ်ယောက် နောက်ကျခဲ့ပြီလား ငါနောက်ကျခဲ့ပြီလား။
**မနက်ဖြန် နင့်ဆီကိုဖုန်း ဆက်လိုက်မယ် ငါ့ဆီကအဖြေလိုချင်ရင်စောင့်နေပေးပါ..***

မနက်ဖြန် ဆိုတာကိုစဉ်းစားရင် ရာဇာ အိမ်သို့ပြန်လာခဲ့သည် အိပ်လို့မပျော် ပေ အာရုံဦး အလင်းရောင်တောင် အခန်း တွင်းထိုးဖောက်ဝင်ရောက် လာနေပြီ မထူးတော့ပါဘူး ဆိုကာ ထိုင်နေလိုက်တော့သည် ။

နေခြည်ပြောတဲံမနက်ဖြန်ဆိုတာ ရောက်လာခဲ့ပါပြီ ဖုန်းနား ထိုင်ဆောင့်နေခဲ့သည် 9 ခွဲတော့ ဖုန်းသံ မြည်လာသည် ရင်ခုန်နှုံးမြန်စွာနဲ့
ဖုန်းကိုင်လိုက်သည် ***ဟဲ လို ရာဇာ လား ငါနင်တို့နှစ်ယောက်ကို နောက်လာမည့် စနေနေ့မှာ အဖြေပေးမယ် နင်ငါတို့ထိုင်နေကျ အကြော် ဆိုင်လေးမှာဆောင့်နေ စနေနေ့ 6 နာရီ နင်ဆောင့်နေ အဲ့အချိန်ပဲ ကိုသက်ပိုင်ကိုလည်း သူနဲ့ငါတွေ့နေကျဆိုင်မှာ ဆောင့် ခိုင်းထား တယ် 6 နာရီပဲ ငါချစ်တဲ့လူဆီကို ငါလာခဲ့မယ် တကယ်လို6 နာရီကျော် လို့မှ ရောက်မလာရင်တော့ ရောက်မလာတဲ့ လူကို ငါကမချစ်လို့ပဲ ရာဇာ ဒါပဲ...*** နေခြည်ဘက်ကသူပြောချင်တာပြောပြီးဖုန်းချသွားသည် စနေနေ့ ထက်စောင့်စားရတော့မည်။

ဒီအကြောင်း အရာကိုယ် သူငယ်ချင်ေးတွ သိသွားသည် **နေခြည် နင် ဘယ်သူ့ကိုရွေးချယ်မှာလည်းဟင်..နင်ကကိုသက်ပိုင်ကိုရွေးမယ်ဆို ၇င်လည်းရာဇာက သနားစရာ ရာဇာ့ကိုရွေးမယ်ဆိုရင်လည်း ကိုသ်ကပိုင် ကသနားပါတယ်....ဘယ်လိုလုပ်မလည်း..***မိနွယ် ကပြောတော့ ***ငါစဉ်းစားနေပါတယ် ဟ ငါဘယ်သူကိုချစ်လည်းဆိုတာ ငါ့ကိုငါလည်းမသိသေးဘူး ** **ငါတောင် ရင်ခုန်လာပြီ ** မိချော ပြောလိုက်ချင်းဖြစ်သည်.။

ရာဇာတယောက်ကောဘယ်လိုဖြစ်နေမလည်း သက်ပိုင်ကော ဘယ်လိုဖြစ်နေမလည်း သေချာတာကတော့ နှဏ်ယောက်သားရင်ခုန် နေလိမ့်မယ် ... ဘယ်သူ့ကြောင့်လည်း နေခြည့်ကြောင့်ပေါ့ ရင်ခုန်နှုံး မြန်ဆန်နေကြသည်..။

ဒီလိုနဲ့ စောင့်လိုက်ရတဲ့ ရက်တွေ ကကြာနေသလိုပဲ ရောက်ပါတော့မယ် မနက်ဖြန်ခါဆိုရင် စနေ ဆိုတဲ့ အချိန်အခါ နေ့ရက်သမယ ကိုရောက်ပါတော့ မယ် ဒီအချိန်မှာတော့ ရာဇာကော သက်ပိုင် ပါ အချိန်စောစော တွေ့နေကျနေရာ သို့ ရောက်နေခဲ့ပြီ.....။

နေခြည်တစ်ရောက် ထီးကလေးတချောင်း ကိုင်ကာ အလှဆုံးပုံစံ လေးနဲ့အိမ်မှထွပ်ခွာလာခဲ့သည် ..။

