Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘဝရထားကြီး တစ်ခါလောက် စီးပါရစေ…ချစ်သူ

$
0
0

   

 ဘဝရထားကြီး မောင်းပြီးဘယ်ရောက်နေသလဲ ချစ်သူ။ ပျော်ရွှင်ဖွယ် ကောင်းသောခရီးကို မောင်းနေသလား ၊

ပင်ပန်းနွမ်းနယ်တဲ့ ခရီးလမ်းကို အံကြိတ်ခံစားရင် မောင်းနေသလား ၊ ပန်းတိုင်တစ်

ခုကိုတော့ဦးတည်ပြီး မောင်းနေတယ်မဟုတ်လား ၊ လမ်းခရီးမှာချစ်သူအတွက် အမြတ်ရတဲ့ အတွေ့

အကြုံတွေရသလား ၊ အရှုံးဖြစ်တဲ့ အတွေ့အကြုံတွေ ရသလား ၊ ပေးဆပ်မှုတွေနဲ့ သွားနေသလား ၊

ရယူမှုတွေနဲ့ သွားနေသလား ၊ ချစ်သူမြို့တော်လေးကို ချစ်သူကအဝင် ၊ ကျွန်မကအထွက် ၊ ကျွန်မကအဝင်

ချစ်သူကအထွက် နဲ့ တစ်မြို့ထဲနေပြီး မဆုံဖြစ်ဘူးနော်။ ဆုံကြပြန်တော့လည်း တစ်စိမ်းတွေလို ဖြစ်သွားပြန်ရော

ချစ်သူရယ် ချစ်သူရဲ့ဘဝရထားကြီး ဘူတာစဉ်တွေမှာ ချစ်သူအတွက် အေးချမ်းစေမဲ့ အရိပ်ကလေး

တစ်ခုတော့ တွေ့လိုက်တယ်မဟုတ်လား။ အဲ့ဒီအရိပ်ကလေးကို ခေါ်ဆောင်လို့ ဘဝရထားကြီး

ဆက်မောင်း နေတယ်မဟုတ်လား။ ကျွန်မရှိတဲ့ ဘူတာမှာ ချစ်သူပြန်လာပြီး ရပ်နားအမောဖြေရင်း ကျွန်မလိုက်ပါ

စီးနင်းခွင့် ရမလားချစ်သူ။ အရိပ်ကလေး ရှိလို့ ခွင့်မပြုဘူးတဲ့လား။ ရပါတယ်ချစ်သူရယ်

ကြမ်းတဲ့ခရီး ရောချောတဲ့ခရီးရော အရိပ်ကလေး လိုက်နိုင်ရင် ကောင်းတာပေါ့။ အရိပ်ကလေးက ခရီးကြမ်းကို

မလိုက်နိုင်ဘူးဆိုရင် ချစ်သူအသဲတွေ မကွဲနဲ့နော် ဘဝရထားကြီးက ခရီးကြမ်းရော ခရီးချောရော အမြဲဒွန်တွဲ

ရှိနေတာကို ရထားပေါ် တတ်မဲ့သူတွေကို ကြိုပြီးတော့ ပြောထားဦးချစ်သူ။ တစ်ခါတစ်လေ

သည်းမခံနိုင်အောင် ဖြစ်တတ်တဲ့အခါ ဘဝရထားကြီးကို သတိနဲ့မောင်းပါချစ်သူ။ လမ်းမချော်စေနဲ့ နော်… ။

လမ်းမမှားစေနဲ့နော်…။

အလံနီတွေ့ရင်လည်း သတိထားပြီး ရပ်ပါ။ အလံစိမ်းတွေ့ရင်လည်း သတိထားပြီး မောင်းပါ။ နီနီ ၊ စိမ်းစိမ်း

သတိတော့ရှိနော်။ ရိုးသားဖြူစင် ဖော်ရွှေအပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ဘဝရထားကို မောင်းနေတဲ့

