ကွဲလွှဲချက်တွေများပြားလှတဲ့ လောကမှာ တစ်ခုကို ငါပြောပြချင်တယ် သူငယ်ချင်းရယ်။
လှိုင်မြစ်ကမ်းက တိုက်ခတ်နေတဲ့ လေပြည်ညင်းရယ် ချင်းတွင်းမြစ်ကို ဖြတ်တိုက်တတ်တဲ့ လေနုအေးရယ်ပေါ့ကွာ။
ငါမင်းတို့ကို အရမ်းသတိရနေလို့ပါ။ တကယ်ဆို ငါက လယ်ကွင်းထဲက လေပွေရူးကို သဘောကျသူပါ။
ခုဆို မြို့ပြရဲ့ အရိပ်မှာ ရပ်တည်ရင်း အရောင်တွေစွန်းနေတဲ့ ငါ့ရဲ့စိတ်ကိုတောင် ငါမယုံနိုင်တော့ဘူးကွာ။
စကားပြောတဲ့ နှုတ်ခမ်းနဲ့ ပြုံးပြခဲ့တဲ့ မျက်လုံးတွေက အစပေါ့။ အရောင်တွေဆိုးပြီး ပြုံးပြနေတတ်ခဲ့ပြီလေ။
ဟန်ဆောင်တတ်တဲ့ အရသာကိုလဲ ငါခံစားတတ်ပြီ။ ချိုသာတဲ့စကားတွေနဲ့ လူတွေကို လှည့်စားဖို့ ငါနားလည်လာခဲ့ပြီ။
ခုတော့ တဖြည်းဖြည်းနဲ့ အရာရာကို ကြောက်တတ်နေပြီ။
တခါတလေမှာ ပူလောင်မှုတွေပြည့်နှက်နေသလို ခံစားရပေမဲ့ နားလည်ခဲ့တာက ငါအိမ်ပြန်လို့ မဖြစ်နိုင်သေးဘူးလေ။
ငါ့ဘ၀အတွက်ဆိုတာ ဖြစ်နိုင်ပေမဲ့ ငါ့မိဘတွေအတွက် ပြည်စုံမှုတစ်ခုကို ငါတပ်မက်နေခဲ့တာဘဲ။ ဖြစ်အောင်လုပ်ပေးနိုင်ရမယ်လေ။
အညာမြေက တမာရနံ့နဲ့ ဝေးကွာနေပေမဲ့ ငါ့စိတ်ထဲမှာတော့ လေပွေရူးတွေ ဆော့ကစားနေဆဲပါ။
တစ်ချိန်မှာတော့ ငါ့တို့မိသားစုတွေ အရင်ကလို ပျော်ရွှင်နိုင်မှာပါ။
ငါအမြဲဆုတောင်းနေပါတယ်လေ။
ပြီးတော့ ငါမင်းတို့ကို အရမ်းသတိရနေပြီ
သူငယ်ချင်းတို့ရယ် x x x