ကျွန်တော်ငယ်ငယ်က အရမ်းစိတ်ကူးယဉ်တတ်တဲ့ အကျင့်လေးရှိနေတယ် ။ အဲဒါကတော့အခြားမဟုတ်ပါဘူး ။ ကောင်းကင်ကလေ
စီးနဲ့အတူလွင့်မျောနေတဲ့ တိမ်တွေကိုကြည့်ငေးရင်း ကျွန်တော်ကတိမ်တွေရဲ့အောက်မှာ နစ်မြုတ်နေသလိုမျိုးခံစားရတာပါပဲ ။ ဟုတ်
တယ် ကျွန်တော့်အမြင်အရ အပြာရောင်သန်းနေတဲ့ကောင်းကင်ကြီးကရေပြင် အခွေအလိပ်နဲ့တိမ်တိုက်တွေရဲ့သဏန်က ရေလှိုင်း ။
ပြီတော့ ရှုရှိုက်နေတဲ့လေတွေက ပင်လယ်ရေတွေပါပဲ ။ ကျွန်တော်ဦးခေါင်းထက်က ငှက်ကလေးတွေက ငါးကလေးတွေပေါ့ ။
တခါတခါကျွန်တော်က အဲဒီကောင်ကင်ေ၇ပြင်ကျယ်ကြီးဆီကို ကူးခတ်လို့အရောက်သွားကြည့်ချင်ခဲ့တယ် ။ ဘာတွေရှိနေမလဲဆိုတဲ့
အတွေးတခုရဲ့မျှော်လင့်ချက်နဲ့ပေါ့ ။
တချို့ကပြောကြတယ် ။ အဲဒီကောင်ကင်ပင်လယ်ပြင်ကြီးရဲ့အထက်မှာ ဘုံဆောင်ဘုံနန်းတွေနဲ့အတူ အရမ်းလှပတဲ့နတ်သမီးနဲ့နတ်သား
လေးတွေရှိနေသတဲ့ ။ ပြီတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ နတ်တူရိယာအသံတွေနဲ့အတူ အရမ်းလှပတဲ့နတ်ပန်းလေးတွေရာရှိ
နေသတဲ့လေ ။ ပြီးပြည့်စုံခြင်းတွေအလဲအထပ်နဲ့ သုံးမကုန်နိင်အောင်အပြုစားခံလိုက်၇မဲ့ ဒီရသကို ဘယ်သူကများတော်လှန်ပြီ
ငြင်းဆန်နိင်မှာလဲ ။ ဟုတ်တယ် ဒီကောင်းကင်ပင်လယ်ပြင်ကြီးအထက်ကို ကျွန်တော်အရောက်သွားကြည့်ချင်တယ် ။
ခင်ဗျာရောမရောက်ချင်းဘူးလား ။ ကျွန်တော်ကတော့ လိုက်ရောညီထွေးဆက်ဆံမှု့တွေနဲ့အတူ လက်ကမ်းလို့ဆင့်ခေါ်သွားချင်
တယ်လေ ။ ဒီအတွက် အတ္တကိုယ်ဆီနဲ့တော့ထင်ရာတော့စိုင်းလို့မ၇ဘူးနော် ။ ဒီခရီးမှာ မြင်းလဲမရှိဘူး ။ လှေလဲမရှိဘူး ။
ပြီတော့ ကိုယ်တိုင်ငွေကြေးအတိုင်အတာတခုနဲ့ ယဉ်ရထားတွေကိုလဲတည်ဆောက်လို့မရဘူး ။ ( နိဗ္ဗာန်မှအပ ) လွတ်မြှောက်
ခြင်းနေရာတခု ပြီးပြည့်စုံခြင်းနေ၇ာတခုဆီကို ဦးတည်နေတဲ့ကျွန်တော့်ရဲ့အနားကိုတိုးကပ်လာခဲ့စမ်းပါ ။ နစ်မြုတ်ခြင်းခံနေရတဲ့
ဒီထက် ဝေဒနာအဆိုင်အခဲတွေနဲ့အတူနစ်မြုတ်ခြင်းခံနေရတဲ့ ဒီနေရာလေးကနေ ဟိုးကောင်ကင်မျက်နာကျက်ဆီအရောက်သွားဖို့
ကျွန်တော်တို့တွေပြင်ဆင်ကြ၇အောင်လား ။ အဲဒီမှာ သာယာတဲ့နေထွက်စအချိန်နဲ့ ရင်ခုန်လှိုက်မောဖို့ကောင်းတဲ့နေ၀င်စအချိန်
တွေရှိနေတယ် ။ ဟုတ်တယ် ကျွန်တော်တို့တွေ အဲဒီကောင်းကင်ပင်လယ်ပြင်ကြီးထက်ဆီကို အေ၇ာက်သွားကြရလိမ့်မယ် ။
သင်ရော . . . . ။
နှလုံးသားဖြင့်ရင်း၍ - ( မင်းဆက်ဆက်ခ )