ချစ်သူကို အမှောင်လမ်းကို မမောင်းသွားစေချင်လို့ သတိပေးတာပါ။ ဟူး…. ဟောချစ်သူဆီက ပင်ပန်းလွန်းလို့

သက်ပြင်းချသံလေး ကျွန်မကြားလိုက် ရတယ်..။ ပင်ပန်းနေပြီလား…။ အနာခံမှအသာစံရမှာမို့ ငယ်ရွယ်ချိန်မှာ

အနာခံလိုက်ပါ ချစ်သူ……။ ချစ်သူမောင်းတဲ့ ဘဝရထားကြီး ပေါ်မှာဘယ်လိုလူတွေ

ဘယ်သူတာတွေ တွေ့သလဲဟင်!။ သတိရရင် ကျွန်မဆီလာပြောပြဦးနော်။ ချစ်သူရဲ့

ရယ်ရယ်မောမော ပြောတတ်တဲ့ ပုံစံလေးကို နားထောင် ချင်လို့ပါ။ မြို့တော်အနှံ ရထားမောင်း နေရတော့

အတွေ့အကြုံတော့ တော်တော်ရရောပေါ့နော်။ အေးတဲ့နေရာ ၊ ပူတဲ့နေရာ ၊ သာယာတဲ့နေရာ ၊

ညစ်နွမ်းတဲ့နေရာ ၊ နေရာအနှံ ၊ လူအနှံ ၊ ဘူတာအနှံ ရောက်နေတော့ ဗဟုသုတ ၊ အတွေ့အကြုံ ၊

သင်ခန်းစာတွေ ရနေပြီ။ ဘဝရထားပေါ်မှာ ရထားမောင်းရင်း ဘဝစာအုပ်လေး ဖတ်နေတယ်

မဟုတ်လားချစ်သူ…..။     ခစ်…ခစ်…ခစ်…။ ဟောချစ်သူရဲ့ ရယ်မောပျော်ရွှင် နေတဲ့အသံကြားရပါလား။

အရိပ်ကလေး ချစ်သူရဲ့ ဘဝရထားပေါ် ရောက်လာလို့ ပျော်နေတယ်ပေါ့….။ ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေ

အားငယ် မှုတွေအထီးကျန်မှုတွေ များရင်အဖော်ရှာရတယ်တဲ့….။ အရိပ်ကလေးဟာ ချစ်သူအတွက် အိုအေစစ်

လမင်းလေး အဖော်မွန်ဘည်းပေါ့။ အဖော်ကောင်းဖြစ်ဖို့ ချစ်သူရဲ့ ဘဝရထားကြီး

အကြောင်းသေချာ ပြောပြနော်။ အရိပ်ကလေးက အမှန်သိချင်တာ ချစ်သူကလှည့်ဖျား သံသယအမှားတွေ

မပြောနဲ့နော်။ ဘဝရထားကြီး မောင်းရင်းနဲ့ ချစ်သူရဲ့ မွေးရပ်မြေကိုလည်း လာခဲ့ဦးနော်။ ချစ်သူကဘူတာ

စဉ်တိုင်းမှာ အိမ်တွေမြေတွေ ဝယ်ထားတော့ အိမ်ယာမြေပေါများ နေတာပေါ့ ဒါပေမဲ့ ကျွန်မကတော့

ချစ်သူရဲ့ မွေးရပ်မြေ အိမ်ဟောင်းလေးထဲမှာ ဘည်းစောင့်နေမယ်နော်။ တစ်နေ့နေ့တော့ လူတိုင်းဟာ

မိမိရဲ့မွေးရပ်မြေ ကိုတော့ပြန်လာကြမှာပါ။ သတိရလွမ်းကြမှာပါ။ အိမ်ဟောင်းလေးမှာ ဘည်းချစ်သူနဲ့

စတင်သိကျွမ်းခဲ့တာဆိုတော့ ဘူတာစဉ်တိုင်း အိမ်အသစ်ရှိ လူတွေက ကျွန်မလောက်တော့ ချစ်သူရဲ့

