သို့
ကိုကိုရေ....လို့ပဲ (ကြိုက်လားသိ၊မကြိုက်လားမသိ) ခေါ်လိုက်ပြီနော်။ သိခဲ့၊ရင်းနှီးခဲ့တာလည်း ကြာပြီဆိုတော့ ကိုကိုရေ....လာပါ လာပါ အို့ အို့ လို့ (အဲ..အဲ) ကန်တော့နော်။ အမယ်လေး ကန်တော့မကန်လိုက်ပါနဲ့။ ဒီခန္ဓာကျုယ်တစ်ခုတည်းရှိတာ။ ပိန်ပိန်ပါးပါးမော်ဒယ်(လ်) လေး သစ်သေသွားရင် ဒုက္ခ၊ စာတစ်ပုဒ်လုံး ' ကိုကိုေ၇' လို့ ခေါ်နေရင် သိက္ခာတတ်မှာစိုးလို့၊ အဲ....သိက္ခာကျမှာစိုးလို့ ၊ အစ်ကိုပုရေလိုပပဲ ခေါ်မယ်နော်။အစ်ကိုပု အစ်ကိုပုနဲ့ သာ ဝေးရရင် သစ်တော့သေမှာပဲ။ သစ်က (အသစ်ကလေးပါ) အစ်ကိုပု သစ်ပြောမယ်နော်။ပြောမယ်နော်(အစ်ကိုပုကိုချစ်တယ်) အယ်...သိက္ခာကျသွားပြီထင်တယ်။ ကျသွားရင်လည်း ပြန်ကောက်လိုက်ရုံပေါ့။ အစ်ကိုပုနဲ့သာဝေးရရင် သစ်တော့ရူးမှာသိလာ။ သိလားဟင်။
အစ်ကိုပုကို သစ်ဘယ်လောက်ချစ်ကြောင်း ပြောပြရရင်တော့ အစ်ကိုပုရဲ့ ခပ်ပုပုအရပ်ကလေးကို သစ်ကချစ်တာပါ။ဇီးကွက်ဆီက ခိုးယူထားတဲ့ အစ်ကိုပုရဲ့ မျက်လုံး နှစ်လုံးကို ချစ်တယ်။ အစ်ကိုပုကို သစ်မေးဦးမယ်နော်။ အစ်ကိုပုရဲ့ ပျက်ခုံးတစ်ဖက်ဘယ်ရောက်သွားလဲဟင်။ အဲဒီလို ပုံစံလေးကိုလည်း သစ်ကချစ်တယ်။ အစ်ကိုပုက ကိုယ့်ဟာကိုယ်မှ သေချာမထိန်းတာ (မျက်ခုံးကိုပြောတာနော်)။ နောက်ပြီးတော့ ရှုပ်လို့ဆိုပြီ နှုတ်ထားလို့(၁၁) ချောင်းသာ ကျန်တော့တဲ့ အစ်ကိုပုရဲ့ သွားတွေကိုလည်း သစ်က အဲဒီလို ကျိုးတိုးကျဲတဲမှ ကြိုက်တတ်တာ (အထင်သေးဖို့ စိတ်မကူးနဲ့) ။အကိုပု သစ်သိက္ခာကျမယ့်စာမျိုးတွေ တွေ့ရင်တော့ မမြင်ချင်ယောင်ဆောင်လိုက်နော် ။ သစ်က ပြောချင်တာတွေများပြီး လျှောက်ပြေမိရင် အကိုပုကို အားနာလို့(မထင်နဲ့) သစ်သိက္ခာကို နှမြောလို့ပါ။ နောက်ပြီးတော့ အကိုပုရဲ့ Very Fat ကိုယ့်လုံးကိုလည်း သစ်မျက်လုံးထဲက ဖျောက်မရအောင် စွဲနေတာ (အဲ...အဲ) မေ့မရအောင် စွဲနေတယ်လို့ ပြောတာပါ။ အဲဒါ ဘယ်လိုလုပ်မလဲဟင် (မေ့လို့ရအောင်) အဲဒီလောက်တောင် ပြောနေတာ ဘယ်လောက်တောင် ချစ်သလဲဆိုတာ စဉ်းစား ကြည့်ပေါ့ အစ်ကိုရယ်။