6 နာရီဆိုတဲ့အချိန်အခါကိုရောက်လို့လာခဲ့လေပြီ ရာဇာ တစ်ယောက်ဆောင့်နေသည် ..။
5 မိနစ် ရောက်မလာသေး...... စက္ကန့် တွေတရွေ့ရွေ့ နဲ့ကုန်ဆုံးသွားသည် နေခြည်ရောက်မလာပါ ပေါက်ကွဲ မှုသံဇဉ်တွေ ရင်ထဲဝင်လာသည် အင်းယား ကန်ဘောင်ပေါ်သို့ ပြေးတတ်သွားသည် သံတိုင်နဲ့ ခေါင်းနဲ့ပြစ်ဆောင့်လိုက်သည်...။

နာကြီး ချက်တွေကို ဒီလိုအဆုံးသက်လိုကတော့မှာလား ခံစားမှုတွေကို ဒီလို နည်းနဲ့ ဖြေရှင်းလို့ရသလား 6 ခွဲ သွားသည် နေခြည် ရောက်မလာတော့ သွားပြီ ငါ့ဘ၀မှာ ငါအချစ်ရဆုံး လူတစ်ယောက်ကို လက်လွှတ်လိုက်ရတော့ မှာလား မဟုတ်ဘူး သေချာတာတစ်ခုကတော့ ငါဆုံးရှုံးလိုက်ကပြီ ပေါကွဲစွာ တိုင်နဲ့ ခေါင်းနဲ့တိုက်လိုက်သည် ထိုအချိန် မိုးများရွာ သွန်းလာခဲ့သည် ..။
ဒီမိုး ရေတွေဟာ ၇င်ထမှာ လောင်နေတဲ့ မီးတွေကို ငြိမ်း ပေးနိုင်သလား ရရင်ငြိမ်းပေးပါလားဗျာ.....

မလှန်းမကမ်း တွင် ကောင်မလေးတစ်ယောက်ထီးကလေး ဆောင်းပြီးတော့ လမ်းလျှောက်လာသည် ရာဇာတွေ့လိုက်သည် နေခြည်ဖြစ်နေသည် **နေခြည် တော်ပါတော့ဟာ ငါ့ကို နင်ဒီလောက် အနိုင်ယူ ရရင် ပဲတော်ပါတော့ နင်အခုဘာလုပ်တာလည်း နင်နဲ့ သက်ပိုင်တို့ လက်ထပ် ပါတော့မယ်ဆိုတာကိုငါ့ကိုလာပြောတာ လား တော်ပါတော့ဟာ ....ငါ့ရင်ထည်းမခံစားနိုင်တော့ဘူးဟ...နင်နိုင်ပါတယ် ဒီပွဲမှာ နော် ** ပြောရင်းတိုင်နဲ့ ခေါင်းနဲ့ တိုက်လိုက်သည် * တော်ပါတော့ ရာဇာ ရယ် ငါကြည့်နေတာကြာပြီ နင်တိုက်နေတာ လေး ခါလောက်ရှိပြီ တော်ပါတော့ ငါနင့်ဆီကို လာခဲ့တာပါ..**

**နင်သက်ပိုင်ဆီသွားခဲ့တယ် မဟုတ်ဘူးလား တော်ပါတော့..* ** ဟုတ်တယ် ငါကိုသက်ပိုင်ဆီကိုသွားခဲ့တယ် ကျွန်မ ချစ်တာ ရာဇာပါလို့သွားပြောပြီးတော့ ငါနင့်ဆီကိုလာခဲ့တာပဲ ရာဇာ...*


ဒီတော့ ရာဇာ **ဘာပြောတယ် ပြန်ပြောကြည့်စမ်းပါဦး နောက်တစ်ခေါက်လောက် ** *ငါနင့်ကိုချစ်တယ် ရာဇာ***

**တော်သေးတာပေါ့ ငါဟန်ဆောင်တာ ကောင်းလို့ **
**အောင်မယ် ဟန်ပဲဆောင်ရဦးမယ် **ဆိုကာ နေခြည်က ရာဇာ့ နဖူး
ကိုလက်နဲ့တောက်တော့ ** အားနာတယ်ဟ** ** နင်ပြောတော့ ဟန်ဆောင်တာပါဆို...လူညာကြီး...***

ဆိုကာ ရာဇာက နေခြည်ကိုပွေ့ဖတ်လိုက်တော့သည် ..။ထီးကလေးတစ်ချောင်း အဝေးသို့လွင့်စင်သွားသည် မိုးတွေရွာနေတဲ့ အင်းယားကန်ဘောင်လေး မှာ ကောင်လေတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် မတ်တပ် ရက်လျှက်....။

ပြီးပါပြီ...........


(ချစ်ဦးမောင် ) ကိုယ်တိုင်ရေးသားခံစားတင်ဆက်သည် ..။

လိုအပ်ချက်လေးတွေရှိရင် ပြောကြားပေးပါမှားတာလေးတွေရှိရင် လည်းထောက်ပြပါ ..။


ကြိုးစားပါဦးမည်..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>