တနေ့…မောင်ငြိမ်းနှင့်ငယ်လေးတို့်မြို့ ထဲမှာ တိုးရစ် အဘွားကြီးလေးယောက် နဲ့မိတ်ဆက်ခွင့်ရတယ်။ အမေရိကန်လူမျိုး၊အမေရိကန်နိုင်ငံ အိုဟိုင်းအိုးမြို့ က
အသက်ခြောက်ဆယ်ကျော်အဘွားကြီးတွေ။ဒီအဘွားကြီးတွေက မောင်ငြိမ်းကိုမြင်မြင်ချင်း
သဘောတွေ့ မနော ခွေ့ ကြတယ်။(ဗေလုဝနဲ့ရုပ်က ခပ် ဆင်ဆင်ဆိုတော့ပေါ့)
မေ့နေတာ မောင်ငြိမ်းနဲ့ မိတ်ဆက်ပေးရဦးမယ်။သူကတော့အခုမှမြို့ပေါ်တတ်လာတဲ့သူတယောက်ပေါ့။သူု့ပုံက ပိန်ညောင်ရိုက်သတ်ထားတဲ့ပုံပါဘဲ။
၁၀တန်းအောင် ခေတ်ပညာတတ်ဆိုတော့ နိင်ငံခြားသားတိုးရစ်မြင်ရင် ရွှတ်ရှပ် ဒွပ်ဒပ်
လုပ်တတ်တယ် ။ မိတ်ဆက်ပီးတော့ ဇာတ်လမ်း ဆက်ပြောမယ်နော်။
အဲ့ဒိ နိင်ငံခြားသား အဘွားကြီးလေးယောက်နဲ့ ငယ်လေးတို့ မန်းလေး မဟာမြတ်မှုနိဘုရားကြီး ပေါ်တတ်ပြီး ဘုရားကို လက်ယာရစ်နှစ်ပါတ် လက်ဝဲရစ်နှစ်ပါတ်
ပါတ်တယ်။ခဏနားပြီ တဖန် လက်ဝဲရစ်တပါတ်နဲ့ လက်ယာရစ် တပါတ်ပါတ်ပြန်တယ်။
ဘုရားကိုဘာသဘောနဲ့ ဒီလိုပတ်နေမှန်းတော့ ငယ်လေးလဲမသိဘူး။မောင်ငြိမ်းနဲ့အဘွားကြီး
တွေဖြစ်နေတာကိုပြောတာပါ။အဘွားကြီးတွေမပြောနဲ့ ငယ်လေ်းပါမသောက်ဘဲ မူးချင်နေပီ။
မောင်ငြိမ်းက သူ့လေနဲ့သူမိနေတော့ သတိထားဖို့မအားရှာပါ။လက်ဝဲလက်ယာပတ်လို့ဝသွားတော့အဘွားကြီးတွေဗိုက်ချောင်လာ
တယ်ထင်တယ်။
“ We are Hungry.Let’s go and eat something.”ဆိုပြီးမောင်ငြိမ်းကိုဘယ်နေရာမှာအစား
ကောင်းရနိင်သလဲလို့မေးကြတယ်။ခေါင်းဆောင်သိပ်လုပ်ချင်တဲ့မောင်ငြိမ်းကဒီနေရာမှာ ကိုဖိုးသိ လုပ်လိုက်ပြန်ပြီ။
“OK.Let go to Chinatown” တရုတ်တန်းဈေးဘက်သွားကြမယ်ပေါ့။အဘွားကြီးလေးယောက်ကလည်း ဟက်ပီးပေါ့
မောင်ငြိမ်းပြောတာကိုတယောက်တပေါက်ထောက်ခံကြတယ်။
“Ok.OK”အဘွားနံပါတ်(၁)က ပြုံးပြုံးလေးနဲ့ပေါ့။
“Very Very good”အဘွားနံပတ်(၂)ကထောက်ခံတယ်။
“Wonderful…Wonderful”အဘွားနိပါတ်(၃)က အပြည့်အ၀သဘောတူတယ်။
“ကန်းဒယ် ကန်းဒယ်” မြန်မာစကား “ကောင်းတယ်”ကို အဘွားနံပါတ်(၄)က သူတတ်ထားတာလေးကို သူ့ လေသံနဲ့သူ့ ပြောထည့်လိုက်တယ်။ဒါကိုမောင်ငြိမ်းက Candel
ဖယောင်တိုင်းလိုကရှာဖို့ပြင်နေသေးတယ်။
အာရုံကအစားအသောက်ဘက်ကိုလှည့်သွားကြတယ်။morning breakfast စားရတော့မယ်လို့ အဘွားကြီးတွေပျော်နေကြပြီ။ အဲလိုပျော်နေချိန်မှာမောင်ငြိမ်းပြောလိုက်တဲ့စကားကြောင့် အားလုံးတွေဝေသွားကြသည်။
အားလုံး Shock ဖြစ်သွားကြသည်။မောင်ငြိမ်းဘာပြောလိုက်လဲဆိုရင်..
