ရွှေမြို့သူ၊ မြို့သားများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာပထမ ဆုတောင်းပေးပါတယ်ရှင်။
ကျွန်မ က ကဗျာတွေ စာတွေ ရေးတဲ့ နှင်းဆီရောင် ပါ။
ကျွန်မဟာ အနာဂတ်ကောင်းကင် ၀က်ဆိုဒ်မှာ မနော်ဟရီ (ဖယောင်းပန်း) ဆိုတဲ့ နစ်ခ်နိမ်းနဲ့ ကဗျာတွေ စာတွေ ရေးပါတယ်။
အခု သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်မ ရွှေမြို့တော်သို့ ရောက်ရှိလာတဲ့အခါ စာရေးဝါသနာ ပါသူပီပီ ရွှေမြို့တော်မှာ ကဗျာ၊ ၀တ္ထုတို စသည့် ဘလော့ပို့စ်များ ရေးတင်ပါမယ်။
ထိုအခါ ကျွန်မသည် မနော်ဟရီ(ဖယောင်းပန်း) ဆိုသော နာမည်ကို မသုံးချင်ပါ။
စာဖတ်သူများ သိသည့်အတိုင်း မနော်ဟရီဆိုသော စာရေးဆရာမသည် စာရေးဆရာ တာရာမင်းဝေ၏ ဇနီးဖြစ်ပါတယ်။
ထို့ကြောင့် ကျွန်မ နာမည်ကို နှင်းဆီရောင် လို့ နာမည်ပြောင်းခဲ့ပါတယ်။
သို့သော် ကျွန်မ အွန်လိုင်းမှာ စာစရေးသော ၀က်ဆိုဒ်မှာ အနာဂတ်ကောင်းကင် ဖြစ်သောကြောင့် ကျွန်မ၏ နစ်ခ်နိမ်းကို အနာဂတ်ကောင်းကင်မှာ နှင်းဆီရောင် ဟု ပြန်မပြောင်းတော့ပါ။
သို့သော် ကျွန်မ အခြားဝက်ဆိုဒ်များ သုံးရာတွင် နှင်းဆီရောင်ဆိုသော နာမည်ကိုသာ အသုံးပြုပါတယ်။
ကျွန်မ သုံးတဲ့ ၀က်ဆိုဒ် စုစုပေါင်း ၃ ခု ရှိပါတယ်။
နဲ့ အခု
တို့ဖြစ်ပါတယ်။
အခု ကျွန်မသည် ရွှေမြို့တော်တွင် ဘလော့ပိုစ်များတင်ပါမယ်။
သို့သော်... ကျွန်မသည် အနာဂတ်ကောင်းကင်မှာ ပင်တိုင်ရေးတဲ့စာရေးသူ ဖြစ်တဲ့အတွက် ကျွန်မစာတွေကို ရွှေမြို့တော်ထဲက သူငယ်ချင်းအချို့ အနာဂတ်ကောင်းကင်မှာ ဖတ်ဖူးပြီးသား ဖြစ်ကောင်းဖြစ်လိမ့်မယ်။
ထိုအခါ ကျွန်မအပေါ် အထင်မြင်လွဲမှားစွာနဲ့ သူများဘလော့ပို့စ် ခိုးကူးချတယ် လို့ အထင်မခံနိုင်ပါ။
ကျွန်မ၏ အမှန်တကယ် ရွေးချယ်ထားသော ကလောင်နာမည်မှာ နှင်းဆီရောင် ဖြစ်ပါတယ်။
(မှတ်ချက် - အနာဂတ်ကောင်းကင်မှ လွဲ၍)
ထို့ကြောင့် ကျွန်မ ဘလော့ပို့စ်တွေ မတင်ခင် ရွှေမြို့တော်မှ သူငယ်ချင်းအပေါင်းအား အသိပေးခြင်းဖြစ်ပါတယ်။
အနာဂတ်ကောင်းကင်က ကျွန်မ အိမ်ကို အလည်သွားချင်ရင် အောက်မှာ နှိပ်ပြီး သွားနိုင်ပါတယ်နော်။
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်လျှက်
နှင်းဆီရောင်