၁၀တန်းစာမေးပွဲ၏ဒသန
မနှစ်ကတော့ အွန်လိုင်းပေါ်မျာ ခြောက်ဘာသာ ဂုဏ်ထူးရှင် ဒီဇင်ဘာထွန်း ဆိုပြီး လူမှုရေးရာ ဆိုဒ်တိုင်းမှာ ကော်မန့်ပေါင်းများစွာနှင့် ဂုဏ်ထူးရှင်၏ကောင်းသတင်းပြန်လွင့်ခဲ့ပါတယ်။
အောင်စရင်းမှာ ကိုယ့်နာမည်ပါတဲ့သူတိုင်းရဲ့မျက်နှာမှာ အပြုံး ကိုယ်ဆီနဲ့ ၊ဒီထဲကကိုယ့်နာမည်နောက်မှာ ဂုဏ်ထူးဆိုတဲ့ အမြှီးပါ ပါရင် အောင်စရင်းကြည့်သူအချင်းချင်း
အခုမှတွေ့ဖူးတာ တောင် ပွေ့ ဖတ်ပြီး ပျော်ရွှင်နေကြတယ်။
ဒီလိုဘဲပေါဲ့ စာမေးပွဲ ကျတဲ့သူကတော့ ဆန့်ကျင်ဘက်ပေါ့။သူများတကာတွေစာမေးပွဲအောင်
လို့ပျော်နေတဲ့အချိန်မှာ ကိုယ်က နောက်တနှစ် အတွက် စာပြန်ကျက်ဖို့ ပြင်ဆင်ရတော့မယ်။စာမေးပွဲအောင်တဲ့သူငယ်ချင်းတွေက “မင်းရော စာမေးပွဲ အောင်လား”
ဆိုတဲ့မေးခွန်းကို မေးတဲ့အခါ ကိုယ်ကစာမေးပွဲကျတော့ ပြန်ဖြေရတဲ့အခါ မျက်နှာညိုးငယ်စွာနဲ့ပြန်ဖြေရတယ်။
စာမေးပွဲဖြေပြီးကာစအချိန်၊ဖြေနေစဉ်အချိန်မှာတော့ စာမေးပွဲဖြေပြီးပြန်လာလို့ အိမ်ကမိသားစု
တွေ မေးလဲ ဖြေနိင်ဘဲပြောမှာဘဲ။စာမေးပွဲဖြေနေစဉ်အချိန်မှာ မိဘတွေ ဖြေနေတဲ့သားသမီးတွေကိုအစားအသောက်လဲ လိုလေသေးမရှိ၊ဒီထဲက ပိုက်ဆံရှိ မိသားစုတွေ
ဆို စာမေးပွဲ ပြီးရင် ဘာဝယ်ပေးမယ် ညာဝယ်ပေးမယ်ဆိုပြီး အားရှိအောင်ပြောပေးကြသေးတယ်။
စာမေးပွဲ ဖြေပြီးခါစ အချိန်မှာလဲ ကိုယ်က ဖြေနိင်တယ်ဆိုပြီး မိဘတွေကို ဘာဝယ်ပေးညာဝယ်ပေး၊ မုန်ဖို့းပိုတောင်းတာတွေ၊စာမေးပွဲဖြေနိင်တာဘဲ ရည်းစားထားတော့
ဘာဖြစ်လဲ အဲ့လိုလူတွေလဲ သဇင်လေးတို့ ပတ်ဝန်းကျင်တွေမှာ ရှိကြမှာဘဲ။ဖြေနိင်တာကဖြေနိင်တာဘဲ စာမေးပွဲအောင်တာကလဲ အောင်တာဘဲလေ။ဖြေနိင်တိုင်းလဲမအောင်တာတွေတပုံကြီးဘဲ၊ဂုဏ်ထူးမှန်တဲ့သူကဂုဏ်ထူးမပါတောစိတ်ညစ်ရပြန်ရော၊မနှစ်ကဆို ဂုဏ်ထူးမပါလို့ မန်းလေးကကျုံးထဲကိုခုံချပြီး ကိုယ့်ကို ကို အဆုံး စီရင်တာလဲရှိပြန်တယ်။တချို့ကျတော့လဲ အိမ်စီးပွားရေး အဆင်မပြေမှုတွေရှိတော့ စာမေးပွဲ ပြီးတာနဲ့ အလုပ်လုပ်ရင်း အောင်စရင်ကို စောင့်ရတဲ့သူတွေလဲ ရှိပါတယ်။ဒီဒသန ထဲမှာ မိဘတွေအကြောင်းပါ ထည့်ပြောမယ်နော်။ယခုစာဖတ်သူက၁၀တန်းကျောင်းသားကျောင်းသူတဦးဦးရဲ့ မိဘဆိုရင်
တိုက်ဆိုင်တာရှိရင် ခွင့်လွှတ်နော်။
အပြောကောင်း အရွှီး ကောင်းတဲ့ မိဘတွေဆို သားသမီးစကားကို ယုံပြီး မိမိအပေါင်းအသင်း၏သူငယ်ချင်းတွေကိုပြောထားသေးတာ “ငါ့အိမ်ကကောင်ကတော့ဖြေနိင်တယ်တဲ့ ကွာ ဂုဏ်ထူးတောင်ပါသေးတယ်တဲ့”အပြိုင်အဆိုင်ပေါ့။အောင်စရင်းထွက်တဲ့မနက်ဘဲ မိမိရပ်ကွက်ပတ်ဝန်းကျင်က အောင်တဲ့သူတွေများရင် ဒီနှစ်အောင်ချက်ကောင်းတယ်တဲ့၊