တရုတ်တန်းမှာမြွေသားကောင်းကောင်းရမယ်တဲ့။
စောစောကပျော်နေတာတွေဘယ်ရောက်ကုန်မှန်းမသိဘူး။အနောက်နိင်ငံသူတွေရုတ်တရက်တော့ကြောင်ကုန်ကြတယ်။ မျက်လုံးမျက်ဆန်ပြူးကုန်ကြတယ်။ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။မြွေဆိုတာာနဲ့
ကြောက်ဒူးတုန်ကုန်ကြပြီ။ဒီအရိပ်အကဲမသိတဲ့ မောင်ငြိမ်းက ဆက်လက်ပြီးတော့လုပ်နေပြန်တယ်
“Very Good Snake”
ငယ်လေးကအစ အားလုံးကြက်သေ သေကုန်ကြတယ်။ဘာတခုမှမဟနိင်တော့ဘဲတိတ်ကုန်ကြပြီ။
တဒဂ်အချိန်လေးမှာ ပါတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်ငြိမ်းသက်သွားတယ်လို့ထင်ရတယ်။စော
စောကတအားအားအော်နေတဲ့ ကျီးအာသံတွေလည်းတိတ်၊ကားသံတွေလဲတိတ်၊ဘာသံမှကိုမကြား
တော့ဘူး။ဈေးသည်တွေလဲစကားပြောနေကြတယ်။အသံတိတ်လေသံတွေနဲ့ပေါ့။စည်ပင်သာယာ
အမျိုးသမီးလည်းအမဲ့အမှိုက်သိမ်းနေကြသည်။ တင်္ဂလေးအချိန်မှာ လောကကြီးတခုလုံးအသံတွေပျောက်ကွယ်သွားတယ်။
မောင်ငြိမ်းလုပ်လိုက်တာလေ တရုတ်တန်းမှာမြွေသားစားမယ်လို့ပြောကတည်းက ပတ်ဝန်းကျင်မှာရှိတဲ့အသံတွေအားလုံး ပျောက်ကွယ်သွားတယ်လို့ထင်၇တယ်။
မကြာမှီခင် အဘွားကြီးလေးယောက်လုံးက မတိုင်ပင်ဘဲ တပြိုင်နက် ‘ What’ လို့အော်လိုက်ကြတယ်။မောင်ငြိမ်းကအဟုတ်မှတ်ပီး လုပ်နေပြန်ပြီ။
“Wonderful Snake”အဲ့လိုပြောတော့အဘွားကြီးတွေမေ့လဲမတတ်။
“In Chinatown you can get morning snake, afternoon snake, evening snake,
…..night snake.” အင်းမြွေတွေတော့အတော်စုံသွားတာဘဲ။
ဟော…ဟော..အဘွားကြီးတွေလဲ အော့အန်ချင်သလိုလဲ ဖြစ်လာပြီ၊သနားပါတယ်အရိပ်အီကဲ
မသိ တဲ့ မောင်ငြိမ်းက ဆက်ပြီးအာချောင်နေပြန်ပီ။
“The best delicious snake in Chinatown.”တရုတ်တန်းမှာအရသာအရှိဆုံးနဲ့အကောင်းဆုံး