အစ်ကိုပုကိုစတွေတဲ့အချိန်၊ ပြောရရင် အစ်ကိုပုကို စွဲလမ်းမိတဲ့ အချိန်ကို ပြောပြမယ်နော်။ အဲဒီအချိန်က မိုးတွင်းလေ။ မိုးဖွဲလေးတွေကျနေတဲ့နေ့ပေါ့။ အဲဒီနေ့က အစ်ကိုပုတစ်ယောက် ခမောက်ဆောင်းပြီး အစ်ကိုပုလမ်း လျှောက်နေကျပုံစံမျိုးနဲ့ လမ်းလျှောက်လာတာကို သစ်မြင်လိုက်ရတယ်။စွဲလမ်းမိတာ အဲဒီ အချိန်ကပေါ့။ အဲဒီ ချိန်တုန်းက အစ်ကိုပုကို ကဏန်းထင်ပြီး ဖမ်းတော့မလို့ ။ အနားရောက်လာတော့မှလူမှန်းသိတာ။သစ်က ကဏန်းကြော်ဆိုရင် အရမ်းကြိုက်တာ ( မကြောက်နဲ့နော် ) အစ်ကိုပုကို သစ် ကြော်မစားပါဘူး ။( ချက်စားရုံလေးပါ ရှဲ ) သူငယ်ချင်းတွေက ပြောတယ်။ ကဏန်းကိုမှ ချစ်ရလာတဲ့ ။ သစ်ကပြောလိုက်တာပေါ့။ ပုစွန်လုံးဆိုရင် ပိုပြီး ချစ်ဦးမှာလို့။ အစ်ကိုပု ၊သစ်လေ အစ်ကိုပုကို စိတ်နဲ့ ချစ်ရတာနဲ့တင် အားမရလို့ (သင်္ဘောံဂျစ်ဝယ်ထားတယ် ) ကိုယ်တိုင်ချစ်ကြည့်မလားလို့ပါ။
အစ်ကိုပုကို သတိရတဲပ အချိန်တွေဆိုရင် သစ်အနားမှာ အစ်ကိုပုရှိနေသလိုပဲ ( အစ်ကိုပု ဘယ်ဘုံေ၇ာက်နေလဲဟင် ) ။အစ်ကိုပုအကြောင်းကို သစ်စဉ်းစားနေတဲ့ အခါမျိုးဆိုရင်လည်း အစ်ကိုပု အသံကို သစ်နားထဲကြားနေရတယ် ။ (သရဲတော့ မခြောက်နဲ့နော် ) ။ အဲ...အဲ မှားကုန်ပြီ။ အဲဒီလောက်ချစ်တယ်ဆိုတာကို ပြောချင်တာပါ။ သစ်ကို အစ်ကိုပု ချစ်နေတယ်ဆိုတာ သိတယ်နော်။ အစ်ကိုပုက အသက် ၈၀ ကျော်ပြီဆိုတော့။ အဲ...လုပ်ပြန်ပြီ ။ အသက် ၁၈ နှစ်ဆိုတော့ ရှက်နေတာလား ဟင်။ ဒီက ၁၆ နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး ( အဟိ ) ။ အစ်ကိုပုရဲ့ ပြူးပြဲပြဲ မျက်လုံးကြီးပို ကြည့်ပြီး သစ်ကိုချစ်တယ်ဆိုတာ သိတယ်။ ( စိတ်မဆိုးနဲ့နော် )
အစ်ကိုပုသစ်ကို ထမင်းချက်တတ်လားလို့ အစ်ကိုပုမေးဖူးတယ်နော်။ အခုဖြေမယ်လေ။ ချက်တတ်တာပေါ့ ။ ( ပြောရမှာ ရှက်တောင်လာတယ် ) တစ်ခါချက်ရင် ပျော့ ။နှစ်ခါချက်ရင် ပြဲပြဲလေး။ (အစ်ကိုပုဝါးရမှာ စိုးလို့လေ) သုံးခါချက်ရှုင်္တော့ ဟီး...