စိတ်သဏ္ဍန်ကို ဖမ်းမိမယ်မထင်ဘူး။ အရိပ်ကလေးနဲ့ မမောမပန်း ဘဝရထား မောင်းနေရတာ ပျော်နေသလား။

 

 

ကျွန်မကချစ်တဲ့သူမို့ ချစ်သူလို့ ခေါ်တာနော် ကျွန်မကိုပြန်ချစ်ပါလို့ မပြောပါဘူး ကျွန်မပေးတဲ့ အချစ်ကိုယူပြီး

ဘဝရထားကို မောင်းပါချစ်သူ။ ကျွန်မဆီက ဘေးဘယာကင်းတဲ့ စွန့်လွတ်ခြင်းတွေကို

ရလို့ချစ်သူလိုရာခရီး ရောက်မှာပါ။ ချစ်သူရဲ့ဘဝရထားကျွန်မရှိတဲ့ ချစ်သူရဲ့ မွေးရပ်မြေကို ပြန်လာရင်

ကျွန်မတစ်ခါလောက် ရထားကြီးစီးမယ်နော်။ ဒါပေမဲ့ ဘာအခွင့်အရေး ၊ ဘာမျော်လင့်ချက် ၊ ဘာမက်မောမှု ၊

ဘာအတ္တမှမပါဘည်း ချစ်ရသော သူငယ်ချင်း ၊ စိတ်ကူးထဲက ချစ်သူ ၊ အိမ်မက်ထဲက ချစ်သူအဖြစ်

လိုက်ပါခွင့်ပြုပါ….ချစ်သူ။ သဘောကောင်းပြီး ရိုးသားတဲ့ ချစ်သူကတော့

ဒီစာလေးဖတ်ပြီး ပြုံးပြီးခွင့်ပြုမယ်ဆိုတာ ကျွန်မသိတယ်။ ဘဝရထားကြီးကို ချစ်သူမောင်းတဲ့အခါကျရင်

♥ G.talk ဆိုတဲ့ ဘူတာမှာ လူတွေနဲ့မိတ်ဆက်မယ်နော်….။

♥ G.mail ဆိုတဲ့ဘူတာမှာ လူတွေနဲ့တွေ့ပြီး အပြန်အလှန် လက်ဆောင်ပေးမယ်နော်…။

♥ VZO ဆိုတဲ့ဘူတာမှာ အမှတ်တရဖြစ်အောင် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်မယ်နော်…။

♥ Skype ဆိုတဲ့ဘူတာမှာ သူငယ်ချင်းတွေနဲ့ အပြန်အလှန် sms ပို့ကြမယ်နော်…။

♥ Pfingo ဆိုတဲ့ဘူတာမှာ သူငယ်ချင်းတွေနဲ့ အပြန်အလှန် ဖုန်းဆက်ကြမယ်နော်…။

♥ QQ ဆိုတဲ့ဘူတာမှာ နိုင်ငံရပ်ခြား လူမျိုးခြား သူငယ်ချင်းတွေနဲ့ လှမ်းနှုတ်ဆက်မယ်နော်…။

♥ OOVOO ဆိုတဲ့ဘူတာမှာ ချစ်သူရဲ့ အရိပ်ကလေး ကိုလှမ်းပြီးတော့ လွမ်းကြောင်း ပြောပေါ့….။

♥ Facebook ဆိုတဲ့ဘူတာရောက်ရင်တော့ သူငယ်ချင်းအသစ်ရအောင် ကျွန်မကိုရှာပေးပါ ချစ်သူ…။

ဟောပြောရင်း ဆိုရင်းမြို့တော်မှာ ရှိတဲ့ကျွန်မနဲ့ ချစ်သူရဲ့ မွေးရပ်မြေဘူတာလေး Y.talk

ဘူတာလေး ရောက်ပြီနော်။ ကျွန်မသွားတော့မယ် ချစ်သူ ချစ်သူရဲ့ အိမ်ဟောင်းလေးက ကျွန်မဆံဖြူသွားကျိုး