ကမြွေသားပါဆိုပြီးပြောရင်းသွားရည်တောင်ယိုပြလိုက်သေးတယ်။
“တော်ပါတော့ ငါ့မောင်ရဲ့…မင်းအဘွားကြီးတွေကိုသတ်နေတာလား”လို့အော်လိုက်မှမောင်ငြိမ်း
ဒက်စတော့(dead stop)အုပ်လိုက်တယ်။နို့မဟုတ်ရင် လူကြားမကောင်းတဲ့ လူသတ်မှု
ဒီမှာတင်ဖြစ်သွားနိင်တယ်။ဟိုအဘွားကြီးတွေ အဖြစ်ကိုလည်းကြည့်ဦး။
တယောက်လမ်းဘေးဆောင့်ကြောင့်ထိုင်ပြီး အော့အန်နေပြီ။ဟော ဟော နောက်တယောက်
က အိုးမိုင်ဂေါ့ဒ် အိုးမိုင်ဂေါ့ဒ် နဲ့ရင်ထုပြီး ဘုရားတနေလေရဲ့ ။
“အစားအသောက်နဲ့ပါတ်သတ်ပြီးတလုံးမှမဟနဲ့တော့ တော်ပြီ ။နင်လုပ်လိုသူတို့ဘာမှမစားတော့ဘူးတဲ့ကြည့်လဲလုပ်ပါဦး”
မောင်ငြိမ်းခပ်ကြောင်ကြောင်ဖြစ်သွားသည်။
အဘွားကြီးဝူးဝူးဝါးဝါး ဂူးဂူးဂွါးဂွါးနဲ့ အမေရိကန်စကားမဟုတ်သော ဘာသာစကားတမျိုး
ထွက်ပေါ်လာပြန်သည်။မောင်ငြိမ်းသဘောပေါက်မပေါက်တော့မသိ။အမေရိကန်အဘွားကြီး
လေးယောက်တော့ သဘောပေါက်သွားရှာသည်။တော်တော်ဒုကခပေးတဲ့မောင်ငြိမ်း။
မောင်ငြိမ်းဆိုလိုချင်တာက တရုတ်တန်းမှာ အဆာပြေသွားစားရအောင်။အဆာပြေကောင်း
ကောင်းစားချင်ရင် တရုတ်တန်းကိုသွား ။အဆာပြေကို အင်္ဂလိပ်လို SNACK စနက်လို့ခေါ်တယ်။ဒါပေ့မယ့်မောင်ငြိမ်းက စနက် မထွက်ဘဲ စနိတ်လို့ ထွက်တော့
မြွေနဲ့မှားကုန်တော့တာ ။မောင်ငြိမ်းကသူမှားနေမှန်းမသိဘဲ အတင်းစနိတ်ချိဘဲထွက်နေတော့
အဘွားကြီး မပြောနဲ့ ငယ်လေး တောင် စနိတ်ကြားရင်ကျောချမ်းသလိုဖြစ်တယ်။
အဆာပြေသရေစာ SNACK ကို မြွေ SNAKE နဲ့ အသံမှားထွက်လိုကတော့..
အင်း တိုးရစ် အဘွားကြီးလေးယောက် အနိစ္စသဘောနဲ့ကိစမချောဘဲ စနိတ်သဘောနဲ့
ကိစ္စချောသွားမှဖြင့်လူသတ်မှုနဲ့ ဂျေး ထဲရောက်သွားနိင်တယ်။ ။