မိမိရပ်ကွက်ပတ်ဝန်းကျင်က ကျတဲ့သူများရင် ဒီနှစ်တော်တော် ကျ ကြတယ်တဲ့။တချို့မိဘများကျလဲ ကိုယ့်သားသမီးကို ငါ့သား၊သမီးက ၁၀တန်း ပြီးပြီ သူ ဘာသာ လွတ်လွတ် လပ်လပ်နေပါစေ ဆိုပြီး လွတ်ထားတာတွေလဲရှိတယ်။ဟိုသူငယ်ချင်းလာခေါ် ထည့်လွှတ်လိုက် နဲ့ ၊အပေါင်းအသင်းမှား
မယ်၊ငွေသုံးတတ်လာမယ် အသုံးလိုသလောက်မရရင် ဘတ် ငွေတွေပါ သုံးတတ်လာတော့မယ်။
တချို့မိဘတွေက ငါသား ၊ငါ့သမီးနေခဲ့တဲ့ ကျူရှင်က အသင်အပြကောင်းလို့ အောင်တာ
အဲ့တာကြောင့် သွားကန်တော့ရမယ်။ဒါမျိုးတွေလဲ၇ှိတာဘဲ၊အဲ့မှာ များသောအားဖြင့်သတိမရကြဘူး။ဒီသားသမီးတွေ အရွယ်ရောက်ခါစက သင်ပြပေးခဲ့တာ
ဘယ်သူတွေလဲ။နှာချီးတွဲလောင်းအရွယ်ကတယ်က “၀” လုံးလေးတလုံး ၀ိုင်းလာအောင်
သင်ပေးခဲ့တာရော ဘယ်သူတွေလဲ။ အခြေခံမပါရင် ဘယ်သူမှ ၁၀တန်းကို ကောင်းကောင်းမဖြေနိင်ဘူးလေ။ဒါမျိုးတွေက သဇင်လေး ကိုက် လုပ်တဲ့ကျူရှင်က
ဆရာမကြီး ပြောနေကြစကားပါ ။တချို့သော မိဘတွေဆို စာသစ်နှစ် ကတည်းက ကိုယ့်သားသမီး စာမလုပ်နိင်လို့ ကျူရှင်/ကျောင်းက ခေါ်တာကို ငိုချင်းချပြီး ဖြေရှင်းလိုက်ရတာတွေလဲ ရှိပါတယ်။
တချို့ ၁၀တန်းကျတဲ့ ကျောင်းသားတွေက ကျောင်းသူတွေထဲကတော့ နည်းပါတယ် “ငါတို့မဖြေနိင်တာ အိမ်က မသိပါဘူး မေးလဲ ဖြေနိင်တယ်ပေါ့ စာမေးပွဲပြီးတဲ့အချိန်နဲ့
အောင်စရင်းထွက်မယ့်အချိန်က ၃လောက်လိုပါသေးတယ်ကွာ လှိမ့်လှိမ့်လေးနေလို့ရပါတယ်”
ဒါမျိုးတွေးပြီး စာမလုပ်တဲ့ ကျောင်းသားတွေလဲ ရှိပါတယ်။အောင်စရင်းကြည့်ပြီးတာနဲ့ တချို့သူတွေက အိမ်တန်းပြန်မလာဘူး အိမ်ကို ဖုန်းဆက်ပြီးတော့ လျှောက်လည်ကြတယ်။ပြီးမှ လမ်းမှာ ဆိုင်ကယ် မောက်လို့ သေကြ၊ကျိုးကြ နဲ့ ဒါမျိုးတွေလဲ
အများကြီးရှိတာဘဲ။စာမေးပွဲအောင်တော့ မိဘတွေက ၀ယ်ပေးကြတယ်။ငါတို့က Tricker စီးနိင်တယ်ကွ၊I phone ကိုင်နိင်တယ်ကွ နဲ မိဘပေးသမျှ ထိုင်ဖြုံန်းပြီး ဘ၀င်မြင့်နေကြတယ်။
ပိုက်ဆံရှိ မိသားစု အသိုင်းအ၀ိုင်းမှာ ဖြစ်တတ်တယ်..အမေတို့က ကိုက်ကောင်းကောင်းငှားမပေးလို့ စာမေးပွဲကျတာ၊ ကိုယ်မကြိုးစာတာထည့်မတွက်ဘူး၊မိဘကိုဘဲ ပုံချတယ်။နယ်ဘက်တွေက အငှား ယာလုပ်တဲ့ မရှိ ဆင်းရဲသားတွေထဲက (နှိမ်ပြောတာမဟုတ်ဘူးနော်)ဘာသာစုံ ဂုဏ်ထူးထွက်တာတွေလဲ ရှိတာဘဲလေ။တချို့က အဖေ အမေ သားတော့ သမီးတော့ ၁၀တန်းအောင်ပြီ UK မှာကျောင်းသွားတတ် ချင်တယ်။ဒါ မနက်က သဇင်လေး ကျူရှင်က ကလေးတွေအတွက်
အောင်စရင်းသွား ကြည်ပေးတော့ ကြားခဲ့တဲ့စကားနော်။သဇင်လေး သာ သူတို့ မိဘနေရာမှာဆို ပြောလိုက်ချင်တယ် နင်က Top Ten ၀င်လို့ လားလို့ ။
ယခုနှစ် ၁၀တန်းအောင်မြင်သော အွန်းလိုင်းသူငယ်ချင်းများကိုယ်စား ၀မ်းသာလျက်…………
www.shweminthamie.blogspot.com