တဲ့အထိစောင့်နေမယ် ။ ပြန်လာချင်လည်း လာပေါ့…။ မလာချင်လည်း နေပေါ့…။ကျွန်မကတော့ မွေးရပ်မြေကို

စွန့်ပြီး ဘဝရထားကြီး မမောင်းရဲဘူး…။ ကျွန်မရဲ့ မွေးရပ်မြေ Y.talk ဘူတာလေးမှာ ဘည်းပျော်တယ်…။

ကျွန်မရဲ့ဘူတာလေးဟာ ပန်းပေါင်းစုံပွင့်ပြီး လှနေတယ်။ ရိုးသားမှု ကြိုးစားမှု တွေပွေ့ပြီး ပြုံးနေတယ်။

လွတ်လပ်မှု ပွင့်လင်းမှုတွေ ကိုင်ပြီးရီနေတယ်။ အငိုမျက်လုံးမရှိတဲ့ အပြုံးတွေ လှိုင်နေတဲ့ ဘူတာလေးပါ။

ကျွန်မဒီဘူတာလေးနဲ့ ချစ်သူအိမ်လေးကနေ စောင့်နေမယ်နော်…။ ဘဝရထားကြီးကို မောင်းရထားပေါ်မှာ

အားပေးဖော် ဆိုးတူကောင်းဖက် အရိပ်ကလေးကို အနားထား ၊ ရထားပေါ်မှာ ဘဝရိက္ခာတွေ တင်ပြီးပြန်လာမဲ့

ချစ်သူကို မျော်လင့်ခြင်း မရှိသော နွေးထွေးအေးချမ်း တဲ့အရပ်ကနေ စောင့်နေမယ်။ ပြန်လာရင်သာ

ဘဝရထားမောင်းခဲ့တဲ့ အတွေ့အကြုံတွေကို နေ့မအိပ် ညမအိပ်ပြောပြနော်။ ချစ်သူပြောပြမဲ့ အလွမ်းအဆွေး ၊

အရီအမော ၊ အံသြဖွယ်ရာတွေကို နားထောင်ဖို့ လက်ချိုးရီရင်း ကျွန်မစောင့်နေတယ်…။     

ကဲချစ်သူရေ… ဘဝရထားကြီးကို အမြည်းသဘော တစ်ခါလောက် စီးခွင့်ပေးမယ်မဟုတ်လား…။

ကျွန်မရဲ့ နုံအတဲ့စိတ်ကလေးက ဘဝရထား တစ်ခါစီးလိုက်မှ အသိတွေဖွင့်ပြီး ဥာဏ်တွေပွင့် လာမယ်လေ…။

ဥာဏ်တွေပွင့် လာမှကျွန်မရဲ့ မွေးရပ်မြေ တိုးတတ်ဖို့ ကျွန်မဘာလုပ်ရမလဲ ဆိုတဲ့နှစ် ဖက်မြင်အသိတရား

တိုးလာမှာပေါ့ ချစ်သူ…။ ဒါကြောင့်….ဘဝရထားကြီး တစ်ခါလောက်တော့ စီးခွင့်ပေးပါ ချစ်သူ….

ကျွန်မမျော်လင့်နေမယ်နော်……။ ကျွန်မစိတ်ပျက်အောင်တော့ ချစ်သူမလုပ်ဘူး ဆိုတာကျွန်မရဲ မသိစိတ်က

သိနေတယ်နော်… ပြုံးနေသလား ချစ်သူ.. ပြုံးရုံမပြုံးပါနဲ့ အားရပါးရ ရီလိုက်ပါချစ်သူ အပြစ်ကင်းတဲ့

ရီမောခြင်းဟာ လူတစ်ယောက် အတွက်သဘာဝ အားဆေးတစ်ခွက်ပါ ချစ်သူ… ချစ်သူရဲ့ ရယ်မောပျော်ရွှင်ခြင်း

ဟာလည်းကျွန်မအတွက် သဘာဝအားဆေး တစ်ခွက်ပါချစ်သူရယ်…..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>