ဟီး (ဆန်ပြုတ်ဖြစ်သွားတယ် ) ဟင်းဆိုရင်တော့ ဒီထက်တောင် ကောင်းဦးမှာ။ ငါးပိဖုတ်ဆိုရင် တူးတူးလေး (မွှေးအောင်လို့ပါ ) ။ ငါးပိချက်ဆိုရင် ချဉ်ချဉ်လေး ။ ချဉ်ပေါင်ဟင်းဆိုရင်တော့ ခါးခါးလေး။ (သင်္ဘောံရွက်နဲ့ မှားချက်လို့ ) အဲဒီလောက်တော်တဲ့ သစ်က အစ်ကိုပုကို မျှော်ရလွန်းလို့ သစ်ကုလားအုတ်မဖြစ်တော့မယ်။ ( အဟိ ) အစ်ကိုပုကို လွမ်းတဲ့အခါ မျိုးဆိုရင်လေ တရားနာရင်း သစ်တစ်ယောက်အေးချမ်း အောင်နေရတယ်။ ဒါပေမဲ့ မအေးချမ်းပါဘူး။ (စပီကာမဖွင့်ရသေးလို့လေ ) မိန်းကလေးက အဲဒီလောက်ပြောနေတာ (ချစ်ပါတယ်လို့ ) သူက ဟင့်အင်း ....ဟင့်အင်း ဆိုရင်တော့ သစ်က အစ်ကိုခြောက်ပုလို့ခေါ်လိုက်တော့မှာပဲ။ နောက်ထပ်ပြော၇မယ်ဆိုရင်တော့ အစ်ကိုပုနဲ့သာဆိုရင်လေ သဲကန္တာရကိုပဲ သွားရသွားရ သစ်ဘိုက်မှာပဲ ။( ရေသံဘူး ၁၅ ဒါဇင်လောက်နဲ့ )။ အစ်ကိုပုနဲ့ ဆူးခင်းလမ်းကို လျှောက်ရမယ်ဆိုရင်လည်း လျှောက်မှာပဲ ။ ( ခုံဖိနပ်စီးပြီးတော့) နောက်ပြီးပြောဦးမယ် နော်။ မိုးတွေရွာပြီဆိုရင်လေ အစ်ကိုပုကို သတိ၇တယ် ဆောင်းတွင်းရောက်ရင်လည်း နှင်းတွေကြွေတာမြင်တာနဲ့ အစ်ကိုပုကို အရမ်းသတိရတယ် ။ ယုံလားဟင် ( မယုံလည်း မတတ်နိုင်ဘူး ) နွေရာသီရောက်ပြီဆိုရင်လည်း ဘာတွေဖြစ်လဲ သိချင်လားဟင်။ လွမ်းလွန်းလို သေတော့မယ် သိရဲ့လား။ ဟင်း...ဟင်း....ဟင်း (မသိလည်း မတတ်နိုင်ဘူး )။ သစ်က အဲဒီလောက်တောင် လွမ်းနေတာပါ ။ (မုသာဝါဒကံတော့ထိုက်ကုန်ပြီ။ ) အစ်ကိုပုကတော့ ဘယ်နေရာ၊ဘယ်ဒေသ (ဘယ်ဘုံရောက် ) လို့ ဘယ်သူတွေနဲ့တွေ့ပြီး၊ ဘာတွေဖြစ်နေပြီလဲဟင် ။ အရင်က အစ်ကိုပုမှာ မိန်းကလေး မိတ်ဆွေဆိုလို့ သစ်တစ်ယောက်ထဲရှိတာ ။ အခုတော့ အခြားအသစ်မတွေနဲ့ တွေ့ပြီး ဒီက အသစ်စက်စက် 'သစ်' ကိုမေ့နေပြီပေါ့နော်။ သစ်က မိန်းကလေးဆိုတော့ ပြန်ခဲ့ပါလို့ မပြေ ချင်ဘူး...လို့ မပြောတော့ပါဘူး။
အရပ်ပုသလောက် လျှာရှည်တတ်တဲ့
အစ်ကိုပုတစ်ယေက်ရေ.............
လွမ်းရင်း ချစ်ရင်း မျှော်ရင်းနဲ့ပါ ဆိုတာကို သိစေချင်သည့်
တစ်ချိန်က သစ် (အသစ်စက်စက် )
ရယ်စရာ
(ရယ်စရာလေးပေါ့နော်)
သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..............